Monday, December 15, 2014

နယူးယောက်တွင် လမ်းမများကို ပိတ်၍ လူ ၂၅၀၀၀ ကျော် ဆန္ဒပြ

လူဖြူရဲများက လူမည်းများကို သတ်မှုဖြစ်ခဲ့ပြီး တရားရေးအရ အရေးယူခြင်း မရှိသည့်အပေါ်တွင် မကျေနပ်ကြသော ဆန္ဒပြပွဲများ အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပွားလျက်ရှိရာ နယူးယောက် မြို့တော်၌ လမ်းမများကိုပိတ်ပြီး လူပေါင်း နှစ်သောင်းခွဲကျော် ဆန္ဒပြကြပြီးနောက် အခြားမြို့ကြီးများတွင်လည်း အလားတူ အုံလိုက်ကျင်းလိုက် တောင်းဆိုမှုများ ဖြစ်နေသည်ဟု AFP သတင်းတစ်ရပ်က ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့က မစ်ဇူရီပြည်နယ် ဖာဂူဆန်မြို့တွင် လူမည်းလူငယ်လေး မိုက်ကယ်ဘရောင်းကို ရဲက သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပြီးနောက်တွင် တရားရုံးက ရာဇဝတ်မှု မမြောက်ကြောင်း ဆုံးဖြတ်လိုက်ပြီးသည့်နောက် အဆိုပါ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင် ကလေးခြောက်ယောက် ဖခင် လူမည်းအမျိုးသားကြီး အဲရစ်ဂါနာကို လူဖြူရဲတစ်ဦးက လည်ပင်းညှစ်သတ်ခဲ့သည့် ဖြစ်ရပ်ကိုလည်း တရားရုံးက အရေးမယူရန် ဆုံးဖြတ်ခဲ့ကြသည်။
မြို့တော်ဝါရှင်တန်၊ စီးပွားရေး အချက်အချာ နယူးယောက်၊ ဘော့စတွန်နှင့် အခြားကယ်လီဖိုးနီးယား မြို့တော်များတွင်လည်း လူအုပ်လိုက်ကြီး ဆန္ဒပြမှုများ ဖြစ်လျက်ရှိသည်။

အပြုသဘောဆောင်သည့်စိတ်ဓာတ်ဖြင့် ပူးပေါင်း ဆောင်ရွက်သင့်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

နိုင်ငံနှင့် ပြည်သူအတွက် အပြုသဘောဆောင် သည့်စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင် ရွက်သင့်သည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အ စည်းအားလုံးနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်က ပြောသည်။
''ကျွန်မတို့ပြည်သူတွေကိုလဲ ဒုက္ခမခံစေချင်ဘူး။ အားလုံးဟာ အေးအေးချမ်းချမ်း သာသာယာယာ နဲ့ နေနိုင်ဖို့အတွက် ကျွန်မတို့ရဲ့ နိုင်ငံ ချမ်းသာဝပြောဖို့အတွက် ဒါကို ပဲကျွန်မလိုလားတာဖြစ်ပါတယ်။ ဒီတော့ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်နဲ့ ဆက်ပြီးတော့အားလုံး နဲ့ ပူးပေါင်းဆောင်ရွက်သင့်တဲ့ ပုဂ္ဂိုလ် များ၊ အဖွဲ့အစည်းများအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ပါမယ်'' ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောသည်။

NLD ပါတီ ရွေးကောက်ပွဲဝင် မဝင် မဆုံးဖြတ်ရသေးဟု ဦးဉာဏ်ဝင်း ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ၏ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးတွင် ရွေးကောက်ပွဲ ကြေညာစာတမ်းကို အတည်ပြုခဲ့သော်လည်း NLD ပါတီ အနေနှင့် ရွေးကောက်ပွဲဝင် မဝင်ကို မဆုံးဖြတ်ရသေးကြောင်း အဆိုပါ ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

ပီအာရ်ဖြင့် ပြိုင်ရန်နည်းလမ်း အင်န်အယ်ဒီ ပြင်ဆင်မထား

NLD-Baho-Committee-Meeting-1
ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅၊ အထွေထွေ ရွေးကောက်ပွဲအတွက် ရေးဆွဲထားသည့် ရွေးကောက်ပွဲ ကြေညာစာတမ်းကို လက်ရှိ ကျင့်သုံးနေသော မဲဆန္ဒနယ်တစ်ခုချင်းတွင် မဲအများဆုံးရသူ အနိုင်ရစနစ်ကိုသာ အခြေခံရေးဆွဲထားသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။“ရွေးကောက်ပွဲ ကြေညာစာတမ်းကို ရေးစွဲတဲ့နေရာမှာ အရင်စနစ် (နိုင်သူအကုန်ယူ) နဲ့ပဲ အခြေခံပြီးရေးတယ်၊ ပါတီအနေနဲ့ ကြေငြာ စာတမ်းကို အပြီးအတည်ပြုထားတာ မရှိသေးဘူး၊ ဒါပေမဲ့ ပီအာရ် (အချိုးကျ ကိုယ်စားပြုစနစ်) နဲ့တော့ မစဉ်းစားဘူး” ဟု ၎င်းက ဆိုသည်။

အာမခံချက်ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပရန် ပြည်သူ့ ဖိုရမ် တောင်းဆို

ကဏ္ဍစုံ၊ အလွှာစုံမှ ပြည်သူများပါဝင်ပြီး ပွင့်လင်း၍ အာမခံချက်ရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ က ပြုလုပ်ပေးရန် ပြည်သူ့ဖိုရမ်က ဒီဇင်ဘာလ ၁၄ ရက်က တောင်းဆို လိုက်သည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် မူဘောင်ရေးဆွဲရာတွင် တံခါးပိတ်ဆွေးနွေးမှုများ အဆုံးသတ်ပြီး ပြည်သူ့အသံကို မှန်ကန်စွာ ကိုယ်စားပြုနိုင်သည့် ဘာသာစုံ၊ လူမျိုးစုံ၊ အလွှာစုံမှ ကိုယ်စား လှယ်များ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပမှ အသိပညာရှင်၊ အတတ်ပညာ ရှင်များပါဝင်ပြီး အားလုံးလက်ခံသည့် မူဘောင်ရေးဆွဲကာ ပွင့်လင်း၍ အာမခံချက်ရှိသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်စေရန် တိုက်တွန်းသည်။

ခြင်ဆေးခွေမီးကြောင့် ကြည့်မြင်တိုင်ရှိ နေအိမ်ခုနစ်လုံးပြာကျ

Photo: ခြင်ဆေးခွေမီးကြောင့် ကြည့်မြင်တိုင်ရှိ နေအိမ်ခုနစ်လုံးပြာကျ

ဒီဇင်ဘာလ ၁၅ ရက်၊ ၂၀၁၄

ရန်ကုန်တိုင်းဒေ သကြီး ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်း မြောက်အရှေ့ ရပ်ကွက် စကားဝါပင်လမ်း တွင် ဒီဇင်ဘာ ၁၂ ရက် ည ၁၂ နာရီမိနစ် ၄ဝ တွင် မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ခုနစ်လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ကာ အမျိုး သမီးတစ်ဦး အသက်ဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်မှာ စကားဝါပင်လမ်းနေ ဦးသန်းညွန့်၏ နေအိမ်နောက်ဖေးခန်းတွင် ခြင်ဆေးခွေ ထွန်းညှိထားရာ ကြမ်းခင်းမှ တစ်ဆင့် နေအိမ်အား မီးကူးစက် လောင် ကျွမ်းခဲ့ပြီး အဆိုပါနေအိမ်မှ အမျိုးသမီးတစ် ဦးသေဆုံးခဲ့ကာ ဘေးပတ် ဝန်းကျင်မှ နေအိမ် ခြောက်လုံးကို ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
''မြင်တဲ့အတိုင်းပဲဗျာ။ ကျွန်တော့် အိမ်လည်း ကုန်ပြီ။ ဘာပြောလို့ ပြောရမှန်း တောင်မသိဘူး''ဟု မီးကူးစက်လောင်ကျွမ်း ခဲ့သည့် ပျဉ်ထောင်အိမ်ပိုင်ရှင် အမျိုးသား တစ်ဦးက ပြောသည်။

