Wednesday, February 5, 2014

ဝန်ကြီးဦးအုန်းမြင့်ကို တရားလွှတ်တော်ရှေ့နေ တစ်ကိုယ်တော်ဆန္ဒပြ

“နယ်လှည့်ပါးရိုက်နေတယ်”ဟု ပြောဆိုခဲ့သည့် မွေး/ရေ၀န်ကြီးဦးအုန်းမြင့်ကို မကျေနပ်သည့်အတွက် ပဲခူးတိုင်း ပြည်မြို့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြည်သူလူထုအားလုံးအတွက် ပါးကို အချက် သန်းခြောက်ဆယ် အရိုက်ခံမည်ဟု ဆိုကာ ဖေဖော်ဝါရီ ၄ ရက်တွင် ပြည်မြို့အတွင်း တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒပြလိုက်သည်။

စစ်သင်တန်းကျောင်းနယ်မြေဟုဆိုကာ လှည်းကူးမြို့နယ်မှ အိမ်ခြေ ၄၀၀ ရှိ ရွာကို စက်ယန္တရားကြီးများနှင့် ဖျက်ဆီး

ရန်ကုန်တိုင်း၊ လှည်းကူးမြို့အနီး သမီးလေးကျေးရွာကို စစ်သင်တန်းကျောင်းနယ်မြေပိုင်ဟုဆိုကာ အဆို ပါနေရာရှိ အိမ်ခြေ ၄၀၀ ခန့်ကို ကျူးကျော်အဖြစ်သတ်မှတ်ပြီး အစိုးရပိုင်းက ဇန်န၀ါရီ ၄ရက်တွင် ဘူဒိုဇာ များဖြင့် ဖျက်သိမ်းလိုက်သည်ဟု အဆိုပါကျေးရွာတွင် နေထိုင်သူများက ပြောသည်။

“နံနက် ၅ နာရီလောက်က စည်ပင်ဝန်ထမ်းတွေ၊ အရပ်ဝတ်တွေနဲ့လူတွေက အိမ်တွေကို ၀င်ဖျက်တယ်။ ဖျက်လို့မရတဲ့အိမ်တွေကို ဘူဒိုဇာနဲ့ထိုးတယ်။ အကုန်လုံး တစ်အိမ်မကျန် အကုန်လုံးကို ဖျက်ဆီးပစ်တာ။ ဘာမှမထားဘူး။ နောက်ပြီး အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း ဖမ်းဆီးပစ်ခတ်ပြီး ယူသွားကြတယ်”ဟု ဦး မြင့်မောင်က ဆိုသည်။

ပုဒ်မ ၅၉(စ) ပြင်ဆင်သင့်၊ မသင့် လူထုဆန္ဒခံယူရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်သူ့ကွန်ရက် တောင်းဆို

ပြည်သူလူထု၏ ဆန္ဒသဘောထားကို ပိုမိုထင်ရှားစွာ သိရှိစေရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်သင့်၊ မပြင်ဆင်သင့် လူထုဆန္ဒခံယူပွဲ ပြုလုပ်ပေးရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ပြည်သူ့ကွန်ရက်က ပြည်ထောင်စုလွှတ်တော်ကို တောင်းဆိုလိုက်သည်။

ရိုဟင်ဂျာဆိုသည်မှာ လုပ်ကြံထားသည့်နာမည်တစ်ခုသာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန် ပြောဆို

နိုင်ငံတော်သမ္မတနှင့် ကျွမ်းကျင်ပညာရှင်များက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိဘူးဟုပြော ဆိုနေသော်လည်း လူအချို့က ရိုဟင်ဂျာလူမျိုးများရှိသည်ဟု ပြောဆိုနေခြင်းများနှင့် ပတ်သက်၍ ယခင် တမ်မတော်အစိုး ရထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် က မြန်မာနိုင်ငံ တွင် ရိုဟင်ဂျာဆိုသည်မှာ တကယ်မရှိကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြောဆိုသည်။

မင်္ဂလာဆောင်အပြန် ရေဆိုးချောင်းအတွင်း ဆိုင်ကယ်ထိုးကျ၊ အမျိုးသမီးနှစ်ဦးသေဆုံး

ပြည်မြို့နယ် တီတွတ်-၀က်ထီးကန် ကားလမ်းမိုင်တိုင် အမှတ်(၁၁)အနီးတွင် ရေဆိုးချောင်းထဲသို့ ဆိုင်ကယ် တစ်စီးထိုးကျခဲ့ပြီး ဆိုင်ကယ်စီးလာသည့် အမျိုးသမီးနှစ်ဦးသေဆုံးခဲ့သည်ဟု ပြည်မြို့၊ အမှတ် (၃) ရဲစခန်း မှူးက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောသည်။

ဝန်ကြီးဦးအုန်းမြင့် သစ်ရာကောက်ကျေးရွာ ရွာသားများထံ ထပ်မံသွားရောက်

မွေးမြူရေးနှင့် ရေလုပ်ငန်း ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဦးအုန်းမြင့်အနေဖြင့် နိုင်ငံရေးသမားများနှင့် မီဒီ ယာများကို စော်ကားသည့်သဘောဖြင့် ပြောတာမဟုတ်သည့်အပြင် ရွာသားများကိုလည်း ဆဲရေးတိုင်း ထွာရန်လာခြင်းမဟုတ်ဟု ဖေဖော်ဝါရီ ၄ ရက်တွင် သစ်ရာကောက်ကျေးရွာသို့ ပြန်လည် သွားရောက်စဉ် ပြောသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို ယခုနှစ် နိုဝင်ဘာတွင် စတင်အကောင်အထည်ဖော်မည်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းစီစဉ်နေသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ၂၀၁၄ နိုဝင်ဘာတွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဒု-သမ္မတဦးဉဏ်ထွန်းက ပြောဆို လိုက်ပြီဖြစ်သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ရောက်ရှိစဉ် ကျောက်ဖြူအထူးစီးပွားရေးဇုန် တာဝန်ရှိသူများက ရှင်း လင်းခဲ့သော အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး ရှင်းလင်းချက်များတွင် ဒု-သမ္မတ ဦးဉဏ်ထွန်းက ထည့်သွင်းရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု အထူးစီးပွားရေးဇုန် အကြံပေးအဖွဲ့မှ တွဲဖက်အတွင်းရေး မှူး ဦးအောင်ကျော်သန်းက ဆိုသည်။

အခြေခံဥပဒေပုဒ်မ ၅၉ ကို ထောက်ခံဆွေးနွေးပွဲ မန္တလေးတွင် ပြုလုပ်မည်

၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့် ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၅၉ ကိုထောက်ခံကြောင်း ဆွေးနွေးဟော ပြောပွဲကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၉ လမ်း နန်းရှေ့ ဘောလုံးကွင်းတွင် ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြုလုပ်မည်ဟု ၀ံသာနုရက်္ခိတ စနေလူငယ်များအသင်း အထက်မြန်မာပြည် မန္တလေးမှ ကိုနီနီ အောင်က မဇ္ဈိမကို ပြောသည်။

