Sunday, March 15, 2015

RCSS/SSA အဖွဲ့မှ အဖွဲ့ဝင်အချို့ သတ္ထုစမ်းသပ် တူးဖော်နေသော ကုမ္ပဏီပိုင် ယာဉ်များနှင့် ပစ္စည်းများအား မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယောင်း ဒေသအတွင်း စက်ဝိုင်းအင်အား ကုမ္ပဏီမှ ခဲသတ္ထုတူးဖော်ခြင်း လုပ်ငန်း စမ်းသပ်လုပ်ကိုင်လျက်ရှိရာ မတ် ၁၂ ရက် ညပိုင်းတွင် RCSS/SSA အဖွဲ့မှ အင်အား ၁၀ ဦးခန့်သည် လက်နက်ငယ် ကိုယ်စီဖြင့် ရောက်ရှိလာခဲ့ပြီး ကုမ္ပဏီလုပ်သား ၇ ဦးအား ဖမ်းဆီးကာ ကုမ္ပဏီပိုင်ရှင်နှင့် တွေ့လိုကြောင်း ပြောကြားခဲ့ရာ လုပ်သားများမှ ကုမ္ပဏီပိုင်ရှင် မိုင်းယောင်းသို့ သွားနေကြောင်း ပြန် လည်ပြောကြားသဖြင့် RCSS/SSA အဖွဲ့က လုပ်ငန်းခွင်အတွင်းရှိ လုပ်ငန်းသုံး ဆီဂါလံပုံးများအား ခြေဖြင့် ကန်ကျောက်ပြီး ၎င်းလုပ်သား ၇ ဦးတို့အား ကြိုးဖြင့် ချည်နှောင်၍ တစ်ယောက် တစ်နေရာစီခွဲကာ ဖမ်းဆီးချုပ်နှောင် ထားခဲ့သည်။

ထောင်ဆေးရုံမှ သပိတ်မှောက် ကျောင်းသားများ၏ ကျန်းမာရေး အခြေအနေ သက်သာဟုဆို


လက်ပံတန်းမြို့တွင် ထိုင်သပိတ်ပြုလုပ်စဉ် ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းဖမ်းဆီးစဉ်ရာ ထိခိုက်ဒဏ်ရာ ရရှိမှုကြောင့် သာယာဝတီထောင်ဆေးရုံသို့ ရောက်ရှိခဲ့သော ကျောင်းသားကျောင်းသူ ၁၀ ဦးခန့်မှာ သက်သာမှုရှိ၍ ထောင်ဆေးရုံမှ ဆင်းပြီဖြစ်ကြောင်း ကျောင်းသားမိဘ အသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။
“ခုဟာကတော့ ဆေးရုံကနေ ပြန်ဆင်းလိုက်ပြီ။ ဆေးရုံမှာ တစ်ယောက်မှ မရှိတော့ဘူးလို့ အဲဒီလို သတင်းရတယ်” ဟု ကိုမင်းသွေးသစ်၏ မိခင်ဖြစ်သူ ဒေါ်ခင်ခင်ယုက ပြောဆိုသည်။

တရုတ်ဘက်သို့ ဗုံးကျခြင်းကြောင့် မြန်မာသံအမတ်ကြီးကို တရုတ်အစိုးရချက်ချင်းခေါ်ယူသတိပေး

ဗုံးကျသောကြောင့် တရုတ်နိုင်ငံသား လေးဦးသေ၊ ကိုးဦး ဒဏ်ရာရခဲ့ပြီးနောက် တရုတ်လေတပ်မှ တိုက် လေယာဉ်များ မြန်မာ-တရုတ်နယ်စပ်တွင် ကင်းလှည့်
မြန်မာလေတပ်မှ ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့သို့ ဗုံးကြဲတိုက်ခိုက်ရာ တရုတ်နိုင်ငံအတွင်း ကျရောက် ပေါက်ကွဲခဲ့၍ တရုတ်နိုင်ငံသားလေးဦး သေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်ကို အသေးစိတ်စုံစမ်းစစ်ဆေးရန်နှင့် ကျူးလွန်သူများကို ဖော်ထုတ်အရေးယူပေးရန် တရုတ် အစိုးရကမြန်မာအစိုးရထံ တောင်းဆိုလိုက်သည်။