မီးကူးစက်လောင်ကျွမ်းရာသို့ မီး ငြှိမ်းသတ်ယာဉ်၊ အုပ်ချုပ်မှုယာဉ်၊ အထောက် အကူပြုယာဉ် စုစုပေါင်း ၅၂ စီးတို့ ရောက် ရှိ ငြှိမ်းသတ်ခဲ့သဖြင့် နံနက် ၂ နာရီ အချိန် တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

''Level- 2 လို့ သတ်မှတ်ထားပါ တယ်။ ဆုံးရှုံးမှုတန်ဖိုးတို့ အသေးစိတ် အ ချက် အလက်တို့ကတော့ ခုချက်ချင်း ပြော လို့မရသေးဘူး''ဟု မီးလောင် ကျွမ်းရာ နေရာ သို့ လာရောက်မီးငြှိမ်းသတ်နေသည့် မီးသတ် တပ်ကြပ်ကြီး တစ်ဦးက ပြောသည်။

မီးစတင်လောင်ကျွမ်းခဲ့သည့် ဦးသန်းညွန့်၏ နေအိမ်အတွင်းမှ မီးလောင် ကျွမ်းသေဆုံးနေသူတစ်ဦးအား တွေ့ရှိရသ ဖြင့် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဦးသန်းညွန့် ၏ဇနီး ဒေါ်ဝင်းဝင်းမာ ၅၂ နှစ်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ မီးကို ပေါ့ဆစွာအသုံး ပြုသူ ဦးသန်းညွန့်အား ကြည့်မြင်တိုင် မြို့မ ရဲစခန်းမှ (ပ)၈၂၄/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၂၈၅/၃ဝ၄(က)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မီးလောင်ကျွမ်းခဲ့သည့် နေအိမ် များမှ အိမ်ထောင်စု ၁၃ စု၊ လူဦးရေ ကျား ၂၇ ဦး၊ မ ၂၈ ဦး၊ ပေါင်း ၅၅ ဦးတို့အား ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် မကျည်းတန်း မြောက် အရှေ့ရပ်ကွက်၊ ပန်းပင်ကြီးလမ်း ရှိ စလင်းကျောင်းတိုက်ဓမ္မာရုံ၌ ကယ်ဆယ် ရေးစခန်း ဖွင့်လှစ် ထားကြောင်းသိရသည်။

၁၄-၁၂-၂၀၁၄ (ယနေ့ထုတ်) Flower News Journal
ရန်ကုန်တိုင်းဒေ သကြီး ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်း မြောက်အရှေ့ ရပ်ကွက် စကားဝါပင်လမ်း တွင် ဒီဇင်ဘာ ၁၂ ရက် ည ၁၂ နာရီမိနစ် ၄ဝ တွင် မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ခုနစ်လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ကာ အမျိုး သမီးတစ်ဦး အသက်ဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်မှာ စကားဝါပင်လမ်းနေ ဦးသန်းညွန့်၏ နေအိမ်နောက်ဖေးခန်းတွင် ခြင်ဆေးခွေ ထွန်းညှိထားရာ ကြမ်းခင်းမှ တစ်ဆင့် နေအိမ်အား မီးကူးစက် လောင် ကျွမ်းခဲ့ပြီး အဆိုပါနေအိမ်မှ အမျိုးသမီးတစ် ဦးသေဆုံးခဲ့ကာ ဘေးပတ် ဝန်းကျင်မှ နေအိမ် ခြောက်လုံးကို ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
''မြင်တဲ့အတိုင်းပဲဗျာ။ ကျွန်တော့် အိမ်လည်း ကုန်ပြီ။ ဘာပြောလို့ ပြောရမှန်း တောင်မသိဘူး''ဟု မီးကူးစက်လောင်ကျွမ်း ခဲ့သည့် ပျဉ်ထောင်အိမ်ပိုင်ရှင် အမျိုးသား တစ်ဦးက ပြောသည်။

ကရင်နှစ်သစ်ကူးနေ့တွင် အစိုးရတပ်နှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်များ ချစ်ကြည်ရေး ဘောလုံးပွဲကစားမည်

ကရင်နှစ်သစ်ကူးနေ့ (ဒီဇင်ဘာ ၂၁ ရက်)တွင် အစိုးရ တပ်မတော်နှင့် ကရင်တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့များ ပထမဆုံးအကြိမ် ချစ်ကြည်ရေးဘောလုံးပွဲကစားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကော့ကရိတ်မြို့ အခြေစိုက် အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲ မှု ဌာနချုပ်နှင့် မြ၀တီနှင့် ကော့ ကရိတ်ခရိုင်အတွင်းရှိ ကရင်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ သည် ကော့ကရိတ်မြို့၌ ချစ်ကြည် ရေးဘောလုံးပွဲကစားရန် စီစဉ် ထားကြောင်း မြ၀တီမြို့ ကေ အင်န်ယူဆက်ဆံရေးရုံးတာဝန်ခံ တစ်ဦးက ပြောသည်။

‘‘နှစ်သစ်ကူးနေ့မှာ ကန်မှာ ပါ။ ဟိုတုန်းက အခုလိုသမိုင်း ကြောင်း မရှိခဲ့ပါဘူး။ အခု ပထမ ဆုံးအကြိမ်စီစဉ်တာပဲ။ KNU ရော၊ DKBA ရော၊ BGF ပါပါတယ်။ အသက်(၄၀) ကျော်တဲ့ တပ်ဖွဲ့ဝင် တွေ နှစ်ဖွဲ့ခွဲ ကန်မှာပါ’’ ဟု ၎င်း က ပြောသည်။

မြန်မာနိုင်ငံ၏ လုံခြုံရေး အဝါရောင်အဆင့် သတ်မှတ်

နိုင်ငံတကာတွင် ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှု ဖြစ်စဉ်များ မြန်မာနိုင်ငံအတွင်းသို့ ကူးစက်လာနိုင်သည့် အတွက် တစ်နိုင်ငံလုံး လုံခြုံရေးကို အဝါရောင်အဆင့် သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာန၊ ဌာနကြီးမှူး ရဲမှူးချုပ်စိုးမြိုင်က ပြောကြားသည်။
“ကျွန်တော်တို့ ရထားတဲ့ သတင်းတွေအရ လုံခြုံရေး အခြေအနေက Normal တော့ မဟုတ်ဘူး၊ ဒါကြောင့် အဆင့်ငါးဆင့်ထဲက အဝါရောင်အဆင့် အခုထိ ဆက်ထားတာပါ” ဟု ၎င်းကဆိုသည်။

လေဖြတ်မည့် ရှေ့ပြေး လက္ခဏာ (၁၀)ချက်

Photo: လေဖြတ်မည့် ရှေ့ပြေး လက္ခဏာ (၁၀)ချက်

ဒီဇင်ဘာလ ၁၅ ရက်၊ ၂၀၁၄

၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုင်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)

၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)

၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍ တဆတ်ဆတ်လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)

၎။ မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation and fluctuation)

၅။ ညအိပ်ချိန် ကျဉ်ထုံခြင်း လန့်နိုးခြင်း။
(Tingling and numbress of limbs during sleep)

၆။ ဆီး အနီရောင်သွားခြင်း။
(Redness discolouration of urine)

၇။ ပစ္စည်းများကိုင်လျှင် မမြဲခြင်း၊ မကြာခဏ လွတ်ကျတတ်ခြင်း။
(Freguent fall down of objects when bandling)

၈။ ဘယ်ဘက်လက် ကိုက်ခဲပြီး လက်မတွင် ထုံခြင်း၊ ဘယ်ခြေဆွဲခြင်း။
(Tingling and aching sensation of left upper limbs, thumb and lower limbs)

၉။ အမျိုးသားများ အသက် ၄၅-နှစ်ကျော်လျှင် ရက်ရှည် ခြေ,လက် ထုံကျဉ်ခြင်း။
(Male over 45yrs,numbers sensation longtime)

အမျိုးသမီးများ သွေးဆုံးချိန်တွင် ခြေ,လက်များ ထုံကျဉ်ခြင်း။
လက်ညှိုး၊ လက်ခလယ် ကွေးရာမှ ချက်ချင်းဆန့်မရခြင်း။
(Numbness sensation during menolpasuse)

၁၀။ ရေချိုးပြီးလျှင် မျက်စိများ ကြာမြင့်စွာ နီရဲခြင်း။
(Redness of eye after bath (or) Conjunctivities after bath)

ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏ ဆိုသည့်စကားအတိုင်း အထက်ပါ လက္ခဏာများ ပေါ်ပေါက်လာပါက လေဖြတ်လာနိုင်သည့်အတွက် အနေအထိုင်၊ အစားအသောက်၊ အသွားအလာ ဆင်ခြင်ခြင်းဖြင့် လေဖြတ်ခြင်းအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ကြပါစေရန် ကျန်းမာရေးသတင်းများမှ ပြန်လည်မျှဝေပေးလိုက်ပါသည်။

ကျန်းမာရေးသတင်းများ
၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုင်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)

၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)

၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍ တဆတ်ဆတ်လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)

၎။ မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation and fluctuation)

ကိုးကန့် သောင်းကျန်းသူ လက်ကျန်အဖွဲ့မှ နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်လျက် ရှိသော တပ်မတော် စစ်ကြောင်းများအား အလစ်အငိုက် တိုက်ခိုက်

ကွမ်းလုံမြို့ ၏ အနောက် မြောက်ဘက် ၁၀ မိုင်ခန့်အကွာ ရှိ နမ့်ကျွမ်း ၊ ဝေါခြုံဒေသ နှင့် မုံးစီး ၊ မုံးပေါ်လေး ဒေသအတွင်း နယ်မြေ လုံခြုံရေး တာဝန် ထမ်းဆောင်လျက် ရှိသော တပ်မတော် စခန်းနှင့် စစ်ကြောင်းအား ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် ကိုးကန့် သောင်းကျန်းသူ လက်နက်ကိုင် အဖွဲ့မှ သာလွန် အင်အားဖြင့် လက်နက်ကြီးများ အသုံးပြုပြီး အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ မိမိစစ်ကြောင်း မှ ပြန်လည် ထိန်းချုပ် တိုက်ခိုက် ခဲ့သော်လည်း ရန်သူက သာလွန် အင်အား အသုံးပြုလျက် ၀ိုင်းဝန်း ပိတ်ဆို့ခဲ့သည်။

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျန်းမာနေဆဲဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများပြော

Photo: အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျန်းမာနေဆဲဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများပြော
Monday, December 15, 2014

မြန်မာနိုင်ငံကို နှစ်ပေါင်း ၂၀ ကျော်ကြာ အုပ်ချုပ်ခဲ့သော တပ်မတော် အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)မှာကျန်းမာစွာဖြင့်  နေပြည်တော် နေအိမ်တွင် နေထိုင်လျက်ရှိကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများက ပြောသည်။

လူမှုရေးကွန်ရက်များတွင် ပျံ့နှံ့နေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေကွယ်လွန် သွားသည်ဆို သော  ကောလာဟလနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသား စုဝင်များနှင့် နီးစပ်သူများသို့ ဆက်သွယ်စုံစမ်းမေးမြန်းခဲ့ရာအားလုံးက ကျန်းမာစွာဖြင့် နေပြည်တော်တွင်ရှိနေကြောင်း ပြောကြသည်။

သို့သော် ဦးသန်းရွှေမှာ ကျန်းမာရေးမကောင်းသည့် ပုံစံမျိုး တွေ့ရပြီး လမ်း လျှောက် ရာတွင် တွဲ၍ လျှောက်နေရကြောင်း လွန် ခဲ့သည့် သုံးလခန့်က အခမ်းအနား တစ်ခု၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မြင်တွေ့လိုက်ရသူတစ်ဦးက ပြောသည်။

 အသက် (၈၂) နှစ်အရွယ်ရှိဦးသန်းရွှေသည် နေပြည်တော်ရှိ အိမ်တော်တွင် နေထိုင်လျက်ရှိ ကြောင်း သတင်းရရှိသည်။

7Day DAILY

ကုလအတွင်းရေးမှူးချုပ်နှင့်တွေ့ဆုံနေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)ကို ၂၀၀၈ မေ ၂၃ ရက်က တွေ့ရစဉ်(ဓာတ်ပုံ − အီးပီအေ)
မြန်မာနိုင်ငံကို နှစ်ပေါင်း ၂၀ ကျော်ကြာ အုပ်ချုပ်ခဲ့သော တပ်မတော် အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)မှာကျန်းမာစွာဖြင့် နေပြည်တော် နေအိမ်တွင် နေထိုင်လျက်ရှိကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများက ပြောသည်။

လူမှုရေးကွန်ရက်များတွင် ပျံ့နှံ့နေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေကွယ်လွန် သွားသည်ဆို သော ကောလာဟလနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသား စုဝင်များနှင့် နီးစပ်သူများသို့ ဆက်သွယ်စုံစမ်းမေးမြန်းခဲ့ရာအားလုံးက ကျန်းမာစွာဖြင့် နေပြည်တော်တွင်ရှိနေကြောင်း ပြောကြသည်။

လီဗာပူးကို ဂိုးပြတ်ဖြင့် မန်ယူ အနိုင်ယူ

2014-12-14t135117z_1184854124_lm1eace12bf01_rtrmadp_3_soccer-england
တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ယူက လီဗာပူးကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။အိမ်ကွင်း ပရိတ်သတ်တွေရှေ့မှာ မန်ယူက ရွန်နီ၊ မာတာနဲ့ ဗန်ပါစီတို့ရဲ့ သွင်းဂိုးနဲ့ အနိုင်ရသွားတာပါ။ ဒီပွဲရှုံးလိုက်လို့ နဂိုကတည်း ရလဒ်တွေ မကောင်းလို့ ဝေဖန်ခံနေရတဲ့ လီဗာပူး နည်းပြ ဘရန်ဒန် ရော်ဂျာစ်အတွက် ဖိအားတွေ ပိုတိုး သွားပါတယ်။