ဖယ်ဒရယ်ပြည်ထောင်စုပါတီ လူအင်အား ၁,၃၀၀ ထိ ဖြည့်မည်

မှတ်ပုံတင်ခွင့်ရပြီးသော ဖယ်ဒရယ်ပြည်ထောင်စုပါတီ အက်ဖ်ယူပီသည် ပါတီဝင်အင်အား ၁,၃၀၀ ၀န်း ကျင်အထိ ဖြည့်တင်းရန် ဖေဖော်ဝါရီလကုန် နောက်ဆုံးထား စုဆောင်းနေသည်ဟု ပါတီဒု-ဥက္ကဋ္ဌ ဦးစော သန်းမြင့်က မဇ္ဈိမကို ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖယ်ဒရယ်ပြည်ထောင်စုပါတီ အက်ဖ်ယူပီကို မှတ်ပုံ တင်ခွင့် ပေးပြီးနောက် ပါတီ၏လိုအပ်ချက်ဖြစ်သည့် ပါတီတွင်း လူအင်အားပြည့်မီစေရေးအတွက် စတင်လုပ် ဆောင်နေပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။

Tuesday, February 4, 2014

နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနှင့် သတင်းမီဒီယာ

ပြီးခဲ့တဲ့ ရက်အတွင်းမှာပဲ Unity ဂျာနယ်မှ မီဒီယာလွတ်လပ်ခွင့်ကို အသုံးချပြီး နိုင်ငံတော်နှင့် အမျိုးသား အကျိုးစီးပွါးကို ထိခိုက်စေနိုင်သော၊ နိုင်ငံတော်လုံခြုံရေးအတွက် ထိခိုက်စေနိုင်သော သတင်း ဆောင်းပါး အား ရေးသားဖော်ပြခဲ့ပါတယ်။ Unity ဂျာနယ်ပါ “ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိ ကာ/ချုပ်နှင့် တရုတ် ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက် ဓာတု လက်နက်စက်ရုံ” အမည်ရ သတင်းဆောင်းပါးတွင် ဓါတ်ပုံ၊ တည်နေရာနှင့် တကွ ရေးသားဖော်ပြခြင်းဟာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ကန့်သတ် ထားသော တည်ဆဲဥပဒေတွေကို ချိုးဖောက်ခြင်းဖြစ်ပါတယ်။ အဆိုပါ သတင်းဆောင်းပါးနှင့် ပတ်သက်ပြီး အမှုဆောင် အရာရှိချုပ် ဦးတင်ဆန်းနှင့် အဆိုပါ သတင်းဆောင်းပါး ရေးသားရာတွင် ပါဝင်သတင်းရယူ ခဲ့ကြသော ယူနတီဂျာနယ်မှ အကြီးတန်း သတင်းထောက် ကိုရာဇာဦး၊ ကိုသက်ပိုင်ကျော်နှင့်၊ အငယ်တန်း သတင်းထောက် ကိုစည်သူစိုးတို့ သုံးဦး ဖမ်းဆီးစစ်ဆေးမေးမြန်းခြင်းများပြုလုပ်ခံရကြောင်း သိရပါတယ်။

နောက်ခံလူများအစွမ်းပြမှုနဲ့အတူ ထိုက်တန်လှတဲ့ အဝေးကွင်းနိုင်ပွဲ


ယနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ ဇယားထိပ်ပိုင်းမှာရပ်တည်နေကြတဲ့ ချယ်ဆီး အသင်း နှင့် မန်စီးတီးပွဲစဉ်က ပရိတ်သတ်အကြိုက်ဖြစ်ခဲ့ပါတယ်.။ပွဲအပြီးမှာတော့ ချယ်ဆီးက မန်စီးတီးအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့်အနိုင် ရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းသည် အိမ်ကွင်းတွင် ပွဲကစားချိန် (၃၂)မှာ ချယ်ဆီးနောက်ခံလူ အီဗန်နိုဗစ်သွင်းယူ သွားခဲ့တဲ့ သွင်းဂိုးတစ်ဂိုးကြောင့် ရှုံးနိမ့်ခဲ့ရခြင်းလည်းဖြစ်ပါတယ်။

NLD ပါတီ၏ သိန်းနှစ်ထောင်အလှူငွေကိစ္စ ပါတီတွင်း စကားအခြေအတင် ဖြစ်

NLD ပါတီ၏ သိန်းနှစ်ထောင်အလှူငွေကိစ္စ ပါတီတွင်း စကားအခြေအတင် ဖြစ်
============================================

Tuesday, February 4, 2014

NLD ပါတီ၏ အလှူငွေ သုံးစွဲမှု စာရင်းရှင်းတမ်းများ ပွင့်လင်းမြင်သာမှု ရှိရှိ ထုတ်ပြန်ပေးခြင်း မရှိ၍ ပါတီတွင်း အငြင်းပွားမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရှိရသည်။

မိတ္ထီလာပဋိပက္ခဖြစ်စဉ်တွင် မီးဘေးသင့်ခဲ့ရသော ဘင်္ဂါလီများအား နိုင်ငံတကာ အဖွဲ့အစည်းများ၊ OIC အဖွဲ့ဝင်များက ၀ိုင်းဝန် ကူညီထောက်ပံ့ခဲ့ရာ NLD ပါတီမှလည်း သိန်းနှစ်ထောင် ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ဘင်္ဂါလီများအား သိန်းနှစ်ထောင် လှူဒါန်းခဲ့သော်လည်း ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများသို့ တစ်ပြားတစ်ချပ်မှ လှူဒါန်းမှု မရှိခဲ့ခြင်းအပေါ် ပါတီဝင်များအတွင်း မကျေမလည် ဖြစ်ကာ အပြင်းအထန် အငြင်းပွားသည့်အဆင့်သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

"ကျွန်တော်တို့ သိချင်တာကာ ဒီသိန်းနှစ်ထောင် ဘယ်ကလာတဲ့ ပိုက်ဆံလဲ။ ပါတီရန်ပုံငွေလား။ အလှူရှင်တွေ လှူဒါန်းတာကို NLD က ကြားက၀င်ပြီး နာမည် ခံပေးထားတာလား။ အရင်ကလဲ ထူးကုမ္ပဏီက လှူတာကို ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားလှူပေးခဲ့ဘူးတယ်။ အခုလဲ OIC က ပေးတာ ဆိုရင်လဲ OIC နာမည်နဲ့ပဲ ပေးဖို့၊ NLD ပိုင်တဲ့ ပိုက်ဆံ မဟုတ်ရင် NLD ပါဝင်ပတ်သက်ခြင်း မပြုဖို့ ရှင်းရှင်းလင်းလင်း သိချင်တာပါ" ဟု အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

သို့သော်လည်း ယင်းတို့၏ တောင်းဆိုချက်ကို NLD CEC များ ဖြစ်ကြသော ဦးဝင်းထိန်၊ ဒေါက်တာမြတ်ဥာဏစိုးနှင့် ဥပဒေပညာရှင် ဘင်္ဂါလီလူမျိုး ဦးကိုနီတို့က ပယ်ချခဲ့ကြပြီး အသေးစိတ် ရှင်းလင်းစရာ မလိုဟု ယတိပြတ် ပြောကြားခဲ့ကြောင်း၊ အဆိုပါ ပြောကြားချက်မှာ ပြင်းထန်လွန်း၍ ပါတီဥက္ကဌ၏ သဘောထားကို ပြောကြားနေခြင်းလော ဟု ဆန်းစစ်လျက် ရှိကြောင်း သိရှိရသည်။

