Friday, February 6, 2015

ဝှိုက်ကတ်ပြဿနာ အမွေဆိုးကို တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးဖြေရှင်းသင့်ကြောင်းနှင့် မဖြေရှင်းခဲ့၍ သားစဉ်မြေးဆက်အထိ ဒုက္ခရောက်နေရကြောင်း လွှတ်တော်ကိုယ်စားလှယ်ပြောကြား

လက်ရှိအချိန်တွင် ၀ှိုက်ကတ်ပြဿနာ အမွေဆိုးကို တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးဖြေရှင်းသင့်ကြောင်းနှင့် မဖြေရှင်းခဲ့သည့်အတွက် သားစဉ်မြေးဆက် အထိ ဒုက္ခရောက်နေရကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ဖေဖော်ဝါရီ ၄ ရက်တွင် မီဒီယာများအားပြောကြားသည်။

ရန်ကုန်မြို့သို့ချီတက်နေသော ဧရာဝတီကျောင်းသား သပိတ်စစ်ကြောင်း၏ လုံခြုံရေးကို ဧရာဝတီတိုင်းအတွင်းသာ တာဝန်ယူမည်ဟု ၀န်ကြီးချုပ်က ကျောင်းသားမိဘများအား ပြောကြား


အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်၍ ရန်ကုန်မြို့သို့ချီတက်နေသော ဧရာ ဝတီကျောင်းသား သပိတ်စစ်ကြောင်းအတွင်း ပါဝင်သည့် ကျောင်းသားမိဘအချို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်က ဖေဖော်ဝါရီ  ၅ ရက် နံနက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ခေါ်ယူတွေ့ဆုံခဲ့ပြီး သပိတ်မှောက်ကျောင်းသားများ၏လုံခြုံရေးကို ဧရာဝတီတိုင်းဒေသကြီး အတွင်းသာ တာဝန်ယူ သွားမည်ဖြစ်ပြီး ရန်ကုန်မြို့သို့အရောက် မချီတက်စေချင်ဟု ကျောင်းသားမိဘများကို ပြောကြားခဲ့ကြောင်း တွေ့ဆုံဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သည့် ကျောင်းသားမိဘများထံမှ သတင်းရရှိသည်။

ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ပြုခြင်း စစ်တွေတွင် ဆန္ဒပြ

ယာယီသက်သေခံလက် မှတ် (၀ှိုက်ကတ်)ကိုင်ဆောင်သူ များမဲပေးခွင့်ပြုခဲ့ခြင်းကို ကန့် ကွက်ကြောင်း ဆန္ဒဖော်ထုတ်မှု များကို ဖေဖော်ဝါရီ ၅ ရက်မှစ တင်၍ စစ်တွေမြို့တွင် ပြုလုပ် နေကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၅ ရက်တွင် စစ်တွေမြို့ စစ်ကဲတော်မင်း ကျောင်းတိုက်၌ လူထုအစည်း အဝေးပြုလုပ်ခဲ့သည်။ ယင်း အစည်းအဝေးဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းမှ စ၍ စစ်တွေမြို့ရှိ နေအိမ်များ တွင်

NLD ကိုယ်စားလှယ်များအပါအ၀င် ကိုယ်စားလှယ် ၂၇ ဦး၏ လက်မှတ်ရရှိပြီးဖြစ်၍ ၀ှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ပြုခြင်းသည် အခြေခံဥပဒေနှင့် ညီ မညီ ခုံရုံးက ဆုံးဖြတ်ရန် ယနေ့ တင်မည်

 NLD လွှတ်တော်ကိုယ်စားလှယ်လေး ဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၇ ဦး၏ သဘော တူကြောင်း လက်မှတ်များ ရထားပြီးဖြစ်၍ ဝှိုက်ကတ်ဖြင့် မဲပေးခွင့်ပြု ခြင်းသည် အခြေခံ ဥပဒေနှင့်ညီမညီဆုံးဖြတ် ပေးဖို့ ခုံရုံးသို့တင်ရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ ဖေဖော်ဝါရီ ၆ ရက်တွင် ပေးပို့မည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ပြောကြားခဲ့သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “အခု ၂၇ ယောက်ရဲ့ သဘောတူကြောင်း လက်မှတ်ရပြီ။ မနက်ဖြန်မှာ ဥက္ကဋ္ဌကြီးဆီကို တင်ပြမယ်။ ပြီးရင် ရှေ့နေနဲ့ တိုင်ပင်မယ်။ လက်မှတ်ရေးထိုး

ပညာရေးဆိုင်ရာကိစ္စကို အကြောင်းပြုပြီး ဆူပူမှုများဖြစ်လာစေရန် ကျောင်းသားများကိုအသုံးချ၍ ကျောင်းသားအမည်ခံသူများ၊ နောက်ကွယ်မှ ကြိုးကိုင်နေသူများ၊ နိုင်ငံရေး အဖွဲ့အစည်းအချို့ ပါဝင်ပတ်သက်နေကြောင်း နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့က အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေးနှင့် စပ်လျဉ်း၍  ပြည်သူများသို့ မေတ္တာရပ်ခံပန်ကြားချက်ကို ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော် အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ပြည်သူများအပိုင်းမှလည်း တာဝန်သိသိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြသဖြင့် အောင်မြင်သင့်သလောက် အောင်မြင်မှုများ ရရှိခဲ့ကြကြောင်း၊ တိုင်းပြည်တည်ငြိမ် အေးချမ်းမှုရှိမှသာ ပြည်သူများ စိတ်အေးချမ်းစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက် နိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပါရှိသည်။