ဦးဆန်းဆင့် လွှတ်မြောက်ဖို့ ဆက်ကြိုးစား

Photo: ဦးဆန်းဆင့် လွှတ်မြောက်ဖို့ ဆက်ကြိုးစား

ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရတဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ပြဒ်ဒဏ်လျှော့ပေါ့တာ မဟုတ်ပဲအပြီးသတ် တရားသေလွှတ်မြောက်ဖို့အတွက် ဥပဒေဘောင်အတွင်းကနေ ကြိုးစားသွားမယ်လို့ ဦးဆန်းဆင့်ရဲ့ ရှေ့နေတွေက ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ သာသာနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ရဲ့ ရှေ့နေ ဦးတင်ထွန်းက ဥပဒေကြောင်းအရ ဆက်လက်တင်ပြသွားမယ်လို့ ပြောခဲ့တာပါ။

"ဝန်ကြီးနဲ့ ကျနော်နဲ့ သဘောတူညီထားတဲ့အချက်တွေ ကျနော်တို့က အယူခံတင်တယ်၊ ပြင်ဆင်မှုတင်တယ်၊ အထူးအယူခံတင်တယ် စသည်အားဖြင့် ဥပဒေက အခွင့်အရေးကို လမ်းဆုံးလျှောက်မယ်၊ လျှောက်တဲ့အတိုင်းအတာမှာ ကျနော်တို့ ဘယ်တော့မှ လျော့ပေးပါမပြောဘူး၊ ဘယ်တော့မှ အသနားမခံဘူး၊ ကျနော်က လွှတ်ကိုလွှတ်ရမယ်၊ ကျနော်ဒီလို သဘောထားတယ်"

ဦးဆန်းဆင့်အမှုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့က မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ အယူခံဝင်ခဲ့ရာ ပယ်ချခံခဲ့ရပါတယ်။

ဦးဆန်းဆင့်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)၊ ပြည်သူပိုင် ပစ္စည်းအလွဲသုံးစားမှု ပုဒ်မ ၄ဝ၉ တို့နဲ့နေပြည်တော် ဒက္ခိဏသီရိ ခရိုင်တရားရုံးကနေ ထောင်ဒဏ် ၁၃ နှစ်နဲ့ ငွေဒဏ်ကျပ် ၁ သိန်းပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဦးဆန်းဆင့်ဟာ လောလောဆယ်မှာ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတာဖြစ်ပါတယ်။
ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရတဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ပြဒ်ဒဏ်လျှော့ပေါ့တာ မဟုတ်ပဲအပြီးသတ် တရားသေလွှတ်မြောက်ဖို့အတွက် ဥပဒေဘောင်အတွင်းကနေ ကြိုးစားသွားမယ်လို့ ဦးဆန်းဆင့်ရဲ့ ရှေ့နေတွေက ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ သာသာနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ရဲ့ ရှေ့နေ ဦးတင်ထွန်းက ဥပဒေကြောင်းအရ ဆက်လက်တင်ပြသွားမယ်လို့ ပြောခဲ့တာပါ။

ရေးမြို့နယ် အံဒင်ကျေးရွာအနီး တည်ဆောက်ရန်လျာထားသည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ဒေသခံများ ကန့်ကွက်ဆန္ဒပြ

ရေးမြို့နယ် အံဒင်ကျေးရွာအနီး တည်ဆောက်ရန်လျာထားသည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ဒေသခံများ ကန့်ကွက်ဆန္ဒပြ မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာ အနီးတွင် တည်ဆောင်ရန် လျာထားသည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအား ကန့်ကွက်ကြောင်း ဒီဇင်ဘာ ၁၄ ရက် နံနက်က ရေးမြို့တွင် ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။

ရေးဒေသ၀န်းကျင်ရှိ ကျေးရွာများမှ ဒေသခံများ၊ လူမှုအဖွဲ့အစည်းများမှ အင်အား ၄၀၀ ကျော်က ‘

ပြည်သူများအတွက် အမှန်တကယ် လိုအပ်နေသည့် အငှားဝယ်အိမ်ရာများ အကောင်အထည် ဖော်ဆောင်သင့်ပါလျက် ဖော်ဆောင်ပေးမှု မရှိကြောင်း မြို့ပြစီမံကိန်း ပညာရှင် ဝေဖန်

ပြည်သူများအတွက် အမှန်တကယ် လိုအပ်နေသည့် အငှားဝယ်အိမ်ရာ (Hire Phurchase Housing) များ အကောင်အထည် ဖော်ဆောင်ပေးသင့်ပါလျက် ဖော်ဆောင်ပေးမှု မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အကြံပေးနှင့် မြို့ပြစီမံကိန်း ပညာရှင် ဒေါက်တာကျော်လတ်က ဝေဖန်ပြောကြားသည်။

အငှားဝယ် အိမ်ရာစနစ် ဆိုသည်မှာ ဘဏ်စနစ်အား ကြားခံ၍ ဝယ်သူနှင့် ရောင်းသူအကြား ချိတ်ဆက်ကာ ဘဏ်ကဝယ်ယူထားပြီး အိမ်ရာလိုအပ်သူအား သတ်မှတ်ရာခိုင်နှုန်း အချို့အား ပေးသွင်းစေ၍ ကျန်ငွေအား နှစ်ရှည်အရစ်ကျ ငွေပေးသွင်းစေသည့် စနစ်ဖြစ်ကြောင်း သိရသည်။ ဥပမာအားဖြင့် ကျပ်သိန်း ၂၅ဝ တန် တိုက်ခန်းတစ်ခန်းအား ဆောက်လုပ်သူ၊ ဘဏ်နှင့် ဝယ်ယူသူတို့အကြား ညှိနှိုင်းမှုများ ပြုလုပ်၍ ဘဏ်ကငွေချေပေးထားကာ ဝယ်ယူသူမှ ကနဦးငွေ ကျပ်သိန်း ၅ဝ ပေးသွင်း၍ ကျန်ငွေအား အနှစ် ၂ဝ အရစ်ကျစနစ်ဖြင့် ဝယ်ယူသူမှ ပေးသွင်းရမည်ဖြစ်ကာ သတ်မှတ်ငွေ ပေးသွင်းပြီးပါက ဝယ်ယူသူမှ အဆိုပါတိုက်ခန်းအား ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

သူရဦးရွှေမန်းနှင့် တွေ့ဆုံပွဲတွင် အလုပ်သမား၊ အလုပ်သမားကိုယ်စားလှယ်များ အချက်ခြောက်ချက်တင်ပြ

Photo: သူရဦးရွှေမန်းနှင့် တွေ့ဆုံပွဲတွင် အလုပ်သမား၊ အလုပ်သမားကိုယ်စားလှယ်များ အချက်ခြောက်ချက်တင်ပြ
Monday, December 15, 2014

ပြည်ထောင်စုလွှတ် တော် နာယက သူရဦးရွှေမန်းနှင့် လှိုင်သာယာစက်မှုဇုန်အတွင်းရှိ လုပ်ငန်းရှင်များ၊ အလုပ်သမားများ နှင့် တွေ့ဆုံပွဲတွင် အလုပ်သမား ကိုယ်စားလှယ်များက လက်ရှိ ကြုံတွေ့နေရသော အဓိကအ ခက်အခဲ ခြောက်ချက်ကို တင်ပြ ခဲ့ကြောင်း သတင်းရရှိသည်။