ပြည်သူ့အာဏာ
NLD ပါတီ၏ အလှူငွေ သုံးစွဲမှု စာရင်းရှင်းတမ်းများ ပွင့်လင်းမြင်သာမှု ရှိရှိ ထုတ်ပြန်ပေးခြင်း မရှိ၍ ပါတီတွင်း အငြင်းပွားမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရှိရသည်။

မိတ္ထီလာပဋိပက္ခဖြစ်စဉ်တွင် မီးဘေးသင့်ခဲ့ရသော ဘင်္ဂါလီများအား နိုင်ငံတကာ အဖွဲ့အစည်းများ၊ OIC အဖွဲ့ဝင်များက ၀ိုင်းဝန် ကူညီထောက်ပံ့ခဲ့ရာ NLD ပါတီမှလည်း သိန်းနှစ်ထောင် ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် NLD အနိုင်ရမည်ကို ကြောက်၍သာ ၅၉ (စ) ကို မပြင်လိုခြင်းဖြစ်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

လာမည့် ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရမည်ကို ကြောက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉ (စ) ကို မပြင်ဆင်လိုခြင်း ဖြစ်ကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဖေဖော်ဝါရီ ၃ ရက်က ပြည်သူ့လွှတ်တော်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးဦးအုန်းမြင့် ရိုင်းပျမှု ရန်ကုန်မှာ ဆန္ဒပြ

Photo: ဝန်ကြီးဦးအုန်းမြင့် ရိုင်းပျမှု ရန်ကုန်မှာ ဆန္ဒပြ
Tuesday, February 4, 2014

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်ရဲ့ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အနီး သစ်ရာကောက်ကျေးရွာက ရွာသားတွေနဲ့ တွေ့ဆုံစဉ် ပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေအပေါ်မှာ စကားလုံးကြမ်းကြမ်း သုံးပြီး ပြောဆိုသုံးနှုန်းခဲ့တာနဲ့ပတ်သက်ပြီး မကျေနပ်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုက ဒီကနေ့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ ဦးဆောင်သူနှစ်ဦးကို ခွင့်ပြုမိန့်မရဘဲ ဆန္ဒထုတ်ဖော်မှု ပုဒ်မ (၁၈)နဲ့ တရားစွဲဆိုဖို့ အာဏာပိုင်တွေက ပြင်ဆင်နေချိန်မှာပဲ  ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကိုလည်း တန်ပြန် တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ဆန္ဒထုတ်ဖော်သူတွေက ပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဖေဖော်ဝါရီလ (၃) ရက်နေ့ ညနေပိုင်း ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့နဲ့ မဟာဗန္ဓုလပန်းခြံလမ်းမှာ ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်ကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ မကွေးတိုင်းဒေသကြီးအတွင်းက သစ်ရာကောက်ကျေးရွာကို ကျေးလက်ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းချိန်မှာ ပြည်သူတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တဲ့ စကားလုံးအသုံးအနှုန်းတွေအပေါ် မကျေနပ်ကြတဲ့အတွက် ပြည်သူတွေ၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ဒီမိုကရေစီ အင်အားစုအဖွဲ့က “ပါးရိုက်ခံဖို့ အသင့်ပါပဲ။” ဆိုတဲ့ စာတမ်းဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး မြို့တော်ခမ်းမရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဒီဆန္ဒပြပွဲ ဦးဆောင်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘမြင့်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဝန်ကြီးဦးအုန်းမြင့်က နယ်တကာလှည့်ပြီး ပါးရိုက်(ရဲ)တယ်ဆိုတဲ့ စကားလုံးလည်းတွေ့တယ်။ ငါတို့အစိုးရလက်ထက်မှာ ငါတို့အစိုးရကို ဝေဖန်ရင် ထောင်ချပစ်မယ်တို့၊ ဘာတို့ - ဒါမျိုးတွေကြိမ်းတော့ ကျနော်တို့ ပါးရိုက်ခံကြမယ်။ ရည်ရွယ်ချက်ကတော့ ဒီဝန်ကြီးတွေ ဒီလို မိုက်မိုက်ရိုင်းရိုင်းနဲ့ ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ပြောတဲ့စကားလုံးတွေ၊ ဆဲရေးတိုင်းထွာတဲ့စကားလုံးမျိုးတွေ၊ အဆင့်အတန်းမရှိတဲ့ စကားလုံးတွေ သုံးနေတာကို ကျနော်တို့ မကျေနပ်လို့ သွားပြီးတော့ ဆန္ဒပြကြတာပေါ့နော်။”

နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ဒီမိုကရေစီ အင်အားစုအပါအဝင် လူငယ်မျိုးဆက်အဖွဲ့တွေပါဝင်တဲ့ ဆန္ဒပြသူသုံးဆယ်ကျော်လောက်က  ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်အနေနဲ့ ဒီ့ထက်ပိုယဉ်ကျေးအောင် သင်ယူသင့်ပြီးတော့ အခုလိုမျိုး ပြောဆိုခဲ့တဲ့အတွက်လည်း အခုလက်ရှိ ဝန်ကြီးရာထူးကနေ နုတ်ထွက်ပေးသင့်တယ်လို့လည်း ဦးဆောင်သူ ဦးဘမြင့်က ပြောပါတယ်။

“ကျနော်တို့က ဦးအုန်းမြင့်ကို ယဉ်ကျေးစေချင်တယ်။ ဒီလိုနေရာမျိုးက ပြည်သူ့ခေါင်းဆောင်တွေ နေရမယ့်နေရာမျိုး၊ အစိုးရနဲ့ဝန်ကြီးအဖွဲ့ ဆိုတာ အစိုးရအဖွဲ့ပေါ့နော်။ သမ္မတနဲ့ဝန်ကြီးများအဖွဲ့ဆိုတာဟာ ပြည်သူတရပ်လုံးရဲ့အကျိုးကို ဆောင်ရွက်ရမယ့်နေရာမျိုးမှာ ပြည်သူကို ဆန့်ကျင်တဲ့ စကားလုံးတွေ ပြောလာတဲ့အတွက် အဲဒီလိုနေရာမျိုးနဲ့ လုံးဝ မတန်ဘူးလို့ပဲ ကျနော်တို့က ပြောချင်ပါတယ်။”

ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်ကို မကျေနပ်ကြောင်း မြို့တော်ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်ပွဲမှာ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းထံက တရားဝင် ခွင့်ပြုချက် မတောင်းခံခဲ့လို့ဆိုပြီး ဦးဆောင်သူနိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘမြင့်နဲ့ ဒီမိုကရေစီအင်အားစုက ဦးသန်းဆွေတို့ နှစ်ဦးကို ရဲလုံခြုံရေးတွေဘက်က ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေချိန်မှာပဲ ဒီမိုကရေစီအင်အားစုဘက်ကလည်း ဝန်ကြီးအနေနဲ့ ပြည်သူကို အခုလို ရိုင်းပျစွာဆက်ဆံခဲ့တာနဲ့ပတ်သက်ပြီး တန်ပြန် တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ဒီမိုကရေစီအင်အားစုက ဦးဆောင်သူ ဦးသန်းဆွေကလည်း ပြောပါတယ်။

