Friday, October 10, 2014

မင်းသမီးများနဲ့ တူအောင် မိတ်ကပ်ပြင်နိုင်တဲ့ အမျိုးသား

Filipino Paolo Ballesteros လို့အမည်ရတဲ့ အမျိုးသားဟာ Eat Bulaga အမည်ရ ရုပ်သံတီဗီ အစီအစဉ်မှ သရုပ်ဆောင်မော်ဒယ်တစ်ဦး ဖြစ်ပြီး မိတ်ကပ် ဖန်တီးရှင် ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဖန်တ်ီးနိုင်တဲ့ အရည်အချင်း ကတော့ ပုံမှ မြင်တွေ့ရသလိုပါပဲ။
ကေတီပယ်ရီ၊ ဂျနီဖာလော့ရန့်စ်၊ မယ်လီဆိုင်းရက်စ်၊ မယ်ဂန်ဖော့ အစရှိသဖြင့် နာမည်ကြီး မင်းသမီးနဲ့ Celebrity ပေါင်း မြောက်များစွာနဲ့ကို တူအောင် ဖန်တီးနိုင်တဲ့ အရည်အချင်း ရှိပါတယ်။ သူဖန်တီးတဲ့ မိတ်ကပ် အလှအပ များကို သူ့ရဲ့ Instagram ပေါ်မှာ တင်ပြီး ဝင်ရောက် ကြည့်ရှုသူ များပြား ပါတယ်။ Link ကတော့http://instagram.com/pochoy_29 ဖြစ်ပါတယ်။

အိုင်အက်စ်အဖွဲ့က ကိုဘာနီမြို့ အရှေ့ပိုင်းဒေသကို သိမ်းပိုက်

Photo: အိုင်အက်စ်အဖွဲ့က ကိုဘာနီမြို့ အရှေ့ပိုင်းဒေသကို သိမ်းပိုက်
Friday,October 10, 2014
 
ဆီးရီးယားနယ်စပ် ကိုဘာနီမြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်နေပေမ့ယ်  အိုက်အက်စ်တပ်ဖွဲ့တွေ ဟာ ရှေ့ကို ချီတက်နေပြီး  မြို့အရှေ့ပိုင်းဒေသအားလုံးကို သိမ်းထားလိုက်ပြီလို့ ဆီရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးးအဖွဲ့က ပြောပါတယ်။

ဒါတင်မက အရှေ့မြောက်ဒေသနဲ့ အရှေ့တောင်ဒေသတွေက တချို့ အစိတ် အပိုင်းတွေကို သိမ်းထားတယ်လို့ ပြောပါတယ်။

ကိုဘာနီမြို့ကို ခုခံနေတဲ့ ကာ့ဒ်တပ်ဖွဲ့အကြီးအကဲကလည်း အိုက်အက်စ် တပ်ဖွဲ့ဟာ မြို့အရှေ့ပိုင်းက ၄ ပုံ ၁ ပုံကို သိမ်းထားလိုက်ပြီလို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က ပြောပါတယ်။

ကုလသမဂ္ဂကတော့ ကိုဘာနီမြို့မှာ မြို့ခံအနည်းအကျဉ်းလောက်ပဲ ကျန်တော့ တယ်လို့ ပြောပေမယ့် မြို့ကို ခုခံကာကွယ်နေတဲ့အဖွဲ့တွေကတော့ အိုက်အက်စ်တပ် တွေက မြို့ကို သိမ်းနိုင်ရင် လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှာ သေချာတယ် လို့ ပြောပါတယ်။

အမေရိကန်ရဲ့ လေကြောင်းစစ်ကူဟာ အကန့်အသတ်နဲ့ ဖြစ်နေတာကိုလည်း သူတို့က အပြစ်တင်ကြပါတယ်။

တူရကီဘက် နယ်စပ်မှာလည်း တင့်ကားတွေ ရှိနေပေမယ့် မြို့ကို ကာကွယ်ဖို့ ခုခံစစ်ကို အကူအညီမပေးပါဘူး။

DVB
ဆီးရီးယားနယ်စပ် ကိုဘာနီမြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်နေပေမ့ယ် အိုက်အက်စ်တပ်ဖွဲ့တွေ ဟာ ရှေ့ကို ချီတက်နေပြီး မြို့အရှေ့ပိုင်းဒေသအားလုံးကို သိမ်းထားလိုက်ပြီလို့ ဆီရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးးအဖွဲ့က ပြောပါတယ်။

ရွှေ့တောင် ခလရ ၁၄ မှ မိသားစုဝင် ဘုရားဖူးကား တိမ်းမှောက်


သီတင်းကျွတ်လပြည့်နေမနက်ပိုင်းကပြည်မြို့တစ်ဖက်ကမ်းရှိ ရွှေဘုံသာမုနိဘုရားအသွားလမ်း န၀ဒေး တံတား အနီး ဘုရားဖူးဒိုင်နာ ကားတစီး တိမ်းမှောက်မှုဖြစ်ပွားခဲ့လို့ ယာဉ်မောင်း အပါ အ၀င် လူ(၂၀)ဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။ 

ထိုင်းဝန်ကြီးချုပ်အား ရန်ကုန်မှာ ဆန္ဒပြ

ထိုင်းနိုင်ငံ၌ လူသတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထား ရသည့် မြန်မာနိုင်ငံသားနှစ်ဦးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်အား ဆန္ဒပြမှုတစ်ခု ရန်ကုန်မြို့လယ် မဟာဗန္ဒလပန်းခြံအနီး တွင်ဖြစ် ပွားခဲ့သည်။

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းက လူသတ်မှုရဲ့ အဂတိတရားကို ဖေါ်လိုက်ပြီ

အခု တလော ထိုင်းနိုင်ငံ ကော့တောင်လို့ခေါ်တဲ့ လိပ်ကျွန်းပေါ်က ဗြိတိသျှလူမျိုးနှစ်ဦးအဓမ္မ အကြမ်းဖက် သတ်ဖြတ်ခံရမှုကကမ္ဘာကျော် သတင်းကြီးဖြစ်နေခဲ့ပြီးလူသန်းပေါင်းများစွိာတ်ဝင်စားနေခဲ့ကြပါတယ်။
သတ်ခံခဲ့ရသူတွေကို မြန်မာပြည်သားနှစ်ဦးက စနစ်တကျ စီမံသတ်ဖြတ်ခဲ့တယ်လို့ အချို့သော ထိုင်းသတင်း မီဒီယာတွေမှာ

မြို့ ၄၉ မြို့မှာ အူရီဒူးဆင်းမ်ကတ်တွေ ရောင်းအုံးမယ်


Photo: မြို့ ၄၉ မြို့မှာ အူရီဒူးဆင်းမ်ကတ်တွေ ရောင်းအုံးမယ်

ပြည်တွင်းဆက်သွယ်ရေး လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ခွင့် ရထားတဲ့ အူရီဒူးက ခုနှစ်အကုန် မြို့ပေါင်း ၄၉ မြို့မှာ ဆင်းမ်ကတ်တွေ ထပ်ပြီးရောင်းအုံးမယ်လို့ သိရပါတယ်။

ထပ်ပြီးရောင်းမယ့် မြို့တွေက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွင်းက မြို့တွေ ဖြစ်တယ်လို့ အူရီဒူးမြန်မာ ပြန်ကြားရေးတာဝန်ခံ ဒေါ်သီရိကြာညိုက ဆိုပါတယ်။

လတ်တလောမှာ အူရီဒူး မြန်မာက တာဝါတိုင် ငါးရာ ပြီးစီးနေပြီး နှစ်ကုန်ပိုင်းမှာ တာဝါတိုင် ရှစ်ရာကနေ တစ်ထောင်ကျော်အထိ ပြီးစီးအောင် စိုက်ထူမှာဖြစ်တယ်လို့လည်း အူရီဒူးမြန်မာရဲ့ သတင်းထုတ်ပြန်ချက်တွေ အရ သိရပါတယ်။

အူရီဒူး ဆင်းမ်ကတ်တွေကို သြဂုတ်လတွင်းက ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ စရောင်းခဲ့ပြီး ဖုန်းပြောဆို တဲ့အခါမှာ အဆင်မပြေမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ပြည်တွင်းဆက်သွယ်ရေး လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ခွင့် ရထားတဲ့ အူရီဒူးက ခုနှစ်အကုန် မြို့ပေါင်း ၄၉ မြို့မှာ ဆင်းမ်ကတ်တွေ ထပ်ပြီးရောင်းအုံးမယ်လို့ သိရပါတယ်။

ထပ်ပြီးရောင်းမယ့် မြို့တွေက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွင်းက မြို့တွေ ဖြစ်တယ်လို့ အူရီဒူးမြန်မာ ပြန်ကြားရေးတာဝန်ခံ ဒေါ်သီရိကြာညိုက ဆိုပါတယ်။