တက်ရောက်လာသော အ လုပ်သမားကိုယ်စားလှယ်များက တင်ပြရာတွင် အနည်းဆုံးလုပ်ခ လစာ အမြန်ဆုံးသတ်မှတ် ပေးရန်၊ ဓာတုဆေးဝါးများ သုံးသည့် စက်ရုံများအား အစိုးရက စစ်ဆေးကြီးကြပ်မှု ပြုလုပ်ပေးရန် အလုပ်ရှင်၊ အလုပ်သမား အလုပ် ခန့်ထားမှု စာချုပ်များ ချုပ်ဆိုထားမှုမရှိခြင်း၊ အလုပ်ချိန်ပိုမို ခိုင်းစေခြင်း၊ ခွင့်ရက်များ မရရှိခြင်း၊ လူမှုဖူလုံရေး ဥပဒေဆိုင်ရာများ ပြည့်စုံစွာမသိရှိခြင်းနှင့် အငြင်းပွားမှုဖြစ်ပါက ခုံသမာဓိ၏ဆုံးဖြတ်ချက်များကို လိုက်နာမှုမရှိသော အလုပ်ရှင်များအား အရေးယူသည့် ငွေဒဏ်ကျပ် ၁၀ သိန်းမှာ အလွန်နည်းပါးခြင်းတို့ဖြစ်သည်။

‘‘အနည်းဆုံး လုပ်ခလစာ ဥပဒေနဲ့ နည်းဥပဒေ သတ်မှတ် ပြဋ္ဌာန်းပြီးပေမယ့် နှုန်းထား ထွက် ရှိဖို့က နှောင့်နှေးကြန့်ကြာလျက် ရှိနေပါတယ်။ လှိုင်သာယာ စက် မှုဇုန်အပြင် တခြားနေရာတွေမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေရတာ ဟာ အနည်းဆုံးလုပ်ခ မသတ် မှတ်နိုင်သေးလို့ပါ’’ ဟု စံကောင်း ပီနံအိတ်စက်ရုံမှ အလုပ်သမားအ ဖွဲ့ခေါင်းဆောင် ကိုအောင်စိုးမင်း က ပြောသည်။

ပြည်ထောင်စုလွှတ်တော် အနေဖြင့် အနိမ့်ဆုံးလုပ်ခလစာဥပဒေကို ၂၀၁၂ခုနှစ်ကပင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၃ ဇူလိုင် ၁၃ ရက်၌နည်းဥပဒေ ထွက်ရှိခဲ့သော်လည်း ယခုအချိန်ထိ အနည်းဆုံး လုပ်ခလစာ သတ် မှတ်နိုင်ခြင်းမရှိသဖြင့် လှိုင်သာယာစက်မှုဇုန် အပါအ၀င် အခြားသော စက်မှုဇုန်များတွင်ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပွားလာခြင်း ဖြစ်သည်။

‘‘၀န်ကြီးဌာနမှာ တာဝန်ရှိပါ တယ်။ ဘာလို့လဲဆိုတော့ ဒီလို ပြဿနာတွေတက်လာတာဟာ အခြေခံလစာ မထွက်လို့ပါ’’ ဟု ရန်ကုန်တိုင်းဒေသကြီး အလုပ်သ မားရေးရာ တာဝန်ယူထားသော ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

မြန်မာနိုင်ငံသားများ အဓိက သွားရောက်လုပ်ကိုင်နေသော ထိုင်းနိုင်ငံတွင် တစ်နေ့လုပ်အားခ အဖြစ် အနိမ့်ဆုံး ဘတ် ၃၀၀ (မြန် မာငွေ ၉၀၀၀ ကျပ်ခန့်) သတ် မှတ်ထားသည်။

‘‘ကျွန်မတို့ ၀န်ကြီးဌာနအနေ နဲ့ ပြောချင်တာကတော့ အနည်း ဆုံး အခကြေးငွေ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဆိုင်းငံ့ထားတာ မရှိ ပါဘူး။ ဆောင်ရွက်နေဆဲဖြစ်ပါ တယ်’’ ဟု အလုပ်သမားဝန်ကြီး ဌာန အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်မို့မို့သွင်က ဆိုသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရန် အလုပ်သမား ၀န်ကြီးဌာန အမျိုးသား ကော်မတီ ဖွဲ့စည်းခဲ့ပြီး အခကြေးငွေ သတ် မှတ်နိုင်ရန် သုတေသန လုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူက လာရောက်ရှင်းပြ ခြင်းနှင့်ပတ်သက်၍ အထက်က ညွှန်ကြားသည့်အတိုင်း လာ ရောက်ပြောကြားနေသည့် ပုံစံဖြစ် ကြောင်း ပြည်ထောင်စုလွှတ် တော် နာယက သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

‘‘အခု တောင်းဆိုမှုတွေမှာ ၁၀၀ ရာခိုင်နှုန်း မှန်ကန်နေရင် ဖြည့်ဆည်းပေးနိုင်ပါတယ်။ အခု တောင်းဆိုမှုတွေမှာ right အပြင် အကျိုးစီးပွားတွေ ပါနေပါတယ်’’ ဟု လှိုင်သာယာမြို့နယ် အထည် ချုပ် လုပ်ငန်းရှင် ဥက္ကဋ္ဌ ဒေါက် တာ ဦးခင်မောင်အေးက ပြော သည်။

ထို့အပြင် သက်ဆိုင်ရာဝန် ကြီးဌာနအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် လိုအပ်ကြောင်း လည်း ထည့်သွင်းပြောကြားခဲ့ သည်။ ပထမဆုံးအကြိမ် ပြုလုပ် သော တွေ့ဆုံပွဲကို လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ ကနောင်ခန်းမ တွင် ကျင်းပခဲ့ပြီး အလုပ်သမားနှင့် အလုပ်ရှင်များ ခန်းမပြည့် တက် ရောက်ခဲ့ကြသည်။

အလုပ်ရှင်၊ အလုပ်သမားနှင့် အလုပ်သမားကိုယ်စားလှယ်များတက်ရောက်လာစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)
7Day Daily
ပြည်ထောင်စုလွှတ် တော် နာယက သူရဦးရွှေမန်းနှင့် လှိုင်သာယာစက်မှုဇုန်အတွင်းရှိ လုပ်ငန်းရှင်များ၊ အလုပ်သမားများ နှင့် တွေ့ဆုံပွဲတွင် အလုပ်သမား ကိုယ်စားလှယ်များက လက်ရှိ ကြုံတွေ့နေရသော အဓိကအ ခက်အခဲ ခြောက်ချက်ကို တင်ပြ ခဲ့ကြောင်း သတင်းရရှိသည်။

တက်ရောက်လာသော အ လုပ်သမားကိုယ်စားလှယ်များက တင်ပြရာတွင် အနည်းဆုံးလုပ်ခ လစာ အမြန်ဆုံးသတ်မှတ် ပေးရန်၊ ဓာတုဆေးဝါးများ သုံးသည့် စက်ရုံများအား အစိုးရက စစ်ဆေးကြီးကြပ်မှု ပြုလုပ်ပေးရန် အလုပ်ရှင်၊ အလုပ်သမား အလုပ် ခန့်ထားမှု စာချုပ်များ ချုပ်ဆိုထားမှုမရှိခြင်း၊ အလုပ်ချိန်ပိုမို ခိုင်းစေခြင်း၊ ခွင့်ရက်များ မရရှိခြင်း၊ လူမှုဖူလုံရေး ဥပဒေဆိုင်ရာများ ပြည့်စုံစွာမသိရှိခြင်းနှင့် အငြင်းပွားမှုဖြစ်ပါက ခုံသမာဓိ၏ဆုံးဖြတ်ချက်များကို လိုက်နာမှုမရှိသော အလုပ်ရှင်များအား အရေးယူသည့် ငွေဒဏ်ကျပ် ၁၀ သိန်းမှာ အလွန်နည်းပါးခြင်းတို့ဖြစ်သည်။