“အဲဒီ နယ်လှည့်ပါးရိုက်မယ်ဆိုတဲ့ ပြည်ထောင်စုဝန်ကြီး (ဦး) အုန်းမြင့်အား ပါးရိုက်ခံရန် ပြည်သူများနဲ့အတူ နိုင်ငံရေးအင်အားစုမှ စောင့်မျှော်နေပါသည်- နိုင်/ကျဉ်းတစု၊ နောက် ဒီမိုကရေစီအင်အားစုက တစု၊ နှစ်စုပေါ့နော်။ ကိုယ့်ပါးနဲ့ကိုယ် အရိုက်ခံဖို့ စောင့်တာတောင်မှ ဘယ်သူ့ဆီကမှ ခွင့်ပြုချက်လည်း တောင်းခံစရာမလိုဘူး။ ကိုယ့်ပါးနဲ့ကိုယ် အရိုက်ခံဖို့အတွက် ဘယ်သူ့ဆီမှလည်း အမိန့်တောင်းစရာလည်း မလိုဘူး။ ကျနော်တို့ကတော့ အရိုက်ခံရမယ့် အနေအထားနဲ့ပဲ စောင့်နေပါတယ်။ ဒါကို သူတို့က ကျနော်တို့ကို ပုဒ်မ (၁၈) နဲ့ တရားစွဲတယ် ဆိုရင် - လက်ရှိဝန်ကြီးကို ဥပဒေပုဒ်မ (၂၉၄) မှာပါ- ညစ်ညမ်းစွာဆဲဆိုခြင်းနဲ့ အရေးယူလို့လည်း ရပါတယ်။ နောက် ပြည်သူလူထုကို ခြိမ်းခြောက်တဲ့အတွက် ဥပဒေပုဒ်မ (၅၀၆) နဲ့လည်း တရားစွဲလို့ရပါတယ်။ အဲဒါဆိုရင် ကျနော်တို့ကို တရားစွဲတဲ့ ပုဒ်မ (၁၈) နဲ့ တရားစွဲတယ်ဆိုရင် သူ့ကိုလည်း ပြည်ထောင်စုဝန်ကြီးကိုလည်း ဒီပုဒ်မနှစ်ခုနဲ့ ကျနော်တို့က ဦးတိုက်တရားစွဲပါမယ်ခင်ဗျ။”

အခုဆိုရင် ဆန္ဒပြတဲ့သူတွေကို ရဲလုံခြုံရေးတွေက ဝန်းရံထားပြီး ပန်းဘဲတန်း ရဲစခန်းနဲ့ ကျောက်တံတားရဲစခန်းတာဝန်ရှိသူတွေက  ဦးဆောင်ဆန္ဒပြသူ နှစ်ဦးကို စောင့်စားခေါ်ယူနေတယ်လို့ ဦးသန်းဆွေက နောက်ဆုံးအခြေအနေကို ပြောပြပါတယ်။

အခုလိုပြည်ထောင်စုဝန်ကြီးက ဒေသခံရွာသားတွေအပေါ် ကြမ်းတမ်းတဲ့ စကားလုံးနဲ့ သုံးနှုန်းပြောဆိုချက်တွေအပေါ် ထင်ရှားတဲ့ နိုင်ငံရေး လှုပ်ရှား သူတွေဘက်ကလည်း ကန့်ကွက်ရှုတ်ချခဲ့ကြပြီး လက်ရှိအရပ်သား အစိုးရ လက်ထက် အဆင့်မြင့်အုပ်ချုပ်ရေးပိုင်း တာဝန်ယူထားတဲ့ ဝန်ကြီးအနေနဲ့ နိုင်ငံရေးလောကနဲ့ သတင်းမီဒီယာအပါအဝင် ပြည်သူလူထုအပေါ်ထားတဲ့ သဘောထားနဲ့ ပတ်သက်ပြီးလည်း နိုင်ငံရေးအသိုင်းအ၀ိုင်းကလည်း မေးခွန်း ထုတ်လာကြတာဖြစ်ပါတယ်။

ပည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ သစ်ရာကောက်ကျေးရွာသားတွေအပေါ် စကားအသုံးကြမ်းတမ်းခဲ့မှုကို မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြကန့်ကွတ်နေသူများ။ ဖေဖော်ဝါရီ ၃၊ ၂၀၁၄။ (ဓာတ်ပုံအား ကိုအောင်သူရရဲ့ FB မှ ကူးယူဖော်ပြပါသည်။)
VOA
ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်ရဲ့ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အနီး သစ်ရာကောက်ကျေးရွာက ရွာသားတွေနဲ့ တွေ့ဆုံစဉ် ပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေအပေါ်မှာ စကားလုံးကြမ်းကြမ်း သုံးပြီး ပြောဆိုသုံးနှုန်းခဲ့တာနဲ့ပတ်သက်ပြီး မကျေနပ်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုက ဒီကနေ့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ ဦးဆောင်သူနှစ်ဦးကို ခွင့်ပြုမိန့်မရဘဲ ဆန္ဒထုတ်ဖော်မှု ပုဒ်မ (၁၈)နဲ့ တရားစွဲဆိုဖို့ အာဏာပိုင်တွေက ပြင်ဆင်နေချိန်မှာပဲ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကိုလည်း တန်ပြန်

မိတ္ထီလာခရိုင် အတွင်း၌ ယာဉ်တိုက်မှုဖြစ်ပွားရာ နောက်မှကူညီရန် လိုက်လာသော ဆွေမျိုးတစ်စု၏ယာဉ် ထပ်မံတိမ်းမှောက်သဖြင့် ခြောက်ဦးသေဆုံးကာ ၄၂ ဦး ဒဏ်ရာရရှိ

မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ဖေဖော်ဝါရီ ၂ ရက်က ယာဉ်တိုက်မှု ဖြစ်ပွားသော သတင်းကြားသိရသဖြင့် နောက်မှကူညီရန် လိုက်လာသော ဆွေးမျိုးတစ်စု စီးနင်းလာသောယာဉ် ထပ်မံတိမ်းမှောက်သဖြင့် လူခြောက်ဦး သေဆုံးခဲ့ကာ လူ ၄၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ် ရွှေကူကျေးရွာအနီး ရန်ကုန်-မန္တလေး မိုင်တိုင်အမှတ် ၃၇၈ အနီးတွင် နွားထိုးကြီးမြို့နယ် ကြာပင်အိုင် ကျေးရွာနေ ဦးရွှေဝင်း (၄၅)နှစ် မောင်းနှင်လာသော ၃ဌ/----အပြာရောင် ထော်လာဂျီယာဉ်နှင့် ပုသိမ်ကြီးမြို့နယ် သုံးအိမ်ကျေးရွာနေ ဦးအောင်ဝင်း(၅၈)နှစ် မောင်းနှင်လာသော ၉ဗ/-----ခဲရောင်ဗင်ကားတို့

ဆံပင်ဆိုးဆေး များကြောင့် ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်

ဆံပင်ဆိုးဆေး များကြောင့် ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်
Tuesday, February 4, 2014