Thursday, February 5, 2015

ပြည်ခိုင်ဖြိုးအမည်တပ် မြို့ရွာဆိုင်းဘုတ်များအား ပြန်ဖြုတ်ပေးမည်ဟု ပါတီဗဟိုကော်မတီဝင် ကတိပြု

မြို့နယ်၊ ကျေးရွာအမည်များ တွင် ပြည်ခိုင်ဖြိုးမြို့ရွာဟုရေးသားစိုက် ထူထားသော ဆိုင်းဘုတ်များကို ပြန် လည်ဖြုတ်သိမ်းပေးမည်ဟု ပြည်ခိုင်ဖြိုး ပါတီ ဗဟိုကော်မတီဝင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသာဝင်းက ပြော ကြားသည်။

''ကျွန်တော်တို့က ကျေးရွာမြို့တွေ မှာ ပြည်ခိုင်ဖြိုးမြို့ရွာဆိုပြီး ဆိုင်းဘုတ် ထူထားတဲ့ဟာ အသင်းဘဝကပါ။ အခု ပါတီအဖြစ် ရပ်တည်ပြီးတဲ့နောက်ပိုင်း မှာ အဲဒီလိုတင်တာမရှိပါဘူး။ ကျွန်တော် တို့ဘက်ကတော့ အခုရှိနေတဲ့ဆိုင်းဘုတ် တွေကိုပြန်လည်ဖြုတ်သိမ်းပေးသွား မှာပါ''ဟု ၄င်းက ပြောသည်။

လေယာဉ်မှူး Selfies အရိုက်ကောင်းသဖြင့် လေယာဉ်ပျက်ကျ

ကော်လိုရာဒိုပြည်နယ်ရှိ ဒင် ဗာမြစ်အနီးတွင် ၂ဝ၁၄ခုနှစ် မေ လထဲ၌ လေယာဉ်တစ်စင်းပျက်ကျ ရာ အသက် ၂၉နှစ်ရှိ လေယာဉ် မှူး သေဆုံးသွားကြောင်း အမျိုးသား သယ်ယူပို့ဆောင်ရေးလုံခြုံမှုအဖွဲ့မှ စုံစမ်းစစ်ဆေးသူများက လွန်ခဲ့သော သီတင်းပတ်၌ ထုတ်ပြန်သည့်သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
လေယာဉ်မှူးအမ်ရိ(ထ်) ပယ်လ်ဆင်လ် မောင်းနှင်သည့် လေယာဉ် Cessna 150 သည် မေ ၃၁ ရက်၌ ပေ ၇၄ဝ အမြင့်မှ ကော်လိုရာဒို ပြည်နယ်၊ ဝပ်(ထ်)ကင်စ်ရှိ ကွင်းပြင် သို့ ထိုးစိုက်ကျသွားရာ လေယာဉ် မှူးအမ်ရိ(ထ်)ပယ်လ်ဆင်လ်နှင့် သူ၏ ခရီးသည် သေဆုံးသွားခဲ့သည်။

ရန်ကုန်မြို့လယ်၌ ချထားသော ဘလောက်တုံးများကြောင့် ယာဉ်သွားလာမှု အခက်အခဲနှင့် ပိတ်ဆို့မှုများ ဖြစ်နေသော်လည်း ၎င်းတို့ကို ပြန်လည်ဖယ်ရှားရန် အစီအစဉ်မရှိဟု သိရ

ရန်ကုန်မြို့လယ်တွင် ချထားသော ဘလောက်တုံးများကြောင့် ယာဉ်သွားလာမှု အခက်အခဲနှင့် ပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း အဆိုပါလမ်းကြောများတွင် သွားလာနေသည့် ယာဉ်မောင်းများက ပြောကြားသည်။

ရန်ကုန်မြို့တွင် ခရီးသည်တင်ယာဉ်များ စနစ်တကျပြေးဆွဲရေး အထောက်အကူပြုစေရန်အတွက် မြို့တွင်းလမ်းများဖြစ်သော အနော်ရထာ၊ မဟာဗန္ဓုလ၊ ကုန်သည်စသည့် လမ်းများတွင် ခရီးသည်တင်ယာဉ်များအတွက် မျဉ်းဝါများရေးဆွဲကာ လမ်းကြောင်းများ သတ်မှတ်ပေးခဲ့သည်။ သို့သော် အဆိုပါမျဉ်းဝါရေးဆွဲသည့်စနစ်မှာ ယာဉ်ထိန်းရဲရှိသည့် နေရာတွင်သာ အဆင်ပြေပြီး ယာဉ်ထိန်းရဲမရှိသည့် နေရာများတွင် သီးသန့်ပြေးဆွဲမှုမရှိခြင်းကြောင့် မျဉ်းဝါးနေရာတွင် ဘလောက်တုံးများချကာ သီးသန့်လမ်းကြောင်း သတ်မှတ်ခြင်းကို အနော်ရထာလမ်းပေါ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စတင်ပြုလုပ်ခဲ့သည်။