ယီမင်ကို မနိုင်သော်လည်း ထိုင်းနှင့်ပွဲအတွက် ယုံကြည်မှု အပြည့်ရှိဟုဆို

၂၀၁၄ အာရှယူ-၁၉ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာအသင်းသည် ယီမင်အသင်းကို သရေကျခဲ့ပြီး ရမှတ် ဆုံးရှုံးခဲ့သော်လည်း ထိုင်းအသင်းနှင့် ဒုတိယပွဲစဉ်အတွက် ယုံကြည် မှုအပြည့်ရှိကြောင်း မြန်မာယူ- ၁၉ အသင်း နည်းပြချုပ် ဂတ်ဖရိုင်း ဒရစ်ကပြောသည်။

‘‘မြန်မာအသင်းအနေနဲ့ ယီမင်အသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့အတွက်

မြန်မာလုပ်သား နှစ်ဦးကို အောက်တိုဘာ ၁၅ ရက်တွင် တရားရုံးတင်ရန် ကြိုးစားနေ

Photo: မြန်မာလုပ်သား နှစ်ဦးကို အောက်တိုဘာ ၁၅ ရက်တွင် တရားရုံးတင်ရန် ကြိုးစားနေ
Friday, Ocotber 10, 2014

 ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုအတွက် သံသယ တရားခံ မြန်မာရွှေ့ပြောင်း လုပ် သားနှစ်ဦးအမှုကို  လာမည့် အောက်တိုဘာ ၁၅ ရက်တွင် တရားရုံးတင် နိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ တိုင်း ဒေသအမှတ် (၈) အစိုးရဥပဒေ ဌာနက ကြိုးစားနေကြောင်း သ တင်းရရှိသည်။

စူရတ်ဌာနီခရိုင်၊  ခိုတောင်ကျွန်းတွင် ဖြစ်ပွားခဲ့သော ဗြိတိန်စုံတွဲ အသတ်ခံရမှုဖြင့် ကော့စမွီထောင်တွင် ထိန်းသိမ်းခံထား ရသည့် သံသယတရားခံ မြန်မာ ရွှေ့ပြောင်းလုပ်သားနှစ်ဦး၏ ပထမရမန်ချုပ်ရက်မှာ အောက်တိုဘာ ၁၅ ရက်တွင် ရက်စေ့မည် ဖြစ် သည်။ တိုင်းဒေသ အမှတ် (၈) အစိုးရဥပဒေဌာနမှာ ခရိုင်ရုံးထက်အဆင့်မြင့်ကြောင်း သတင်းရရှိ သည်။ ထိုင်းအခြေစိုက် သတင်း အရ ၎င်းတို့၏ တရားစွဲဆိုရေးအ ဖွဲ့ကို ကျွမ်းကျင်သူ ငါးဦးဖြင့် ဖွဲ့ စည်းထားကြောင်း တိုင်းဒေသ အမှတ် (၈) အစိုးရဥပဒေရုံး ညွှန် ကြားရေးမှူးချုပ်နှင့် ယခုအမှု၏ တရားစွဲဆိုစွဲချက်တင်ရေးအဖွဲ့ ခေါင်းဆောင်တို့က ဆိုသည်။ ၎င်း တို့နှစ်ဦးနှင့်အတူ တိုင်းဒေသ (၈) ဥပဒေရုံး ဒုတိယညွှန်ကြားရေးမှူး ချုပ် ရာဇ၀တ်မှုရေးရာ အထူး ဥပဒေအရာရှိ ကော့စမွီ ဥပဒေ ရုံး ဦးစီးမှူးနှင့် ဒုဦးစီးမှူးတို့လည်း ပါဝင်နေသည်။

‘‘လောလောဆယ် ကျွန် တော်တို့ နိုင်ငံတော်အဆင့်ကို တင်ပို့ထားပါတယ်။ ခိုင်မာတဲ့၊ ထိ ရောက်တဲ့ အဖွဲ့နဲ့ လာရောက်ပူး ပေါင်းဆောင်ရွက်ပေးဖို့အတွက် တောင်းဆိုထားပါတယ်။ ပူးပေါင်းဆောင်ရွက်တယ်ဆိုရာမှာ တရား ရင်ဆိုင်ဖို့လည်း အပါအ၀င်ပါ’’ဟု ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦး အရေးသွားရောက်မေးမြန်းစုံစမ်း နေသည့် မြန်မာသံရုံးအထူးအဖွဲ့ မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

သံသယတရားခံ မြန်မာရွှေ့ ပြောင်းအလုပ်သမားနှစ်ဦးတွင် စာရွက်စာတမ်း၊ အထောက်အ ထားမရှိ၍ ၎င်းတို့၏ အလုပ်ရှင် များကိုလည်း တရားမ၀င်အလုပ် သမားများ ငှားရမ်းမှုဖြင့် ဖမ်းဆီး မည်ဖြစ်ကြောင်း တိုင်းဒေသအမှတ် (၈) အစိုးရဥပဒေဌာနက ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ၏ တရားရုံးစနစ် အရ ရဲက တိုက်ရိုက်စွဲချက်တင်၍ မရပေ။ အစိုးရဥပဒေအရာရှိကို အမှုမှတ်တမ်း ပေးပို့ရပြီး ယင်းအရာရှိက တရားစွဲမည့် ပုဒ်မနှင့် တရားစွဲမည့်အချက် စသည်တို့ကို လုပ်ဆောင်ရသည်။ ထိုင်းရဲတပ် ဖွဲ့သည် ဗြိတိန်စုံတွဲအသတ်ခံရ မှုအတွက် ၎င်းတို့၏ စုံစမ်းစစ်ဆေးမှု မှတ်တမ်းကို အောက်တိုဘာ ၇ ရက်က စမွီခရိုင် တရားစွဲဆိုစွဲချက်တင်ခြင်းဆိုင်ရာရုံးသို့ တင်သွင်းခဲ့ သည်။ စာမျက်နှာ ၈၅၀ ပါဝင် သည့် စုံစမ်းစစ်ဆေးမှုမှတ်တမ်း ၌ မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် စောနှင့် ၀င်းတို့နှစ်ဦးကို လူသတ် မှု၊ အဓမ္မပြုကျင့်မှု၊ လုယက်မှု၊ ထိုင်းနိုင်ငံအတွင်း တရားမ၀င် ၀င် ရောက်မှုတို့ဖြင့် တရားစွဲဆိုရေးကို ထောက်ခံမှတ်တမ်းတင်ထား သည်။ ယင်းအမှု၏ စုံစမ်းစစ်ဆေး ရေးမှူးချုပ်လည်း ဖြစ်၊ ဒေသ (၈) ပြည်နယ်ဆိုင်ရာ ရဲတပ်ဖွဲ့၏ လက်ထောက်ကော်မရှင်နာမင်းကြီး လည်း ဖြစ်သည့် Pol Maj Gen Paween Pongsirin နှင့် စူရတ် ဌာနီရဲတပ်ဖွဲ့၏ လက်ထောက် Commander ဖြစ်သူ Pol Col Pornsak Nuannu တို့က ယင်း မှတ်တမ်းနှင့် ပတ်သက်ဆက်စပ် ရာ သက်သေတို့ကို တရားစွဲဆိုစွဲချက်တင်ခြင်းဆိုင်ရာ ရုံးသို့ တင် သွင်းခဲ့ကြခြင်း ဖြစ်သည်။ ကနဦး ရဲက တင်လာသည့် အမှုတွဲမှတ်တမ်းတွင် အချက်အလက်များ ပြည့်စုံလုံလောက်မှုမရှိ၍ ပြန်လည်ဖြည့်စွက်ရန် ဥပဒေအရာရှိက  ရဲများကို ပြန်လည်အပ်နှံခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

အောက်တိုဘာ ၉ ရက်တွင် မူ တိုင်းဒေသအမှတ် (၈) အစိုးရ ဥပဒေဌာနက ရဲတပ်ဖွဲ့ပေးပို့လာ သည့် စစ်ဆေးချက်များသည် ကျေနပ်စရာကောင်းကြောင်း၊ သို့ သော် အသေးစိတ်ထောင့်စေ့ အောင် ဆက်လက်ပြုလုပ်နေ ကြောင်း၊ ပထမရမန်ချုပ်ရက်စေ့ မည့် အောက်တိုဘာ ၁၅ ရက်အမီ ရုံးတင်နိုင်ရန် ကြိုးစားနေကြောင်း ပြောကြားလာသည်ဟု ထိုင်းအခြေစိုက် သတင်းများက ဖော်ပြ လာသည်။