ခြေထောက်တွေကိုအာမခံထားမယ့် တေလာဆွစ်


တေလာဆွစ်ဟာ လော့စ်အိန်ဂျလိစ် မယ်လ်ရို့စ်အဗင်းနယူးမှာ ဈေးဝယ်ထွက်ခဲ့စဉ် သူမရဲ့ သွယ်လျ လှပပြီး ဆွဲဆောင်မှုရှိတဲ့ ခြေထောက်အလှကို ပေါ်လွင်စေဖို့ ဘောင်းဘီတို၊ ခုံထူဒေါက် မြင့်ဖိနပ်နဲ့ ဦးထုပ်အဝိုင်းလေးကို တွဲဖက်ဝတ်ဆင်သွားခဲ့ပါတယ်။

မြန်မာအစိုးရ တိုက်လေယာဉ်များ၏ ဗုံးဆန် တရုတ်နိုင်ငံဘက်အခြမ်းသို့ ကျရောက်ခြင်းမရှိဟု နိုင်ငံတော်သမ္မတရုံးဆို

တပ်မတော်၏ တိုက်လေယာဉ်များက ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့များကို ဗုံးကြဲတိုက်ခိုက်ရာတွင် တရုတ်နိုင်ငံဘက် အခြမ်းသို့ ဗုံးဆန်ကျရောက်ရှိခြင်း မရှိကြောင်း နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တရုတ်-မြန်မာ နယ်စပ်အနီးတွင် မြန်မာတပ်မတော်က ကိုးကန့် လက်နက်ကိုင်တပ်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သောကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်Lincang နယ်စပ်မြို့ရှိ ကြံစိုက်ခင်းကို မတ် ၁၃ ရက်နေ့က ဗုံးထိမှန်ပြီး တရုတ်နိုင်ငံသားလေးဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိသွားကြောင်း တရုတ်အစိုးရ၏ နိုင်ငံပိုင်သတင်းဌာနများတွင် ဖော်ပြထားခြင်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

မင်းသွေးသစ် သာယာဝတီထောင်တွင် ကျန်းမာစွာရှိနေကြောင်း တာဝန်ရှိသူပြော

ဖမ်းဆီးခံ သပိတ်မှောက် ကျောင်းသား မင်းသွေးသစ် သေဆုံးသွားပြီဟု အွန်လိုင်းတွင် သတင်းများ ပျံ့နှံ့နေသည်မှာ မမှန်ကန်ကြောင်း ပဲခူးတိုင်းဒေသကြီး ဒုရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းစိန်က ငြင်းဆိုလိုက်ပြီး မင်းသွေးသစ်သည် လက်ရှိ သာယာဝတီထောင် ၌ ကျန်းမာရေး ကောင်းမွန်စွာရှိနေကြောင်း အတည်ပြုပြောကြား သည်။
အင်တာနက် လူမှုကွန်ရက်စာမျက်နှာများတွင် မတ်လ ၁၀ ရက် လက်ပံတန်းကျောင်းသား အဓိကရုဏ်း ဖြစ်စဉ်အတွင်း ရိုက်နှက်ဖမ်းဆီးစဉ်က ရရှိသော ဦးနှောက်အတွင်းပိုင်း သွေးခဲသည့်ဒဏ်ရာဖြင့် မတ်လ ၁၄ ရက် နေ့လယ်တွင် သာယာဝတီဆေးရုံ၌ ကျောင်းသားခေါင်းဆောင် မင်းသွေးသစ် ကွယ်လွန်သွားပြီဆို သော ကောလာဟလများ ပျံ့နှံ့နေသည်။

