
အင်္ဂလန်ပထမ တန်း Sheffield United ကလပ် အသင်းမှာသာ ကစားနေသော်လည်း မြန်မာပြည်မှလက်ခံလျှင် မြန်မာ ပြည်ကိုယ်စားပြု ကစားသမား ဖြစ် ချင်ပါတယ်ဟု ကရင်တိုင်းရင်းသား Kler Heh က မြန်မာဘောလုံးချစ် မြတ်နိုးသူများဖေ့စ်ဘွတ်ခ်သို့ ပြော သည်။
ထိုင်း-မြန်မာနယ်စပ် Kwe Ko Lo ဒုက္ခသည်စခန်းမှ မွေးဖွား လာသည့် အသက်(၁၉)နှစ်အရွယ် ကရင်တိုင်းရင်းသား Kler Heh မှာ ၁ဝ နှစ်သား အရွယ်ကပင် အင်္ဂလန် နိုင်ငံကိုရောက်ရှိကာ ကျောင်းအ သင်းမှစတင် ဘောလုံးကစားခဲ့သူ ဖြစ်သည်။
