ဝှိုက်ကတ်ပြဿနာ အမွေဆိုးကို တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးဖြေရှင်းသင့်ကြောင်းနှင့် မဖြေရှင်းခဲ့၍ သားစဉ်မြေးဆက်အထိ ဒုက္ခရောက်နေရကြောင်း လွှတ်တော်ကိုယ်စားလှယ်ပြောကြား

လက်ရှိအချိန်တွင် ၀ှိုက်ကတ်ပြဿနာ အမွေဆိုးကို တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး ဖြေရှင်းသင့်ကြောင်းနှင့် မဖြေရှင်းခဲ့သည့်အတွက် သားစဉ်မြေးဆက်အထိ ဒုက္ခရောက်နေရကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ဖေဖော်ဝါရီ ၄ ရက်တွင် မီဒီယာများအားပြောကြားသည်။

သပိတ်မှောက်ကျောင်းသားစစ်ကြောင်း မကွေးမြို့နယ် ယင်းချောင်းနံဘေးရှိ ဆရာစံနှင့် သခင်ဖိုးလှကြီးရုပ်တုအား အလေးပြုခဲ့ကြပြီး သစ်ရာ ကောက် ကျေးရွာတွင် ညအိပ်ရပ်နား

သပိတ် မှောက်စစ်ကြောင်းသည် မကွေးမြို့နယ် ယင်းဆိပ်ကျေးရွာ ယင်းချောင်းနံဘေးတွင်ရှိသော အမှတ်တရကျောက်ရုပ်ဖြစ်သည့် ဆရာစံနှင့် သခင်ဖိုးလှကြီးကျောက်ရုပ်တုသို့ မွန်းလွဲ ၃ နာရီတွင်ဝင်ရောက်ခဲ့ပြီး အလေးပြုဂုဏ်ပြုခဲ့ကြကာ ဆက်လက်ချီတက်၍ သစ်ရာကောက်ကျေးရွာတွင် ညအိပ်ရပ်နားခဲ့ကြောင်းသိရသည်။

သစ်နှင့် ၀ါးများ ခုတ်နေသော ဒေသခံများအား KIA အဖွဲ့မှ ဆက်ကြေးကောက်ခံ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာသို့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့ ရောက်ရှိလာပြီး ဆက်ကြေးငွေများ လာရောက် ကောက်ခံ သွားကြောင်း သိရသည်။
အဆိုပါအဖွဲ့သည်ဆားမှော်ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအား ခေါ်ယူ၍ တောအတွင်းမှ သစ်၊ဝါးများ ခုတ်ယူပြီး ရွာတွင်းသို့ သယ်ဆောင်လာပါက ဆက်ကြေးပေးရမည်ဟု ပြောကြားခဲ့ကြောင်း ကျေးရွာ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒီနားတစ်ဝိုက်မှတော့ သစ်စက်လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ လုပ်ငန်း ၅ ခုကျော်လောက်တော့ ရှိတယ်။ KIA အဖွဲ့က ဆက်ကြေးလာကောက်တယ်လို့ သိရတယ်။ ဘယ်လောက်ပေးလိုက်ရလဲတော့ မသိဘူး”ဟု ရွာသား တစ်ဦးက ပြောသည်။

ရိုဟင်ဂျာဟု သုံးသည့် မစ္စ ရန်ဟီလီ နိုင်ငံ၏ အချုပ် အခြာအာဏာကို စွက်ဖက်သည်ဟု အစိုးရထုတ်ပြန်


မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူအများစုက ကန့်ကွက်နေသည့်ကြားမှ ရိုဟင်ဂျာဟု သုံးနှုန်းခဲ့သည့် ကုလသမဂ္ဂသို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီလီသည် တိုင်းပြည်အချုပ်အခြာအာဏာ နှင့် ပြည်တွင်း တရားစီရင်ပိုင်ခွင့်ကို စွက်ဖက်သည်ဟု ဖေဖော်ဝါရီ ၄ရက် ထုတ် နိုင်ငံပိုင်သတင်းစာတွင် အစိုးရက အတိအလင်း ထုတ်ပြန်လိုက်သည်။

သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေး၏ လူမှုကွန်ယက် စာမျက်နှာတွင် ထုတ်ပြန်ချက်နှင့် အတူ ယှဉ်တွဲ၍ "တပ်မတော်အစိုးရ လက်ထက်မှာဆိုရင် အထူးအစီရင်ခံစာတင်သွင်းသူကို ပြည်ဝင်ခွင့်တောင်ပေးခဲ့တာ မဟုတ်ပါဘူး" ဟု ရေးသားခဲ့သည်။

သရုပ်ဆောင် မင်းအုပ်စိုးအမှု ၄ ကြိမ်မြောက် ရုံးထုတ်


လူသတ်မှုဖြင့် အမှုဖွင့်ခံထားရသည့် သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုးအား ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံးတွင် ၄ ကြိမ်မြောက် ရုံးထုတ်ကြောင်း သတင်းရရှိသည်။

ရုံးထုတ်ခဲ့သော်လည်း တရားလို ရဲအရာခံ လင်းထွဋ်သည် ခရီးလွန်ပြီး အစစ်ဆေးခံရန် မလာ ရောက်ခြင်းကြောင့် ဖေဖော်ဝါရီ ၁၆ ရက် သို့ ရုံးချိန်း ထပ်မံ ချိန်းဆိုလိုက်ကြောင်း သိရသည်။

