Tuesday, October 14, 2014

ခိုတောင်ကျွန်း လူသတ်မှုစုံစမ်းရန် မြန်မာ၊ ဗြိတိန်၊ ထိုင်း သုံးပွင့်ဆိုင် တွေ့မည်

ခိုတောင်ကျွန်းလူသတ်မှုတွင် စွပ်စွဲခံမြန်မာနှစ်ဦးအား မှားယွင်း အရေးယူမှုမရှိစေရေးနှင့် မှန်ကန်မျှတသော စုံစမ်းစစ်ဆေးမှုများ ဖြစ်ပေါ်စေရန် ဘန်ကောက်ရှိ မြန်မာသံရုံး၊ ဗြိတိန်သံရုံးတာဝန်ရှိ သူများနှင့် ထိုင်းဘုရင့်ရဲတပ်ဖွဲ့တို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်း ရရှိသည်။

ပြီးခဲ့သည့်ရက်က မြန်မာသံ ရုံးနှင့် ဗြိတိန်သံရုံးတို့ သီးသန့် တွေ့ဆုံခဲ့ကာ အမှုဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က တရားခံများဖြစ်ကြောင်း ထုတ်ဖော်ပြသပြီး ၁၀ ရက်အကြာတွင် နှစ်နိုင်ငံသံရုံးတာဝန်ရှိသူ များ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။

အစိုးရတပ်ထံမှ သိမ်းဆည်းမိသည့် လက်နက်အချို့ ဒီကေဘီအေပြန်အပ်

ဒီကေဘီအေက အစိုးရတပ်ထံမှ သိမ်းဆည်းခဲ့သည့် လက်နက်အချို့ကို  ကော့ကရိတ်မြို့ အခြေစိုက် စစ်ကွပ်ကဲရေးဌာနချုပ် စကခ (၁၂) ထံသို့ ထပ်မံအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၁ ရက် နံနက်က ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေးဦးဆောင်သော ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)က လာရောက်အပ်နှံခဲ့ခြင်းဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရ ရုံးမှ အစိုးရအရာရှိတစ်ဦးကပြောသည်။

အာရှယူ-၁၉ ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ တောင်ကိုရီးယား အုပ်စုအဆင့်မှ နှုတ်ဆက်

 အာရှယူ-၁၉ အုပ်စု (ဂ)နောက်ဆုံးပွဲစဉ်များအပြီးတွင် တရုတ်နှင့် ဂျပန်အသင်းတို့သည် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီး လက်ရှိချန်ပီယံ တောင်ကိုရီးယား အသင်း အုပ်စုအဆင့်မှ ထွက်ခွာ သွားရပြီဖြစ်သည်။
အောက်တိုဘာ ၁၃ ရက်က တစ်ပြိုင်နက် ကျင်းပခဲ့သည့် အုပ် စု (ဂ) နောက်ဆုံးပွဲစဉ်များတွင် ဂျပန်အသင်းက တောင်ကိုရီးယား အသင်းကို

အတွင်းဝန်ရာထူးများ ခန့်အပ်ရန် အစီအစဉ် ယခုအစိုးရသက်တမ်းအတွင်း မဖြစ်နိုင်

အတွင်းဝန်နှင့် လက်ထောက်အတွင်းဝန်ရာထူးများကို ယခုအစိုးရသက်တမ်းအတွင်း ခန့်အပ်ထားနိုင်ဖွယ် မရှိတော့ဘဲဖွဲ့ စည်းပုံရေးဆွဲခြင်းများ ရပ်နားထား ရန် ဝန်ကြီးဌာနများသို့ အ ကြောင်းကြားထားကြောင်း သတင်းရရှိသည်။

ရည်းစားဟောင်းဘန်အက်ဖလက် ပါဝင်တဲ့ ဇာတ်ကားသစ်ကို သွားရောက်အားပေးခဲ့တဲ့ ဂျေလို

Photo: ရည်းစားဟောင်းဘန်အက်ဖလက် ပါဝင်တဲ့ ဇာတ်ကားသစ်ကို သွားရောက်အားပေးခဲ့တဲ့ ဂျေလို
Tuesday, October 14, 2014

အမေရိကန် အဆိုတော်ဂျနီဖာလိုပက်ဇ်သည် ၎င်း၏ ရည်းစားဟောင်းဘန်အက် ဖလက်ပါဝင်သရုပ်ဆောင်ထား သည့် Gone Girl ဇာတ်ကားကို ပြီးခဲ့သည့် စနေနေ့က လော့စ်အန် ဂျလိစ်မြို့ရှိ ရုပ်ရှင်ရုံတစ်ရုံ၌ သွားရောက်အားပေးခဲ့သည်။

ဟောလိဝုဒ်သရုပ်ဆောင် မင်းသားဘန်အက်ဖလက်နှင့် အဆိုတော် ဂျနီဖာလိုပက်ဇ်တို့ သည် ၂၀၀၂ မှ ၂၀၀၄ ခုနှစ်အထိ စေ့စပ်ပြီး အတူနေထိုင်ခဲ့ကြသူ များဖြစ်သည်။ ဂျနီဖာလိုပက်ဇ် သည် ဘန်အက်ဖလက်နှင့်မင်္ဂလာ ပွဲမတိုင်မီ နာရီပိုင်းအလိုတွင် ယင်း မင်္ဂလာပွဲကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သူဖြစ်သည်။

ဂျနီဖာလိုပက်ဇ်က ရည်း စားဟောင်းဘန်အက်ဖလက် ပါဝင်သရုပ်ဆောင်ထားသည့် Gone Girl ဇာတ်ကားကြည့်နေ ကြောင်း ၎င်း၏ Instagram စာမျက်နှာတွင် ဓာတ်ပုံနှင့်အတူ ဖော်ပြခဲ့သည်။ ဂျေလိုက ၎င်း၏ ရည်းစားဟောင်းများနှင့် ကောင်း မွန်သော ဆက်ဆံရေးရှိသည်ဟု လည်း အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ဘန်အက်ဖလက် အဓိက ပါဝင်သရုပ်ဆောင်ထားသော Gone Girl လျှို့ဝှက်သည်းဖိုဇာတ် ကားသည် သီတင်းနှစ်ပတ်ဆက် တိုက်ကြည့်ရှုသူအများဆုံးရုပ်ရှင် ဇာတ်ကားဖြစ်နေသည်။

Ref: US Magazine 
7Day DAILY
အမေရိကန် အဆိုတော်ဂျနီဖာလိုပက်ဇ်သည် ၎င်း၏ ရည်းစားဟောင်းဘန်အက် ဖလက်ပါဝင်သရုပ်ဆောင်ထား သည့် Gone Girl ဇာတ်ကားကို ပြီးခဲ့သည့် စနေနေ့က လော့စ်အန် ဂျလိစ်မြို့ရှိ ရုပ်ရှင်ရုံတစ်ရုံ၌ သွားရောက်အားပေးခဲ့သည်။