ကိုယ်စားလှယ်ရောဂါ မထကြရန်နှင့် ပြည်သူ့အပေါ် တာဝန်ကျေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ရေး ကူညီပံ့ပိုးပေးရန် ပါတီဝင်များအား ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ


ကိုယ်စားလှယ်ရောဂါ မထကြရန်နှင့် ပြည်သူ့အပေါ် တာဝန်ကျေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ရေး ပံ့ပိုးကူညီပေးရန် ဒီဇင်ဘာ ၁၄ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထမြောက် အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အောင်ဇေယျ တံတားအောက်တွင် ဆီတင်သင်္ဘောမှ ဘောက်ဆာယာဉ်သို့ ဆီဖြည့်ရာ ဆီဘောက်ဆာ ပွင့်ထွက်၍ မီးလောင်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး

Photo: အောင်ဇေယျ တံတားအောက်တွင် ဆီတင်သင်္ဘောမှ ဘောက်ဆာယာဉ်သို့ ဆီဖြည့်ရာ ဆီဘောက်ဆာ ပွင့်ထွက်၍ မီးလောင်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး 

ဒီဇင်ဘာလ ၁၅ ရက်၊ ၂၀၁၄

ဆီတင်သင်္ဘောမှ ဆီဘောက်ဆာယာဉ်အား ဆီဖြည့်တင်းရာမှ ဆီဘောက်ဆာပွင့်ထွက်၍ မီးလောင်မှုတစ်ရပ် အောင်ဇေယျတံတားအောက်ရှိ ဆီဆိုင်တွင် ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက် အောင်ဇေယျတံတားအောက် စက်သုံးဆီအရောင်းဆိုင်တွင် ယာဉ်မောင်းနန်းအောင်(၃၄)နှစ် မောင်းနှင်လာသော 5F--- Nissan Diesel အမျိုးအစား ဂါလန် ၃၈၀၀ ဆံ့ ဆီဘောက်ဆာယာဉ်ပေါ်သို့ ယာဉ်နောက်လိုက်ဖြစ်သော နိုင်မျိုးလင်းမှ ဒီဇယ်များဖြည့်သွင်းနေစဉ် အောက်တိန်းဆီဖြင့် အသုံးပြုနေသာ ဘောက်ဆာယာဉ်အား အပ်ကြိုးမချမိဘဲ ဆီဖြည့်သွင်းခဲ့ရာ အောက်တိန်းဆီတွန်းကန်ရာ ဆီဘောက်ဆာပွင့်ထွက် ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မီးစလောင်တာက မွန်းလွဲ ၁ နာရီကပါ ဆီလောက်ဆာထဲကို ဆီတင်သဘောင်္က ဆီထည့်နေရင်းကနေ ဆီဘောက်ဆာက “၀ုန်း” ဆိုထပေါက်ပြီး မီးလောင်မှု စဖြစ်တာပါ။ အနီးမှာရှိတဲ့ လူတွေက ထပြေးကြတာပေါ့။ ကားပေါ်မှာ ဆီထည့်နေတဲ့ တစ်ယောက်တော့ သေသွားတယ်လို့ ကြားပါတယ်” ဟု ဖြစ်စဉ်အား မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ဆီဘောက်ဆာယာဉ် မီးလောင်မှုကြောင့် ယာဉ်နောက်လိုက်ဖြစ်သူ နိုင်မျိုးလင်း (၂၁) မှာ မီးလောင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရပြီး အဆိုပါ မီးလောင်မှုဖြစ်စဉ်အား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ level 2 အဆင့် သတ်မှတ်ထားပြီး မီးသတ်ကား ၄၇ စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ နန်းအောင်အား အင်းစိန်မြို့မှ ရဲစခန်းက (ပ) ၁၃၄၂/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၂၈၅ ဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။   

Eleven Media Group
ဆီတင်သင်္ဘောမှ ဆီဘောက်ဆာယာဉ်အား ဆီဖြည့်တင်းရာမှ ဆီဘောက်ဆာပွင့်ထွက်၍ မီးလောင်မှုတစ်ရပ် အောင်ဇေယျတံတားအောက်ရှိ ဆီဆိုင်တွင် ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက် အောင်ဇေယျတံတားအောက်

ဦးဆန်းဆင့်ကို တောင်ငူထောင်ကြိုးတိုက်တွင် သီးသန့်ထိန်းသိမ်းထားဟု ရှေ့နေပြောကြား

ထောင်ဒဏ် ၁၃ နှစ် ချ မှတ်ခံထားရသည့် သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်ကိုတောင်ငူထောင်ရှိ ကြိုးတိုက်အ တွင်း သီးသန့်ထိန်းသိမ်းထား ကြောင်း ဦးဆန်းဆင့်၏ ရှေ့နေ ဖြစ်သူက ပြောကြားသည်။

‘‘ကျွန်တော်တို့ ရင်လည်းနင့်ပါတယ်။ စိတ်လည်း မကောင်းပါဘူး။ တိုက်ထဲမှာထားတယ်။ ကြိုးတိုက်ထဲမှာ’’ဟု ဦးဆန်းဆင့် ၏ ရှေ့နေ တရားလွှတ်တော် ရှေ့နေ ဦးတင်ထွန်းက ရန်ကုန် မြို့တွင် ဒီဇင်ဘာ ၁၄ ရက်၌ ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံပွဲ တွင် ပြောကြားခဲ့သည်။

ထိန်းသိမ်းခံပြည်ထောင်စု ၀န်ကြီးဟောင်းသည် နှလုံးနှင့် ဆိုင်သော ရောဂါ ပြဿနာအချို့ ရှိနေပြီး ကျန်းမာရေးမှာအချိန်မရွေး ဒုက္ခ ပေးနိုင်သည့် အခြေအနေဖြစ် ကြောင်း၎င်း၏ရှေ့နေများကဆို သည်။

UPWC နှင့် NCCT ယနေ့ ဆွေးနွေးမည်

ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) အလုပ်အဖွဲ့ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့ (NCCT) တို့ ဒီဇင်ဘာ ၁၅ ရက် (ယနေ့) တွင် ချင်းမိုင်မြို့ ၌ တွေ့ဆုံမည်ဖြစ်သည်။

တွေ့ဆုံပြီးပါက UPWC နှင့် NCCT တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် သမတ္တမအကြိမ် တရားဝင်ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ပြုလုပ်နိုင်ခြင်းရှိ၊ မရှိ ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း

Sunday, December 14, 2014

အနှိပ်ခန်းများ တရားဝင် ခွင့်ပြုမည် မဟုတ်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ ပြောကြား

မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေနိုင်သောကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း အနှိပ်ခန်းများကို တရားဝင် ခွင့်ပြုပေးမည် မဟုတ်ကြောင်း တိုင်းဒေသကြီးအစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့၌ ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အနှိပ်ခန်းများကို ဥပဒေ စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းပြီး တရားဝင် ခွင့်ပြုပေးရန် အဆိုကို ဆွေးနွေးရာတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