မုံရွာ၊ ရခိုင်နှင့် မွန်ကျောင်းသားသပိတ်စစ်ကြောင်းများ ဖေဖော်ဝါရီ ၆ရက်တွင် ရန်ကုန်သို့ထွက်ခွာမည်

ပခုက္ကူကျောင်း သားသပိတ်စစ်ကြောင်းနှင့်အတူ မုံရွာ၊ မွန်၊ ရခိုင်ကျောင်းသားသ ပိတ်စစ်ကြောင်းများသည် ရန်ကုန်မြို့သို့ ဖေဖော်ဝါရီ ၆ရက်တွင် စတင်ထွက်ခွာမည်ဟု ပခုက္ကူကျောင်းသားသပိတ် ခေါင်း ဆောင်ကိုပြည့် ဖြိုးကျော်က 7Day Daily အား ပြောကြားသည်။
ပခုက္ကူကျောင်းသားသပိတ် စစ်ကြောင်းသည် လေးပွင့်ဆိုင် ဆွေးနွေးပွဲပြုလုပ်မည်ဖြစ်သော ကြောင့် ဇန်န၀ါရီ ၂၈ရက်က သ ပိတ်စစ်ကြောင်း ခေတ္တေရပ်နား ထားပြီး ဆွေးနွေးပွဲအဖြေကိုစောင့် ကြည့် ခဲ့ကြ သည်။

တပ်၏ စီးပွားရေးလုပ်ငန်းများ သင့်လျော်သောအချိန်တွင် အများပိုင်အဖြစ် ဆောင်ရွက်ရန် အစီအစဉ်ရှိဟု ကာချုပ်ပြော

တပ်မတော်မှ ဆောင် ရွက်နေသော စီးပွားရေးလုပ်ငန်း များအား သင့်လျော်သည့်အချိန် တွင် အများပိုင်စီးပွားရေးလုပ်ငန်း များအဖြစ် ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ယမန် နေ့က ပြောကြားသည်။
လက်ရှိလုပ်ဆောင်နေသော တပ်မတော်၏ စီးပွားရေးလုပ်ငန်း များသည် တပ်မတော်သား မိသား စုဝင်များ၊ စစ်မှုထမ်းဟောင်းများ ၏ သက်သာချောင်ချိရေး၊ လူမှု ရေးလုပ်ငန်းများအတွက် အဓိက လုပ်ဆောင်နေခြင်း ဖြစ်သကဲ့သို့ အမြတ်ရရှိရေးထက် တိုင်းပြည်၏ ကုန်ထုတ်လုပ်မှု၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုပါ အထောက်အကူ ပြုရန် စဉ်းစားလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောသည်။

ယာယီသက်သေခံလက်မှတ်(ဝှိုက်ကတ်) ကိုင်ဆောင်သူများ မဲပေးခွင့်ဆုံးဖြတ်ချက်ပြင်ဆင်ရန် ခုနစ်ရက်ဆက် ဆန္ဒပြမည်

ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင် ထားသူများအား ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုခဲ့သည့် လွှတ်တော်၏ အတည်ပြု ဆုံးဖြတ်ချက်ကို ပြင်ဆင်ရန် မျိုး ချစ် သံဃာတော်များအဖွဲ့က ခုနစ် ရက်ဆက်တိုက် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ဖေဖော်ဝါရီ ၈ ရက် နေ့လယ်၁ နာရီတွင် ရွှေတိဂုံစေတီတော် အနီးရှိ ကြေးသွန်းဘုရားကြီးမှ စတင် ထွက်ခွာပြီး ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်သို့ ခုနစ်ရက် ဆက်တိုက် လမ်းလျှောက်ဆန္ဒ ဖော်ထုတ်မည်ဖြစ်ကြောင်း ဆရာ တော် ဦးရေ၀တက မိန့်ကြား သည်။

Wednesday, February 4, 2015

အကြမ်းဖက်မှုဆန့်ကျင်ရေးတပ် ဂျပန်ဖွဲ့စည်း



ဂျပန်အစိုးရက အကြမ်းဖက်မှုဆန့်ကျင်ရေးတပ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။
ပြန်ပေးဆွဲမှုအကျပ်အတည်း အဆုံးသတ်အပြီး ပြည်တွင်းနဲ့ ပြည်ပမှာ လုံခြုံရေး တင်းကျပ်ဖို့ ခုလို ဖွဲ့စည်းလိုက်တာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်) စစ်သွေးကြွတွေက ဒုတိယမြောက် ဂျပန်လူမျိုး သတင်းထောက်ကို ခေါင်းဖြတ်သတ်ခဲ့တဲ့ ရုပ်သံ အင်တာနက်ပေါ် တင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ဂျပန်ဓားစာခံတယောက်ကို သတ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဂျပန်လူမျိုးတွေကို သတ်ဖြတ်မှုတွေ ဆက်လုပ်မယ်လို့ အိုင်အက်စ်အဖွဲ့က ရုပ်သံထဲမှာ ကတိပြုခဲ့ကြပါတယ်။
ဒါကြောင့် ပြည်တွင်းနဲ့ ပြည်ပက ဂျပန်နိုင်ငံသားတွေ ဘေးကင်းရေးအတွက် လုံခြုံရေးတင်းကျပ်ဖို့ ဂျပန်ဝန်ကြီးချုပ်က ကတိပြုခဲ့ပါတယ်။

NLD နဲ့ ကျောင်းသားသပိတ် တကယ် မဆိုင်တာ သေချာလား ?