ဆံပင် ဆိုးဆေးကို အသုံးပြုများတာကြောင့် သားမြတ်၊ ဆီးအိမ်၊ မမျိုးဥအိမ်၊ ဦးနှောက်နဲ့ သွေးကင်ဆာတွေ ဖြစ်နိုင် တယ်လို့ ယခင်က လေ့လာမှုတွေ အရ သိရှိခဲ့ပြီး ဖြစ်ပေမယ့် အခုချိန်မှာ ဆံပင် ဆိုးဆေးကို အသုံးပြု သူတွေ များပြားလျက် ရှိတယ်လို့ သိရှိ ရပါတယ်။

ဆံပင်ဆိုး ဆေးမှာ ပါဝင်တဲ့ ဓာတု ပစ္စည်း တွေဟာ ဆေးလိပ်ငွေ့နဲ့ တခြား လေထု ညစ်ညမ်း စေတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့တဲ့ အခါမှာ ကင်ဆာ ဖြစ်နိုင်တဲ့ အစွမ်းထက်ဆုံး ဒြပ်ပေါင်း တစ် မျိုးကို ဖန်တီးပေးနိုင် တယ်လို့သိပ္ပံ ပညာရှင်တွေက တွေ့ရှိ ထားပါတယ်။

ယနေ့ အချိန်ခါမှာ အမျိုးသမီး သုံးပုံတစ်ပုံခန့် ယောက်နှုန်း ဆံပင် ဆိုးဆေးကို အသုံးပြု နေကြတယ်လို့ သိရပါတယ်။ တစ်နှစ်ကို ကိုးကြိမ်ထက် ဆံပင်ဆိုးဆေး အသုံးပြု တဲ့ အမျိုးသမီး တွေဟာ သွေးကင်ဆာ ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း မြင့်မားတယ်လို့ တွေ့ရှိ ထားပါတယ်။

Secondary Amines ဝင်တတ်ပြီး ဆံပင်ဆိုးပြီး နောက်ဦး ရေပြား အတွင်း ဝင်ရောက်နိုင် ကာဆံပင် ပေါ်မှာလည်း သီတင်း ပတ်ပေါင်း၊ လပေါင်း များစွာ ရှိနေ နိုင်ပါတယ်။ နှစ်ပေါင်း များစွာ ထိတောင် ရှိနေ နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီ ဓာတု ပစ္စည်းဟာ ဆေးလိပ်ငွေ့နဲ့ မော်တော်ကား အိပ်ဇောငွေ့ တွေနဲ့ ဓာတ်တုံ့ပြန်မှု ဖြစ်ပြီး အလွန် အဆိပ်ပြင်းတဲ့ ဓာတု ပစ္စည်း N-nitrosanimes တွေ ဖြစ်ပေါ်ကာ ကင်ဆာ ရောဂါကို ဖြစ်စေနိုင်တယ်လို့ သုတေသီ တွေက မှတ်ချက် ပေးထား ပါတယ်။

Good Health
မြ၀တီ
ဆံပင် ဆိုးဆေးကို အသုံးပြုများတာကြောင့် သားမြတ်၊ ဆီးအိမ်၊ မမျိုးဥအိမ်၊ ဦးနှောက်နဲ့ သွေး ကင်ဆာတွေ ဖြစ်နိုင် တယ်လို့ ယခင်က လေ့လာမှုတွေ အရ သိရှိခဲ့ပြီး ဖြစ်ပေမယ့် အခုချိန်မှာ ဆံပင် ဆိုးဆေးကို အသုံးပြု သူတွေ များပြားလျက် ရှိတယ်လို့ သိရှိ ရပါတယ်။
ဆံပင်ဆိုး ဆေးမှာ ပါဝင်တဲ့ ဓာတု ပစ္စည်း တွေဟာ ဆေးလိပ်ငွေ့နဲ့ တခြား လေထု ညစ်ညမ်း စေတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့တဲ့ အခါမှာ ကင်ဆာ ဖြစ်နိုင်တဲ့ အစွမ်းထက်ဆုံး ဒြပ်ပေါင်း တစ် မျိုးကို ဖန်တီးပေးနိုင် တယ်လို့သိပ္ပံ ပညာရှင်တွေက တွေ့ရှိ ထားပါတယ်။

Monday, February 3, 2014

ကုန်တိုက်ဖောက်ပြီး အရုပ်မကို လိင်ဆက်ဆံခဲ့သူ

ကုန်တိုက်ဖောက်ပြီး အရုပ်မကို လိင်ဆက်ဆံခဲ့သူ
Monday, February 3, 2014

ကုန်တိုက်တခုထဲ ဖောက်ထွင်းဝင်ရောက်တဲ့ သူခိုး တဦးဟာ အ၀တ်အစားတွေ ပုံစံပြဖို့ လုပ်ထားတဲ့ အမျိုးသမီးပုံ အရုပ်ကို လိင်ဆက်ဆံခဲ့တာကို စီစီတီဗီ မှတ်တမ်းတခုမှာ တွေ့ရပါတယ်။ 

ဘရာဇီးနိုင်ငံ တောင်ပိုင်းက ဂျာရဂွာ အရပ်မှာ သူခိုးဟာ ကုန်တိုက်တွင်း ဖောက်ထွင်းပြီး ဝင်ရောက်ကာ အမျိုးသမီးပုံ အရုပ်ကို လိင် မဆက်ဆံခင်မှာ အရုပ်မရဲ့ ရင်သားကိုလည်း နမ်းလိုက်ပါသေးတယ်။ 

ပြီးမှ သူက တန်ဘိုးကြီးတဲ့ အဝတ်အထည် တွေကို ခိုးယူသွားခဲ့တာပါ။ 
 
သူခိုးရဲ့ အမျိုးသမီး အရုပ်ကို လိင်ဆက်ဆံခဲ့တဲ့ စီစီတီဗီ ဗီဒီယိုဖိုင်ဟာ ယူကျုမှာလည်း တက်သွားခဲ့ပြီး ကြည့်ရှုသူ ထောင်နဲ့ ချီတောင် ရှိပါတယ်။ 

(အရုပ်ဆိုတာက အ၀တ်အစားရောင်းတဲ့ဆိုင်ရှေ့တွေမှာ ထောင်ထားတတ်တဲ့ လူပုံတူအရုပ်တွေ ဖြစ်ပါလိမ့်မယ်။ ဆိုင်မှာရောင်းတဲ့ အဝတ်အထည်တွေကို ကြော်ငြာတဲ့သဘောနဲ့ အဲဒီအရုပ်တွေကို ဝတ်ပေးထားတတ်ကြပါတယ်။ အရုပ် ဆိုသော်ငြားလည်း လူတချို့ကို တပ်မက်မှု ဖြစ်ပေါ်စေတတ်ကြောင်း ဒီရုပ်သံက သက်သေဖြစ်နေပါပြီ)