တောင်နီတန်းပေါ်မှာ အသက်စွန့်ပြီး စက်ဘီးစီးခဲ့သူ


ပိုလန်နိုင်ငံသား စက်ဘီးစီးသမား တစ်ဦးဟာ အမေရိကန်နိုင်ငံ အရီဇိုနားပြည်နယ်က မတ်စောက်တဲ့ တောင်တန်းပေါ်မှာ သက်စွန့်ဆံဖျား စက်ဘီးစီးပြခဲ့ပါတယ်။ မိုက်ကယ်ကိုးဘက်ခ်ဟာ တောင်ဆင်း စက်ဘီးပြိုင်ပွဲတွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်ပြီး သူ့ရဲ့စွန့်စားမှုကိုမောင်းသူမဲ့ လေယာဉ်နဲ့ ရုပ်သံ မှတ်တမ်း ရိုက်ကူးခဲ့ပါတယ်။
ကိုးလ်ဘတ်ဟာ တောင်နီတန်းပေါ်မှာ စွန့်စားခန်း မဖွင့်မီ လမ်းလျှောက်ကြည့်ပြီး လမ်းကြောင်းရေး ဆွဲခဲ့ပါတယ်။ ကျောက်ဖြူအစင်းတန်းတွေ ဖြစ်ပေါ်နေတဲ့ တောင်နီတန်းပေါ်မှာ စက်ဘီးစီးနိုင်ဖို့အတွက် ကိုးဘတ်ခ်ဟာ သူ့စက်ဘီးကို လေလျှော့ပြီး ထိုင်ခုံလည်း နိမ့်ခဲ့ပါတယ်။ ဒါ့အပြင် လမ်းကြမ်းလို့ စက်ဘီးခုန်တဲ့အခါ ဟန်ချက်ထိန်းနိုင်အောင်လည်း ပြင်ဆင်ခဲ့ပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသော ဒေသခံတိုင်းရင်းသားများအား လူသစ်စုဆောင်းရန် KIA အဖွဲ့မှ စာရင်းကောက်ခံလျက်ရှိ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆို သူများအား မတ်လ ၁၂ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ လူသစ်စုဆောင်းရန် စာရင်းပြုစုလျက်ရှိကြောင်း ယင်းဒေသခံရွာသားများထံမှ သိရသည်။
အဆိုပါအဖွဲ့သည် မြစ်မှော်ကျေးရွာ၊ ရုံးချိုကျေးရွာ၊ နန့်စန်း(၁)နှင့် နန့်စန်း(၂)ကျေးရွာများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများကိုခေါ်ယူ၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူများစာရင်းပေးရန် ပြောကြားခဲ့ကြောင်း ရုံးချိုကျေးရွာ ရွာသားတစ်ဦးထံမှ သိရသည်။
“ရွာကိုရောက်လာပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုခေါ်တွေ့တယ်၊ ရွာမှာရှိတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲသွားရောက်ဖြေဆိုနေ တဲ့သူစာရင်းတောင်းတယ်၊ လူသစ်စုဆောင်းမလို့ပဲနေမှာပေါ့ ”ဟု ရွာသားတစ်ဦး ကပြောသည်။

အသက် ၉၅ နှစ် အရွယ် အပြေးသမား စံချိန်သစ်နဲ့ ပန်းဝင်ခဲ့သော်လည်း တစ်ရေးအိပ်ပြီးမှာ အောင်ပွဲခံနိုင်ခဲ့

ဗြိတိန်- British Masters Championships အပြေးပြိုင်ပွဲမှာ အသက် (၉၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာချာလက်အက်စတာဆိုသူက မီတာ ၂ဝဝကို ၅၅ဒသမ ၄၈စက္ကန့်အတွင်း ပန်းဝင်ခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့တယ် လို့ သိရပါတယ်။
အဘိုးအိုချာလက်ရဲ့ အပြေးနှုန်းဟာ ကမ္ဘာ့အပြေးချန်ပီယံ အူ စိန်ဘော့ထက် သုံးဆလောက်ပဲ လျော့နည်းတယ်လို့သိရပါတယ်။ အူစိန် ဘော့ရဲ့ အမြန်ဆုံးအပြေးနှုန်းကတော့ မီတာ၂ဝဝကို ၁၉ ဒသမ ၁၉ စက္ကန့် ရှိတယ်လို့ သိရပါတယ်။