NLD ဟာ ဦးသိန်းလွင်ကို ပါတီဝင်အဖြစ်က ရုတ်သိမ်းမယ် လို့ ကြေညာထားခဲ့တယ်။ကျောင်းသားသပိတ်ကို ပံ့ပိုးနေတဲ့ NNER ကွန်ရက်မှာ ဦးဆောင်လှုပ်ရှားမှုကြောင့်လို့ဆိုတယ် ။ ဒေါ်စုအနေနဲ့လည်း သပိတ်နဲ့ NLD မဆိုင် ဘူးလို့ ဖွင့်ပြောခဲ့တယ်။။ ဇန်နဝါရီ ၂၆ ရက်နေ့ကတော့ NLD အနေနဲ့ ကြေညာချက် အမှတ် ၁/၀၁/၂၀၁၅ နဲ့ ကျောင်းသားသပိတ်မှာ ပါဝင်သူတွေဟာ နိုင်ငံအနာဂတ်အဖူးအပွင့်တွေလို့ မြှောက်ပင့်ထားပြီး သပိတ်ရောက်ရှိရာ မြို့၊ရွာ အသီးသီးက ဒီချုပ် (လူငယ်) တွေက လိုအပ်တဲ့အကူအညီတွေပေးကြဖို့ ညွှန်ကြားခဲ့တယ် ။ထင်ရှားတဲ့ ဥပမာတစ်ခုပြောမယ် ။မြင်းခြံမှာတုန်းက သပိတ်မှာကလေးတွေပါလာတယ် ၊ အလယ်တန်း ကျောင်းသူတွေပါလာတယ်၊တကယ် state ကျောင်းတွေကမဟုတ်ဘူး။အဲဒါ ရာပြည့်ဘော်ဒါက။ ဘော်ဒါကို NLD ပါတီက ထွန်းရွှေပိုင်တယ်။သပိတ်ရောက်တော့ တောင်သာ NLD က အေးခိုင်နဲ့တွေ့တယ် ။အဲလိုနဲ့ ဘော်ဒါက ကလေးတွေ သပိတ်ကိုကြိုရတယ်။ဒါဟာလည်း NLD နဲ့မဆိုင်ဘူးလား ? သပိတ်ဟာ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာ တဲ့အချိန် ဒေါ်စုက မီဒီယာနဲ့ စကားပြောတယ်။ သူတောင်းဆိုတဲ့ ၆ ပွင့်ဆိုင်ကို မတွေ့နိုင်ဘဲ အခုလို ဆူပူမှုတွေ တောင်းဆိုမှုတွေဖြစ်လာမှ တွေ့ရမယ်ဆို မကောင်းဘူးလို့ ကျောင်းသားသပိတ်ကို လက်ညိုးထိုးပြီး အစိုးရကို ခြိမ်း ခြောက်ခဲ့ဖူးတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးဆွေးနွေးပွဲ ပျက်ပြယ်မှု ကျောင်း သားများ အနေဖြင့် သင်ခန်းစာယူ သင့်ကြေင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား



ဖေဖော်ဝါရီလ ၃ ရက်နေ့ က နေပြည်တော် ရှိ ပညာရေးဝန်ကြိးဌာန တွင် ကျင်း ပပြုလုပ်မည့် အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး အစိုးရ ၊ လွှတ်ေ တာ်၊ ကျောင်းသားကိုယ်စားလှယ်များ နှင့် ( NNER ) လေးပွင့်ဆိုင်တွေ ဆုံဆွေးနွေးပွဲ ပျက်ပြယ်ခဲ့ရမှု နှင့်ပက်သက်၍ ကျောင်းသားများအနေဖြင့် သင်ခန်းစာ ယူရမည်ဟု ဒေါ်အောင်ဆန်း စုကြည် ကပြောသည်။
သပိတ်မှောက်ကျောင်းသားများပါဝင်သည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲကိုအစိုးရမှဖျက်သိမ်းခဲ့ပြီး နောက် ပြည်ထောင်စု လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်အား သတင်းမီဒီယာ အချို့ကမေးမြန်းရာတွင် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
"အဲ့တာတော့သင်ခန်းစာပေါ့ နောက်ဆိုလို့ရှိရင် ဒီလိုဆွေးနွေးပွဲတွေ မစမှီမှာ သေသေခြာခြာ စည်းမျဉ်း စည်းကမ်း သတ်မှတ်ရမှာပေါ့ သတ်မှတ်ပြီး သေသေခြာခြာ အဲ့ဒီအတိုင်း တိတိကျကျလုပ်ရမှာပေါ့ ဒါများတာနဲတာ ဆိုတာထက်ဘယ်လိုသဘောတူညီထားလဲဆိုတာ မူတည်တာပေါ့နော်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထိုင်းနိုင်ငံက အလှဆုံး သူကြီးမလေး မယ့်လုံကွန့်