တနေ့မှာတော့ သူခိုးဟာ ကုန်တိုက်ကို ပြန်လာခဲ့စဉ်မှာ ဝန်ထမ်းတွေကလည်း ယူကျုကို အခါခါ ကြည့်ထား ကြလေတော့ သူ့ကို မှတ်မိသွားခဲ့တာကြောင့် ဖမ်း မိလိုက်ပါတာလို့ ဗြိတိန်အခြေစိုက် Mirror သတင်းမှာ 
ဖော်ပြပါတယ်။(သူတို့မှာရှိတဲ့ မူရင်းရုပ်သံက အရည်အသွေး အတော်ကောင်းပုံပါပဲ။ အွန်လိုင်းမှာတော့ ခပ်ဝါးဝါးပဲ တက်လာပါတယ်)

ကုန်တိုက်မန်နေဂျာ Ricardo Carvalho က ဒီသူခိုးဟာ ထူးဆန်းတယ်လို့ မှတ်ချက်ပေးပါတယ်။ 

ရဲကတော့ သူဟာ မူးယစ်ဆေးအတွက် ငွေလိုအပ်လို့ ကုန်တိုက်ကို ဖောက်ထွင်း ခိုးယူတာပဲဖြစ်မယ်လို့ ပြောထားပါတယ်။  

 ကုန်တိုက်ဖောက်ထွင်းတယ်လို့ သံသယရှိခံရပြီး အဖမ်းခံနေရသူကတော့ သူ့အနေနဲ့ ကုန်တိုက်ကို ဖောက်ရုံကလွဲပြီး ဘာမှ လုပ်စရာ မရှိဘူးလို့ ဘရာဇီးသတင်းစာတစောင်ကို ပြောပါတယ်။ ဒါပေမယ့် သူက အမျိုးသမီးအရုပ်ကို လိင်ဆက်ဆံခဲ့တာ နဲ့ပတ်သက်လို့တော့ ဘာမှတ်ချက်မှ မပေးပါဘူး တဲ့။ 

ဒါကတော့ ယူကျုပေါ်မှာ ပျံ့နေတဲ့ သူခိုးက အရုပ်မကို လိင်ဆက်ဆံနေတဲ့ စီစီတီဗီမှတ်တမ်းပါ။  

http://www.youtube.com/watch?v=GCvwK3nIREE

အရုပ်မကို လိင်ဆက်ဆံခဲ့တဲ့ ကုန်တိုက်ကို ဖောက်သူလို့ သံသယဖြစ်ခံရသူကို ဖမ်းဆီးထားစဉ်၊ 
ဓာတ်ပုံ- mirror.co.uk
ကုန်တိုက်တခုထဲ ဖောက်ထွင်းဝင်ရောက်တဲ့ သူခိုး တဦးဟာ အ၀တ်အစားတွေ ပုံစံပြဖို့ လုပ်ထားတဲ့ အမျိုးသမီးပုံ အရုပ်ကို လိင်ဆက်ဆံခဲ့တာကို စီစီတီဗီ မှတ်တမ်းတခုမှာ တွေ့ရပါတယ်။

ဘရာဇီးနိုင်ငံ တောင်ပိုင်းက ဂျာရဂွာ အရပ်မှာ သူခိုးဟာ ကုန်တိုက်တွင်း ဖောက်ထွင်းပြီး ဝင်ရောက်ကာ အမျိုးသမီးပုံ အရုပ်ကို လိင် မဆက်ဆံခင်မှာ အရုပ်မရဲ့ ရင်သားကိုလည်း နမ်းလိုက်ပါသေးတယ်။

မြန်မာနိုင်ငံကို စစ်ရေးအရ ပိတ်ဆို့မှု ဥရောပသမဂ္ဂက သက်တမ်း ထပ်တိုးမည်

ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် စစ်ရေးအရ ပိတ်ဆို့မှုဖြစ်သည့် လက်နက် အပြန်အလှန် ရောင်းဝယ် မှုကို ဆက်လက် ပိတ်ပင်သည့်အနေနှင့် ဧပြီလတွင် သက်တမ်းတစ်နှစ် ထပ်တိုးသွားမည် ဖြစ်ကြောင်း ဥရောပ ကော်မရှင် ဒုတိယဥက္ကဋ္ဌ Ms.Catherine Ashton က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အတည်ပြု ပြောကြားလိုက်သည်။
မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် များကြောင့် ဥရောပသမဂ္ဂက စီးပွားရေးနှင့် နိုင်ငံရေး အရ ပိတ်ဆို့မှုအားလုံးကို ဖြေလျှော့ပေးခဲ့သော်လည်း လက်နက် အပြန် အလှန် ရောင်းဝယ် ဖောက်ကားခွင့် ကိုမူ ဆက်လက် ပိတ်ပင်ထားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဘားအံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထပ်ရွှေ့ရဖွယ်ရှိ

ဘားအံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထပ်ရွှေ့ရဖွယ်ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဒုတိယအကြိမ် တစ်ပြိုင်နက် တွေ့ဆုံမည့် ဘားအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မူလက ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားသော်လည်း အချိန် ထပ်မံရွှေ့ဆိုင်းရဖွယ် ရှိကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ (MPC) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

KNU နယ်မြေတွင် ကျင်းပသော လော်ခီးလာ ညီလာခံက အတည်ပြုထားသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး နှစ်ဖက် သဘောတူစာချုပ် (မူကြမ်း) ကို ဇန်နဝါရီလ ၂၉ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အဖွဲ့နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တွေ့ဆုံ ဆွေးနွေးပြီးနောက် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“အဲဒီမူကြမ်းမှာ အနည်းငယ်ညှိနှိုင်းဖို့ လိုအပ်တာတွေ နှစ်ဖက်လုံးမှာ ပြန်ညှိပြီး ဖေဖော်ဝါရီလ နောက်ဆုံးပတ်လောက်မှာ ရန်ကုန်မှာ ပြန်တွေ့ကြဖို့ရှိတော့ ဘားအံဆွေးနွေးပွဲက မတ်လဆန်း လောက်မှ ဖြစ်နိုင်မယ်” ဟု ၎င်းကဆိုသည်။

ယင်းအတွက် ဘားအံဆွေးနွေးပွဲ ကျင်းပနိုင်မည့်နေ့ရက် အတိအကျကို အစိုးရနှင့် NCCT တို့ ရန်ကုန်မြို့တွင် ထပ်မံတွေ့ဆုံပြီး နောက်ပိုင်းမှသာ အတည်ပြု ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း MPC ထံမှ သိရသည်။

၂၀၁၄ ခုနှစ်အတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် နှစ်ဖက်လုံးက လိုလားနေကြောင်း၊ ဆွေးနွေးမှုများ ထပ်မံအချိန် မကြာမြင့်စေရန် လော်ခီးလာ ညီလာခံကို မူလသုံးရက် စီစဉ်ထားရာမှ ခြောက်ရက် ကြာသည်အထိ ကျင်းပခဲ့ပြီး အပြီးသတ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ရှင်းပြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ညီလာခံမှာ မတူညီ ကွဲပြားတဲ့ သဘောထား ရပ်တည်ချက်တွေနဲ့ အစပြုခဲ့ပြီး အဆုံးမှာ ဘုံရပ်တည်ချက် တစ်ခုအနေနဲ့ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ချက် ချနိုင်တဲ့အထိ ကြိုးပမ်း အားထုတ်ခဲ့ကြတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင် အားလုံးကို ချီးကျူး ဂုဏ်ပြုပါတယ်” ဟု ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်လွှင့်သည့် လစဉ် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားထားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ဘားအံတွင် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးပြီးပါက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို နေပြည်တော်တွင် ကျင်းပရန်နှင့် အချိန်တိုအတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် ရည်မှန်းကြောင်း အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင်အချို့က ပြောကြားထားသည်။
အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဒုတိယအကြိမ် တစ်ပြိုင်နက် တွေ့ဆုံမည့် ဘားအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မူလက ဖေဖော်ဝါရီ လ နှောင်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားသော်လည်း အချိန် ထပ်မံရွှေ့ဆိုင်းရဖွယ် ရှိကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ (MPC) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လိုင်စင်မဲ့ကားများ ဖမ်းဆီးရန် တိုင်ကြားမှုများ တိကျဖို့လိုဟုဆို

