Wednesday, February 4, 2015

ဖွဲ့စည်းပုံပြင်ရေး ဒေါ်အောင်ဆန်း စုကြည် ဆက်ကြိုးပမ်းမည်

dassk-parliment-305.JPG
မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လုံးဝ လက်လျှော့ မှာမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ဗြိတိန်အခြေစိုက် Financial Times သတင်းစာ က တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာပါ။

ဒါ့ပြင် သူ့အပေါ် ၂၀၀၈ အခြေခံဥပဒေနဲ့ တားမြစ် ကန့်သတ်ထားတဲ့ သမ္မတဖြစ်ခွင့်နဲ့ ပတ်သက်ပြီးတော့ လည်း လက်လျှော့မှာမဟုတ်ဘူးလို့ ပြောဆိုပါတယ်။ အတုအယောင် ဒီမိုကရေစီဟာ တကယ့်ကို

သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီလီ သည် မြန်မာနိုင်ငံသို့ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့မှ ၁၆ ရက်နေ့အထိ လာရောက် သည့် ခရီးစဉ်အပြီး၊ ၁၆-၁-၂၀၁၅ ရက်နေ့တွင် သတင်း ထောက်များနှင့် တွေ့ဆုံစဉ် ၎င်း၏ ခရီးစဉ်နှင့်‌ စပ်လျဉ်း၍ သဘောထားအမြင်များ ပြောကြားခဲ့ပါသည်။ ၎င်းပြော ဆိုချက်များတွင် ပါရှိသည့် စိုးရိမ်မှုရှိသည်ဆိုသည့်အချက် အများအပြားသည် လက်ရှိဖြစ်ပေါ်နေသည့် အပြုသဘော ဆောင်သော အခြေအနေများနှင့် ကိုက်ညီမှု မရှိပါ။
အချို့ကိစ္စများတွင် နိုင်ငံတစ်နိုင်ငံ၏ အချုပ် အခြာ အာဏာနှင့် ပြည်တွင်းတရားစီရင်ပိုင်ခွင့်ကို စွက်ဖက်သည်မှာ ထင်ရှားပေါ်လွင်နေပါသည်။ ထို့ကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် အောက်ပါ အချက်များကို ထုတ်ပြန်အပ်ပါသည်-

ယူနိုက်တက်၏ အမှတ်မထင် ခေါ်ယူမှုကြောင့် ကဲလတ် တုန်လှုပ်အံ့ဩသွားဟု ဘော်လ်တန်မန်နေဂျာ ပြောကြား

မန်ချက်စတာ ယူနိုက်တက်၏ အမှတ်မထင် ခေါ်ယူခြင်းကို ခံခဲ့ရသည့်နောက် အန်ဒီကဲလတ် အနေဖြင့် အလွန်အံ့ဩ တုန်လှုပ်သွားခဲ့ကြောင်း ဘော်လ်တန် အသင်းမန်နေဂျာ နီးလ်လင်နွန်က ထုတ်ဖော် ပြောကြားခဲ့သည်။

ယူနိုက်တက်သည် ဆောင်းရာသီဈေးကွက် မပိတ်မီ နာရီပိုင်း အလိုတွင် ဘော်လ်တန် လူငယ်ခံစစ်သမား ကဲလတ်ကို ရုတ်တရက် အငှားခေါ်ယူလိုက်သည်။ ကဲလတ်သည် ရာသီကုန်ထိ ယူနိုက်တက် အသက်(၂၁)နှစ်အောက် အသင်းတွင် ပါဝင်ကစားခွင့် ရရှိမည် ဖြစ်သည်။ ယူနိုက်တက်သည် ဘယ်လ်ဂျီယံ လူငယ်ခံစစ်မှူး မာနစ်ခ် ဗာမီဂျီလ်ကို ရှက်ဖီးလ် ဝက်နက်စ်ဒေးထံ ပြောင်းရွှေ့ခွင့် ပြုခဲ့ပြီးနောက် အသက်(၂၁)နှစ်ရှိ ကဲလတ်ကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ ဘော်လ်တန် မန်နေဂျာ လင်နွန်က ကဲလတ်သည် ယခင်က အငှားထွက်ကစားဖူးသည့် ပလိုင်းမောက်သ် အသင်းသို့ ထပ်မံသွားရောက်ရမည်ဟု ယူဆနေသော်လည်း ယူနိုက်တက်၏ ကမ်းလှမ်းမှုကြောင့် အလွန်အံ့ဩသွားကြောင်း ဆိုသည်။

ဘဏ္ဍာငွေများကို ၀န်ကြီးဌာနများက နေ့ပြန်တိုးပေးခြင်း၊ ကိုယ်ပိုင်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းများပြုလုပ်နေဟု လွှတ်တော်ကိုယ်စားလှယ်များပြောကြား

ပြည်ထောင်စုဝန် ကြီးဌာနများသည် နိုင်ငံတော်ဘ ဏ္ဍာငွေများကို နေ့ပြန်တိုးပေး ခြင်း၊ ကိုယ်ပိုင် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းစသည့် အလွဲသုံး စားမှုများ ပြုလုပ်နေကြသည်ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်ပြောကြားလိုက်သည်။