‘‘သူတို့ဘက်က အခုစွဲချက် ကို ပြင်ဆင်ရေးသားပြီး ၁၅ ရက် နေ့အမီ တင်မယ်။ သူ့ဘက်က အားနည်းချက်တွေကို သူတို့ဘယ် လိုပြင်မလဲ မသိနိုင်ဘူး။ ကိုယ့် ဘက်က အမှုရင်ဆိုင်တဲ့အချိန်မှာ၊ လျှောက်လဲတဲ့အချိန်မှာ ပိုပြီး အားစိုက်ရတော့မယ်’’ဟု ထိုင်းနိုင်ငံ၊ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန် ရက်မှ ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြော သည်။

သက်သေခံများအားလုံးကို စုဆောင်းမှုမတိုင်မီမှာပင် မှုခင်းဖြစ်ပွားရာနေရာသို့ ကမ္ဘာလှည့် ခရီးသွားများ ပြန်လည်ဝင်ရောက် ခွင့်ပေးခဲ့ခြင်းအပါအ၀င် မြန်မာ ရွှေ့ပြောင်းအလုပ်သမားနှစ်ဦးကို ပြီးခဲ့သည့် အပတ်က ဖမ်းဆီးခဲ့ သည်အထိ ကပြက်ကချော်ဖြစ်စဉ် တသီတတန်းက အသက်(၂၁) နှစ်အရွယ် ရွှေ့ပြောင်း အလုပ်သမားနှစ်ဦးကို ပြစ်မှုအတွက် မဆီ မဆိုင် အချောင်ကြားဝင်ခံရသူ များအဖြစ် ဖန်တီးခဲ့သည်ဆိုသည့် ဝေဖန်မှုများ၊ စွပ်စွဲမှုများဆီ ဦး တည်သွားစေခဲ့သည်ဟု ထိုင်းသ တင်းစာကြီး တစ်စောင်ဖြစ်သည့် ဘန်ကောက်ပို့စ်က ဆိုသည်။

ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သားနှစ်ဦးကို ပြစ်မှုကျူးလွန်ပုံအား ပြန်လည်သရုပ်ပြခိုင်းနေစဉ် (Reuters)
7Day Daily
ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုအတွက် သံသယ တရားခံ မြန်မာရွှေ့ပြောင်း လုပ် သားနှစ်ဦးအမှုကို လာမည့် အောက်တိုဘာ ၁၅ ရက်တွင် တရားရုံးတင် နိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ တိုင်း ဒေသအမှတ် (၈) အစိုးရဥပဒေ ဌာနက ကြိုးစားနေကြောင်း သ တင်းရရှိသည်။

လိပ်ကျွန်းကိစ္စ မှန်ကန်စွာ ဖြေရှင်းပေးရန် ကာချုပ်တောင်းဆို


Photo: လိပ်ကျွန်းကိစ္စ မှန်ကန်စွာ ဖြေရှင်းပေးရန် ကာချုပ်တောင်းဆို
Friday, Ocotber 10, 2014

ဗြိတိန်စုံတွဲကို သတ်သည်ဆိုကာ ထိုင်းရဲတို့ ဖမ်းဆီးထားသော မြန်မာနိုင်ငံသားနှစ်ဦးအရေး မှန်ကန်စွာ ဖြေရှင်းပေးရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၉ ရက်တွင် တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တန်နာဆက်ခ် ပတိမပရာဂွန်နှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ်က ပြောခြင်း ဖြစ်သည်။

“အပြစ်ရှိသူကို အပြစ်မပေးမိတာထက် အပြစ်မရှိသူကို အပြစ်မပေးမိရန်လိုတယ်ဆိုတဲ့ ဥပဒေစကားအတိုင်း စိစစ်လုပ်ဆောင်ပေးစေလိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ထို့ပြင် မြန်မာသံရုံးမှ အထူးအဖွဲ့ကို မှန်ကန်စွာလေ့လာခွင့်ပေးရန်လည်း ၎င်းက မေတ္တာရပ်ခံသည်။

ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်က တိကျမှန်ကန်တဲ့အချက်အလက်များရရှိရေး၊ အမှန်တရားအတိုင်း ရှင်းရှင်းလင်းလင်း သိရှိနိုင်ရေး မြန်မာသံရုံးနှင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟု ပြန်လည်ပြောဆိုကြောင်း တပ်မတော်ပိုင် မြ၀တီရုပ်မြင်သံကြားက ထုတ်လွှင့်သည်။

မဇ္ဈိမ

ဗြိတိန်စုံတွဲကို သတ်သည်ဆိုကာ ထိုင်းရဲတို့ ဖမ်းဆီးထားသော မြန်မာနိုင်ငံသား နှစ်ဦးအရေး မှန်ကန်စွာ ဖြေရှင်းပေးရန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၉ ရက်တွင် တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တန်နာဆက်ခ် ပတိမပရာဂွန်နှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ်က ပြောခြင်း ဖြစ်သည်။

တောင်ကြီးမြို့ပေါ်တွင် ချိန်ကိုက်ဗုံး ဆက်တိုက်ပေါက်ကွဲမှုကြောင့် တန်ဆောင်တိုင် မီးထွန်းပွဲတော်၏ လုံခြုံရေးကို ယခင်နှစ်ထက် နှစ်ဆတိုးမြှင့်မည်

Photo: တောင်ကြီးမြို့ပေါ်တွင် ချိန်ကိုက်ဗုံး ဆက်တိုက်ပေါက်ကွဲမှုကြောင့် တန်ဆောင်တိုင် မီးထွန်းပွဲတော်၏ လုံခြုံရေးကို ယခင်နှစ်ထက် နှစ်ဆတိုးမြှင့်မည်
Friday, Ocotber 10, 2014

ရှမ်းပြည်နယ် တောင်ကြီးမြို့ပေါ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ချိန်ကိုက်ဗုံး သုံးလုံးဆက်တိုက် ပေါက်ကွဲမှုကြောင့် နှစ်စဉ်ကျင်းပသော အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင် မီးထွန်းပွဲတော်တွင် လုံခြုံရေးဆောင်ရွက်ချက်များကို ယခင်နှစ် ပွဲတော်ကာလထက် နှစ်ဆတိုးမြှင့်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်းက ပြောကြားသည်။
 
ယင်းကဲ့သို့ တောင်ကြီး၌ ဗုံးဆက်တိုက်ပေါက်ကွဲမှုကြောင့် လာရောက်မည့် ခရီးသွား ဧည့်သည်များနှင့် ဒေသခံများအနေဖြင့် ပွဲတော်ကာလတွင် လုံခြုံရေးအား စိုးရိမ်မှုများရှိနေကြောင်း သိရသည်။
 
ထို့ကြောင့် ပွဲတော်ကာလအတွင်း လုံခြုံမှုရှိစေရန် လုံခြုံရေးဆောင်ရွက်ချက်များကို တိုးမြှင့်ဆောင်ရွက်မည့်အပြင် ရဲလုပ်ငန်းများကိုလည်း ယခုရက်ပိုင်းကတည်းက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
 
“ဒီတန်ဆောင်တိုင်ပွဲတော်မှာ လုံခြုံရေးအနေနဲ့ပတ်သက်ပြီးတော့ ဘာမှမဖြစ်အောင် အခုကတည်းက အစီအမံတွေ ဆောင်ရွက်နေပါပြီ။ ဒီပွဲတော်က ရှမ်းပြည်နယ်မှာရှိတဲ့ အဖွဲ့အစည်းပေါင်းစုံ တက်ရောက်တဲ့ပွဲလည်းဖြစ်တယ်။ နိုင်ငံတစ်ခုလုံးအနေနဲ့လည်း အထင်ကရပွဲတော် ဖြစ်တယ်။ ဒါကြောင့် ဒီပွဲတော်ကာလမှာ ဘာမှဖြစ်စရာအကြောင်းမရှိဘူးလို့ ယူဆထားတယ်။  ပွဲတော်ကျင်းပရက်က လိုနေသေးပေမယ့် အခုကတည်းက ရဲလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်”ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ဝင်းထွန်းက ပြောကြားသည်။
 
၂ဝ၁၃ ခုနှစ် ရှမ်းပြည်နယ် တောင်ကြီးခရိုင်တွင် ကျင်းပပြုလုပ်ခဲ့သည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ပြိုင်ပွဲဝင် မီးပုံးပျံ ၁၄၇ လုံး မီးလောင်ပျက်စီးကာ ပြုတ်ကျခဲ့ပြီး ပွဲကြည့်ပရိသတ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
 