လတ်တလော ထိုင်းနိုင်ငံရဲ့ ဆိုရှယ်လ်မီဒီယာလောကမှာ ချောမောလှပတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမလေး တဦးအကြောင်း ရေပန်းစားနေပါတယ်။
အသက် ၃၅ နှစ်ရွယ်ရှိ နန်းဆောဝ် ဆူဖတ်လ၀ီ ယူဖက်ထ်ဟာ ထိုင်းနိုင်ငံြေ မာက်ပိုင်း ချင်းမိုင်ခရိုင် ချင်းမိုင်မြို့ နောင်ဟွယ်ရပ်ကွက် ဆီရီဝပ်ထန နိဝေ့ခ်ျ အိမ်ရာက ရာအိမ်မှူးတဦးဖြစ်ပြီး ဒီရက်ပိုင်းအတွင်း ဒေသတွင်း သတင်းဌာန တခုက သူအကြောင်းကို ရေးသားဖော်ထုတ်ခဲ့တဲ့အတွက် လူမှုကွန်ရက် စာမျက်နှာမှာ ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။
သူဟာ လွန်ခဲ့တဲ့ ၂ နှစ်က ရာအိမ်မှူးအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး ရပ်ကွက်သူ ရပ်ကွက်သားတွေက သူ့ကို ချစ်စနိုးနဲ့ မယ့်လုံကွန့် (သူကြီး မလေး) လို့ ခေါ်ကြောင်း၊ လက်ရှိ သူ့ရပ်ကွက်က အိမ်ထောင်စုပေါင်း ၆၀၀ နဲ့ မိသားစုဝင် ၁၅၀၀ ကျော်ကို အုပ်ချုပ်နေတယ်လို့ ချနယ်လ်ဆဲဗဲင်း သတင်းမှာ ဖော်ပြပါတယ်။

TNLA အဖွဲ့၏ လူဖမ်းငွေတောင်းမှုကြောင့် တိုက်ပွဲများဖြစ်ပွားရာ ဒေသခံ ၃၈၀ ကျော် ထွက်ပြေးတိမ်းရှောင်



ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း၌ နေထိုင်သော ဒေသခံ ၂ ဦးအား TNLA အဖွဲ့မှ ငွေတောင်းရာ မပေးနိုင်သဖြင့် ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ရာ တပ်မတော်စစ်ကြောင်းမှ လိုက်လံရှင်းလင်းစဉ် ဖေဖော်ဝါရီ ၂ ရက်နေ့၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်း သတင်းရရှိသည်။
“ မန်ပန်ရွာက ဦးအိုက်ညဲနဲ့ ပြောင်းပြန်ရွာက ဦးထွန်းကြည်တို့ကို ငွေသိန်း ၇၀ စီပေးဖို့ TNLA အဖွဲ့က တောင်းတယ်၊ မပေးနိုင်လို့ဆိုပြီး ဖမ်းခေါ်သွားတယ်လေ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

RCSS/SSA တပ်ဖွဲ့ဝင်များ စားနပ်ရိက္ခာမလုံလောက်သောကြောင့် ဒေသခံများ ထံ အတင်းအကြပ်တောင်းခံ



ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ လွယ်တိုင်းလျှံဌာနချုပ် မှ နောင်တော်လောကျေးရွာသို့ သွားလာ လှုပ်ရှားနေသော ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA)အဖွဲ့သည် စားနပ် ရိက္ခာ ကြပ်တည်းနေသောကြောင့် တာဟွေအွန်းကူးတို့ ဆိပ်ရှိ ဒေသခံများထံ အတင်းအကြပ် တောင်းခံသွားကြောင်း သတင်းရရှိသည်။
အဆိုပါ အဖွဲ့သည် လွယ်တိုင်းလျှံဌာနချုပ်မှ ထွက်လာပြီး နောင်ေ တ်ာလောကျေး ရွာ သို့ ရောက်ရှိလာပြီး လမ်းတွေ စားနပ်ရိက္ခာ အခက်အခဲရှိလာသောေ ကြာင့် ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက်၌ တာဟွေအွန်းကူးတို့ဆိပ်ရှိ ဆိုင်များ တွင် ဆန်နှင့်ဆီများ တောင်းခံသွားကြောင်း သိရှိရပါသည်။

မိုးကုတ် နှင့် မိုးမိတ်ကြား TNLA နှင့် တပ်မတော်တိုက်ပွဲဖြစ် ရွာသား ၂၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရ


မန္တလေးတိုင်း မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်အကြား တအာင်းတပ်မတော်(TNLA)က ဖေဖော်ဝါရီ ၂ရက်နှင့် ၃ရက်တွင် ဘိန်းခြံများ လိုက်လံဖျက်ဆီးနေချိန် အစိုးရ တပ်မတ်ာနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကာ တအာင်းကျေးရွာသား ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းနှင့် တအာင်း ကျောင်းသားနှင့် လူငယ်များအဖွဲ့က ဖေဖော်ဝါရီလ ၄ ရက်က ပူးတွဲကြေငြာချက် ထုတ်ပြန်လိုက်သည်။
ယင်းတိုက်ပွဲကြောင့် တအာင်းကျေးရွာ ၅ ရွာ အပါအဝင် လီရှောရွာနှင့် တရုတ်ကျေးရွာများ စုစုပေါင်း ၁၀ ရွာခန့်မှ လူဦးရေ ၂၀၀၀ ကျော် မိုးကုတ်မြို့နှင့် မိုးကုတ်မြို့အနီးရှိ တောတောင်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ တွဲဖက် အထွေထွေအတွင်းရေးမှူး (၂) ဒီဒီပို့ကျိန်းက ပြောသည်။
“ရွာသားတွေက အခုလောလောဆယ်။ မိုးကုတ်မြို့နယ်မှာရှိတဲ့ တအာင်းဘုန်းကြီးကျောင်း သုံးကျောင်းမှာ လာခိုလုံနေတယ်။ တချို့က လမ်းမှာသွားနေတုန်းပဲ။ တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ မိုးကုတ်မြို့ကို ကားနဲ့သွားနေတုန်းပဲ။ တချို့ နီးစပ်ရာအမျိုးတွေမှာ သွားခိုလုံနေတာရှိတယ်။ တော်တော်များများက ဘုန်းကြီးကျောင်းမှာပဲ။ လောလောဆယ် ဘုန်းကြီးတွေက ထမင်းကျွေးနေတယ်။ ဒါပေမဲ့ ရေရှည်က ဘုန်းကြီးတွေလည်း တတ်နိုင်မှာ မဟုတ်ဘူး။ ကျွန်မတို့ ဝိုင်းပြီး အလှူရှင်တွေ ရှာရမှာပဲ”ဟု သူက မဇ္ဈိမကို ပြောသည်။