အစိုးရ၀န်ကြီးဌာနများသည် နိုင်ငံတော်၏ ဘဏ္ဍာငွေများ လက်ဝယ် ကိုင်ဆောင်ထားပြီး မိမိပိုင် ငွေစု စာအုပ်များသို့ထည့်သွင်း၍ အတိုး ပေးစားခြင်း၊ ငွေကြေးများထောက်ပံ့ချေးငှားပြီး လုပ်ငန်း ဆောင်ရွက်မှုမရှိခြင်းများ အရေးယူဆောင်ရွက်မှု အားနည်းသောကြောင့်ဖြစ်သည်ဟု ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်ဒေါ်စန္ဒာမင်းက ဌာနများအလွဲသုံးစားမှုအထောက်အထားများကို လွှတ်တော်တွင် ထောက်ပြပြောဆိုခဲ့သည်။

စည်ပင်ဝန်ထမ်း အယောင်ဆောင်ပြီး တောင်းရမ်းသူများထံမှ ငွေကောက်နေသူများ စတင်ရှာဖွေ

ကမာရွတ်မြို့နယ်အ တွင်း စည်ပင်ဝန်ထမ်းအ ယောင် ဆောင်ကာ တောင်းရမ်းစား သောက်သူများထံမှ ငွေကြေးလိုက် လံကောက်ခံနေသော အမျိုးသား နှင့် အမျိုးသမီးကို လိုက်လံရှာဖွေ နေပြီဖြစ်ကြောင်း သတင်းရရှိ သည်။
အဆိုပါ အမျိုးသားနှင့် အမျိုးသမီးမှာ တောင်းရမ်းစား သောက်သူများထံမှ တစ်ဦးလျှင် တစ်ထောင်ကျပ် ကောက်ခံကာ ကမာရွတ်စည်ပင်သာယာမှ ၀န် ထမ်းဖြစ်သည်ဟု ပြောဆိုလေ့ရှိပြီး ၎င်းမှာ အသက်(၃၅)နှစ်နှင့် (၄၀)နှစ် အရွယ်ခန့်ရှိသည်ဟုပတ်ဝန်းကျင်မှ ပျံကျဈေးသည်အချို့ကဆိုသည်။
‘‘ယောက်ျားနဲ့ မိန်းမနှစ် ယောက်မှာတော့ မိန်းမက လာ တောင်းတာများတယ်။ စည်ပင် ၀န်ထမ်းလို့ပြောပြီး လာကောက် တယ်။ တောင်းစားတဲ့ အဘိုးကြီး၊ အဘွားကြီးတွေကလည်း ဘာပြောရဲမှာလဲ ပေးတာပေါ့’’ ဟု ပျံကျဈေးသည်တစ်ဦးက ပြောသည်။

လေသူရဲမီးရှို့အသတ်ခံရမှု ISIS တုန်ခါသွားအောင် ဂျော်ဒန်တုံ့ပြန်မည်


IS အစ္စလာမ်မစ် စစ်သွေးကြွတွေက သူတို့ဖမ်းဆီးထားတဲ့ ဂျော်ဒန်တိုက်လေယာဉ်မှူးကို အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်လိုက်တဲ့ ဗွီဒီယိုကို အင်တာနက်ကတဆင့် ပြသလိုက်ပြီးတဲ့နောက် ဒီလုပ်ရပ်အပေါ် တုံ့ပြန်လက်စားချေမယ်လို့ ဂျော်ဒန်နိုင်ငံက အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။
ဂျော်ဒန်နိုင်ငံသားတွေရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ အလားတူ ကျုပ်တို့က လက်စားချေ အပြစ်ပေးရပါလိမ့် မယ်လို့ ဂျော်ဒန် ကြည်းတပ်ရဲ့ ပြောခွင့်ရသူ Mamdouh al-Ameri က ရုပ်သံကနေ ထုတ်ပြန်တဲ့ ကြေညာ ချက်မှာ ပြောကြားလိုက်ပါတယ်။

အားကစားဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ သမိုင်းဝင် ကျိုက္ကဆံကွင်းကို စီးပွားဖြစ်လုပ်ရန် စီစဉ်သည့်အပေါ် ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူများအား ချပြရန် ပြည်ထောင်စုလွှတ်တော်၌ တောင်းဆို

အားကစားဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ သမိုင်းဝင် ကျိုက္ကဆံကွင်းကို စီးပွားဖြစ်လုပ်ရန် စီစဉ်သည့်အပေါ် ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူများအား ချပြရန် ဖေဖော်ဝါရီ ၃ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က တောင်းဆိုခဲ့သည်။

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဒုတိယခြောက်လ နိုင်ငံတော်၏ အရအသုံး စာရင်းများကို စစ်ဆေးရာတွင် တွေ့ရှိရသည့် စစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ် ကန့်ကွက် ချက်များ၊ အရေးယူ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍  ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာသုံးသပ်ချက် အစီရင်ခံ စာ(၁/၂၀၁၅)နှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ဒေါ်ခင်စန်းလှိုင်က ထည့်သွင်းတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို သမ္မတက ဖေဖော်ဝါရီ ၁၂ ရက်နောက်ပိုင်းသို့ ရွှေ့ဆိုင်းခြင်းသည် တစ်ဖက်သတ်ရွှေ့ဆိုင်းခြင်း ဖြစ်သည့်အတွက် ကျောင်းသားသပိတ်စစ်ကြောင်းများ ဆက်လက်ချီတက်မည်ဟု ကျောင်းသားများ ဆုံးဖြတ်