အဆိုပါပြိုင်ပွဲတွင် နေ့လွှတ်အရုပ် ၂၄၃ ရုပ် လွှတ်တင်ခဲ့ပြီး ၁၁ဝ လုံး တက်ခဲ့ကာ ၁၃၃ လုံး ပျက်ကျခဲ့ကြောင်း၊ ညလွှတ်မီးပုံးပျံ ၁ဝ၁ လုံးလွှတ်တင်ခဲ့ကာ ၁၄ လုံး ပျက်ကျခဲ့ကြောင်း လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုံခြုံရေးကော်မတီမှ သိရသည်။
 
ထို့အပြင် ၂ဝ၁၃ ခုနှစ် ရှမ်းပြည်နယ် တောင်ကြီးခရိုင်တွင် နိုဝင်ဘာလအတွင်းက ကျင်းပပြုလုပ်ခဲ့သည် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ အမေရိကန်၊ နယ်သာလန်၊ ရုရှားနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံ မှ နိုင်ငံခြားခရီးသွားဧည့်သည် စုစုပေါင်း ၈ဝဝ ကျော် လာရောက်လည်ပတ်ခဲ့ပြီး ပြင်သစ်နိုင်ငံသူတစ်ဦး အတက်ရောဂါဖြင့် သေဆုံးခဲ့ကြောင်း တောင်ကြီးတန်ဆောင်တိုင်ပွဲတော် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီမှ သိရသည်။  

တောင်ကြီးတန်ဆောင်တိုင် မီးထွန်းပွဲတော်အတွက် လုံခြုံရေးကြိုတင်လေ့ကျင့်ခဲ့မှုအား ၂၀၁၃ ခုနှစ်အတွင်းက တွေ့ရစဉ်
Eleven Media Group
ရှမ်းပြည်နယ် တောင်ကြီးမြို့ပေါ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ချိန်ကိုက်ဗုံး သုံးလုံးဆက်တိုက် ပေါက်ကွဲမှုကြောင့် နှစ်စဉ်ကျင်းပသော အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင် မီးထွန်းပွဲတော်တွင် လုံခြုံရေးဆောင်ရွက်ချက်များကို ယခင်နှစ် ပွဲတော်ကာလထက် နှစ်ဆတိုးမြှင့် မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်းက ပြောကြားသည်။

Thursday, October 9, 2014

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ကျပ် ၁၅ဝဝတန် စီဒီအမ်အေ ဆင်းမ်ကတ်များ တိုင်းနှင့်ပြည်နယ်အနှံ့ထပ်မံရောင်းချပေးမည်

ကျပ် ၁၅ဝဝဖြင့်စီဒီအမ်အေဆင်းမ်ကတ် များ တိုင်းနှင့်ပြည်နယ်အနှံ့ ထပ်မံ ရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) မှ သိရသည်။

ဆင်းမ်ကတ်များ ဈေးကွက်သို့ အရေအတွက်များစွာ ဖြန့်ဖြူးနိုင်ရန် အတွက် လက်ရှိတွင် CDMA 800 MHz လိုင်းတိုးချဲ့ခြင်း လုပ်ငန်း များ လုပ်ကိုင်ဆောင်ရွက်လျက်ရှိ သည်ဟုသိရသည်။

ဗြိတိန်စုံတွဲအသတ်ခံရမှု စစ်ဆေးရာတွင် ထိုင်းရဲများ ညှဉ်းပန်းနှိပ်စက်ခဲ့ဟု မြန်မာလုပ်သားတစ်ဦး ထွက်ဆို

ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် အသတ်ခံ ခဲ့ရသော ဗြိတိန်နိုင်ငံသားစုံတွဲကို သတ်ဖြတ်ခဲ့ သည်ဟု စွပ်စွဲခံထားရသော မြန်မာနိုင်ငံသား နှစ် ဦးတွင် တစ်ဦးက ၄င်းတို့အား စစ်ဆေးမှုပြုလုပ် စဉ် နှိပ်စက်ညှဉ်းပန်းမှုများ ရှိခဲ့သည်ဟု ပြောကြား ခဲ့သည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ နှိပ်စက်ညှဉ်းပန်းမှု အဆိုအတွက် လွတ်လပ်စွာ စစ်ဆေးခွင့်ပြုရန် တောင်းဆိုထားပြီး ဖမ်းဆီးခံ ထားရသော မြန်မာနိုင်ငံသား နှစ်ဦးအတွက် တရား မျှတမှု မရှိမည်ကို စိုးရိမ်ပူပန်လျက် ရှိနေသည်ဟု သိရသည်။

ကွန်ဒိုဆောက်မည့်နေရာတွင် ဗုံးခိုကျင်းဟောင်းတွေ့၍ လုပ်ငန်းရပ်နားထား

မျက်စိဆေးရုံအနီး ဖိုး စိန်လမ်းသွယ်ရှိ နေအိမ်တစ်အိမ် ကို ကွန်ဒိုဆောက်လုပ်ရန် မြေညှိ ရာ၌ အနက်သုံးပေ ရှိပြီး အခိုင် အခံ့တည်ဆောက်ထားသော ဗြိ တိသျှခေတ် ဗုံးခိုကျင်းဟောင်း တစ်ခုတွေ့ရှိခဲ့ သဖြင့် ဆောက် လုပ်ရေးလုပ်ငန်းများရပ်နားထား ကြောင်း သတင်းရရှိသည်။

အဆိုပါဗုံးခိုကျင်းသည် ၀င် ပေါက်နှစ်ခုပြုလုပ်ထားပြီး အိမ် ထဲမှ ၀င်ရောက်ကြည့်ရှုနိုင်သလို အိမ်အပြင်ဘက်ကလည်း ၀င် ရောက်၍ရနိုင်ပြီး မြေအနက် သုံး ပေခန့်တွင် တွေ့ရှိခဲ့ရသည်ဟု သတင်းရရှိ သည်။

ဗြိတိန်နှစ်ဦးအသတ်ခံရသည့်အမှုမှ တရားလိုပြသက်သေမောင်မောင်က အမှုနှင့်ပတ်သက်ပြီး မည်သည့်အရာမျှ သိရှိခြင်းမရှိဟုပြောကြား

ဗြိတိန်နှစ်ဦးအသတ်ခံရသည့်အမှုတွင် တရားလိုပြသက်သေအဖြစ်ထွက်ဆိုမည့် မောင်မောင်နှင့် မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့ အောက်တိုဘာ ၈ ရက်က ကော့စမွီမြို့ရဲစခန်းတွင် တွေ့ဆုံခွင့်ရခဲ့ကြောင်း မြန်မာသံရုံးရှေ့နေ ဦးအောင်မျိုးသန်းထံမှ သိရသည်။

တွေ့ဆုံရာတွင် တရားခံပြသက်သေဖြစ်သည့် မောင်မောင်၊ ထိုင်းရဲမှူးကြီးတစ်ဦး၊ စကားပြန်တစ်ဦးနှင့် မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့တို့ နှစ်နာရီကြာတွေ့ဆုံခွင့်ရခဲ့ပြီး မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့ဝင်များက လူသတ်မှုနှင့်ပတ်သက်သည့် အချက်အလက်များကို ပွင့်ပွင့်လင်းလင်း တွေ့ဆုံမေးမြန်းခဲ့သည်ဟု သိရသည်။

တောင်ကြီးဗုံးကွဲမှုအပြီး နေပြည်တော်တွင် ရဲတပ်ဖွဲ့နှင့် တပ်မတော် ပူးတွဲကင်းလှည့်နေ


တောင်ကြီးမြို့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ်(၂၀၂) ဆက်သွယ်ရေးတပ်နှင့် ယာဉ်ထိန်းရုံးဝင်ပေါက် အနီး တို့တွင် ချိန်ကိုက်ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲမှု အပြီး နေပြည်တော်ကောင်စီနယ် မြေတွင် ရဲတပ်ဖွဲ့နှင့် တပ်မတော်ပူးတွဲ ကင်းလှည့်ကာ လုံခြုံရေး တင်းကျပ်ထားသည်ဟု နေပြည်တော်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြော သည်။

အဖွင့်ပွဲစဉ်တိုင်းမှာ ခက်ခဲကြောင်း မြန်မာယူ-၁၉ နည်းပြ ဂတ်ဆီဇီ ပြောကြား

အောက်တိုဘာလ ၉ရက်နေ့(ယနေ့) ည ၆နာရီခွဲတွင် ယှဉ်ပြိုင်ကစားရမည် ၂၀၁၄ခုနှစ် အာရှယူ-၁၉ ပြိုင်ပွဲမှ ယီမင်အသင်းနှင့် တွေဆုံရမည့် အဖွင်ပွဲစဉ်မှာ ခက်ခဲနိုင်ကြောင်း၊ အဖွင်ပွဲစဉ်တွင် အနိုင်ရရှိရန် သေချာစွာ ပြင်ဆင်ထားကြောင်း၊ မြန်မာပရိသတ်များ ကွင်းလုံးပြည့် လာရောက်အားပေးမည်ဟု ယုံကြည်ကြောင်း မြန်မာယူ-၁၉ အသင်း နည်းပြချုပ်ဖြစ်သူ ဂတ်ဆီဇီမှ ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