ဧည့်စာရင်းစစ်မည်ဟု ဆိုကာ ဖမ်းဆီးခဲ့သော ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် လေးဦးကို မသင်္ကာဖွယ် အခြေအနေဖြင့် သာယာဝတီအကျဉ်းထောင်တွင် စစ်ဆေးနေ

ဧည့်စာရင်းစစ်မည်ဟုဆိုကာ ဖမ်းဆီးခဲ့သော ကျောင်းသားသမ္ဂအဖွဲ့ဝင် လေးဦးကို မသင်္ကာဖွယ် အခြေအနေဖြင့် သာယာဝတီ အကျဉ်းထောင်တွင် စစ်ဆေးနေကြောင်း ပဲခူးတိုင်းဒေသကြီး ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းစိန်က The Daily Eleven သတင်းစာသို့ မတ် ၁၄ ရက်က ပြောကြားသည်။
ရဲမှူးကြီးဝင်းစိန်က “အဲဒီ ဖမ်းဆီးတဲ့အပိုင်းက ရန်ကုန်မှာ ဆန္ဒပြတဲ့ဟာနဲ့ မဆိုင်ဘူး။ ဒီကအဖွဲ့ထဲမှာ ဝင်လုပ်သွားတယ်။ အဲဒါကြောင့် မသင်္ကာအနေနဲ့ ဖမ်းပြီး စစ်ဆေးနေတာပါ”ဟု ပြောကြားသည်။
မတ် ၁၃ ရက် နံနက် ၁ နာရီခန့်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် လေးဦးအား ဧည့်စာရင်းစစ်မည်ဟုဆိုကာ အလုံရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး နေ့လယ်ပိုင်းတွင် ယင်းလေးဦးစလုံးကို ပဲခူးတိုင်းသာယာဝတီ အကျဉ်းထောင်သို့ ခေါ်ဆောင်ခဲ့သည်ဟု သိရသည်။
ဖမ်းဆီးခေါ်ဆောင်သွားသော ဗကသအဖွဲ့ဝင်များမှာ ကိုသီဟဝင်းတင်၊ မဟန်နီဦး၊ ကိုအောင်မိုးထွန်း (ခ) ကိုမိုးထက်နေ၊ ကိုထက်ညီညီအောင်တို့ဖြစ်ပြီး အလုံမြို့နယ် လွတ်လပ်ရေးရပ်ကွက်၊ အောင်ဇေယျလမ်းရှိ နေအိမ်မှ ဧည့်စာရင်းစစ်ရန်ရှိသည်ဟု အကြောင်းပြချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
ယခု အဖမ်းဆီးခံရသည့် ဗကသအဖွဲ့ဝင်များမှာ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့ဖူးသူများဖြစ်ပြီး ဗကသများအဖွဲ့ချုပ်၏ ဗဟိုလုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသည်။
စတင်ဖမ်းဆီးခံရစဉ်က ငါးဦးအထိ ရှိသော်လည်း ကျန်တစ်ဦးမှာ အေအက်(ဖ်)ပီ သတင်းဌာနမှ ကင်မရာရိုက်ကူးသူဖြစ်သောကြောင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