သပိတ်မှောက်ကျောင်းသားများ တောင်းဆိုသည့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအား နိုင်ငံတော် သမ္မတက ဖေဖော်ဝါရီ ၁၂ ရက် နောက်ပိုင်းသို့ ရွှေ့ဆိုင်းရန် ဆုံးဖြတ်ချက်သည် တစ်ဖက်သတ် ရွှေ့ဆိုင်းခြင်း ဖြစ်သည့်အတွက် ကျောင်းသားသပိတ် စစ်ကြောင်းများအား ဆက်လက်ချီတက်မည်ဟု သပိတ်မှောက် ကျောင်းသားများက ဖေဖော်ဝါရီ ၃ ရက်က ဆုံးဖြတ်ခဲ့သည်။

ဖေဖော်ဝါရီ ၃ ရက်တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနတွင် ကျောင်းသားများ တောင်းဆိုထားသည့်

မူးယစ်ဆေးစွဲနေသည့် ယောက်ျားက မိန်းမကို အိမ်ထောင်ရေး ဖောက်ပြန်သည်ဟုဆိုကာ လည်ပင်းလှီးသတ်

မူးယစ်ဆေးစွဲနေသည့် ယောက်ျားက မိန်းမကို အိမ် ထောင်ရေးဖောက်ပြန်သည်ဟု စွပ်စွဲကာ လည်ပင်းကို ဓားဖြင့် လှီး၍ ခေါင်းအရေခွံကို လှန်ကာ သတ်သည့်အမှု ကွတ်ခိုင်မြို့ နမ့် ဖက်ကာရွာတွင် ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။
ကွတ်ခိုင်မြို့ နမ့်ဖက်ကာရွာ တွင် ဖေဖော်ဝါရီ ၂ ရက်က တောင်ယာတဲတစ်ခုအတွင်း ပုံပျက်ပန်း ပျက် သေဆုံးနေသည့် အမျိုးသ မီးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။
‘‘လည်ပင်းကနေ လှီးပြီး မျက်နှာကနေ အရေခွံခွာလိုက်တာ။ ခေါင်းက အရေခွံပါ ဆွဲလှန်ပစ် တာ။ မျက်နှာအရေခွံတစ်ခုလုံးကို လှန်ပစ်လိုက်တာ နောက်စေ့ အထိ’’ဟု မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံတစ်ဦးကပြောသည်။

ကျန်းမာရေးဝန်ဆောင်မှု ချို့တဲ့သောဒေသများတွင် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ရွေ့လျား ဆေးကုသပေးလျက်ရှိ

ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းက ကျန်းမာရေးဆေး ပေးခန်းနှင့် ကျန်းမာရေးဝန်ဆောင်မှု ချို့တဲ့သော ဒေသများတွင် ရွေ့လျားဆေးပေးခန်းများဖြင့်ဆေးကုသ ပေးနေကြောင်း သတင်းရရှိသည်။
‘‘တချို့ရွာတွေဘက်မှာဆို ကျေးရွာအုပ်စုထဲမှာ အမည်မပါ သေးတဲ့ ရွာတွေ ရှိနေပါသေး တယ်။ ဒီလိုမျိုးကျေးရွာတွေမှာ နေတဲ့လူတွေက နှစ်နဲ့ချီပြီး ရှိနေ ပြီ။ ပြီးတော့ အဲဒီရွာမျိုးက ကလေးတွေဆို ရောဂါကာကွယ် ဆေးကျွေးဖို့ စာရင်းထဲမှာလည်း မပါဘူး။ ပြီးတော့ ကျန်းမာရေး စောင့်ရှောက်ခံရမှု ချို့တဲ့နေကြ တယ်’’ဟု ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ ဒေါက်တာသန်း စိန်က ပြောသည်။
ရွေ့လျားဆေးကုသပေးခြင်းကို လွန်ခဲ့တဲ့ နှစ်လခန့်က စတင် ပြီး ရမည်းသင်းနှင့် ကျောက်ဆည် တစ်ဝိုက်ရှိ ကျန်းမာရေးဆေးပေး ခန်းနှင့် တိုက်နယ်ဆေးရုံတို့ဖြင့် အလှမ်းဝေးသော ရွာများတွင် ဦး စားပေးကွင်းဆင်းဆောင်ရွက်ခဲ့ ပြီး ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ၌လည်း ဆောင်ရွက်နေကြောင်း သိရသည်။

ထိုင်းဘုရင်ကို အင်တာနက်မှ စော်ကားပြော ဆိုသူ ခြောက်ဦး အဖမ်းခံရ

အင်တာနက်မှတစ်ဆင့် ထိုင်းဘုရင်ကို အသရေဖျက် စော်ကားပြော ဆိုသူ ခြောက်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားသည်။
ထိုင်းရဲတပ်ဖွဲ့က အဆိုပါလူခြောက်ဦးသည် လူမှုရေး ကွန်ရက်စာမျက်နှာများပေါ်တွင် ထိုင်းဘုရင်ကို ဆန့်ကျင် သည့် ဝါဒဖြန့်မှုများပြုလုပ်နေသည့်Banpodj Network အဖွဲ့များဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ကွန်ရက်သည် ဘုရင်မင်းမြတ်နှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဆိုးဆိုးရွားရွားခြိမ်းခြောက်နေသည့် ကွန်ရက်တစ်ခုဖြစ် ကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