Monday, October 13, 2014

အမျိုးသမီးများဘဝ မြှင့်တင်ရေးအတွက် Ericsson နှင့် ဗြိတိန်အစိုးရ ပူးပေါင်းကူညီမည်

မြန်မာနိုင်ငံရှိ အမျိုးသမီးများ လူမှုဘဝ မြှင့်တင်ရေးနှင့် ပညာ ဆက်လက် သင်ယူနိုင်ရေးအတွက် ဆွီဒင်အခြေစိုက် Ericsson ကုမ္ပဏီနှင့် ဗြိတိန်အစိုးရ ဖွံ့ဖြိုးရေးဌာန (DFID) တို့က ပူးပေါင်းကူညီမည် ဖြစ်ကြောင်း အောက်တိုဘာလ ၁၀ ရက်နေ့တွင် Ericsson က ထုတ်ပြန်ထားသည်။အဆိုပါ စီမံကိန်းအရ နိုင်ငံတစ်ဝန်းမှ အမျိုးသမီး ၁၄,၀၀၀ ကျော်၏ ပညာရေး တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်သွားမည် ဖြစ်ပြီး အလယ်တန်းပညာ ဆက်လက်သင်ယူရန် ခက်ခဲသော အမျိုးသမီးများအတွက် ပညာသင်ဆု ၆၀၀ ကျော်နှင့် အလယ်တန်းကျောင်း ၅၀ ကျော်ကို အင်တာနက် အသုံးပြုနိုင်ရန်လည်း ထောက်ပံ့သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး နိုဝင်ဘာ ၁၂ ရက်နေ့တွင် စတင်မည်

အမျိုးသားပညာရေး ဥပဒေ အပါအဝင် လက်ရှိ ပညာရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဦးတည်ဆွေးနွေးမည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို လာမည့် နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုဇေယျာလွင်က ပြောကြားသည်။
အမျိုးသားပညာရေး ဥပဒေကို တက္ကသိုလ် ကျောင်းသားများ ကျောင်းပိတ်ချိန်တွင် အတည်ပြုသွားခြင်းကြောင့် ယင်းကဲ့သို့ အရေးပေါ် အစည်းအဝေး ပြုလုပ်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၁၀ နှစ်အတွင်း ရဲဘက်အကျဉ်းသား ၁၀၀၀ ကျော် သေဆုံး

ရဲဘက်စခန်းကို အမည်ပြောင်းထားတဲ့  စိုက်ပျိုးမွေးမြူရေး အသက်မွေးမှု အတတ်သင်စခန်းတွေနဲ့ ကုန်ထုတ်စခန်းတွေမှာ  သေဆုံးသူအကျဉ်းသားပေါင်း ၁၀ နှစ်တာအတွင်းမှာ ၁၀၀၀ ကျော် ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးပွဲမှာ သင်္ဃန်းကျွန်းမြို့နယ်အမတ် ဦးသိန်းညွန့်ရဲ့  မြန်မာနိုင်ငံမှာ ရဲဘက်အကျဉ်းစခန်း ဘယ်လောက်ရှိပြီး ရဲဘက်အရေအတွက် ဘယ်လောက်ရှိသလဲဆိုတဲ့ မေးခွန်းကို ဖြေကြားရာမှာ ထည့်သွင်းပြောသွားတာပါ။

ကုန်သွယ်မှုလိုငွေ ဖြေရှင်းရန် မဖြစ်နိုင်သေးဟု စီး/ကူးဝန်ကြီး ဆို

ကုန်သွယ်မှု လိုငွေများနေခြင်းကို လက်ရှိအချိန်တွင် ဖြေရှင်းရန် မဖြစ်နိုင်သေးဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က အောက်တိုဘာ ၁၀ ရက် ညပိုင်း၌ ကျင်းပသော Mazada 3 ကားမော်ဒယ်အသစ် မိတ်ဆက်ပွဲ အခမ်းအနားတွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
ပြည်တွင်းစီးပွားရေး ရေရှည်တိုးတက်မှုအတွက် ဦးတည်ကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အများအပြားကို ခွင့်ပြု နေချိန်ဖြစ်၍ ၎င်းလုပ်ငန်းများက တင်သွင်းသည့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများနေသဖြင့် ကုန်သွယ်မှုလိုငွေ များနေခြင်းကို လျှော့ချဖြေရှင်းရန် မဖြစ်နိုင်သေးဟု ရှင်းလင်းပြောသည်။

ကလေးစက်မှုဇုန် မြေကွက်လွတ်များကို အမှန်တကယ် လုပ်ငန်းလုပ်ကိုင်သူထံ လွှဲပြောင်းချထားပေးသွားမည် ဟုဆို

ကလေးစက်မှုဇုန် မြေကွက်လွတ်များကို လုပ်ငန်းအမှန်တကယ် လုပ်ကိုင်မည့် သူများထံသို့ ပြန်လည်ချထား
ပေးရန်ရှိသည်ဟု အဆိုပါ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီက ပြောသည်။ကလေးစက်မှုဇုန်မြေများကို ၂၀၀၄ ခုနှစ် မှ စတင်ချထားပေးခဲ့သော်လည်း မြေကွက်အလွတ် ၁၀၀ ၀န်းကျင် မှာ ယခုအချိန်အထိ ငွေအကျေပေးချေမှု မရှိသဖြင့် အမှန်တကယ် လုပ်ကိုင်မည့်သူများထံ ချထားပေးတော့ မည်ဟု ဇုန်စီမံခန့်ခွဲရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ဦးစိုးသန်းက ပြောသည်။
၎င်းက “စက်မှုဇုန် မြေကွက်တွေကို အရင် ၁၀ နှစ်လောက်ကတည်းက ချထားပေးခဲ့တယ်။ အခုထပ်တိုးတာ တွေနဲ့ဆို အကွက် ပေါင်း ၇၂၀ ကျော်မှာ လုပ်ငန်းမလုပ်သလို ငွေအကျေမပေးတာက အကွက် ၁၀၀ ကျော် လောက်ရှိနေတယ်။ သတ်မှတ်ရက်အတွင်း အကြောင်းကြားလို့ ငွေမသွင်းရင် တခြားအလုပ်လုပ်မယ့်သူတွေကို ပြန်ချပေးဖို့ လုပ်နေပါတယ်” ဟု ဆိုသည်။

လစ်လပ်နေသည့် တိုင်းနှင့်ပြည်နယ်က အလုပ်အမှုဆောင်များကို NLD ပါတီ ပြန်လည်ဖြည့်တင်းရန် စီစဉ်