“အနှိပ်ခန်းတွေဟာ ရန်ကုန်မြို့ တစ်ခုတည်းမှာတင် ရှိတာမဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာ ရှိနေတာပါ။ ဒါကြောင့် ရန်ကုန်တိုင်း တစ်ခုတည်း အနေနဲ့ ဥပဒေ သီးခြားပြဋ္ဌာန်းနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ မြန်မာ့ယဉ်ကျေးမှုကိုလည်း ထိခိုက်စေပါတယ်” ဟု ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ဆေးလိပ် သန်းခုနစ်ထောင်နီးပါး သောက်သုံး

နိုင်ငံတကာ စီးကရက်ကုမ္ပဏီများ မျက်စိကျရာ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲသူဦးရေ မြင့်တက်လျက် ရှိသည့်အပြင် နှစ်စဉ် ဆေးလိပ်အလိပ်ရေ သန်းခုနစ်ထောင်နီးပါး သောက်သုံးနေကြောင်း ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျင်းပသော ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း အခွန်ကောက်ခံခြင်းဆိုင်ရာ ဆွေးနွေးပွဲတွင် ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ပြောကြားသည်။

ယခင် ဆယ်စုနှစ်ဝန်းကျင်က နှစ်စဉ် စီးကရက်အလိပ်ရေ သန်း ၂,၅၀၀ မှ သန်း ၃,၀၀၀ ထိ သောက်သုံးလျက်ရှိကာ အစိုးရသစ် လက်ထက်တွင် ပြည်ပမှ ဗာဂျီးနီးယားဆေး တင်သွင်းမှုနှင့် ဆေးရွက်ကြီး စိုက်ပျိုးနှုန်း မြင့်တက်လာခြင်းကြောင်း ယခုကဲ့သို့ သောက်သုံးနှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန စစ်တမ်းများအရ သိရသည်။

ပြင်သစ်တွင် နှစ်တစ်ထောင် သက်တမ်းရှိ ရုပ်အလောင်း ပြသမည်

ပါရီ၊ ဒီဇင်ဘာ ၁၂။ နှစ်တစ်ထောင် သက်တမ်းရှိ မပျက်မယွင်း အကောင်းတိုင်း ရှိနေသော မိန်းမ မံမီရုပ်အလောင်းကို ပြင်သစ် နိုင်ငံ လိုင်ယွန် မြို့ရှိ ပြတိုက် တွင် အများ ပြည်သူများ ကြည့်ရှုနိုင်ရန် ပထမဆုံး အနေဖြင့် ပြသတော့မည် ဖြစ်သည်။

ပီရူးနိုင်ငံ လီမာမြို့ အနီး ပတ်ချာကာမတ် ရှေးဟောင်း နယ်မြေတွင် မြုပ်နှံထားခြင်း ခံခဲ့ရသည့် သန္ဓေသား တစ်ဦးကဲ့သို့ ဒူးတုပ်ကာ ကွေးကွေး လေးရှိနေသည့် အသက် ၅၀ အရွယ် အမျိုးသမီး တစ်ဦး၏ မံမီရုပ်အလောင်းကို ယခုလ နှောင်းပိုင်းတွင် ပြသရန် စီစဉ်ထားခြင်း ဖြစ်သည်။

ဗန်းပြဆွေးနွေးပွဲမျိုး မလိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: ဗန်းပြဆွေးနွေးပွဲမျိုး မလိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနေနှင့် ဗန်းပြဆွေးနွေးပွဲမျိုးကို မလိုလားသောကြောင့် လေးပွင့်ဆိုင်ဆွေးနွေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပသည့် NLD ဗဟိုအလုပ်မှုဆောင် ကော်မတီ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“တကယ်အရေးကြီးတာက စစ်မှန်တဲ့ ဆွေးနွေးပွဲပါ။ ကျွန်မတို့ ဗန်းပြဆွေးနွေးပွဲများကို လိုချင်တာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

ဆွေးနွေးပွဲတွင် လူများစွာ ပါဝင်ပါက သဘောထားကွဲလွဲမှု ပိုမိုများပြားနိုင်ပြီး ကနဦး ဆွေးနွေးပွဲများတွင် တစ်ဦးနှင့်တစ်ဦး ပွင့်လင်းစွာ ဆွေးနွေးပြောဆိုနိုင်ခြင်း မရှိပါက နောက်လာမည့် ဆွေးနွေးပွဲများတွင် အောင်မြင်မှု ရရှိရန် မလွယ်ကူကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

သူမအပါအဝင် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ ပါဝင်သည့် လေးပွင့်ဆိုင်တွေ့ဆုံရေး တောင်းဆိုခြင်းသည် အခြားသူများကို ကန့်သတ်ချန်လှပ်လိုခြင်း မဟုတ်ဘဲ ကနဦးတွေ့ဆုံစဉ်တွင် တစ်ဦးနှင့်တစ်ဦး ပွင့်လင်းစွာ ပြောဆိုဆွေးနွေးနိုင်ရန်သာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

“အစမှာက ပွင့်ပွင့်လင်းလင်းနဲ့ ထိထိရောက်ရောက် မဆွေးနွေးနိုင်ရင် နောင်ဆက်ပြီးတော့ ဆွေးနွေးဖို့ ထိရောက်ဖို့ဆိုတာ မလွယ်ပါဘူး။ ဆက်ပြီး ပါဝင်တဲ့လူ များရင် သဘောထားတွေ သိပ်ပြီးများလို့ ရှိရင် ကွဲလွဲမှုတွေ များလို့ရှိရင် စပြီးတော့ နားလည်မှုယူဖို့ ဆိုတာက ခက်ခဲတတ်ပါတယ်။ လက်တွေ့ကျကျ ကြည့်ပြီးတော့ တောင်းဆိုတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည့် ခြောက်ပွင့်ဆိုင် ဆွေးနွေးရေးသည် သူမ တောင်းဆိုထားသည့် လေးပွင့်ဆိုင်နှင့် သဘောချင်း မကွာသည့်အတွက် ထောက်ခံကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ယနေ့ ပြုလုပ်ခဲ့သည့် အဆိုပါ ဗဟိုကော်မတီ အစည်းအဝေးသို့ တစ်နိုင်ငံလုံးရှိ အစည်းအဝေး တက်ရောက်ခွင့်ရှိသူ တစ်ရာကျော် တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပါတီနှင့် ပတ်သက်သည့် အစီရင်ခံစာများကို တင်သွင်းဆွေးနွေးခဲ့ကြကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မှ ဒေါက်တာလှိုင်မြင့်ဟန်က ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနေနှင့် ဗန်းပြဆွေးနွေးပွဲမျိုးကို မလိုလားသောကြောင့် လေးပွင့်ဆိုင်ဆွေးနွေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပသည့် NLD ဗဟိုအလုပ်မှုဆောင် ကော်မတီ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“တကယ်အရေးကြီးတာက စစ်မှန်တဲ့ ဆွေးနွေးပွဲပါ။ ကျွန်မတို့ ဗန်းပြဆွေးနွေးပွဲများကို လိုချင်တာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

အနည်းဆုံးအခကြေးငွေ အစိုးရတာဝန်ယူမသတ်မှတ်ပေး၍ အလုပ်ရှင်နှင့် လုပ်သားကြား ပြဿနာကြုံနေခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းပြော

အလုပ်ရှင်နှင့် အလုပ် သမားများကြား ပြဿနာဖြစ်နေ ရခြင်းမှာ အလုပ်သမားဝန်ကြီး ဌာနက အနည်းဆုံးလုပ်ခနှုန်းထား တာဝန်ယူ မသတ်မှတ်နိုင်ခြင်း ကြောင့်ဖြစ်သည်ဟု ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေ မန်းကပြောသည်။