ရော်နယ်ဒို ပေါင် သန်း ၃၀၀ တန်ဟု ကိုယ်စားလှယ်ပြော


စပိန် လာလီဂါ ရီးရဲလ် မက်ဒရစ် ဘောလုံးအသင်းက ခရစ္စတီယာနို ရော်နယ်ဒိုကို ထွက်ခွာခွင့် ပေးမယ် ဆိုရင် အနည်းဆုံး ပေါင် သန်း ၃၀၀ တန်တယ်လို့ သူရဲ့ ကိုယ်စားလှယ်က ပြောပါတယ်။ ကလပ်အသင်းက တစုံတရာအကြောင်းပြချက်ကြောင့် မနက်ဖြန်မှာ ပေါင် သန်း ၃၀၀နဲ့ ရောင်းချမယ်ဆိုရင် တစုံ တယောက်က ပေးမှာ ဖြစ်ပါတယ်လို့ ကိုယ်စားလှယ် ဟောဟဲ မန်ဒီက ပြောပါတယ်။

Tuesday, February 3, 2015

ရန်ကုန် လေထုညစ်ညမ်းမှု ဘယ်လောက် မြင့်မားနေပြီလဲ


မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ဖြစ်တဲ့ ရန်ကုန်မြို့မှာ လူတွေရဲ့ နေထိုင်မှု ဘဝပုံစံတွေ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာတာကြောင့် မြို့ရဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာတွေလည်း ပြောင်းလဲ ပျက်စီးမှုတွေ ရှိလာခဲ့ပြီး အခုဆိုရင် ရန်ကုန်မြို့ကြီးမှာ အသက်ရှူမ၀ သလို ဖြစ်လာနေပါပြီ။

မနက်မိုးလင်းပြီ ဆိုတာနဲ့ လမ်းမတွေပေါ်မှာ သွားလာလှုပ်ရှားနေကြတဲ့ ဘတ်စ်ကားတွေ၊ ကိုယ်ပိုင်ကားတွေနဲ့ မြို့နဲ့ သိပ်မဝေးတဲ့ နေရာ တွေက စက်ရုံ၊ အလုပ်ရုံတွေကနေ ထုတ်လွှတ်လိုက်တဲ့ မီးခိုးငွေ့တွေ၊ ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ တော်တော်များများ နေ ရာ ယူလာတဲ့ အကင်ဆိုင်တွေနဲ့ ချက်ပြုတ်ရောင်းချတဲ့ လမ်းဘေးဆိုင်လေးတွေက ထွက်တဲ့ မီးခိုးငွေ့တွေကြောင့် ရန်ကုန်မြို့ရဲ့ လေထု ဘယ်လောက်အထိ ညစ်ညမ်းလာပြီလဲ ဆိုတာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေက လွဲလို့ သတိတရ နဲ့ နေ့စဉ် ဂရုစိုက်မိနေကြတဲ့သူတွေ သိပ်မရှိလှပါဘူး။

မိမိနိုင်ငံ သားများကို သတ်ပစ် လိုက်သည့် အိုင်အက်စ် စစ်သွေးကြွများကို ဂလဲ့စားချေမည်ဟု အာဘေးပြော


hkg10143646 5c1b45415da8590861e77ee5a3b585d7
တိုကျို၊ ဖေဖော်ဝါရီ ၂။       ။  အစ္စလာ မ္မစ်နိုင်ငံတော်  အိုင်အက်စ်  စစ်သွေး  ကြွများက  ဒုတိယမြောက်  ဂျပန်နိုင်ငံ သား ဓားစာခံ  ဂျာနယ်လစ်  တစ်ဦးကို သတ်ဖြတ်ကြောင်းပြော  ကြားခဲ့သည့် ဗီဒီယို တစ်ခု ထုတ်လွှင့်ခဲ့  ပြီးနောက်ပိုင်း ဂျပန် ဝန်ကြီးချုပ်  ရှင်ဇို အာဘေးက  ယင်းသို့ ရက်စက်စွာ သတ်ဖြတ် ခဲ့ခြင်း အပေါ်ပြင်းပြင်း ထန်ထန်ရှုတ် ချလိုက်ပြီး ''အကြမ်း ဖက်သမားများအား ၄င်းတို့ လုပ်ဆောင်ခဲ့သမျှတိုင်း အတွက် ပြန်လည်ပေး ဆပ်ခိုင်းမည်'' ဟုကတိပြုပြော ကြားသွားသည်။ အစွန်းရောက်အကြမ်းဖက်မှုများနှင့် ရင်ဆိုင်ခဲ့ရချိန်တွင် အနောက်နိုင်ငံများ မှခေါင်းဆောင်များက ထိုကဲ့သို့ကြွေးကြော်မှု များရှိခဲ့သော်လည်း လက်ရှိ အချိန်ထိ ၄င်းတို့နှင့် စစ်သွေးကြွများ အကြား ထိပ်တိုက်တွေ့ ဆုံမှုမျိုး ကိုတွေ့မြင် ရသေးခြင်း မရှိသေးပေ။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား အဆင့်မြှင့်တင်ရန်အတွက် ပုဂ္ဂလိကကုမ္ပဏီ ၂ဝကျော် လျှောက်ထား

