ပညာရေးဥပဒေပြင်ဆင်ရေးကို အကြောင်းပြုပြီး တိုင်းပြည်မတည်ငြိ မ်အောင်လုပ်နေတဲ့ လှုပ်ရှားမှုမှာကျောင်းသား လူငယ်တွေ ကို ရှေ့တန်း တင်ပြီး ကျောင်းသားအမည်ခံသူတွေက နောက်ကွယ်က ကြိုးကိုင် သူတွေအလိုကျ ဦးဆောင်လုပ်ကိုင်နေတယ်လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ဖေဖော်ဝါရီ ၇ရက်နေ့မှာ စွပ်စွဲလိုက်ပါတယ်။
ဒီလိုအားပေးအားမြှောက်လုပ်နေတဲ့ အဖွဲ့အစည်းတွေလည်း ပါဝင် ပတ်သက်နေပြီး နောက်ကွယ်က ကြိုးကိုင်နေ သူတွေမှာ အစွ န်းရောက် ဝါဒီသမားဟောင်းတွေ ပါဝင်တဲ့အကြောင်း၊သူတို့ရဲ့ သားသမီးတွေကို မျိုးဆက်သစ်အဖြစ်မွေးထုတ်ပြီး ထိပ်တိုက်ရင်ဆိုင် တဲ့နည်း တောင်း ယူတိုက်ယူတဲ့နည်းတွေ သုံးလာနေတယ်လို့ အစိုးရဝန်ကြီးရဲ့ ပြောဆိုချက်ကို အစိုးရပိုင်ရုပ်သံတွေက အထူးထုတ်လွှင့်ချက်အဖြစ် ထုတ်လွှင့်ခဲ့ပါတယ်။