ထိုင်းလေယာဉ်မှူး မီးလောင်ဒဏ်ရာရ၍ ရန်ကုန် ဝိတိုရိယဆေးရုံတွင် ဆေးကုမည်


Photo: ထိုင်းလေယာဉ်မှူး မီးလောင်ဒဏ်ရာရ၍ ရန်ကုန် ဝိတိုရိယဆေးရုံတွင် ဆေးကုမည်
Thursday, October 9, 2014

B4 ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ထိုင်းလေယာဉ်မှူး Mr.Chat Chawal သည် မီးလောင်ဒဏ်ရာနှင့် ထိခိုက်ဒဏ်ရာ အချို့ရရှိထား၍ အောက်တိုဘာ ၈ရက် ညနေပိုင်းတွင် ပူတာအိုမှ ထွက်ခွာလာကာ ရန်ကုန်မြို့ ဝိတိုရိယဆေးရုံတွင် ဆေးကုသမှု ခံယူမည်ဟု ထူးဖောင်ဒေးရှင်း၏ ပြန်ကြားရေးတာဝန်ခံ ကိုဘိုထွန်းက မဇ္ဈိမကို ပြောသည်။

"အခုပဲ ပူတာအိုကို ရောက်နေပါပြီ။ ရန်ကုန်မှာဆေးကုသဖို့ သူ့ကို လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဒီနေ့ ရန်ကုန်အရောက် အမြန်ဆုံးဆောင်ရွက်နေ တယ်"ဟု ယင်းကဆိုသည်။

အောက်တိုဘာ ၈ရက် နံနက်က ထိုင်းလေယာဉ်မှူးကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းကို လန်ဆာထုကျေးရွာသို့ ဒေသခံ ရဝမ်လူမျိုးများ၏ အကူအညီဖြင့် ခေါ်ဆောင်ခဲ့သည်။ ထိုမှတစ်ဆင့် ကချင်ပြည်နယ် ပူတာအိုမြို့တွင် SOS Medical အဖွဲ့မှ ဆရာများနှင့် ဆေးကုသမှု ခံယူခဲ့သည်။ မြန်မာလေယာဉ်မှူး ဦးအောင်မြတ်တိုးမှာမူ တောထဲရှိ ဂူတစ်ခုတွင် ရှိနေပြီး မျက်လုံးဒဏ်ရာ ရထားသည်ဟု ကိုဘိုထွန်းက ပြောသည်။ လက်ရှိတွင် ဦးအောင်မြတ်တိုးကို ကယ်ဆယ်ရေး ဆင်းနေဆဲဖြစ်သည်ဟု ယင်းကဆိုသည်။

ပျောက်ဆုံးသွားသည့် ရဟတ်ယာဉ်ပေါ်တွင် လေယာဉ်မှူး နှစ်ဦး အပါအဝင် ဦးတေဇ၏ ကိုယ်ရေးလက်ထောက် ရွှေရင်တော်ကြီးတို့ ပါသွားခဲ့ပြီး ရွှေရင်တော်ကြီးကို အောက်တိုဘာ ၇ရက်တွင် ပြန်လည် လန်ဆာထုရွာတွင် တွေ့ရှိခဲ့သည်။

သို့သော် ပျောက်ဆုံးရဟတ်ယာဉ်နှင့် ပတ်သက်၍ တွေ့ရှိသည်၊ မတွေ့ရှိသည်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

"လေယာဉ်ပျက်ကျတာ ဟုတ်၊မဟုတ်ဆိုတာတော့ မထုတ်ပြန်နိုင်သေးဘူး။ လေယာဉ်ထက် လူကအရေးကြီးဆုံးပဲ’’ ဟု ထူးဖောင်ဒေးရှင်း၏ ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက်က မဇ္ဈိမကို ပြောထားသည်။

B4 ရဟတ်ယာဉ်မှာ ခါကာဘိုရာဇီတောင်တွင် ပျောက်နေသည့် တောင်တက်သမားနှစ်ဦးကို ရှာဖွေသည့်အဖွဲ့အား ရိက္ခာသွားပို့ရင်း စက်တင်ဘာ ၂၇ ရက်တွင် အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ပျောက်ဆုံးနေသည့် တောင်တက်သမားနှစ်ဦးအား ရှာဖွေသည့်လုပ်ငန်းစဉ်ကို ခေတ္တရပ်ဆိုင်းထားပြီး လာမည့် ပွင့်လင်းရာသီ ရောက်မှသာ ဆက်လက်ရှာဖွေမည်ဟု ဦးတေဇက အောက်တိုဘာ ၅ရက်က ကြေငြာထားသည်။

"ကယ်ဆယ်ရေးသမားတွေ အသက်အန္တရာယ်ရှိတဲ့အတွက် မြေပြင်ရှာဖွေရေးတွေ ပြန်ဆင်းလာပါပြီ။ အခု ဂျပန်တောင်တက်သမားတွေကို သူတို့တောင်တက် ရင်းတွေ့ခဲ့ရင် ကူညီပေးဖို့ ပြောထားပါတယ်" ဟု ဦးဖြိုးကိုကိုသက်က ပြောသည်။

ခါကာဘိုရာဇီ တောင်ထိပ်အထိ တက်ခဲ့သည့် တောင်တက်သမား နှစ်ဦးမှာ သြဂုတ်လ ၃၁ရက်မှ စတင်ကာ အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese

B4 ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ထိုင်းလေယာဉ်မှူး Mr.Chat Chawal သည် မီးလောင်ဒဏ်ရာနှင့် ထိခိုက်ဒဏ်ရာ အချို့ရရှိထား၍ အောက်တိုဘာ ၈ရက် ညနေပိုင်းတွင် ပူတာအိုမှ ထွက်ခွာလာကာ ရန်ကုန်မြို့ ဝိတိုရိယဆေးရုံတွင် ဆေးကုသမှု ခံယူမည်ဟု ထူးဖောင်ဒေးရှင်း၏ ပြန်ကြားရေးတာဝန်ခံ ကိုဘိုထွန်းက မဇ္ဈိမကို ပြောသည်။

နေရာသစ်တစ်ခုကိုရောက်သွားတိုင်း ခံစားချက်အသစ်ကို ရရှိနိုင်တာမို့ ခရီးသွားရတာ နှစ်ခြိုက်ပါတယ်လို့ ဖွင့်ဟလိုက်တဲ့ နွယ်ဒါလီထွန်း

Photo: နေရာသစ်တစ်ခုကိုရောက်သွားတိုင်း ခံစားချက်အသစ်ကို ရရှိနိုင်တာမို့ ခရီးသွားရတာ နှစ်ခြိုက်ပါတယ်လို့ ဖွင့်ဟလိုက်တဲ့ နွယ်ဒါလီထွန်း
Thursday, October 9, 2014

ခရီးသွားရတာ နှစ်ခြိုက်တဲ့ အနုပညာရှင်တွေထဲမှာ ချစ်စရာကောင်းတဲ့ အပြုံး၊ ဟန်ပန်အမူအရာလေးနဲ့ ပရိသတ်ကို ဖမ်းစားထားတဲ့ နွယ်ဒါလီထွန်း ဆိုတဲ့ ကောင်မလေးကလည်း တစ်ယောက်အပါအ၀င်ပေါ့။ မကြာသေးခင်ကပဲ စင်ကာပူကို ခရီးသွားဖြစ်တဲ့အပြင် နောက်ထပ် သူမသွားချင်တဲ့ ခရီးစဉ်တွေအကြောင်း ပြောပြပေးသွားတာက “စင်ကာပူကို ခရီးသွားဖြစ်တာကတော့ မိသားစုနဲ့သွားတွေ့ဖြစ်တာပေါ့။ နောက် အဲ့ဒီမှာ ရှော့ပင်းလုပ်ဖြစ်တယ်။ အဲ့ဒီကပြန်လာတော့ သူငယ်ချင်းနဲ့ဘန်ကောက်ကို ထပ်သွားဖြစ်တယ်။ ရှော့ပင်းပဲပေါ့။ စင်ကာပူကတော့ ဒါလီ တစ်ယောက်တည်းသွားတာ။ ဒီနှစ်ထဲမှာသွားဖြစ်တဲ့ ခရီးဆိုရင် ပြည်တွင်းက မန္တလေးများတယ်။ ပွဲတွေများတယ်။ နောက်စင်ကာပူ ၊ ဘန်ကောက်ပေါ့ ။ ဒီနှစ်ထဲမှာ သွားချင်တဲ့နေရာတွေက ဒါလီ မရောက်ဖူးသေးတဲ့ ချင်းပြည်နယ်တို့၊ ရခိုင်ဖက်တို့ကစ္စပနဒီတို့အရမ်းသွားကြည့်ချင်တယ်။ ပြည်ပဆို အီဂျစ်တို့၊ ကမ္ဘောဒီးယားတို့သွားကြည့်ချင်တယ်။”လို့ သူမက ဖွင့်ဟသွားပါတယ်။