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား နိုင်ငံတကာအဆင့်မီ ရှစ်လမ်းသွား လမ်းမကြီးအဖြစ် အဆင့်မြှင့် တင်ရေး လုပ်ငန်းလုပ်ကိုင်ရန်အတွက် ပုဂ္ဂလိ က ကုမ္ပဏီ ၂ဝ ကျော်မှ လာရောက် လျှောက်ထားကြောင်း အမြန်လမ်း အင်ဂျင်နီယာဌာနမှ သိရသည်။

လက်ရှိ အမြန်လမ်းမကြီး၏ လမ်းမိုင်အရှည် ၃၆၆မိုင် ၃ဖာလုံ အား မူလစီမံကိန်းရည်မှန်းချက်ပုံစံနှင့် အဆင့်မြှင့်တင်နိုင်ရန် Build Operate- Transfer (BOT) စနစ် ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ပုဂ္ဂ လိက လုပ်ငန်းရှင်များ၏ စိတ်ဝင် စားမှု အဆိုပြုလွှာခေါ်ယူခဲ့ရာ ဇန် နဝါရီလကုန်အထိ ကုမ္ပဏီပေါင်း ၂ဝကျော်မှ လာရောက်လျှောက်ထား ခဲ့ကြောင်း အမြန်လမ်း အင်ဂျင်နီယာ မှူးကြီးဦးကြည်ဇော်မြင့်က ဆိုသည်။

ကျောင်းသားများ စည်းကမ်းမဲ့ ပြု၍ လေးပွင့်ဆိုင် ဆွေးနွေးပွဲ ပျက်

ပညာရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သော ပညာရေးဥပဒေပြင်ဆင်ရေး ဆိုင်ရာ လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ကျောင်းသားများဘက်က စည်းကမ်းမဲ့ ပြုမူခဲ့၍ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ပိုင်းသို့ ရွှေ့ဆိုင်းလိုက်ကြောင်း သတင်း ရရှိသည်။
“မနက်ကတည်းက ဖြစ်နေတာ။ အစိုးရက NNER ကိုယ်စားလှယ် ၁၅ ဦး၊ ကျောင်းသား ကိုယ်စားလှယ် ၁၅ ဦး အစည်းအဝေး ခန်းမထဲ ၀င်ခွင့်ပေးတယ်။ ကျောင်းသားတွေက ပျဉ်းမနား ဗကသ အပါအ၀င် လူပေါင်း ၁၀၀ ကျော် ၀င်ခွင့်တောင်းတယ်။ နောက် ကျောင်းသားတွေနဲ့ ပါလာတဲ့ မီဒီယာတွေကို ၀င်ခွင့်ပေးဖို့ တောင်းတယ်။ အစိုးရက ပြန်ပြောတာကတော့ မီဒီယာတွေက စိစစ်ပြီး ၀င်ခွင့် ကဒ်ပြားတွေ ထုတ်ပေးထားလို့ အစည်းအဝေးခန်းထဲတောင် ရော်ကနေပြီ ဆိုပြီး ပြန်ရှင်းတယ်။ အဲဒါကတော့ အမှန်ပါပဲ။ ကျွန်တော်တို့ အထဲ ရောက်နေပြီ။ ကျောင်းသားတွေ ခေါ်လာတဲ့ မီဒီယာသမား ဆိုတာတွေ ကျွန်တော်တို့တော့ မသိဘူး” ဟု သတင်းသွားယူခဲ့သည့် သတင်းထောက်တစ်ဦးက ပြောသည်။

BREAKING: ၄ပွင့်ဆိုင်ကို ပြည်ထောင်စုနေ့မှ ပြန်စတင်ဖို့ ရွှေ့ဆိုင်းလိုက်ပြန်ပြီ


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ၄ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတွေကို သမ္မတရဲ့ သဘောထား မှတ်ချက်နဲ့ ဖေဖော်ဝါရီလ ၁၂ရက်နေ့ ပြည်ထောင်စုနေ့နောက်ပိုင်းမှ ဆက်လုပ်ပြုလုပ်သွားဖို့ ရွှေ့ဆိုင်း လိုက်ပါတယ်။

အာရှဈေးကွက်၌ ရေနံဈေးကျဆင်း



အာရှဈေးကွက်၌ တနင်္လာနေ့ က ရေနံဈေးကျခဲ့သည်။ လကုန်ရက် ၌ မတည်ငြိမ်သောဈေးကွက်မှ ကုန် သည်များက အမြတ်ရခဲ့သည်ဟု ဆို သည်။ အမေရိကန်ရေနံချက်စက်ရုံ တစ်ခု၏ သပိတ်ကလည်း ရေနံဈေး ကို ဖိအားပေးခဲ့သည်။

အမေရိကန် တက္ကဆက်ရေနံ အား မတ်လအတွက် ကြိုတင်ဝယ်ဈေး မှာ ၁ ဒသမ ၃၅ဒေါ်လာကျဆင်းကာ တစ်စည်လျှင် ၄၆ ဒသမ ၈၉ဒေါ်လာ ပေါက်ခဲ့သည်။ မတ်လအတွင်း ဘရင့် ရေနံတစ်စည်လျှင် ၁ ဒသမ ၄၁ဒေါ် လာကျဆင်းကာ တစ်စည်လျှင် ၅၁ ဒသမ ၅၈ဒေါ်လာပေါက်ခဲ့သည်။