ဆရာမနှစ်ယောက်အမှုနှင့် ပတ်သက်သော KIA တပ်ဖွဲ့ဝင် ၄ ဦး နှုတ်ပိတ်သတ်ဖြတ်ခံရဖွယ်ရှိ



ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကောင်းခါးကျေးရွာမှာ လုပ်အားပေး ဆရာမနှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး KIA အဖွဲ့က အစစ်ဆေး မခံနိုင် ဘူးလို့ တုံ့ပြန်ပြောဆိုမှုတွေ ပြုလုပ်လာပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆရာမနှစ်ယောက်ကို သတ်သွားတဲ့သူတွေဟာ KIA အဖွဲ့မှ ဒုတပ်ကြပ် အဆင့် ရှိ ဖော်ယူဂွမ် ဦးစီး အဖွဲ့ဝင် ၃ ဦးလည်း ဖြစ်တယ်ဆိုပြီး Online မှာ သတင်းတွေ ပျံ့နှံ့လာတာကြောင့် KIA က သူ့တပ်ဖွဲ့ဝင်မဟုတ်တဲ့ အကြောင်း ငြင်းဆိုခဲ့ တာဖြစ်ပါတယ်။
အဲဒီလို သတင်းထွက်လာပြီးနောက်ပိုင်း Online ပေါ်မှာ မီးရှို့ခံထားရတဲ့ လူသေ အလောင်း ၄ လောင်းဟာ ဆရာမ တွေကို သတ်သွားတဲ့ ဖော်ယူဂွမ် ဦးစီး ၄ ယောက်ကို KIA က နှုတ်ပိတ်လိုက်တာဖြစ်ကြောင်း သတင်းတွေ ပျံ့နှံ့ လာခဲ့ပါ တယ်။ ဒါဟာ ဆက်စပ်မှု ရှိနေပါတယ်။ ဆရာမ နှစ်ယောက်ကို သတ်တဲ့အမှုနဲ့ သံသယရှိနေတဲ့ ဖော်ယူဂွမ်ဦးစီး၎ ယောက်ဟာ ပျောက်ချင်းမလှ ပျောက်နေခဲ့ပါတယ်။ အခု မီးလောင်သေဆုံးတာကလည်း ၄ ယောက်ဆိုတော့ ဖော်ယူ ဂွမ်တို့ကို KIA က တကယ် နှုတ်ပိတ်သတ်ဖြတ်လိုက်တာလားဆိုတာ သံသယဖြစ် စရာ ကောင်းနေတာ အမှန်ပါပဲ။

သစ်နှင့် ၀ါးများ ခုတ်နေသော ဒေသခံများအား KIA အဖွဲ့မှ ဆက်ကြေးကောက်ခံ



ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာသို့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့ ရောက်ရှိလာပြီး ဆက်ကြေးငွေများ လာရောက်ကောက်ခံသွားကြောင်း သိရသည်။
အဆိုပါအဖွဲ့သည်ဆားမှော်ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအား ခေါ်ယူ၍ တောအတွင်းမှ သစ်၊ဝါးများ ခုတ်ယူပြီး ရွာတွင်းသို့ သယ်ဆောင်လာပါ က ဆက်ကြေးပေးရမည်ဟုပြောကြားခဲ့ကြောင်း ကျေးရွာ တာဝန်ရှိသူတစ်ဦး က ပြောသည်။

“ဒီနားတစ်ဝိုက်မှတော့ သစ်စက်လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ လုပ်ငန်း ၅ ခုကျော်လောက်တော့ ရှိတယ်။ KIA အဖွဲ့က ဆက်ကြေးလာကောက်တယ်လို့ သိရတယ်။ ဘယ်လောက်ပေးလိုက်ရလဲတော့ မသိဘူး”ဟု ရွာသား တစ်ဦး က ပြောသည်။

ကျောင်းသားသပိတ် အရှိန်မြှင့်ရာတွင် တည်ငြိမ်အေးချမ်းရေး အလေးထားရန် လွှတ်တော်တိုက်တွန်း

ကျောင်းသားသပိတ် စီတန်းလမ်းလျှောက်မှုကို အရှိန်မြှင့်တင်ရာတွင် တည်ငြိမ်အေးချမ်းရေးကို အလေးထား ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်မှ တိုက်တွန်းကြောင်း လေးပွင့်ဆိုင် ဆွေးနွေးပွဲတွင် တက်ရောက်ခဲ့သော လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင် ဆွေးနွေးပွဲသို့ တက်ရောက်သူ လွှတ်တော် ကိုယ်စားလှယ် များက သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ တိုက်တွန်း ပြောကြားခြင်း ဖြစ်သည်။

ဒေါက်တာသိန်းလွင်တစ်ယောက် NLD ပါတီ၏ အသုံးချခံ ဖြစ်နေပြီလား?