ခရီးသွားတဲ့အခါ များသေားအားဖြင့် ဒီက၀တ်သွားတဲ့ တစ်စုံစာလောက်ပဲ ပြင်ဆင်ထည့်သွားတတ်တဲ့ အကြောင်းကိုလည်း သူမက “ခရီးသွားရင် များသောအားဖြင့် ဒီက၀တ်သွားတဲ့တစ်စုံပဲ ထည့်သွားဖြစ်တယ်။ နောက် ည၀တ်အကျီင်္ယူသွားတယ်။ ဒါပဲ။ ဟိုရောက်ရင် လဲ ထပ်ဝယ်လာတော့ ပြန်သယ်လာရမှာဆိုတော့ အ၀တ်အစားကို သိပ်မထည့်ဖြစ်ဘူး။ နောက်ပြီးတော့ ကိုယ်သုံးနေကျ skin care တော့ ထည့်ဖြစ်တယ်။ အဓိကက ကိုယ်သောက်နေကျ ဆေးမျိုးလေးတွေပဲထည့်သွားဖြစ်တယ်” တဲ့။

ခရီးသွားပြီးပြန်လာချိန်တိုင်း စိတ်သစ်လူသစ်နဲ့ အလုပ်တွေကို ပြန်လည်လုပ်ကိုင်လာနိုင်တယ်လို့ ဖွင့်ဟလိုက်တဲ့ သူမရဲ့ ခရီးသွားရတာ စိတ်ကိုကြည်လင်စေပါသတဲ့။ “ခရီးသွားရတာ စိတ်ကိုအရမ်း ကြည်လင်ပြီး လန်းဆန်းသွားစေတယ်။ မဟုတ်ရင် ကိုယ့်အိမ်နဲ့ ရှုတင်ကြီးပဲ နေ့စဉ်နဲ့အမျှ သွားနေရတာဆိုတော့ စိတ်က relax မဖြစ်တာတို့၊ ပုံမှန်လည်ပတ်နေမြဲပဲဖြစ်နေတယ်။ ခရီးသွား လိုက်တဲ့ခါကျမှ အမြင်သစ်လဲမြင်ရမယ်။ ဖက်ရှင်လဲ လေ့လာလို့ရတယ်။ စိတ်ချမ်းသာမှုလဲ ရှိတယ်။ နေရာသစ်တစ်ခုကို ရောက်သွားတိုင်း ကိုယ့်စိတ်က ခံစားချက်အသစ်ဖြစ်စေပါတယ်”လို့ သူမက ဆိုပါတယ်။

ခင်ဆွေသက်
Trend Myanmar

AFC U-19 Championship Myanmar 2014အား မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်မှ တိုက်ရိုက်(Live)ထုတ်လွှင့်ပေးသွားမည်

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် UFC U-19 Championship Myanmar 2014 ဘောလုံးပြိုင်ပွဲများကို ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ(၉)ရက်နေ့မှ (၂၃)ရက်နေ့အထိ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။အဆိုပါဘောလုံးပြိုင်ပွဲ၌ အာရှနိုင်ငံ(၁၆)နိုင်ငံတို့ မှ အသက်(၁၉)နှစ်အောက် အမျိုးသားလက်ရွေးစင် ဘောလုံးအသင်းများပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး မြန်မာ U-၁၉ အမျိုးသားလက်ရွေးစင် ဘောလုံးအသင်းသည် အုပ်စု(က)တွင် အီရန်၊ ထိုင်း၊ ယီမင်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပါသည်။ မြန်မာ U-၁၉ အသင်းသည် အောက်တိုဘာလ (၉)ရက်နေ့ ညနေ(၆)နာရီခွဲတွင် ယီမင်အသင်းနှင့် အုပ်စုအဖွင့်ပွဲစဉ်အဖြစ်လည်းကောင်း ၊အောက်တိုဘာလ(၁၁)ရက်နေ့ ညနေ (၆)နာရီခွဲတွင်ထိုင်းအသင်းနှင့်လည်းကောင်း၊ အောက်တိုဘာလ(၁၃)ရက်နေ့ ညနေ (၆)နာရီခွဲတွင် အီရန်အသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယဉ်ပြိုင်ကစားသွားမည်ဖြစ်ပါသည်။ အဆိုပါ မြန်မာ U -၁၉ အမျိုးသားလက်ရွေးစင်ဘောလုံးအသင်း၏ အုပ်စုပွဲစဉ်များကို မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်မှ တိုက်ရိုက်(Live)ထုတ်လွှင့်ပေးသွား မည်ဖြစ်ကြောင်း မိဘပြည်သူများအား ကြိုတင်သကောင်းပါးအပ် ပါသည်။

မန်မာလူငယ်ဘောလုံးအသင်းများအတွက် အရေးကြီးလှတဲ့ အောက်တိုဘာ(၉) တိုက်ပွဲများ

အောက်တိုဘာလ (၉) ရက်နေ့ဟာ မြန်မာဘောလုံးချစ်ပရိတ်သတ်တွေအတွက် သတင်းကောင်းများ ရရှိခံစားလိုတဲ့ နေ့တစ်နေ့အဖြစ်
ဖြစ်တည်လာနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါနေ့မှာ မြန်မာ ယူ-၁၉ အမျိုးသားလူငယ်အသင်း၏ ယီမင်အသင်းနှင့် အာရှပွဲ အဖွင့်ပွဲစဉ်စတင်ကစားရမည်ဖြစ်သလို မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းဟာလည်း တရုတ်တိုင်ပေအသင်းနဲ့ အာရှခြေစစ်ပွဲနောက်ဆုံးပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။

အသည်းရောင်အသားဝါစီပိုး ကင်ဆာဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်းရှိ

အသည်းရောင်အသားဝါစီပိုးမှာ အသည်းကင်ဆာဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်းရှိပြီး ကြိုတင်စစ်ဆေးကုသရန် လိုအပ်ကြောင်း အသည်းရောဂါဆရာဝန်ကြီးအချို့က အကြံပြုပြောဆိုသည်။

‘‘စီပိုးကနေ ၈၀ ရာခိုင်နှုန်း အသည်းကင်ဆာဖြစ်နိုင်တယ်။ ဘီပိုးထက် စီပိုးဖြစ်တဲ့လူဦးရေက နည်းပေမယ့် ကင်ဆာဖြစ်နှုန်းကျတော့ ဘီပိုးထက်များတယ်’’ဟု အသည်းရောဂါကုဆရာဝန်ကြီး ဒေါက်တာ ခင်ပြုံးကြည်က ဆိုသည်။

အသည်းရောင်အသားဝါဘီပိုးကြောင့် ကင်ဆာဖြစ်နိုင်ခြေမှာ ၂၅ ရာခိုင်နှုန်းရှိသော်လည်း စီပိုးကြောင့် ကင်ဆာဖြစ်နိုင်ခြေမှာ ၈၀ ရာခိုင်နှုန်းရှိသည်။ ထို့ပြင် အသက်(၁၀)နှစ်အရွယ်တွင် စီရောဂါပိုး ၀င်ရောက်သွားလျှင် ရောဂါလက္ခဏာမပြဘဲ နောင်နှစ်ပေါင်း ၂၀ ကြာမှ ရောဂါဖြစ်သည်ကို သိရှိနိုင်သည်။

Wednesday, October 8, 2014

ရုရှား နိုင်ငံတွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား လေးဦး သေဆုံး

Photo: ရုရှား နိုင်ငံတွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား လေးဦး သေဆုံး
Wednesday, October 8, 2014

ရုရှားနိုင်ငံ မြောက်ပိုင်းရှိ ကော့ကေးဆပ်စ် ဒေသ၌ အောက်တိုဘာ ၅ ရက်က အသေခံဗုံးခွဲ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး အခြား လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုသည် ၎င်းဒေသ ဂရော့ဇနီမြို့ရှိ ဖျော်ဖြေရေးခန်းမတစ်ခု၏ အပြင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါ အသေခံ ဗုံးခွဲသမားသည် Gro-zny Day နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသော ဖျော်ဖြေရေး ပွဲတစ်ခုကို ပစ်မှတ်ထားဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ၎င်းသည် ဂရော့ဇနီမြို့မှ ဒေသခံလူငယ် တစ်ဦး ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