အနည်းဆုံးလုပ်ခနှုန်းထား သတ်မှတ်ရန် အလုပ်သမားဝန် ကြီးဌာနမှ စာရင်းကောက်နေမှု သည် ၂၀၁၆ တွင် မြို့နယ် အဆင့်သို့ရောက်ရှိမည်ဖြစ်၍ လွှတ် တော်သက်တမ်း ငါးနှစ်ကုန်သွားပြီး ဘာမှ မလုပ်နိုင်မည်ကို စိုးရိမ် ကြောင်း သူရဦးရွှေမန်းက ပြော သည်။

အေးချမ်းသာယာ တိုးတက်သည့် နိုင်ငံအဖြစ် ထူထောင်ချင်ပါက လိုချင်သည်ထက် မည်သို့လုပ်ပေးနိုင်မည်ကို ဗမာတိုင်းရင်းသားများသာမက လူနည်းစုတိုင်းရင်းသားများကလည်း စဉ်းစားရလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အေးချမ်းသာယာ တိုးတက်သည့်နိုင်ငံအဖြစ် ထူထောင်ချင်ပါက လိုချင်သည်ထက် မည်သို့လုပ်ပေးနိုင်မည်ကို ဗမာတိုင်းရင်းသား များသာမက လူနည်းစုတိုင်းရင်းသား များကလည်း စဉ်းစားရလိမ့်မည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၃ ရက်တွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအစည်းအဝေး၌ ပြောကြားသည်။

နွေရာသီတွင် မကြာခဏ မီးပြတ်တောက်ခြင်း၊ မီးအပြည့်အ၀ မရရှိခြင်းနှင့် ရေအခက်အခဲရှိမှုတို့ကို နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးပါရန် တင်ပြ

မြန်မာနိုင်ငံရှိ စက်မှုဇုန်များတွင် နွေရာသီ၌ မကြာခဏမီးပြတ်တောက်ခြင်း၊ မီးအပြည့်အဝ မရရှိခြင်းနှင့် ရေအခက်အခဲ ရှိမှုတို့ကြောင့် စက်မှုဇုန်များတွင် မီးပုံမှန်ရရှိရေးနှင့် ရေစနစ်တကျ ပေးဝေနိုင်မှုတို့အတွက် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးရန် လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီမှ တောင်းဆိုလိုက်သည်။

“နွေရာသီဓာတ်အား ရရှိရေးနဲ့ ပတ်သက်ရင် စက်မှုဇုန်တွေမှာ နွေရာသီမှာ ဓာတ်အားတစ်ယူနစ် ၁၅ဝ အထိ တိုးပေးထားသော်လည်း မီးမကြာခဏ ပြတ်တောက်ခြင်း၊ အချိန်ပိုင်းလောက်သာ လျှပ်စစ်မီးရရှိခြင်း၊ မေ၊ ဇွန် လောက်တွင် ရက်ပေါင်းများစွာ မီးမလာခြင်း ယခုနှစ်မှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ရှေ့နှစ်ကစပြီး နွေရာသီမှာ နေ့ခင်းမီးမဖြတ်ရေး၊ နေ့ခင်းတစ်နေ့ ရှစ်နာရီ မီးရရှိရေး၊ ဆောင်ရွက်ပေးပါရန် စက်မှုဇုန်များကိုယ်စား တင်ပြအပ်ပါတယ်” ဟု လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ဒီဇင်ဘာ ၁၃ ရက် လှိုင်သာယာမြို့နယ် ကနောင်ခန်းမတွင် ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းထံတွင် တင်ပြတောင်းဆိုခဲ့သည်။

အချင်းချင်းစကားများရာမှ တရားမ၀င်နေထိုင်ကြောင်း ပေါ်ပေါက်၍ မလေးရှားရှိ မြန်မာ ၄၀ ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံရှိ တရားမ၀င်မြန်မာလုပ်သားများ ငှားရမ်းနေထိုင်သည့် အိမ်တစ်လုံးတွင် အချင်းချင်း စကားများရန်ဖြစ် သောကြောင့် မလေးရှားရဲတပ် ဖွဲ့က ၀င်ရောက်ဖမ်းဆီးရာ ထို အိမ်တွင် ငှားရမ်းနေထိုင်သည့် တရားမ၀င်မြန်မာလုပ်သား ၄၀ ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

မလေးရှားနိုင်ငံ၊ ပီနန်မြို့ စွန်ဂိုင်းပသနီရပ်ကွက်ရှိ နေအိမ် တစ်လုံးတွင် ငှားရမ်းနေထိုင်သောတရားမ၀င် မြန်မာလုပ်သား ၄၆ ဦးသည် ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ရောက်ရှိလာ ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံတွင် ၁၀ ရက်သာ နေထိုင်ရသေး ကြောင်း သိရသည်။

ယာဉ်ကြောကျပ်ခြင်းကို အကြောင်းပြ၍ ခရီးသည်တင်ယာဉ်အချို့ ခရီးစဉ် အဆုံးအထိ မဆွဲ

ရန်ကုန်မြို့တွင်း ပြေးဆွဲ လျက်ရှိသည့် ယာဉ်လိုင်းအချို့ သည် ယာဉ်ကြောကျပ်၊ မီးပွိုင့်မိသည်ကို အကြောင်းပြလျက် ခရီးစဉ်အစ၊ အဆုံးမဆွဲဘဲ ပြုလုပ် နေကြောင်း သတင်းရရှိသည်။

အဆိုပါ ယာဉ်များတွင် လှည်းတန်းမှတ်တိုင်အထိ ပြေးဆွဲ သောယာဉ်များပါဝင်သကဲ့သို့ ဒညင်းကုန်းမှတ်တိုင်ဂိတ်အထိ သာ ပြေး ဆွဲသော ယာဉ်များလည်း ရှိကြောင်း ခရီးသွားပြည်သူများ က ပြောသည်။

‘‘သူတို့ကားပေါ်တင်တုန်းက ဘယ်အထိရောက်မယ်ဆိုပြီးပြော တင်လေ။ ကိုယ်ကရောက်မယ် ထင် ပြီးတက်စီးတယ်။ ပြီးမှလမ်းပိတ်လို့ ရှေ့ဆက်မသွား တော့ဘူးဆိုပြီးလုပ်တယ်။ ပိုက်ဆံကျတော့ ခရီးစဉ်အစအဆုံး စာယူထားတယ်’’ ဟု (၄၈) မီနီဘတ်စ်ကားစီးသူအချို့ ဆိုသည်။

ရွာသားများသဘောမတူဘဲ ရွာအမည်ပြောင်းခဲ့သော ကျေးရွာအုပ်ချုပ်ရေးမှူးကို ထပ်မံဆန္ဒပြ

ကလေးမြို့နယ် တောင် အူကျေးရွာသူ၊ ကျေးရွာသား ၃၀၀ ကျော်က ကျေးရွာအုပ်ချုပ် ရေးမှူးကို အလိုမရှိကြောင်း ဒုတိယအကြိမ် ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။

တောင်အူကျေးရွာနှစ်ခြမ်း ကွဲစေခဲ့သော အုပ်ချုပ်ရေးမှူးကို အလိုမရှိ၊ တောင်အူရွာပြန်လည် ပေါင်းစည်းရေးအောင်ရမည်ဟူ သော ကြွေးကြော်သံများဖြင့် ဒီ ဇင်ဘာ ၁၃ ရက်တွင် ဆိုင်းဘုတ် ၁၄၇ ခုကိုင်ဆောင်ကာ လမ်း လျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။