၂ဝ၁၅ ရွေးကောက်ပွဲနီးကပ်လာသော ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)ပါတီအနေဖြင့် တိုင်း နှင့်ပြည်နယ်အသီးသီးရှိ အလုပ်အ မှုဆောင် လစ်လပ်လျက်ရှိသော နေ ရာများကို ပြန်လည်ဖြည့်တင်းသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သတင်းပြန် ကြားရေးအဖွဲ့ဝင် ဦးမျိုးခင်(မုန်း ခက်)က ဒီမိုကရေစီတူဒေးသတင်း စာသို့ အောက်တိုဘာ ၁၂ရက်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ တိုင်းနှင့်ပြည်နယ်အသီးသီး တွင်ရှိသော အလုပ်အမှုဆောင်များ မှာ ကျန်းမာရေးကြောင့် ပါတီ၏ လုပ် ငန်းများကို မလုပ်ကိုင်နိုင်ခြင်းနှင့် သေဆုံးသူများကြောင့် လစ်လပ်နေ ရာများ ရှိနေသည့်အတွက် ယင်းကဲ့သို့ ပါတီအင်အားကို ဖြည့်တင်းရခြင်းဖြစ် ကြောင်းသိရသည်။

ရန်ကုန်မြို့တော်တွင် တယ်လီနော ဆင်းမ်ကတ်များ အောက်တိုဘာလ ၁၅ ရက်နေ့၌ ရောင်းချမည်


မြန်မာ့ဆက်သွယ်ရေး ဈေးကွက်အတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်သော နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောမြန်မာက ဆင်းမ်ကတ်များကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့တော်၌ ရောင်းချမည် ဖြစ်ကြောင်း တယ်လီနော ဆင်းမ်ကတ်များ ရောင်းချမည့် အရောင်းဆိုင်များထံမှ သိရသည်။
“တယ်လီနောဆင်းမ်ကတ် ဝယ်ဖို့ ကြိုပြီး လျှောက်စရာ မလိုပါဘူး။ တယ်လီနော ဆင်းမ်ကတ်တွေ လိုင်းဖွင့်ပေးတဲ့ မာစတာ ဆင်းမ်ကတ်ကရပြီ။ ဆင်းမ်ကတ်တွေကို ၁၅ ရက်နေ့မှာ ရောင်းချမှာပါ” ဟု တယ်လီနော ဆင်းမ်ကတ်များ ရောင်းချရန် ကိုယ်စားလှယ် ယူထားသော အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့တော်တွင် တယ်လီနော ဆင်းမ်ကတ်များကို ရောင်းချရန် အရောင်းကိုယ်စားလှယ် ဆိုင်များကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် ချထားပေးမည်ဟု တယ်လီနောမှ ပြောကြားထားသည်ဟု လူကြီးမင်း မိုဘိုင်းလ်ဆိုင်မှ အထွေထွေမန်နေဂျာ ဒေါ်ဇာခြည်က ပြောကြားသည်။

တယ်လီနောဖုန်းများတွင် အခမဲ့ဝန်ဆောင်မှု အများအပြားပါဝင်မည်

တယ်လီနောဆင်းမ်ကတ် အသုံးပြုသူများအနေဖြင့် ဖုန်းခေါ်ဆိုရာတွင် အသုံးပြုနိုင်သည့် အခြေခံဝန်ဆောင်မှု ခုနစ်ခုကို အခမဲ့အသုံးပြုနိုင်ကြောင်း ၎င်းတို့၏ ၀က်ဘ်ဆိုက်တွင်ဖော်ပြထားသည်။ ‘‘Call Forwarding နဲ့ Call Waiting တို့ဆိုရင် MPT လို ပြန်လျှောက်စရာမလိုဘူး။ ၀န်ဆောင်ခအနေနဲ့လည်း ကောက်ယူခြင်းမရှိဘဲ အခမဲ့အနေနဲ့ တစ်ခါတည်း အသုံးပြုလို့ရပါတယ်’’ ဟု တယ်လီနော၏ Call Center မှ တာဝန်ခံတစ်ဦးက ပြောသည်။
လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖုန်းခေါ်ဆိုရာတွင် အသုံးပြုနိုင်သည့် ၀န်ဆောင်မှုလေးခုကို ပေးလျက်ရှိပြီး Call Waiting ၀န်ဆောင်မှုအတွက် ငါးရာကျပ်၊ Call Forwarding ၀န်ဆောင်မှုအတွက် ကိုးထောင်ကျပ်၊ Miss Call Alarm နှင့် Voice mail ၀န်ဆောင်မှုတို့အတွက် တစ်ထောင်ကျပ်နှုန်းဖြင့် ၀န်ဆောင်မှုအသုံးပြုခအဖြစ် တစ်လလျှင်တစ်ကြိမ် ကောက်ယူလျက်ရှိသည်။
‘‘တယ်လီနောဆင်းမ်ကတ်ထဲမှာ အဲဒီဝန်ဆောင်မှုတွေ အသုံးပြုချင်တယ်ဆိုရင်တော့ ဟန်းဆက်ရဲ့ ဖုန်းခေါ်ဆိုမှုစနစ်ထဲကို ၀င်ပြီးတော့ Setting ကိုချိန်လိုက်မယ်ဆိုရင် အသုံးပြုလို့ရပါတယ်။ ဖုန်းပြောခကလွဲရင် ၀န်ဆောင်ခကို ပေးစရာမလိုပါဘူး’’ဟု တယ်လီနောCall Center မှတာဝန်ခံတစ်ဦးကဆိုသည်။

စီးပွားရေးပြပွဲတွင် ပြသသည့်ပစ္စည်းများကို အခွန်မဆောင်ဘဲ ရောင်းချ၍ ဝန်ကြီးဌာနသတိပေး


ရန်ကုန်မြို့တွင် လာရောက် ပြုလုပ်လေ့ရှိသည့် နိုင်ငံတကာ စီးပွားရေးပြပွဲကြီးများ၌ ပြသထားသည့်ပစ္စည်းများကို အခွန်မဆောင်ဘဲ တင်သွင်းလာပြီး ပြပွဲတွင် တိုက်ရိုက်ရောင်းချမှုများရှိသဖြင့် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ လုပ်ငန်းရှင်များအား ခေါ်ယူသတိပေးထားကြောင်း သတင်း ရရှိသည်။
‘‘ပြပွဲ ကာလအတွင်းမှာ ပစ္စည်းကို တိုက်ရိုက်ရောင်းမယ် ဆိုရင် ပြပွဲကျင်းပသူတွေကို အရင်ဆုံးအသိပေးရမယ်။ ပြီးတော့ အကောက်ခွန်နဲ့ စီးပွားကူးသန်းမှာ ဒီပစ္စည်းတွေကို ပြည်ပက တင်သွင်းလာတဲ့အတွက် အခွန်ဆောင်ရမယ်။ ဒါမှ တိုက်ရိုက်ရောင်းချလို့ရမှာ’’ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုဥက္ကဋ္ဌ ဦးဇော်မင်းကပြောသည်။
စီးပွားရေးဆိုင်ရာ ပြပွဲများ တွင် နမူနာအဖြစ်ပြသရန် ကုန် ပစ္စည်းများကို အခွန်လွတ်တင် သွင်းခွင့်ပေးထားပြီး ပြပွဲကာလ အတွင်းရောင်းချနိုင်လျှင် ပြခန်းပိုင်ရှင်ကပြပွဲကျင်းပသူ၊ အကောက် ခွန်နှင့် စီးပွားကူးသန်းတို့အား အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးလေဆိပ်နှင့် ရေကြောင်းမှ တရားမ၀င်ကုန်သွယ်မှုများကို ရွှေ့လျားစစ်ဆေးအဖွဲ့ဖြင့် စစ်ဆေးအရေးယူမည်