မြ၀တီ
ရုရှားနိုင်ငံ မြောက်ပိုင်းရှိ ကော့ကေးဆပ်စ် ဒေသ၌ အောက်တိုဘာ ၅ ရက်က အသေခံဗုံးခွဲ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ ဝင် လေးဦး သေဆုံးပြီး အခြား လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံမှ အခမဲ့တည်ဆောက်ပေးမည့် ဒလ ဆိပ်ခံတံတား နိုဝင်ဘာလ ကုန်တွင် အပြီးသတ်ဖွင့်နိုင်ရန် ရည်ရွယ်ထားဟုဆို

JFE၊ NIPON၊ JICA တို့ ပူးပေါင်းတည်ဆောက်နေသော ဒလဆိပ်ကမ်းတွင်ထားရှိမည့် ကွန်ကရစ် ဘောတံတား အသစ်ကို ဒလသင်္ဘော ကျင်း၌ အောက်တိုဘာ ၇ ရက်က ရေချစမ်းသပ်နေစဉ်။ (ဓာတ်ပုံ ဘိုဘို၊ မဇ္ဈိမ) 
ဂျပန်နိုင်ငံမှ အခမဲ့တည်ဆောက်ပေးမည့် ဒလဆိပ်ခံတံတားကို နိုဝင်ဘာလကုန်တွင် ဖွင့်နိုင်ရန် ရည်ရွယ် ထားသည်ဟု ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ပြန်ကြားရေး တာဝန်ခံ မတင်ဇာအောင်က မဇ္ဈိမကို ပြောသည်။

လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးနိုင်သော နေရာ များတွင် ရွေးကောက်ပွဲ ကျင်းပ ပေးသွားမှာဖြစ်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့် နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းများ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၊ ထားဝယ် တိုင်းရင်းသား ပါတီတို့မှ တာဝန်ရှိသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း မြန်မာအစိုးရအနေဖြင့် ဆွေးနွေးပေးစေ လိုသည့် အချက်များကို ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ထုတ်ပြန်


Photo: ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း မြန်မာအစိုးရအနေဖြင့် ဆွေးနွေးပေးစေ လိုသည့် အချက်များကို ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ထုတ်ပြန်
Wednesday, October 8, 2014

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် မနက်ဖြန် အောက်တိုဘာ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ တရားဝင်အလည်အပတ် ခရီးလာရောက်ရန် စီစဉ်ထားရာ အဆိုပါခရီးစဉ်အတွင်း ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံအစိုးရအကြား ဆွေးနွေးရန် လိုသည့် အချက်များကို ဘန်ကောက်မြို့၊ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) က တိုက်တွန်းချက် တစ်ရပ်ကို အောက်တိုဘာ ၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား သုံးခန့်ရှိနေသည့်အနက် ၁ ဒသမ ၇ သန်းသည် ယာယီနိုင်ငံကူးလက်မှတ် ရရှိထားပြီး လေးသိန်းခွဲခန့်မှာ ထိုင်းနိုင်ငံမှ ထုတ်ပေးသော ယာယီနိုင်ငံကူး လက်မှတ် (ပန်းရောင်ကဒ်) များရရှိထားကာ အထောက်အထားမရှိသူ ငါးသိန်းထက်မနည်း ရှိနိုင်ကြောင်း သိရသည်။

MWRN ၏ တိုက်တွန်းချက်တွင် မြန်မာအစိုးရအနေဖြင့် ပုံမှန်နိုင်ငံကူးလက်မှတ် လုပ်ဆောင်မည့် အစီအစဉ်ကို ဖျက်သိမ်းပြီး မူလကိုင်ဆောင်နေသော ယာယီနိုင်ငံ ကူးလက်မှတ်ကိုသာ လုံလောက်သောသက်တမ်း တိုးပေးရန်နှင့် လွယ်ကူမြန်ဆန် သော ဗီဇာသက်တမ်းတိုးမှု အစီအစဉ်များ ချမှတ်ပေးရန်၊ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြဌာန်းထားသောဥပဒေများနှင့်အညီ အကျိုးခံ စားခွင့်ရရန်အတွက် ထိုင်းအစိုးရနှင့် အထူးညှိနှိုင်းဆောင် ရွက်ပေးရန်၊ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတို့အပေါ် မတရား အမြတ်ထုတ်နေသာ အကျင့်ပျက်ဝန်ထမ်းများ၊ ထိုင်းနှင့် မြန်မာပွဲစားများကို ထိရောက်စွာ အရေးယူပေးရန်၊ ဖမ်းဆီးခံ အလုပ်သမားများကို ပြည်နှင်ဒဏ်ပေးရာတွင် တရားဝင် လမ်းကြောင်းဖြင့်သာ ပြည်နှင်ခြင်း၊ လက်ခံ ခြင်းများပြုလုပ်ရန်နှင့် ရွှေ့ပြောင်းအလုပ်သမားများ၏အခက်အခဲများကို ထိရောက်စွာဖြေရှင်းပေးနိုင်ရန်အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် အရည်အချင်းပြည့်ဝသော သံအရာထမ်း၊ အမှုထမ်းများ တိုးချဲ့ခန့်အပ်၍ ကူညီမှုပေးရန်တို့ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် လူသတ်မှု၊ ပစ္စည်းခိုးမှု စသောရာဇ၀တ်မှုများတွင် စွပ်စွဲဖမ်းဆီးခံရခြင်း၊ တရားစွဲဆိုခံရသောအခါတွငလည်း အခြေခံ ရပိုင်ခွင့်ဖြစ်သော ရှေ့နေ၊စကားပြန် စသည့်အထောက်အကူများမရပဲ တရားစီရင်ခံရခြင်းတို့ အပြင် မြန်မာအလုပ်သမားများအနေဖြင့် အသတ်ခံရခြင်း၊ လုယက်ခံရခြင်းတို့ကိုလည်း ကြုံတွေ့နေရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၂ သိန်းကျော် နေထိုင်အလုပ်လုပ်လျက်ရှိသည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ စက်ရုံအလုပ်ရုံပေါင်း ၂၀၀ ကျော်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်လုပ်နေကြသော မြန်မာအလုပ်သမားများသည် ဥပဒေပါပြဌာန်းမှုများအတိုင်း ခံစားခွင့်များမရှိ ဘဲ ထိုင်းနိုင်ငံ၏ အနိမ့်ဆုံးလုပ်အားခအဖြစ် သတ်မှတ်ထားသော ဘတ်၃၀၀ကို မရရှိကြပဲ တစ်နေ့လျှင် ဘတ် ၁၂၀ မှ ၁၈၀ ခန့်သာရရှိနေကြောင်း သိရသည်။

Mizzima - News in Burmese 

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ။ (ဓာတ်ပုံ - အီးပီအေ) 
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ။ (ဓာတ်ပုံ - အီးပီအေ) 
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် မနက်ဖြန် အောက်တိုဘာ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ တရားဝင်အလည်အပတ် ခရီးလာရောက်ရန် စီစဉ်ထားရာ အဆိုပါခရီးစဉ်အတွင်း ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံအစိုးရ သမားအခွင့်အရေး ကွန်ရက် (MWRN) က တိုက်တွန်းချက် တစ်ရပ်ကို အောက်တိုဘာ ၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

စပိန်နိုင်ငံမှ ကက်တလန်ဒေသခွဲထွက်ခဲ့ပါက ဘာစီလိုနာအသင်းလည်း လာလီဂါပြိုင်ပွဲမှ ထုတ်ပယ်ခံရမည်


ကက်တလန်ဒေသသည် စပိန်နိုင်ငံမှ ခွဲထွက်ပြီး လွတ်လပ်သော ဒေသတစ်ခုအဖြစ်ထူထောင်ခွင့် ရရှိပါက ဘာစီလိုနာအသင်းကိုလည်း လာလီဂါပြိုင်ပွဲမှထုတ်ပယ် ရလိမ့်မည်ဖြစ်ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဂျာဗီယာတီဘက်စ်က ပြောသည်။

ပရီးမီးယားလိဂ် အပတ်စဉ်တစ်ခုမှပွဲစဉ်များကို ပြည်ပထွက်ကစားရန် မျက်စိကျလာ

 Photo: ပရီးမီးယားလိဂ် အပတ်စဉ်တစ်ခုမှပွဲစဉ်များကို ပြည်ပထွက်ကစားရန် မျက်စိကျလာ
Wednesday, October 8, 2014 

အနာဂတ်တွင် ပရီးမီးယားလိဂ် အပတ်စဉ်တစ်ခုမှ ပွဲစဉ်များကို ပြည်ပထွက်ကျင်းပ ဖွယ်ရှိနေပြီး အမေရိကန်တွင် ကစားရန် လိဂ်တာဝန် ရှိသူများက စိတ်ဝင်စားနေ သည်။