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ကျောင်းသားထု၊ အစိုးရ၊ လွှတ်တော်နှင့် ပညာရေး ဌာနအကြား ထိပ်တိုက်တွေ့ဆုံဆွေးနွေးခဲ့စဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဗဟိုအလုပ် အမှုဆောင်ဖြစ်သူ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် (NNER) ဥက္ကဌ ဒေါက်တာသိန်းလွင်အပေါ် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးတွင် ဦးဆောင်ပါဝင်ခဲ့သဖြင့် အဖွဲ့ချုပ်၏ သဘောထားကို ကြိုတင်မေးမြန်း ခြင်းမရှိဘဲ မိမိသဘောထားတစ်ခုတည်းနှင့် တက်ရောက်သည်ဟုဆိုကာ NLD ပါတီမှ ပါတီစည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဆိုကာ ဖေဖော်ဝါရီလ ၂ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။

SB နှင့် စသုံးလုံးကို သမ္မတရုံး လက်အောက်ပြောင်းရန် ညွန်ကြားခြင်း မရှိသေးဟု ပြည်ထဲရေး ဒုဝန်ကြီးဆို

ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ သတင်းတပ်ဖွဲ့ (SB) နှင့် အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ (စစစ) တို့ကို သမ္မတရုံး လက်အောက်သို့ ပြောင်းရွှေ့ပြီး အဖွဲ့နာမည်နှင့် လုပ်ငန်းစဉ် အသစ်များဖြင့် ပြင်ဆင် ဖွဲ့စည်းရန် ညွန်ကြားထားခြင်း မရှိသေးကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က ပြောကြားသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးအပြီး သတင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတရုံး လက်အောက်သို့ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ သတင်းတပ်ဖွဲ့ (SB) နှင့် စသုံးလုံး တပ်ဖွဲ့ဝင်များကို ပြောင်းရွှေ့ ဖွဲ့စည်းရန် လက်ရှိအချိန်ထိ ညွှန်ကြားချက် ရောက်ရှိခြင်း မရှိသေးဘဲ ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူများ အနေနှင့် ယင်းအကြောင်းအရာများ မသိရှိသေးကြောင်း ၎င်းကဆိုသည်။

တယ်လီနော မော်ဒယ် သရုပ်ဆောင်ခ ငွေကျပ် ၃၀၀၀ သာရရှိ


တယ်လီနော၏ ကြော်ငြာ ပိုစတာ တစ်ခုဖြစ်သော အသက် ၈၀ ကျော်အရွယ် အဘွားနှင့် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တဦးတို့ ဖုန်းပြောနေသည့် ပုံတွင် မထင်မှက်ပဲ သရုပ်ဆောင် လုပ်လိုက်ရပြီး သရုပ်ဆောင်ခ ကျပ် ၃၀၀၀ သာရရှိကြောင်း မင်းကွန်းတွင် နေထိုင်သော ကာယကံရှင် မလှိုင်ယမင်း ၁၂ နှစ်က ပြောသည်။
မလှိုင်ယမင်း ကျပ် ၃၀၀၀ ရရှိသော်လည်း အသက် ၈၀ ကျော် အဘွားကို ဘာတစ်ခုမှ ပေးသွားခြင်းမရှိကြောင်း ၎င်းကဆက်ပြောသည်။

အမေရိကန်ပြည်ထောင်စုတွင် မုန်တိုင်းတိုက်ခတ် လေကြောင်းခရီးစဉ် ၃ဝဝဝ ကျော် ပယ်ဖျက်ရ


အမေရိကပြည်ထောင်စု မြောက် ပိုင်းတစ်ခွင်တစ်ပြင်တွင် ဆောင်းရာ သီ မုန်တိုင်းတိုက်ခတ်သောကြောင့် နှင်းပေါက်ခဲများ အစုလိုက်အပုံလိုက် ဖြစ်သည်အထိ ကျသကဲ့သို့ ရေခဲ တမျှအေးသော မိုးလည်းရွာသည် ဖြစ်ရာ လေကြောင်းခရီးစဉ် ၃ဝဝဝ ကျော်တို့ကို ဖေဖော်ဝါရီ ၂ရက်၌ ပယ်ဖျက်လိုက်ရကြောင်း သိရသည်။

ဆောင်းရာသီမုန်တိုင်းဒဏ်ကို အဆိုးဆုံးခံရသည့် လေဆိပ်များမှာ ချီကာဂို အိုဟဲယားအင်တာနေရှင် နယ်လ်၊ နယူးဂျာစီရှိ နယူးအာ့ခ်၊ န ယူးယောက်ရှိ လာဂူအာဒီယာနှင့် ဘော့စတွန်လိုဂန် အင်တာနေရှင် နယ်လ်တို့ဖြစ်ကြောင်း ဝက်ဘ်ဆိုက် fightaware.com အရ သိရ၏။