 လေကြောင်းနှင့် ရေ ကြောင်းများမှတစ်ဆင့် မန္တလေး မြို့သို့ ၀င်ရောက်နေသည့် တရား မ၀င် ကုန်သွယ်နေမှုများအား လာမည့် နိုဝင်ဘာမှ စတင်၍ ရွှေ့လျားစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးအရေးယူရန် စီစဉ်နေကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သတင်းရရှိသည်။
တရားမ၀င်ကုန်သွယ်မှုများ စစ်ဆေးထိန်းချုပ်ရန် စီးပွားကူး သန်းဝန်ကြီးဌာန ဦးဆောင်ကာ နိုင်ငံတော်အဆင့် ဖွဲ့စည်းထား သည့် တရားမ၀င် ကုန်သွယ်မှု ပပျောက်ရေး Mobile Team အ ဖွဲ့ဖြင့် လက်ရှိအချိန်တွင် နယ်စပ် ကုန်သွယ်ရေး စခန်းများနှင့် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများကို စစ် ဆေးအရေးယူမှုများ ပြုလုပ်နေ ပြီး မကြာမီကာလအတွင်း မန္တလေး မြို့လေဆိပ်နှင့် ရေဆိပ်များကို စစ်ဆေးအရေးယူရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။‘‘လောလောဆယ်  စီစဉ် နေဆဲပါ။ အစောဆုံး နိုဝင်ဘာလ ထဲမှာ စနိုင်မယ်ထင်ပါတယ်။ နယ်မြေ ကွင်းဆင်းပြီး ဆာဗေး လုပ်တာတွေ ဘာတွေတော့ပြီးပါ ပြီ။ အသုံးစရိတ် တွက်ချက်တာ တွေ၊ လူတွေစုဖွဲ့ပြီး ဘယ်လို ထားမယ်ဆိုတာတွေ စီစဉ်နေပါ တယ်’’ ဟု Mobile Team အဖွဲ့ ခေါင်းဆောင် စီးပွားကူးသန်းဝန် ကြီးဌာန ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောသည်။

ဆုပ်လည်းဆူး စားလည်းရူး ဘ၀ရောက်နေရသော SSA(၀မ်ဟိုင်း)အဖွဲ့


အစိုးရတပ်များနှင့် SSA(၀မ်ဟိုင်း)အဖွဲ့တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် နှစ်ဖက်စလုံး၌ သေကြေဒဏ်ရာ ရရှိမှုအနည်းနှင့်အများ ရှိခဲ့ကြသည်။ သို့သော် ထိခိုက်နစ်နာမှုခြင်းကတော့ ကွာခြားသည်ဟုဆိုလိုရပါမည်။ အစိုးရတပ်များမှ အရာရှိ၊ စစ်သည်များ ကျဆုံးသည့်တိုင်ခံယူချက်၊ ယုံကြည်ချက်ဖြင့် တာဝန်ထမ်းဆောင်နေသူ များဖြစ်၍ ကျစ်ရစ်သူ မိဘမောင်ဘွားများက လေးစားဂုဏ်ယူကျေနပ်ခဲ့ကြသည်။ သို့သော် SSA(၀မ်ဟိုင်း)အဖွဲ့ ကတော့ ရှမ်းလူငယ်၊ ရှမ်းတိုင်းရင်းသားများကို လူမျိုးစွဲပါဒဖြင့် စည်းရုံးကာ တိုက်ပွဲများကို ဆင်နွှဲခိုင်းခြင်း ကြောင့်သေဆုံး သွားမှု အပေါ် ကျန်ရစ်သူမိသားစုများက ဖြေမဆည်နိုင်ဖြစ်ရသည်။

Sunday, October 12, 2014

သယံဇာတတူးဖော်မှု စောင့်ကြည့်အဖွဲ့အစည်းများ ခြိမ်းခြောက်မှုနှင့် လာဘ်ထိုးမှုများ ကြုံတွေ့နေ

အာဏာပိုင်များနှင့် ကုမ္ပဏီများက သဘာဝသယံဇာ တတူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိ၊ မရှိစောင့်ကြည့် လေ့လာသော အရပ်ဘက် အဖွဲ့ အစည်းများကို ခြိမ်းခြောက်ခြင်း၊ လာဘ်ထိုးခြင်းများ ပြုလုပ်နေ ကြောင်း အရပ်ဘက်အဖွဲ့အစည်း များ၏ EITI လုပ်ငန်းစဉ် အပေါ် ပြန်လည်သုံးသပ်ခြင်းအလုပ်ရုံ ဆွေးနွေးပွဲတွင် အရပ်ဘက်အဖွဲ့ အစည်းများက တညီတညွတ် တည်းပြောကြားလိုက်သည်။

ကိုရီးယားစိတ်စွမ်းအားကျင့်အဖွဲ့ဟုဆိုပြီး လူစည်ကားရာနေရာများတွင် သင်တန်းမိတ်ဆက်နေ

ရန်ကုန်မြို့ရှိ လူစည် ကားရာနေရာများတွင် ကိုရီးယား နိုင်ငံ၏စိတ်စွမ်းအား ကျင့်ခြင်းအဖွဲ့ဟုဆိုပြီး ကိုရီးယားလူမျိုးအချို့က လိုက်လံ မိတ် ဆက်နေေ ကြာင်း သတင်းရရှိသည်။

KIA အဖွဲ့မှ ဒေသခံနှစ်ဦးအား ဖမ်းဆီးကာ ငွေသိန်း ၅၀ ဖြင့် ပြန်ရွေးခိုင်း

Photo: KIA အဖွဲ့မှ ဒေသခံနှစ်ဦးအား ဖမ်းဆီးကာ ငွေသိန်း ၅၀ ဖြင့် ပြန်ရွေးခိုင်း
Sunday, Ocotber 12, 2014

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တီယန်ဇွတ်ကျေးရွာနေ ဇနီးမောင်နှံနှစ်ဦး အား အောက်တိုဘာ ၉ ရက်နေ့ တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