ဝမ်းချုပ်ခြင်းကို ဖြေရှင်းပေးမည့် သင့်မီးဖိုချောင်ရှိ အရာများ

လူတိုင်း ဝမ်းချုပ်တာကို ခံစားဖူး ကြပါတယ်။
ဝမ်းချုပ်တာကသင်စားတဲ့အစားအစာနဲ့ သောက်တဲ့ ဆေးတွေကြောင့် ဖြစ်နိုင် သလို ရောဂါ တစ်ခုခုရဲ့ ရှေ့ပြေးနိမိတ် လက္ခဏာ တစ်ရပ်လည်း ဖြစ်နိုင် ပါတယ်။
လူတစ်ဦးနဲ့ တစ်ဦး ဝမ်းသွားတဲ့ အလေ့အကျင့်တွေ မတူညီ တတ်ပါဘူး။ တချို့လူတွေက နေ့စဉ်ပုံမှန် ဝမ်းသွားတတ်ပေမယ့် တချို့လူတွေ ကတော့ တစ်ရက်ခြား၊ နှစ်ရက်ခြားမှ တစ်ကြိမ်သာ ဝမ်းသွားတဲ့ အလေ့အကျင့် ရှိတတ်ပါတယ်။ သင့်မှာ ဘယ်လိုပဲ အမူအကျင့် ရှိနေပါစေ တစ်ပတ်ကို သုံးကြိမ်ထက် နည်းပြီး ဝမ်းသွားမှသာ ဝမ်းချုပ်တယ်လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ပါ တယ်။ ဝမ်းချုပ်လာမှ ဝမ်းနုတ်ဆေး စားတာက ဝမ်းချုပ်တာကို ယာယီသာ ဖြေရှင်းပေးနိုင်ပြီး သင့်တော်မှန်ကန်တဲ့ နည်းလမ်း မဟုတ်ပါဘူး။ ဝမ်းချုပ် တာကို ကာကွယ်နိုင်စေဖို့ မီးဖိုချောင်သုံး သီးနှံတွေနဲ့ ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက် ပါတယ်။
၁။ စပျစ်သီး

Saturday, March 14, 2015

ရာသီဥတုပူလွန်းပါက နှာခေါင်းသွေးလျှံခြင်းများဖြစ်ပေါ်တတ်၍ ဂရုစိုက်သင့်ဟုဆို


ယခုကဲ့သို့ ရာသီဥတုပူသည့်အခါတွင် သွေးကြောများသည်ကျယ်လာပြီး နှာခေါင်းအတွင်း သွေးကြောများ တင်းလာကာ သွေးကြောပါးသူများတွင် သွေးများ အလိုလိုပေါက်ထွက်လာကာ နှာခေါင်းသွေးလျှံခြင်းများ ဖြစ်ပေါ်တတ်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်ကြီး ဒေါက်တာဝင်းထိုက်ကြည်က ပြောသည်။

မြန်မာအစိုးရကို ကနေဒါရောက်မြန်မာတွေ ရှုတ်ချ

ဒီမိုကရေစီပညာရေးတောင်းဆိုနေတဲ့ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲ လိုက်တဲ့ မြန်မာအစိုးရရဲ့ လုပ်ရပ်အတွက် ကနေဒါရောက်မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေက တိုရွန်တိုမြို့ မြန်မာ သံရုံးရှေ့မှာ မနေ့ကဆန္ဒပြပြီး ပြစ်တင်ရှုတ်ချ ကြပါတယ်။

နိုင်ငံရေးနဲ့ပရဟိတ ရောမချသင့်ပါ ခင်ဗျာ…..


ကျွန်တော့်အနေနဲ့ ပထမဦးစွာ ပရဟိတအသင်းအဖွဲ့ဆိုတာကို အဓိပ္ပါယ်ဖော်ကြည့်ချင်ပါတယ်။ တကယ် တော့ ပရဟိတ အသင်းအဖွဲ့ဆိုတာ NGO အဖွဲ့အစည်းတစ်ခုပါပဲ။ Charity လို့လဲခေါ်ပါတယ်။ အစိုးရ မလုပ်နိုင်တဲ့ အလုပ်တွေ၊ ဒါမှ မဟုတ်အစိုးရလုပ်နေတဲ့အလုပ်တွေကို တစ်ထောင့်တစ်နေရာ (သို့မဟုတ်) နေရာအနှံ့အပြားမှာ အများအကျိုးကို ရှေ့ရှု ပြီး ဘာကိုယ်ကျိုးမှမဖက်၊ ဘာအရောင်အဆင်း မှမပါဘဲ အဖြူထည်သက်သက် ကူညီလုပ်ကိုင်ပေးတဲ့အဖွဲ့အစည်း လို့ ခေါ်ဆိုနိုင်ပါတယ်။