မန္တလေးတိုင်းအတွင်း တရားမ၀င် လိုင်စင်မဲ့ကား စီးနင်းနေမှုများကို ဆက်တိုက်ဖမ်းဆီးနေရာ ပိုမိုဖမ်းဆီး နိုင်စေရန် တိကျရန် တိုင်ကြားမှုများ လိုအပ်သည်ဟု အမှတ်-၁၁၊ ယာဉ်ထိန်း ဒု-တပ်ဖွဲ့ခွဲမှူးရုံး (မန္တလေး) ဒု-တပ်ဖွဲ့ခွဲမှူး ရဲမှူး သိန်းကိုကိုက ပြောသည်။
“လိုင်စင်မဲ့ကားတွေဖမ်းဆီးမှုကို ဆက်တိုက် လုပ်ဆောင်နေပါတယ်။ လိုင်စင်မဲ့ ကားတွေ ဖမ်းရာမှာ အိမ် တိုင်ရာရောက်လည်း လိုက်လံဖမ်းဆီးမှု လုပ်ဆောင်ပါတယ်။ အဲဒီအတွက် တိကျတဲ့ တိုင်ကြားမှုတော့

မီဒီယာလွတ်လပ်ခွင့် ပိုမိုရလာခြင်းသည် ရောထွေးနေသောရလဒ်များကို ဆောင်ကြဉ်းဟုဆို

မြန်မာနိုင်ငံတွင် မီဒီယာကန့်သတ်ချုပ်ချယ်မှုများကို ဖယ်ရှားလိုက်ခြင်းသည် ရောထွေးနေသော ရလဒ် များ ထွက်ပေါ်လာစေခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ USIP က ဆိုခဲ့ပြီး၊ သတင်း အချက်အလက်များကို ရရှိနိုင်သည့် အခွင့်အလမ်းများ တိုးတက်လာခြင်းသည် ပဋိပက္ခဖြစ်နိုင်ချေများကို လည်း ပိုမိုတိုးမြင့်လာစေခဲ့ကြောင်း USIP က ထုတ်ပြန်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ လွှတ်တော်တွင် ဖွဲ့စည်းမည်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆောင်ရွက်ခွင့်ရှိမည့် ကော်မတီတစ်ခုကို ယခုကျင်းပနေ ဆဲ န၀မအကြိမ် လွှတ်တော်အစည်းဝေးတွင် ထပ်မံဖွဲ့စည်းသွားမည်ဟု ပြည်ထောင်လွှတ်တော် ဥပဒေ ကြမ်း ပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက မဇ္ဈိမကို ဖေဖော်ဝါရီ ၂ ရက်တွင် ပြောသည်။

“ဒီအစည်းအဝေးအတွင်းမှာဖွဲ့မှာ ဘယ်ရက်လို့တော့ အတိအကျမပြောနိုင်ဘူ။း ဒီကော်မတီက အရင် ကော်မတီထက် လုပ်ပိုင်ခွင့်ပိုရမယ်လို့ ပြောလို့ရတယ်။ သက်တမ်းကလည်း ပိုကြာနိုင်မယ်။ အခုတင် ထားတဲ့ အချက်တွေက ဘယ်ဟာက ပြင်သင့်တယ်၊ ဘယ်ဟာကတော့ မပြင်သင့်ဘူးဆိုတာကို လွှတ် တော်ကို အစီရင်ခံရမှာ”ဟု ၎င်းက ဆိုသည်။

ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့် KIA တိုက်ပွဲနှစ်ပွဲ ထပ်ဖြစ် သစ်မှောင်ခိုလုပ်သူများ ထွက်ပြေးတိမ်းရှောင်


ကချင်ပြည်နယ်၊ မန်စီမြို့နယ်နှင့် မိုးမောက်မြို့နယ်တို့တွင် ဇန်န၀ါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေ သည်မှာ လေးရက်ကြာရှိနေပြီဖြစ်သည်ဟု ကေအိုင်အို ငြိမ်းချမ်းရေး နည်းပညာအကြံပေးအဖွဲ့မှ ဦးဒေါင်ခါးက မဇ္ဈိမကို ပြောသည်။

တင်းမာသော အခြေအနေနှင့် ပဋိပက္ခများကြားမှ ထိုင်းရွေးကောက်ပွဲကျင်းပ

တင်းမာသော အခြေအနေနှင့် ပဋိပက္ခများကြားမှ ထိုင်းရွေးကောက်ပွဲကျင်းပ

မဲပေးခွင့် ရရှိရေးအတွက် နိုင်ငံသားကတ်ပြား ကိုင်ဆောင်ကာ မဲရုံးပြင်ပမှ အော်ဟစ်တောင်းဆိုနေစဉ် (Photo:AFP)

အခြေအနေ တင်းမာမှုများကြားမှ ကျင်းပခြင်းဖြစ်သည့် ထိုင်းရွေးကောက်ပွဲအတွက် ဖေဖော်ဝါရီ ၂ ရက်က မဲရုံများ ဖွင့်လှစ်ခဲ့သော်လည်း နိုင်ငံ၏ အချို့ဒေသများတွင်မူ အတိုက်အခံ ဆန္ဒပြသူများက မဲဆန္ဒရှင်များ၏ မဲပေးမှုကို တားမြစ်ပိတ်ပင်နေကြကြောင်း သိရသည်။ ရွေးကောက်ပွဲမတိုင်မီ တစ်ရက်အလိုကလည်း မြို့တော်ဘန်ကောက်တွင် အစိုးရကို ထောက်ခံသော ဆန္ဒပြသူများနှင့် ဆန့်ကျင်သော ဆန္ဒပြသူများအကြား သေနတ်နှင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သောကြောင့် အကြမ်းဖက်မှုများ ထပ်မံဖြစ်ပေါ်မည်ကို စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

ဖေဖော်ဝါရီ ၂ ရက် ရွေးကောက်ပွဲတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကြောင့် နိုင်ငံတွင်းရှိ မဲဆန္ဒနယ် ၃၇၅ နယ်အနက် ၄၅ နယ်၌ မဲပေးမှုများ ပြုလုပ်နိုင်မည်မဟုတ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုများ အားကောင်းရာ နိုင်ငံမြောက်ပိုင်းတွင် မဲဆန္ဒနယ် ၄၂ နယ်သို့ မဲပြားများနှင့် မဲပုံးများ ပေးပို့နိုင်ခြင်း မရှိစေရန် ဆန္ဒပြသူများက စာတိုက်များကို ပိတ်ဆို့ထားသည်ဟု ရွေးကောက်ပွဲကော်မရှင်၏ အထွေထွေအတွင်းရေးမှူး ပူချွန်နျူထရာဝန်က ပြောကြားခဲ့သည်။