``မူးယစ်ဆေးဝါးရောင်းလို့ဆိုပြီးဖမ်းသွားတာပဲ၊ ပြီးတော့ ငွေသိန်းငါးဆယ်နဲ့ လာရွေးခိုင်း တယ်၊ လက်ထဲမှာ မူးယစ်ဆေးဝါး လည်းမမိဘဲနဲ့ဖမ်းတာ၊ သက်သက်မဲ့ ငွေညှစ်တဲ့သဘောပါ´´ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ဖမ်းဆီးသွားသူ ၂ ဦးမှာ တီယန်ဇွတ်ကျေးရွာ၊ တရုတ်တန်းရပ်ကွက်နေ ဦးတိုးမောင်နှင့်ဇနီးဖြစ်သူ တို့ ဖြစ်ကြောင်း သိရသည်။
``မလိခမြစ်တစ်ဖက်ကမ်းကို ဖမ်းခေါ်သွားတာ၊ KIA အဖွဲ့က စက်လှေနဲ့ နိုင်စိမ်းရွာဘက်ကလာကြတာ၊ ငွေသိန်း ၅၀ နဲ့ လာမရွေးရင် သတ်ပစ်မယ်လို့ခြိမ်းခြောက်ထားတယ်´´ဟုရွာခံတစ်ဦးကပြောသည်။

KIA အဖွဲ့အနေဖြင့် ဒေသခံပြည်သူများအား မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်မှု များပြုလုပ်နေပြီး ငွေကြေးများမတန်မဆ တောင်းကာ ပြန်ရွေးခိုင်းခြင်းသည် ရိုးသားသော လုပ်ရပ်မဟုတ် ကြောင်း တီယန်ဇွတ်ရွာမှ ရပ်မိရပ်ဖ တစ်ဦးကပြောသည်။

``မူးယစ်ဆေးရောင်းလို့ ရွာသူရွာသားတွေကို ဖမ်းတယ်ဆိုရင် သူတို့ KIA တစ်ဖွဲ့လုံးကိုလည်း အရေးယူသင့် တာပေါ့၊ သူတို့ တပ်ဖွဲ့ဝင်အားလုံး ဘိန်းစားဆေးသမားတွေချည်းပဲ၊ ငွေလိုချင်လို့ အကြောင်းရှာပြီး ဖမ်းနေတာ´´ဟု ဒေသခံ ကျောင်းဆရာတစ်ဦးကပြောကြားသွားသည်။

ညီသစ်(မြစ်ကြီးနား)
Credit to KDN
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တီယန်ဇွတ်ကျေးရွာနေ ဇနီးမောင်နှံနှစ်ဦး အား အောက်တိုဘာ ၉ ရက်နေ့ တွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

SAMSUNG Mobile Applications ဆုရသူများကို အမေရိကန်ဒေါ်လာ တစ်သောင်းကျော် ချီးမြှင့်မည်

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ နည်းပညာ တိုးတက်ရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း တိုးချဲ့နိုင်ရေးအတွက် Mobile Applications ပြိုင်ပွဲ ကျင်းပမည်ဖြစ်ရာ ဆုရရှိသူများကို အမေရိကန်ဒေါ်လာ တစ်သောင်းကျော် ၁၁၀၀၀ ချီးမြှင့်မည် ဖြစ်ကြောင်း SAMSUNG Electronic ကုမ္ပဏီမှ မြန်မာနိုင်ငံဆိုင်ရာ စီမံခန့်ခွဲမှု ညွှန်ကြားရေးမှူး Mr. Nam Sik Ahn က ပြော ကြားသည်။

ယခုနှစ်အတွင်း အီဘိုလာကြောင့် သေဆုံးသူ (၄၀၀၀)ကျော်ထိ ရှိလာ

Photo: ယခုနှစ်အတွင်း အီဘိုလာကြောင့် သေဆုံးသူ (၄၀၀၀)ကျော်ထိ ရှိလာ
Sunday, Ocotber 12, 2014

ယခုနှစ်အတွင်း အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးသူ အရေအတွက်သည် (၄၀၀၀)ကျော်သွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတင်းထုတ်ပြန် ကြေညာခဲ့သည်။

WHOက အောက်တိုဘာ (၈)ရက်ထိ ကောက်ခံထားသော စာရင်းကို အောက်တိုဘာ (၁၀)ရက်တွင် ကြေညာခဲ့ရာ အီဘိုလာကြောင့် ယခုနှစ်အတွင်း လူပေါင်း(၄၀၃၃)ဦး ထက်မနည်း သေဆုံးခဲ့ပြီးဖြစ်ကြောင်း ဖော်ပြပါရှိသည်။ အီဘိုလာရောဂါ ကူးစက်သည့် နိုင်ငံအရေအတွက် (၇)ခုထိ ရှိခဲ့ပြီး လူပေါင်း(၈၃၉၉)ဦး ထက်မနည်း ရောဂါကူးစက်ခဲ့ကြောင်းလည်း သိရသည်။

အနောက်အာဖရိက နိုင်ငံများတွင် လျင်လျင်မြန်မြန် ကူးစက်လာသော ရောဂါသည် ယခုအခါ ဥရောပတွင်ပါ ပထမဆုံးအကြိမ် လူအချင်းချင်း ကူးစက်မှု ဖြစ်ပေါ်ခဲ့သည်။ အီဘိုလာ ဖြစ်ပွားနေရာ အာဖရိက နိုင်ငံများတွင် သွားရောက် လုပ်အားပေးခဲ့သည့် စပိန် သာသနာပြု ဘုန်းတော်ကြီး နှစ်ပါး ရောဂါကူးစက်ခံရသဖြင့် စပိန်သို့ ပြန်လည် ခေါ်ဆောင်ကာ ကုသပေးခဲ့သော်လည်း ၎င်းတို့ ကွယ်လွန်ခဲ့သည်။ ဘုန်းတော်ကြီး နှစ်ပါးကို ကုသပေးခဲ့သည့် သူနာပြု ဝန်ထမ်းတစ်ဦးမှာ ယခုအခါ အဆိုပါရောဂါ ထပ်ဆင့်ကူးစက်မှု ခံနေရကြောင်း စပိန်က အတည်ပြုထားသည်။ ယင်းသည် အာဖရိက ပြင်ပတွင် ပထမဆုံးအကြိမ် လူလူချင်း အီဘိုလာ ကူးစက်မှု အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ယခုနှစ်ကုန်ပိုင်း မတိုင်မီ အီဘိုလာရောဂါကို အပြီးသတ် ထိန်းချုပ်ရန်မှာ အနည်းဆုံး ဒေါ်လာ (၁)ဘီလီယံမျှ လိုအပ်လိမ့်မည်ဟုလည်း WHOက ဆိုသည်။ ယခုအခါ နိုင်ငံအများအပြားသည် အီဘိုလာကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ပြဿနာကြီး တစ်ရပ်သဖွယ် ရှုမြင်လာပြီး ကြိုတင်ကာကွယ်မှု အစီအစဉ်များ ချမှတ် လုပ်ဆောင်လျက်ရှိသည်။

_ Ref: Channelnewsasia

Credit to ပြည်မြန်မာ
ယခုနှစ်အတွင်း အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးသူ အရေအတွက်သည် (၄၀၀၀)ကျော်သွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတင်းထုတ်ပြန် ကြေညာခဲ့သည်။
WHOက အောက်တိုဘာ (၈)ရက်ထိ ကောက်ခံထားသော စာရင်းကို အောက်တိုဘာ (၁၀)ရက်တွင် ကြေညာခဲ့ရာ အီဘိုလာကြောင့် ယခုနှစ်အတွင်း လူပေါင်း(၄၀၃၃)ဦး ထက်မနည်း သေဆုံး ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြပါရှိသည်။ အီဘိုလာရောဂါ ကူးစက်သည့်