ဆယ်လ်ဖီ နေရာမှာ ဘယ်လ်ဖီ အစားထိုး ၀င်ရောက်မူ တွင်ကျယ်လာ


မိုဘိုင်းဖုန်းတွေ ခေတ်စား လာချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဓာတ်ပုံ ရိုက်ကူးခြင်း (ဆယ်လ်ဖီ) ယဉ်ကျေးမှုဟာ တစ်ကမ္ဘာလုံးကို ရိုက်ခတ် လာခဲ့ ပါတယ်။ လူမှုကွန်ရက်တွေ မှာလည်း ဆယ်လ်ဖီ ဓာတ်ပုံတွေဟာ အရှိန်အဟုန် ကောင်းစွာနဲ့ နေရယူခဲ့ ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၄ မှာ တော့ ဆယ်လ်ဖီ နေရာမှာ ဘယ်လ်ဖီ (Bel-fie)ဆိုတဲ့ စကားလုံး ၀င်ရောက် လာတာ တွေ့ ရပါတယ်။ ဘယ်လ်ဖီ ဆိုတာ တင်ပါးအလှ ဦးစားပေး ရိုက်ကူးမှုကို ဆိုလိုခြင်း ဖြစ်ပါတယ်။

တရုတ် ပြည်တွင်း လုံခြုံရေး အကြီးအကဲကို အများ ပြည်သူရှေ့မှောက်တွင် ရုံးတင်စစ်ဆေးမည်


တရုတ် အစိုးရသည် တရားရေးဆိုင်ရာ ပွင့်လင်း မြင်သာမှုကို ပြသလိုသည့် အနေဖြင့် ပြည်တွင်း လုံခြုံရေး အကြီးအကဲဟောင်း ကျိုးယုံခန်းကို အများပြည်သူ ရှေ့မှောက်တွင် ရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း သောကြာနေ့က နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။

မိုးကောင်းမြို့လုပ်ငန်းရှင်များအား KIA အဖွဲ့မှ ဆင့်ခေါ်စာဖြင့် ဆက်ကြေးငွေကောက်ခံ


















ကချင်ပြည်နယ်၊ မိုးကောင်းမြို့အတွင်းရှိ သံဂဟေလုပ်ငန်းရှင်များအား မတ်လ ၁၀ ရက်နေ့တွင် ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ ဆက်ကြေးငွေများ ကောက်ခံသွားကြောင်း ဒေသခံလုပ်ငန်းရှင် တစ်ဦးထံမှ သိရှိရသည်။

အမေရိကန်-အီရန် နျူကလီးယား ဆွေးနွေးပွဲရလဒ်ကို ရီပတ်ဘလစ်ကန်များ ခြိမ်းခြောက်ခြင်းမှာ နောက်ကျော ဓားဖြင့်ထိုးခြင်းဟု အီရန်ဆို

ပြီးခဲ့သည့်ရက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုမှ ရီပတ်ဘလစ်ကန် အမတ် ၄၇ ဦးက အီရန်သည် အမေရိကန်လွှတ်တော်၏ သဘောဆန္ဒမပါဘဲ အိုဘားမား အစိုးရနှင့် မည်သို့ပင် သဘောတူညီချက် ရစေကာမူ နောင်အစိုးရ တက်လာလျှင် ပယ်ချခံရမည်ဟု အိတ်ဖွင့်ပေးစာဖြင့် သတိပေးခဲ့ခြင်းအပေါ် အီရန်ခေါင်းဆောင်ကြီး အယာတိုလာအလီခါမန်နီက ထိုလုပ်ရပ်သည် နောက်ကျောကို ဓားဖြင့်ထိုးခြင်းဟု ပြန်လည်ဝေဖန်လိုက်ကြောင်း VOA သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပြည်တွင်းဖြစ် မောင်းသူမဲ့ လေယာဉ်ရှိနေပြီဟု ပါကစ္စတန် စစ်တပ်ထုတ်ပြန်

လေဆာပဲ့ထိန်းစနစ် ပါဝင်သော ဒုံးကျည် တပ်ဆင်ထားသည့် ပါကစ္စတန် ပြည်တွင်းဖြစ် မောင်းသူမဲ့ လေယာဉ် တစ်စင်းကို စမ်းသပ် လွှတ်တင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပါကစ္စတန် စစ်တပ်က ထုတ်ပြန်ခဲ့သည်။

လောက်ကိုင်တိုက်ပွဲဝင် တပ်မတော်သားများအတွက် သီးသန့်ရန်ပုံငွေ ထည့်သွင်းသင့်ကြောင်း လွှတ်တော်တင်