ပုလောတွင် မီးကြွင်းမီးကျန်မှ နေအိမ် ၇၀ ကျော် မီးလောင်



မြိတ်ခရိုင် ပုလောမြို့နယ် အမှတ် (၁) ရပ်ကွက်၊ မြဝတီလမ်းနှင့် ဗိုလ်အောင်ချို လမ်းထောင့်နေ ဦးဇော်ငယ် (ခ) ခင်ဇော်တို့၏ ဓနိမိုး၊ ထရံကာနေအိမ်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်က မီးဖိုချောင်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနီးအနားရှိ အိမ်ခုနစ်ဆယ်ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ပုလောမြို့ခံများထံမှ သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အမှတ် (၁) နှင့် အမှတ် (၂) ရပ်ကွက်တို့မှ မီးမကူးစေရန် ဖျက်ဆီးခဲ့ရသော ဓနိမိုး၊ ထရံကာ၊ ပျဉ်ကာ နေအိမ်များ အပါအဝင် စုစုပေါင်း နေအိမ် ၇၂ လုံး ပျက်စီးခဲ့ကြောင်း ပုလောမြို့နယ် ရဲစခန်းမှ ရဲအုပ်စိုးကြည်က ပြောသည်။

ကျန်ရှိနေသေးတဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲ အခြေအနေ

လေးပွင့်ဆိုင် ဆွေးနွေးမှုအတွက် ကျန်ရှိနေသေးတဲ့ အချက်တွေကို နေပြည်တော် ပညာရေး ဝန်ကြီးဌာနမှာ ဒီနေ့ မနက် ၉ နာရီက စပြီး ဆွေးနွေးနေကြပါတယ်။ လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ကျောင်းသား ကိုယ်စားလှယ်တွေနဲ့ NNER အဖွဲ့ ကိုယ်စားလှယ်တွေ အပြင် တခြား လိုက်ပါမှတ်တမ်းယူသူတွေနဲ့ သတင်းမီဒီယာတွေကို ဝင်ခွင့်ကန့်သတ်ထားတာကြောင့် အစည်းအဝေး ခန်းမကနေ ကျောင်းသားတွေနဲ့ NNER ကိုယ်စားလှယ် အားလုံး ပြန်ထွက်လာတယ်လို့ ဗကသ ကျောင်းသားကိုယ်စားလှယ် ကိုမင်းသွေးသစ်က The Voice ကို ပြောပါတယ်။

အဖြစ်မှန်ကို သိစေချင်တယ်

လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာတွေပေါ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ VOA သတင်းဌာနတို့ရဲ့ အင်တာဗျူး အစီအစဉ်မတိုင်မီ ပြင်ဆင်နေတဲ့အချိန်မှာရိုက်ကူး ထားတဲ့ဓါတ်ပုံတစ်ပုံနဲ့ပတ်သက်ပြီး မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်နေတာကို တွေ့ရတော့ တော်တော်စိတ်မကောင်းဖြစ်မိသလို အဲဒီလိုတမင်ရည်ရွယ်ပြီးလုပ်ကြံဖန်တီးခဲ့တဲ့လူရဲ့ အသိဥာဏ်နဲ့ စိတ်ဓါတ် ကလည်း တော်တော်အောက်တန်းကျတယ်လို့ပဲ ဝေဖန်ချင်တယ်။

နန်းတွင်း စစ်အကျဉ်းထောင် ဖောက်ပြေးသူများထဲမှ ၂ ဦး ရွှေညောင်ဘူတာ အနီးမှာ ထပ်မံ ဖမ်းဆီးရမိ၊ တပ်ကြပ်ကြီး ရဲဝင်းစံ အား သတ်ဖြတ် ထွက်ပြေးပုံ အသေးစိတ်ကို ထွက်ဆို


ရွှေညောင်ဘူတာ အနီးမှာ ထပ်မံ ဖမ်းဆီးရမိတဲ့ စစ်သည် နှစ်ဥိး ပြီးခဲ့တဲ့ ဇန်န၀ါရီလ (၂၅)ရက်နေ့ က မန္တလေး နန်းတွင်း စစ်အကျဉ်းထောင် စားရိပ်သာ တာဝန်ခံ တပ်ကြပ်ကြီး ရဲဝင်းစံ ကို သတ်ဖြတ်ပြီ ထောင်က ထွက်ပြေးလာတဲ့ အဖွဲ့ ထဲက တပ်သား ရဲမင်းနိုင် နဲ့ တပ်သား ဇော်မျိုးထက်တို့  (၂)ဦးကို ထပ်မံ ဖမ်းဆီး ရမိကြောင်း သစ်ထူးလွင်က သတင်းရရှိပါတယ်။
အဆိုပါ စစ်သည်နှစ်ဦးကို ဖေဖေါ်ဝါရီလ (၂)ရက်နေ့ က ရှမ်းပြည်နယ်၊ ရွှေညောင်ဘူတာ အနီးမှာ တာဝန်ကျ တပ်ထိန်း တပ်ဖွဲ့ ဝင်များက ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

မြန်မာ ရေနံအလုပ်သမားများ ခွဲခြားဆက်ဆံခံရမှု ကန့်ကွက်


Photo: မြန်မာ ရေနံအလုပ်သမားများ ခွဲခြားဆက်ဆံခံရမှု ကန့်ကွက်
Tuesday, February 3, 2015