ကိုဘာနီမြို့ကို အိုင်အက်စ်တွေ သိမ်းလုနီးနေ

အိုင်အက်စ် အစ္စလာမ္မစ် စစ်သွေးကြွတွေဟာ ဆီးရီးယားကနေ တူရကီကို သွားတဲ့ နယ်စပ် ဖြတ်လမ်းကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆီရီးယား နယ်စပ်က ကိုဘာနီမြို့ကို ကာကွယ် နေတဲ့ ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့ အဆင့်မြင့်အရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။

ဟွဒ်ဟွဒ် ဆိုင်ကလုံး အန္တရာယ် ကြိုပြင်ဆင်

ဟွဒ်ဟွဒ် လို့ အမည် ပေးထားတဲ့ ဆိုင်ကလုံး မုန်တိုင်း ဟာ ဒီမနက် မှာ အိန္ဒိယ နိုင်ငံ၊ အရှေ့ဘက်ခြမ်း အင်ဒြာပရာဒက်ရ် ပြည်နယ် ကို ဝင်ဖွယ်ရှိလို့ အာဏာပိုင်တွေ ဟာ ကြိုတင် ပြင်ဆင်မှု တွေ ပြုလုပ် ထားတဲ့ အကြောင်း တောင်အာရှ ဒေသဆိုင်ရာ ဘီဘီစီ သတင်းထောက် ဂျီလ်မက်ဂစ်ဗရင်း က သတင်းပေးပို့ လိုက်ပါတယ်။

ဒီမုန်တိုင်း ဟာ ဘင်္ဂ္လားပင်လယ်ပြင် မှာ အရှိန်ယူယင်း အားကောင်း လာတဲ့ အတွက် ပြင်းထန်တဲ့ လေ ရော မိုးပါ၊ သယ်ဆောင် လာမှာမို့၊ အင်ဒြာပရာဒက်ရ် ပြည်နယ် အတွင်းရှိ မြေနိမ့် အရပ်နေ လူတွေ ကို ကုန်းမြင့်ရာ အရပ်ဘက်ဆီ ကို အလျင် အမြန် ရွှေ့ပြောင်း ပေးနေရပါတယ်။ အခုဆိုရင် လူပေါင်း ၅ သိန်း ကျော် ကို ပြောင်းရွှေ့ပြီး ဖြစ်ပါတယ်။ သူတို့ အတွက် နေစရာ၊ စားစရာ၊ သောက်ရေ ပါ အသင့်ဖြစ်စေတဲ့ ကူညီကယ်ဆယ်ရေး စခန်းတွေ လည်း ရာနဲ့ချီ ဖွင့်လှစ် ထားပေး ပါတယ်။

မြန်မာနှစ်ဦးအမှု ပြန်စစ်ဆေးပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို ရခိုင်ကွန်ရက် တောင်းဆို

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်က လိပ်ကျွန်း (ခေါ်) ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးအမှုကို သုံးသပ်စစ်ဆေးပေးဖို့ ထိုင်းဝန်ကြီးချုပ် ပရာယု ချန်အိုချာကို ရခိုင်အမျိုးသားကွန်ရက်က မြန်မာနိုင်ငံ ထိုင်းသံရုံးက တစ်ဆင့် အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ ပေးပို့တောင်းဆိုလိုက်ပါတယ်။

အဲဒီ အိတ်ဖွင့်ပေးစာမှာ အချက် ၃ ချက်ကို တောင်းဆိုထားတယ်လို့ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဌ ဦးတင်ထူးအောင်က ပြောပါတယ်။

ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းရပ်ကွက် မီးလောင်မှု အမျိုးသမီးတစ်ဦး သေဆုံး

နေပြည်တော် (မဇ္ဈိမ) ။ ။ နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ ပေါင်းလောင်း ၁၂ လမ်း၊ အိမ်အမှတ် (၁၄/၃၂၅) တွင် အောက်တိုဘာလ ၁၀ ရက် ည ၁၁ နာရီ ၂၀ ခန့်က အဲယားကွန်း အပူလွန်ကဲရာမှ မီးလောင်းကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ပျဉ်းမနား မီးသတ်ဦးစီးဌာနက အတည်ပြု

နေပြည်တော် အလျင်လိုကျေးရွာတွင် ရှေးဟောင်းဘုရား ၁၁၂ ဆူ တူးဖော် တွေ့ရှိ

နေပြည်တော် (မဇ္ဈိမ) ။ ။ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် အလျင်လိုကျေးရွာရှိ ဆင်မယဉ်သာစေတီတော် အနီးတွင် ဆွမ်းချက်ဆောင် ဆောက်လုပ်ရန်အတွက် မြေကျင်းတူးဖော်ရာမှ ရှေးဟောင်းဘုရားများတွေ့ ရှိခဲ့ကြောင်း ဦးဇော်လွင်က ပြောသည်။“မနက် ရှစ်နာရီလောက်မှာ တွေ့တာ၊ ဆွမ်းချက်ရုံဆောက်ဖို့ မြေကျင်းတူးလိုက်တာ အနက်တစ်ပေ လောက် ရောက်တော့ ဒီအုတ်ခွက်ဘုရားတွေကိုတော့တာ၊ အဲ့ဒါနဲ့ဖြေးဖြေးချင်းတူးပြီးဖော်ထားတာ၊ အားလုံးပေါင်း ၁၁၂ ဆူ ရပါတယ်” ဟု ဦးဇော်လွင်က မီဒီယာများသို့ ပြောသည်။

ဒီမိုကရေစီတောင်းဆိုသည့် ဆန္ဒပြသူများကို ၀ိုင်းပတ်ပိတ်ဆို့မည်ဟု ဟောင်ကောင်အစိုးရ ဆန့်ကျင်သည့်အဖွဲ့ခြိမ်းခြောက်

ဟောင်ကောင်မြို့တော်အုပ်ချုပ်ရေးအဖွဲ့က လမ်းများကို ပိတ်ဆို့ထားသည့် ဒီမိုကရေစီတောင်းဆို နေသော ဆန္ဒပြသူများ ကို ဖယ်ရှားမပေးပါက ၎င်းတို့ကို ထပ်မံဝိုင်းပတ်ပိတ်ဆို့သွားမည်ဟု အစိုးရထောက်ခံသူအုပ်စုတစ်ခုက အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားလိုက်သည်။အစိုးရထောက်ခံသည့် “ဖဲကြိုးပြာလှုပ်ရှားမှု” အဖွဲ့ ပိတ်ဆို့ထားသည့်လမ်းမှ ဆန္ဒပြသူများအား အောက်တိုဘာ ၁၄ ၇က် ညမတိုင်မီ အာဏာ ပိုင်များက ဖယ်ရှားမပေးပါက မိမိတို့က အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများကို ၀ိုင်းပတ်သွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ပေါက်မြို့နယ်အတွင်း သစ်တောများ ပြုန်းတီးမှုကြောင့် တောတွင်းနေ စပါးကြီးမြွေများ လူနေရပ်ကွက်အတွင်းသို့ ရောက်ရှိလာသည့်အတွက် ဒေသခံများ စိုးရိမ်နေ