လက်ရှိအချိန်အထိ ငြိမ်းချမ်းမှု မရှိသေးသော ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ လောက်ကိုင်တွင် တိုက်ပွဲဝင် နေရသော တပ်မတော်သားများအတွက် ပြည်ထောင်စုအစိုးရ၏ သီးသန့်ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံ သင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော်သို့ တင်ပြပြောဆိုလိုက်သည်။

သတ်သေနိုင်ခြေ ရှိသော ကျောင်းသူ ကျောင်းသားများ၏ မိဘများကို ကြိုတင် သတိပေးမည့် အပလီကေးရှင်း တီထွင်


ဖိအား အလွန်များသော တောင်ကိုရီးယား ပညာရေး စနစ်ကြောင့် ကျောင်းသူ ကျောင်းသားများသည် မိမိကိုယ်ကိုယ် သတ်သေနှုန်းများ မြင့်တက်လျက် ရှိရာ သတ်သေနှုန်းများ လျော့ကျ သွားစေရန် အတွက် သတ်သေနိုင်ခြေ ရှိသော ကျောင်းသား ကျောင်းသူများ၏ မိဘများထံသို့ အစိုးရက ကြိုတင် သတိပေး အကြောင်း ကြားနိုင်မည့် စမတ်ဖုန်း အပလီကေးရှင်းကို ပညာရေး ၀န်ကြီးဌာနက ဖန်တီး ထုတ်လုပ် လိုက်ပြီဟု သိရသည်။

နှစ်အကြာကြီး တာဝန် ထမ်းဆောင်မည် မဟုတ်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ပြော


ပုပ်ရဟန်းမင်းကြီး အဖြစ် သေဆုံးချိန် အထိ တာဝန် ထမ်းဆောင်မည့်အစား ၎င်း၏ ရှေ့က ပုပ်ရဟန်း မင်းကြီး ကဲ့သို့ပင် ရာထူးမှ နုတ်ထွက်ခြင်းကိုသာ ပြုလုပ် လိုသောကြောင့် ၎င်း၏ ပုပ်ရဟန်းမင်းကြီး သက်တမ်းသည် တိုလိမ့်မည် ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က ပြောဆိုခဲ့သည်ဟု သောကြာနေ့တွင် ထုတ်ပြန်သော တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် ဖော်ပြထားသည်။

ဥပဒေ ချိုးဖောက်ပြီး ဆန္ဒပြလျှင် နှိမ်နင်းမည်ဟု ထိုင်းစစ်တပ် သတိပေး



ထိုင်းနိုင်ငံတွင်  ရုံးပိတ် ရက်များအတွင်း စစ်အုပ်ချုပ်ရေးကို ဆန့်ကျင် ဆန္ဒပြမှုများ ပြုလုပ်ရန် အဖွဲ့အစည်း တစ်ခုကို စီစဉ် နေခဲ့သောကြောင့် ယင်းကို တုံ့ပြန်သည့် အနေဖြင့် ထိုင်းစစ်တပ်က  ဥပဒေ ချိုးဖောက်သူ များကို နှိမ်နင်းမည် ဖြစ်ကြောင်း သောကြာနေ့တွင် သတိပေး ပြောဆိုခဲ့သည်။

ဘိုကိုဟာရမ်၏ သစ္စာခံမှုကို IS လက်ခံ


နိုင်ဂျီရီးယား အစွန်းရောက် စစ်သွေး ကြွအဖွဲ့ ဘိုကိုဟာရမ်၏ သစ္စာခံမှုကို လက်ခံကြောင်း အစ္စလာမ် နိုင်ငံတော် (IS) ၏ ခေါင်းဆောင်က ထုတ်ပြန်ခဲ့သည်။

မြန်မာ ဂျာနယ်လစ် ကွန်ရက် MJN က အစိုးရကို သပိတ်မှောက်မည်

၂၀၁၅ ခုနှစ် မတ်လ ၁၃ ရက်နေ့ ညနေ မြန်မာ ဂျာနယ်လစ် ကွန်ရက် MJN အစည်းအဝေး ဆုံးဖြတ် ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပုဂ္ဂလိကအာမခံလုပ်ငန်းများ အာဆီယံနိုင်ငံများထဲတွင် ဖွံ့ဖြိုးတိုးတက်မှုအနှေးဆုံးဖြစ်နေ