ပြည်ပထွက်ကစားမည့်အစီအစဉ်ကိုအကောင်အထည်ဖော်ရန် အစပျိုးနေပြီဖြစ်သော် လည်း ပရီးမီးယားလိဂ်ကို အားပေးနေသည့် ကမ္ဘာတစ်ဝှမ်းမှ ပရိသတ်များ၏ သဘောထားကိုလည်း လေ့လာဦးမည်ဖြစ်သည်။

ပြီးခဲ့သည့်ရာသီကြိုခြေ စမ်းပွဲကာလတွင် မီယာမီ၌မန်ယူနှင့် လီဗာပူးလ်တို့ ကစားခဲ့ရာ တွင်ပရိသတ် ၅၁၀၁၄ ယောက်လာရောက် ကြည့်ရှုခြင်း၊ မီချီဂန်တွင် မန်ယူ- ရီးယဲ လ်ကစားခဲ့ရာ၌ ပရိသတ် ၁၀၉၃၁၈ ယောက်လာရောက်ကြည့်ရှုခြင်းတို့ကြောင့် ပြည်ပထွက်ကစားပါက ကလပ်အသင်းများ ၏၀င်ငွေမြင့်တက်နိုင်မည့် အခွင့် အရေးရှိနေခြင်းကပရီးမီးယားလိဂ်ထိပ်ပိုင်းတာဝန်ရှိသူများကိုတွန်းအားပေး သကဲ့သို့ဖြစ်နေသည်။ ပြည်ပထွက်ကစား ရန်အမေရိကန်ကိုရွေးပါက နိုဝင်ဘာ နှောင်း ပိုင်း သို့မဟုတ် ဒီဇင်ဘာအစောပိုင်းက အမေရိကန်ပရိသတ်များအတွက် သင့်လျော်ပြီး အပြန်အလှန်အားဖြင့် အဆိုပါအချိန်တွင် အမေရိကန်ဖွတ်ဘောလိဂ်မှ ပွဲစဉ် အချို့ကို ၀င်ဘာလေကွင်းတွင် ကျင်းပမည်ဖြစ်သည်။

ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးပြီးဆုံးပါက အပတ်စဉ် ၃၉ အဖြစ်ဖန်တီးပြီး အပိုပွဲစဉ်များကို ပြည်ပထွက်ကစားမည့်အစီအစဉ်အား လွန်ခဲ့သည့် ခြောက်နှစ်က ပရီးမီး ယားလိဂ်အမှုဆောင်ချုပ် ရစ်ချက်စကူဒါမိုး တင်ပြခဲ့စဉ်တွင် အပြင်းအထန်ကန့်ကွက်ဝေဖန်ခံခဲ့ရသည်။ သို့ သော်ယခုနှစ်ဘောလုံးရာသီအစပိုင်းတွင် စကူဒါမိုးသည် ၎င်း၏စိတ်ကူးကို တစ်ကျော့ပြန် ပြေဆိုမှုများ ရှိလာခဲ့သည်။ "၂၀၀၈ တုန်းက အသင်း တွေသဘော တူခဲ့ကြပြီး အခုဆိုရင် အသင်းအား လုံးတောင် သဘော တူချင် တူနေနိုင်ပါတယ်။ တစ်ချိန်မှာတော့ ဒါကအကောင်ထည်ပေါ်လာပါ လိမ့်မယ်။ ကျွန်တော်တာဝန်ယူနေတဲ့ ကာလအတွင်းမှာဖြစ် လာမလားဆိုတာတောင် ဘယ်သူ သိနိုင်မလဲ"ဟု စကူဒါမိုးက ပြောသည်။ လက်ရှိ အချိန်တွင် သတ်မှတ်အပတ်စဉ် ၃၈ အတွင်းမှ ပွဲစဉ်များကိုပင် ပြည်ပထွက်ကစားဖွယ်ရှိနေခြင်းဖြစ်သည်။လက်ရွေး စင်အသင်းအတွက် အထောက်အကူဖြစ်စေရန် ဆောင်းရာသီအနားပေးသည့်စနစ်ကိုလည်း စတင်နိုင်ရန် ကြိုးစားနေသည်။

သို့သော် အက်ဖ်အေအနေဖြင့် ယင်းကာလအတွင်ကစားမည့် အက်ဖ်အေဖလားပြန်ကန်ပွဲများ၊ နှစ်ကျော့စနစ်ဖြင့် ကစားရသည့် လိဂ်ဖလားဆီမီး ပွဲများကိုပြန်လည်   ရေးဆွဲရဖွယ်ရှိသည်။ အင်္ဂလန်လက်ရွေးစင်အသင်းစွမ်းဆောင်ရည် ကျဆင်းခြင်းမှာ ခရစ္စမတ်ကာလကို အခြားဥရောပလိဂ်များရပ်နားပြီး ပျော်ရွှင်နေစဉ် အင်္ဂလိပ် ကလပ်အသင်းများ ဆောင်းရာသီအားလပ်ရက်မရသောကြောင့်ဟု မကြာခဏဝေဖန် ခံနေရသည်။

Mizzima - News in Burmese
အနာဂတ်တွင် ပရီးမီးယားလိဂ် အပတ်စဉ်တစ်ခုမှ ပွဲစဉ်များကို ပြည်ပထွက်ကျင်းပ ဖွယ်ရှိနေပြီး အမေရိကန်တွင် ကစားရန် လိဂ်တာဝန် ရှိသူများ က စိတ်ဝင်စားနေသည်။

ဟာဂ်ျခရီးစဉ် ပို့ဆောင်ပေးမည်ဆိုကာ ဒေါ်လာသိန်းချီ လိမ်လည်

ဟာဂ်ျခရီးစဉ် ပို့ဆောင်ပေးမည်ဟုဆိုကာ ဘုရားဖူးများထံမှ အမေရိကန်ဒေါ်လာ တစ်သိန်းသုံးသောင်း လိမ်လည်ခဲ့သည်ဟု တိုင်ကြားခံရသော ပန်းဘဲတန်းမြို့နယ်၊ ၃၁ လမ်းရှိ Arrow Lane Travels & Tours ကုမ္ပဏီမှ မန်းနေဂျင်း ဒါရိုက်တာ ဟာဂျီရော်နီ (ခ) ဦးခင်မောင်အေး ကို အောက်တိုဘာလ ၆ ရက်နေ့က လိမ်လည်မှုဖြင့် အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း ပန်းဘဲတန်းမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ပရီးမီးယားလိဂ် ဒဏ်ရာရ ကစားသမားစာရင်းတွင် မန်ယူ ဦးဆောင်


ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အသင်း ၂၀ တွင် မန်ယူအသင်းသည် ဒဏ်ရာရကစားသမား အများဆုံးအသင်းအဖြစ် ဦးဆောင်လျက်ရှိသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က အဲဗာတန် အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ သောပွဲစဉ်တွင် လူငယ်နောက်ခံ ကစားသမား ပက်ဒီမက်နဲ တံကောက်ကြော ဒဏ်ရာရရှိ ပြီးနောက်တွင် မန်ယူ၏အဓိကစားသမား ဒဏ်ရာရစာရင်းမှာ ကိုးဦးအထိရှိသွားပြီဖြစ်သည်။ ပက်ဒီမက်နဲ ဒဏ်ရာရရှိခဲ့ခြင်းသည် လုခ်ရှော(ဒူး)၊အီဗန်(ခြေကျင်းဝတ် )၊ ဖေးလ်ဂျူံးစ်(တံကောက်ကြော)၊ စမောလင်(ပေါင်) တို့ ဒဏ်ရာရရှိနေသည့် မန်ယူနောက်တန်းအတွက် ကြီးမားသည့် ထိုးနှက်ချက်လည်း ဖြစ်လာခဲ့သည်။

B4 ရဟတ်ယာဉ်ပေါ်ပါ ထိုင်းလေယာဉ်မှူးကို တွေ့ပြီး၊ မြန်မာလေယာဉ်မှူး လည်း တောထဲရှိ ဂူတစ်ခုတွင်ရှိနေ

B4 ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ထိုင်းလေယာဉ်မှူး Mr. Chat Chawal ကို အောက်တိုဘာ ၈ရက် နံနက်တွင် ပြန်လည်တွေ့ ရှိပြီဖြစ်ပြီး မြန်မာလေယာဉ်မှူး ဦးအောင်မြတ်တိုးကိုနှင့်လည်း GPS အရ တောအုပ်ထဲက ဂူတစ်ခုတွင် ရှိကြောင်း ထူးဖောင်ဒေးရှင်း ၏ ပြန်ကြားရေး တာဝန်ခံ ကိုဘိုထွန်းက မဇ္ဈိမကို ပြောသည်။