Photo: ပေါက်မြို့နယ်အတွင်း သစ်တောများ ပြုန်းတီးမှုကြောင့် တောတွင်းနေ စပါးကြီးမြွေများ လူနေရပ်ကွက်အတွင်းသို့ ရောက်ရှိလာသည့်အတွက် ဒေသခံများ စိုးရိမ်နေ 
Sunday, Ocotber 12, 2014

ပုံတောင် တောင်တန်းအရှေ့ဘက်ရှိ ပေါက်မြို့အနီးမှ သစ်တောများပြုန်းတီးမှု တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာခြင်းကြောင့် တောအတွင်းနေ စပါးကြီးမြွေများ ပေါက်မြို့ပေါ်ရှိ လူနေရပ်ကွက်များနှင့် အနီးနားကျေးရွာများအထိ ရောက်ရှိလာခြင်းကြောင့် ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။

ပေါက်မြို့ရှိ လူနေရပ်ကွက်များနှင့် အနီးနားကျေးရွာများဆီ ရောက်ရှိလာသည့် စပါးကြီးမြွေများထဲတွင် အချို့မှာ ၁၅ ပေနှင့်အထက် အရှည်ရှိသည့်အတွက် ကလေးများအား ရန်ပြုမည်ကို ဒေသခံများက စိုးရိမ်နေပြီး တွေ့ရှိသမျှမြွေများအား ဖမ်းဆီး၍ အခြားဘေးလွတ်ရာ နေရာများဆီသို့ သွားရောက်စွန့်ပစ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

“မနှစ်က မြို့ပေါ်လူနေရပ်ကွက်တွေထဲက အိမ်ဝိုင်းတွေထဲအထိ ရောက်လာတဲ့ စပါးကြီးမြွေ အကောင်ကြီးတွေပဲ ၄၂ ကောင် ဖမ်းလိုက်ရတယ်။ ဒီနှစ်လည်း ဆက်ဖမ်းနေရတုန်းပဲ။ မနေ့က (အခုလ ၁ဝ ရက်) ဆိုရင် အရှည် ၁၅ ပေလောက်ရှိတဲ့ အကောင်သုံးကောင်တောင် ဖမ်းလိုက်ရတယ်။ အရင်ကတော့ ပေါက်မြို့အနောက်ဘက်က တောတွေထဲမှာနေကြတာ။ အခုတောပြုန်းပြီး အစာရှာမရတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေအထိ ဝင်လာပြီး ကြောင်တို့၊ ကြွက်တို့၊ ကြက်တို့ကို ရှာစားကြတယ်။ မနေ့က ဖမ်းလိုက်ရတဲ့ အကောင်တွေထဲမှာ တစ်ကောင်က ကြောင်ကိုစားဖို့လုပ်ရင်း ဖမ်းမိတာ။ ခုအချိန်အထိ လူကိုထိခိုက်တာ မရှိသေးပေမယ့် ရေရှည်မှာ အဲဒီမြွေတွေ အစာရှာရခက်လာရင် ကလေးတွေအတွက် စိုးရိမ်ရတယ်” ဟု ပေါက်မြို့တွင် မြွေများအားဖမ်းဆီး၍ ဘေးလွတ်ရာသို့ ပြန်လွတ်ပေးနေသည့် ဒေသခံ ကိုရဲထွန်းဝင်းက ပြောကြားသည်။

ပေါက်မြို့လူနေရပ်ကွက်များဆီ ရောက်ရှိလာသော စပါးကြီးမြွေများအား ဒေသခံများမှ ဖမ်းဆီး၍ ဘေးလွတ်ရာသို့ သွားရောက်စွန့်ပစ်မှုများ ရှိသော်လည်း အချို့သော ကျေးရွာများတွင်မူ အဆိပ်ရှိသတ္တဝါဟု ယူဆ၍ သတ်ဖြတ်ပစ်လိုက် သည်များလည်းရှိပြီး တောတွင်းနေ ၎င်းမြွေမျိုးစိတ်များ နေထိုင်ရန်အတွက် သစ်တောများအား ပြန်လည်ပျိုးထောင်ရန် လိုအပ်နေကြောင်း ဒေသခံများက ဆိုသည်။

Eleven Media Group
ပုံတောင် တောင်တန်းအရှေ့ဘက်ရှိ ပေါက်မြို့အနီးမှ သစ်တောများပြုန်းတီးမှု တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာခြင်းကြောင့် တောအတွင်းနေ စပါးကြီးမြွေများ ပေါက်မြို့ပေါ်ရှိ လူနေရပ်ကွက်များနှင့် အနီးနားကျေးရွာများအထိ ရောက်ရှိလာခြင်းကြောင့် ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။

ATM မှ MPU ကတ်ဖြင့် ငွေထုတ်ယူရာတွင် စက်မှ ငွေဖြတ်တောက်လိုက်သော်လည်း ငွေလက်ခံရရှိခြင်း မရှိသည့် ဖြစ်စဉ်များရှိနေ

ATM မှ MPU ကတ်ဖြင့် ငွေထုတ်ယူရာတွင် စက်မှ ငွေဖြတ်တောက် လိုက်သော်လည်း ငွေလက်ခံရရှိခြင်းမရှိသည့် ဖြစ်စဉ်များရှိနေကြောင်း သိရသည်။

“ကျွန်မ ၂၄ ရက်ကဖြစ်တာ။ ပထမ တော်ဝင်စင်တာမှာရှိတဲ့ ကမ္ဘောဇက ATM မှာ ထုတ်တာ။ ငွေထွက်မလာဘူး။ အဲဒီမှာရှိတဲ့ လုံခြုံရေးက ပြောတယ်။ စက်ကပျက်နေတယ်တဲ့။ ဒါနဲ့ မျက်နှာချင်းဆိုင်က ပြည်လမ်းစိန်ဂေဟာမှာ သွားထုတ်တာ။ သုံးသိန်း သုံးသိန်း နှစ်ကြိမ်ပဲ ထုတ်ရသေးတယ်။ ငွေကlimitပြည့်သွားပြီတဲ့။ တစ်နေ့ ၁ဝ သိန်းအထိ ထုတ်ယူလို့ရတာ နှစ်ကြိမ်နဲ့ပြည့်သွားလို့ အဲဒါနဲ့ စက်ဌာနကို အကြောင်းကြားတယ်။ 