မြန်မာနိုင်ငံ၏ ပုဂ္ဂလိကအာမခံလုပ်ငန်းများ အာဆီယံနိုင်ငံများထဲတွင် လှုပ်ရှားမှုနဲ့ ဖွံ့ဖြိုးမှုတိုးတက်မှု အပိုင်းများမှာ နှေးကွေးနေဆဲဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း က မတ်လ ၁၄ရက်က ရန်ကုန်မြို့ Park Royalဟိုတယ်တွင် ပြုလုပ်ခဲ့သည့် လန်ဒန်မြို့ အခြေစိုက် ကေအမ် ဒတ်(စ)တာ ပုဂ္ဂလိကအာမခံကုမ္ပဏီ၏ မြန်မာပြည်ရုံးခွဲ ဖွင့်လှစ်ခြင်းဆိုင်ရာ အခမ်းအနား တွင် ပြောဆိုခဲ့သည်။

တရုတ်မြန်မာနယ်စပ်တွင် တရုတ်ဘက်မှ တိုက်လေယာဉ်များပျံဝဲနေ တရုတ်ပိုင်နက်အတွင်းသို့ ပစ်ခတ်ခဲ့မှု မရှိဟု မြန်မာဘက်က ငြင်းဆိုထား

ကိုးကန့်ဒေသနှင့် နယ်မြေချင်းထိစပ်နေသည့် တရုတ်မြန်မာနယ်စပ် တလျှောက်တွင် တရုတ်နိုင်ငံဘက်မှ စစ်လေယာဉ်များ ပျံဝဲနေကြောင်း တရုတ် သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

သင်္ကြန်ကာလနီးကပ်လာခြင်းကြောင့် ပြည်တွင်း စက်သုံးဆီဈေးများ တက်ရိပ်ပြနေ


သင်္ကြန်ကာလ နီးကပ်လာခြင်းတို့ကြောင့် ပြည် တွင်းစက်သုံးဆီ ဈေးနှုန်းများတစ် လီတာလျှင် ကျပ် ၂ဝ အထိ မြင့်တက် သွားကြောင်း မော်တော်ယာဉ်မောင်း သူများက ပြောသည်။

ခြောက်ပွင့်ဆိုင် အကြိုအဖြစ်ဒေါက်တာအေးမောင်နှင့် တိုင်းရင်းသား ကိုယ်စားလှယ် များတွေ့မည်

ဖွဲ့စည်းပုံ အခြေခံ   ဥပဒေပြင်ဆင်ရေး   အတွက်ခြောက်ပွင့်  ဆိုင်တွေ့  ဆုံပွဲ အကြို အဖြစ် အမျိုးသား လွှတ်တော် ကိုယ်စား လှယ်ဒေါက် တာအေးမောင်နှင့် လွှတ်တော်တွင်း တိုင်းရင်းသား ကိုယ်စားလှယ်များ ယနေ့ညနေ ၆ နာရီ တွင်နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ တွင်တွေ့ဆုံ မည်ဖြစ်သည်။

ကျောက်ဖြူ-စစ်တွေ သင်္ဘော နစ်မြုပ်၊ ၁၀၀ ကျော်သေဆုံး


ဓာတ်ပုံ – ထွန်းထွန်းနိုင် (ကျောက်ဖြူ စီဂျေ)

ကျောက်ဖြူ ဆိပ်ကမ်းကနေ စစ်တွေကိုသွားတဲ့ အောင်တံခွန် ၃ သင်္ဘောဟာ မနေ့ည ၈ နာရီလောက်က  မြေပုံမြို့နယ် ငပယုန်ကျွန်းနှင့် မြောက်ကျွိန်ကျွန်းအနီး အရောက်မှာ ရုတ်တရက် လှိုင်းပုတ်ပြီး တိမ်းစောင်း နစ်မြုပ်ခဲ့ပါတယ်။