ပုံနှိပ်ပါ ရှယ်ပါ မှတ်ချက်ပေးပါ အီးမေးလ် gas_fields_PTTEP_305_Z
မြန်မာ့ ကမ်းလွန်ပင်လယ်တွင် ထိုင်းနိုင်ငံမှ PTTEP ကုမ္ပဏီ လုပ်ကိုင်ခွင့် ရရှိထားသော သဘာဝ ဓာတ်ငွေ့ လုပ်ကွက်များကို အဝါရောင်ဖြင့် ဖော်ပြထားပါသည်။ 

မြန်မာနိုင်ငံ မုတ္တမကမ်းလွန်ဒေသမှာ ရေနံလုပ်ကွက် ရထားတဲ့ ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီမှာ မြန်မာ အလုပ်သမားတွေ ခွဲခြားဆက်ဆံခံနေရတာကို ဖြေ ရှင်းပေး ဖို့ ဇောတိကကမ်းလွန်ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်သားများ အဖွဲ့အစည်းက ကုမ္ပဏီတာဝန် ရှိသူတွေထံ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ထိုင်းအလုပ်သမားတွေနဲ့ မြန်မာအလုပ်သမားတွေ အကြား လုပ်ခလစာ၊ အားလပ်ရက်နဲ့ အချိန်ပိုကြေးတွေ တန်းတူခံစားခွင့် မရတာကြောင့် ၃ ရက်အတွင်း ဖြေ ရှင်းပေးဖို့ တောင်းဆိုလိုက်တာဖြစ်တယ်လို့ ဇောတိက ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်သားများအဖွဲ့က အလုပ်သမားတစ်ဦးက ပြောပါ တယ်။

"ကျနော်တို့လစာက သူတို့နဲ့ယှဉ်လိုက်လို့ရှိရင် နိမ့်ပါတယ်၊ လစာက ၈ ဆကနေ ၁၅ ဆအထိကွာပါတယ်၊ ဒီလိုပဲခွဲခြားဆက်ဆံပါတယ်"
အဲဒီလုပ်ငန်းခွင်မှာ မြန်မာအလုပ်သမား ၃၀ ကျော် နဲ့ ထိုင်းအလုပ်သမား ၄၀ နီးပါးရှိပါတယ်။

မြန်မာအလုပ်သမားတွေက ကုမ္ပဏီအနေနဲ့ အလုပ်သမားတွေအပေါ် ခွဲခြား ဆက်ဆံမှုတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့၊ လုပ်ခ လစာ၊ ခံစားခွင့်နဲ့ အားလပ် ရက်တွေကို ထိုင်းအလုပ်သမားတွေနဲ့ တန်းတူ ခံစားခွင့်ပေးဖို့၊ စတာတွေကို တောင်းဆိုထား တာဖြစ်ပါတယ်။

RFA


ပုံနှိပ်ပါ ရှယ်ပါ မှတ်ချက်ပေးပါ အီးမေးလ် gas_fields_PTTEP_305_Zမြန်မာ့ ကမ်းလွန်ပင်လယ်တွင် ထိုင်းနိုင်ငံမှ PTTEP ကုမ္ပဏီ လုပ်ကိုင်ခွင့် ရရှိထားသော သဘာဝ ဓာတ်ငွေ့ လုပ်ကွက်များကို အဝါရောင်ဖြင့် ဖော်ပြထားပါသည်။ 

အမျိုးသမီးအကြမ်းဖက်မှုကာကွယ်ရေးဥပဒေ အမြန်ရေးဆွဲရန် လွှတ်တော်တိုက်တွန်း

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျော့နည်းရေးအတွက် အမျိုးသမီးများ အား အကြမ်း ဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေတရပ်ကို အမြန်ဆုံး ရေးဆွဲ အကောင် အထည်ဖော်ဖို့ ဒီကနေ့ ပြည်ထောင်စုလွတ်တော်မှာ အဆို တင် ဆွေးနွေးပြီး ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ် စောင့်ရှောက်ရေး ဥပဒေတစ်ရပ်ကို အလျင်အမြန် ရေးဆွဲပေးနိုင်ရေး ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့တာဖြစ်ပေမယ့် ဒီကနေ့မှ လွှတ်တော်က ဆွေးနွေး အဆုံးအဖြတ်ရယူနိုင်ခဲ့တာလို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေးအွာက ပြောပါတယ်။

Father Land ငွေကြေးလိမ်လည်မှု နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေး

ကျပ်သိန်းထောင်ချီ ငွေကြေးလိမ်လည်မှု၊ စာရွက်စာတမ်းအတု ပြုလုပ်မှုဖြင့် တရားစွဲခံထားရသော ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ထံမှ တိုက်ခန်း ဝယ်ယူထားသူများနှင့် ရှယ်ယာထည့်ဝင်သူများ၏ နစ်နာကြေးငွေများကို ဖြေရှင်းပေးရန်မှာ ကျပ်သန်းသိန်းချီနေသောကြောင့် ကုမ္ပဏီပိုင်ရှင်နှင့် နစ်နာသူများကို ဇန်နဝါရီလကုန်ပိုင်းက စတင်ပြီး အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးနေကြောင်း အစစ်ဆေးခံရသူများထံမှ စုံစမ်းသိရှိရသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများပါ မဲပေးခွင့်ရှိမည်

 နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသည့် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲ ဥပဒေတွင် ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထားသူများပါ မဲပေးခွင့်ရှိသည်ဟု ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်အတည်ပြု လိုက်ပြီဖြစ်သည်။

ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက အပြင်းအထန် ကန့်ကွက်ခဲ့သော်လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် နယ်စပ်ဒေသမှ ကျန်တိုင်းရင်းသားကိုယ်စားလှယ်များက ထောက်ခံခဲ့သဖြင့် သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း   ယာယီသက်သေခံလက်မှတ် ကိုင်ဆောင် ထားသူများပါ  မဲပေးခွင့်ရရှိခြင်းဖြစ်သည်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲ တက်ရောက်ခဲ့၍ ဒေါက်တာသိန်းလွင်ကို ဒီချုပ်က စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်မည်ဟု ထုတ်ပြန်


အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် လေး ပွင့်ဆိုင်တွေ့ဆုံမှုတွင် NNER ကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေး နွေးနေသည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် အရန်ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဒေါက်တာသိန်း လွင်သည် ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့၏ ကြိုတင်သဘော တူညီချက်မရရှိဘဲ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့်အတွက် ပါ တီ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆက်လက်ဆောင်ရွက် သွား မည်ဖြစ်ကြောင်း အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်က ကြေညာချက်တစ်စောင်ထုတ်ပြန်သည်။

မြစ်ကြီးနားတွင် ဗိုလ်ချုပ်ကြေးရုပ် ထားရှိမည့်အစီအစဉ် ဆိုင်းငံ့ပေးရန် တောင်းဆို

ဗိုလ်ချုပ်အောင် ဆန်း နှစ်(၁၀၀)ပြည့် အထိမ်းအ မှတ်အဖြစ် ကချင်ပြည် နယ် မြစ်ကြီးနားမြို့တွင် ဗိုလ်ချုပ် ပုံတူကြေးရုပ်တုထားရှိမည့် အစီအစဉ်ကို ခေတ္တ ဆိုင်းငံ့ထားရန် ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့က ကချင်ပြည်နယ် ၀န်ကြီးချုပ်ထံ စာပေးပို့ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
ကချင်ပြည်သူများအား ဗိုလ်ချုပ်ပေးခဲ့သော ကတိက၀တ်များ ပြည့်စုံပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လာသည့် နေ့ အထိ ယင်းကိစ္စကို ဆိုင်းငံ့ပေးရန် တောင်းဆိုကြောင်း စာတွင်ရေး သားထားသည်။

ရေနံချောင်းမြို့မှ မကွေးမြို့သို့ချီတက်လာသည့် ကျောင်းသား စစ်ကြောင်းနှင့်အတူ ရေနံချောင်းကောလိပ်မှ ဆရာ ဆရာမများ၊ စက်မှုလက်မှုသိပ္ပံကျောင်းမှ ကျောင်းသားကျောင်းသူများနှင့် ဒေသခံများလိုက်ပါ

ဖေဖော်ဝါရီ ၂ ရက် နံနက် ၈ နာရီက ရေနံချောင်းမြို့မှ ဆက်လက် ချီတက်လာသော ကျောင်းသားစစ်ကြောင်းသည် မကွေးမြို့အ၀င် နည်းပညာတက္ကသိုလ်နှင့် ဆေးတက္ကသိုလ်များတည်ရှိသော ကံပြားကျေးရွာသို့ရောက်သည်အထိ ရေနံချောင်းစက်မှုလက်မှုသိပ္ပံမှ ကျောင်းသားကျောင်းသူများ၊ ရေနံချောင်း ဒီဂရီကောလိပ်မှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအပါအ၀င် ဒေသခံပြည်သူများက ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ညနေ ၆ နာရီခန့်က ရေနံချောင်းမြို့နှင့် မကွေးမြို့နယ်ကြား ပင်းချောင်းကိုဖြတ်ကျော်လာစဉ် မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးက ယင်းသို့လမ်းလျှောက်နေသည်မှာ ငြိမ်းစုစီဥပဒေနှင့်မညီဟု ကျောင်းသားခေါင်းဆောင်များသို့ပြောကြားခဲ့သည်။

ဧရာဝတီကျောင်းသားသပိတ်စစ်ကြောင်း ရန်ကုန်သို့ ယနေ့စတင်ချီတက်


အမျိုးသားပညာရေး ဥပဒေဆွေးနွေးသော ကျောင်းသား များကို အားပေးသည့်အနေဖြင့် ဧရာဝတီ ကျောင်းသားသပိတ် စစ်ကြောင်းသည် ဖေဖော်ဝါရီ ၃ ရက်တွင် ပုသိမ်မှ ရန်ကုန်သို့ ခြေလျင် ချီတက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့ ရည်ရွယ် ချက်က တွေ့ဆုံဆွေးနွေးမှုကို လုံးဝထိခိုက်စေချင်တဲ့ ရည်ရွယ် ချက်မရှိဘူး။ နောက်ဆွေးနွေးပွဲ တွေမှာ ရလဒ်ကောင်းတွေရစေ ချင်တယ်။ အဓိကရည်ရွယ်တာ ကတော့ ပိုကောင်းတဲ့ ပညာရေး ဥပဒေထွက်ပေါ်လာဖို့ပါ’’ဟု ဧရာ ၀တီသပိတ်စစ်ကြောင်းဦးဆောင် ကော်မတီခေါင်းဆောင် ကိုအောင်ခန့်ဇော်ကပြောကြားသည်။