ဒေါနတောင်ကျော်ကားလမ်း အလယ်ဗိုလ်တဲ စားသောက်ဆိုင် အနီးတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် လေးဦးသေဆုံးကာ ဆရာတော်တစ်ပါး အပါအ၀င် ၁၀ ဦး ဒဏ်ရာရရှိ


Photo: ဒေါနတောင်ကျော်ကားလမ်း အလယ်ဗိုလ်တဲ စားသောက်ဆိုင် အနီးတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် လေးဦးသေဆုံးကာ ဆရာတော်တစ်ပါး အပါအ၀င် ၁၀ ဦး ဒဏ်ရာရရှိ 
Sunday, Ocotber 12, 2014

မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော် ကုန်သွယ်လမ်း အလယ်ဗိုလ်တဲ စားသောက်ဆိုင်အနီးရှိ ခရီးသည်တင်ယာဉ်များနှင့် အလှူခံမဏ္ဍပ် အကြားတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် အလယ်ဗိုလ်တဲ ကျောင်းထိုင်ဆရာတော် အပါအဝင် ၁ဝ ဦး ဒဏ်ရာရရှိကာ လေးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မြဝတီနယ်စပ် ကုန်သွယ်ရေးယာဉ်တန်း အဆင်းနေ့ဖြစ်သော အောက်တိုဘာ ၁၁ ရက်က ကုန်တင်ယာဉ်တစ်စီး၏ လမ်းပိတ်ဆို့မှုကြောင့် ခရီးသည်အများအပြား လိုက်ပါလာသော ယာဉ်တန်းရပ်တန့်နေရစဉ် နံနက် ၁ဝ နာရီခွဲတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲခြင်းကြောင့် ဈေးသည်များနှင့် ခရီးသွားပြည်သူများ သေဆုံးဒဏ်ရာ ရရှိခဲ့ကြောင်း အလယ်ဗိုလ်တဲဆရာတော် ဦးစန္ဒိမာက မိန့်ကြားသည်။

“အလှူခံမဏ္ဍပ်က ကလေးတွေကို ကားတွေနား ဇွတ်မသွားဖို့၊ ကားတွေအရှိန်နဲ့လာလို့ အန္တရာယ်ရှိတယ်ဆိုပြီး သတိပေးဖို့ ကျောင်းပေါ်က ဆင်းလာတာ။ အလှူခံမဏ္ဍပ်ရယ်၊ စားသောက်ဆိုင်ရယ်၊ ခရီးသည်တင်ကားတွေ ကြားမှာကျတာ။ ဖြစ်ဖြစ်ချင်းတော့ ကိုယ်ဒဏ်ရာရတာ မသိဘူး။ ကျောင်းပေါ်တက်ပြေးပြီး ရောက်မှသိတာ။ ကျန်တဲ့ လူနာတွေကိုတော့ ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်ကြပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

အလယ်ဗိုလ်တဲ ဆရာတော် ဦးစန္ဒိမာမှာ ခြေထောက်ဒဏ်ရာရှိပြီး မြဝတီဆေးရုံသို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ ကုသမှုများ ပြုခံယူလျက်ရှိသလို ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်သည့် ဒဏ်ရာရရှိသူ ကိုးဦးအနက် ဦးမြင့်သိန်း (၄ဝ) နှစ်မှာ ကော့ကရိတ် ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများတွင် ကော့ကရိတ်မြို့ တံတားဦးရပ်ကွက်မှ ဇော်လင်းဦးနှင့် ၎င်း၏သားနှစ်ဦးဖြစ်သော အာကာလင်း(၉)နှစ်၊ အာကာမင်း (၇) နှစ်တို့ အပါအဝင် မောင်ဝေဦး (၁၈)နှစ်၊ အရိုင်း(၃၂) နှစ်၊ စောလပုန်းအွာ(၁၇)နှစ်၊ ဦးရဲလင်း(၃၄)နှစ်၊ စောအလီ (၁၁) နှစ်၊ မသဇင် ဦး(၁၈) နှစ်တို့ဖြစ်ကြောင်း သိရသည်။ နေရာတွင် သေဆုံးသူများအား မည်သူမည်ဝါ ဖြစ်သည်ကို သိရှိခြင်း မရှိသေးကြောင်း ကော့ကရိတ်မြို့ခံ တစ်ဦးက ပြောကြားသည်။

“ဒေါနတောင်ပေါ်မှာ ဖြစ်တာတော့ မကောင်းဘူး။ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ ကုန်သွယ်ရေး လုပ်ငန်းတွေကို ထိခိုက်နိုင်ပါတယ်။ မြဝတီမြို့ရဲ့ စီးပွားရေးဟာ နယ်စပ်ကုန်သွယ်ရေးပါ။ အခုလိုဖြစ်တာ ကုန်သွယ်စီးဆင်းမှုကို လျော့ကျစေသလို ခရီးသွားလာမှု၊ ခရီးသွားလုပ်ငန်းတွေကိုလည်း အများကြီး ထိခိုက်နိုင်ပါတယ်” ဟု မြဝတီမြို့မှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အောက်တိုဘာ ၁ဝ ရက်က ကော့ကရိတ်မြို့ အရှေ့ဘက် တတန်ကူးကော့နွဲရွာအဝင် မြေပုံအညွှန်း ခမည NU -231301နေရာ၌ နယ်မြေလှုပ်ရှား ခလရ ၂၃ဝ မှ ခေတ္တတပ်ရင်းမှူး ဦးစီးသောစစ်ကြောင်း နှစ်ကြောင်းမှ တပ်ဖွဲ့လေးဖွဲ့တို့ DKBA နှင့်  နာရီဝက်ခန့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့သလို ဝါးပိုးတောင်နှင့် မယ်သဝေါ ကားလမ်းပိုင်း တပ်လုံခြုံရေးစခန်းအနီးသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ထိုင်းဘက်ကမ်းသို့ မြန်မာနိုင်ငံသား(၂ဝဝ) ကျော် စစ်ဘေးရှောင် ထွက်ပြေးနေရကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသားများအား ထိုင်းဘက်ကမ်း မယ်သဝေါ ဘုန်းကြီးကျောင်းတွင် ထိုင်းစစ်တပ်နှင့် တာဝန်ရှိသူများက ကူညီစောင့်ရှောက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

မြ၀တီ-ကော့ကရိတ်လမ်းပိုင်း အလယ်ဗိုလ်တဲအနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများ ကော့ကရိတ် ဆေးရုံသို့ ရောက်ရှိကုသမှု ခံယူနေကြစဉ်  (ဓာတ်ပုံ-ဒေါနအောင်တိုး)

မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော် ကုန်သွယ်လမ်း အလယ်ဗိုလ်တဲ စားသောက်ဆိုင်အနီးရှိ ခရီးသည်တင်ယာဉ်များနှင့် အလှူခံမဏ္ဍပ် အကြားတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် အလယ်ဗိုလ်တဲ ကျောင်းထိုင်ဆရာတော် အပါအဝင် ၁ဝ ဦး ဒဏ်ရာရရှိကာ လေးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။