မြို့တော်ဘန်ကောက်တွင်မူ ဖေဖော်ဝါရီ ၁ ရက်က ပဋိပက္ခ ဖြစ်ပွားခဲ့သည့် Lak Si မဲဆန္ဒနယ် အပါအဝင် မဲဆန္ဒနယ် သုံးခုထက်မနည်းတွင် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း သိရှိရသည်။ ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ပွားခဲ့သော အစိုးရထောက်ခံသူနှင့် ဆန့်ကျင်သူတို့၏ သေနတ်နှင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း လူခုနစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ သို့သော် မြို့တော်အတွင်းရှိ နေရာအချို့တွင်မူ အတိုက်အခံ ဆန္ဒပြသူတို့၏ နှောက်ယှက်ခြင်းကို မခံရဘဲ မဲပေးမှုများ စတင်နိုင်သည့် အခြေအနေတွင် ရှိနေသည်။ ဝန်ကြီးချုပ် ယင်လက်သည် ရွေးကောက်ပွဲနေ့ အစောပိုင်း၌ မြို့တော်ရှိ မဲရုံတစ်ရုံ၌ မဲလာထည့်သည်ကို မီဒီယာများတွင် ဖော်ပြခဲ့သည်။

ရွေးကောက်ပွဲနေ့၌ မဲရုံအချို့တွင် အတိုက်အခံတို့၏ စီးနင်းထားမှုကြောင့် မဲမပေးနိုင်သူများသည် မှတ်ပုံတင်များအား ကိုင်ဆောင်ပြီး ကြွေးကြော်လျက်ရှိနေသည်ကို တွေ့ရစဉ် (Photo:AFP)

မတည်ငြိမ်သော နိုင်ငံတောင်ပိုင်းတွင်မူ မဲရုံတစ်ရုံ ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေသော စစ်သားသုံးဦးနှင့် အစိုးရ အရာရှိတစ်ဦးတို့သည် ချောင်းမြောင်းတိုက်ခိုက်ခံရသောကြောင့် သေဆုံးခဲ့ကာ သူပုန်တို့၏လက်ချက် ဖြစ်ဖွယ်ရှိကြောင်း သိရသည်။ မလေးရှားနှင့် ထိစပ်နေသော မွတ်စလင်အများစုနေထိုင်သည့် ပြည်နယ်တစ်ခုဖြစ်သော Pattani တွင်လည်း ဖေဖော်ဝါရီ ၁ ရက်နှောင်းပိုင်းက လမ်းဘေးဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး လက်နက်ကိုင်တို့၏ သေနတ်နှင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူလေးဦး သေဆုံးခဲ့ရသည်။ သို့သော် ယင်းဖြစ်ရပ်သည် ရွေးကောက်ပွဲနှင့် ဆက်စပ်ဖွယ်မရှိဟု ယုံကြည်ရသည်။

ဝန်ကြီးချုပ် ရှင်နာဝပ်ထရာသည် နိုင်ငံအတွင်း မြင့်တက်လာသည့် မတည်ငြိမ်မှုများကို လျော့ကျအောင် မလုပ်ဆောင်နိုင်ချိန်တွင် ရွေးကောက်ပွဲတစ်ရပ်ကို အလျင်အမြန် ကျင်းပခဲ့ခြင်းဖြစ်သည်။ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများမှာမူ ရွေးကောက်ပွဲကို တစ်နှစ်ခန့်ရွှေ့ဆိုင်းကာ သက်ဆင်၏လွှမ်းမိုးမှုကို ဖယ်ရှားနိုင်မည့် ရွေးကောက်တင်မြှောက်ခြင်းမရှိဘဲ ပေါ်ထွက်လာသော ပြည်သူ့ကောင်စီတစ်ရပ်ကိုသာ လိုလားနေကြခြင်းဖြစ်သည်။    

Ref:AFP
မဲပေးခွင့် ရရှိရေးအတွက် နိုင်ငံသားကတ်ပြား ကိုင်ဆောင်ကာ မဲရုံးပြင်ပမှ အော်ဟစ်တောင်းဆိုနေစဉ် (Photo:AFP)

အခြေအနေ တင်းမာမှုများကြားမှ ကျင်းပခြင်းဖြစ်သည့် ထိုင်းရွေးကောက်ပွဲအတွက် ဖေဖော်ဝါရီ ၂ ရက်က မဲရုံများ ဖွင့်လှစ်ခဲ့သော်လည်း နိုင်ငံ၏ အချို့ဒေသများတွင်မူ အတိုက်အခံ ဆန္ဒပြသူများက မဲဆန္ဒရှင်များ၏ မဲပေးမှုကို တားမြစ်ပိတ်ပင်နေကြကြောင်း သိရသည်။ ရွေးကောက်ပွဲမတိုင်မီ တစ်ရက်အလိုကလည်း မြို့တော်ဘန်ကောက်တွင် အစိုးရကို ထောက်ခံသော ဆန္ဒပြသူများနှင့် ဆန့်ကျင်သော ဆန္ဒပြသူ များအကြား သေနတ်နှင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သောကြောင့် အကြမ်းဖက်မှုများ ထပ်မံဖြစ်ပေါ်မည်ကို စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

ရောဂါကင်းကင်းနဲ့ အသက်ရှည်ရှည် နေထိုင်နိုင်ရေး အတွက် ဘဝနေနည်း ၁ဝ ချက်

ရောဂါကင်းကင်းနဲ့ အသက်ရှည်ရှည် နေထိုင်နိုင်ရေး အတွက် ဘဝနေနည်း ၁ဝ ချက်

ဘဝမှာ ရောဂါကင်းကင်းနဲ့ သက်သောင့်သက်သာ အသက်ရှည်ရှည် နေထိုင်ဖို့ အတွက် လိုက်နာရမယ့် ဘဝနေနည်း (၁ဝ) မျိုးရှိပါတယ်။ အဲဒီ (၁ဝ) မျိုးကို လိုက်နာခဲ့မယ်ဆိုရင် အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်နိုင်လိမ့်ပါမယ်။

(၁) နေ့စဉ် အားကစား နာရီဝက်လုပ်ပါ

နေ့စဉ် ရုံးအလုပ်၊ ဆိုင်အလုပ်တွေကြောင့် ပင်ပန်းငြီးငွေ့လို့ ရေချိုးတော့မယ် ဆိုရင် တစ်ခုတော့ သတိရလိုက်ပါ။ ခန္ဓာကိုယ်ကို ချွေးထွက်အောင် အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး လေ့ကျင့်ခန်း နာရီဝက်လောက် တစ်ခုခု ကစားပေးပါ။ အဲဒီအခါ ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်း လာပါလိမ့်မယ်။ အဆီပိုတွေ လောင်ကျွမ်းပြီး ခန္ဓာကိုယ် အလေးချိန် ဆီအမ်အိုင် (၁၈ ဒသမ ၉-၂၄ ဒသမ ၉) ရှိနေဖို့ အားကစားကိုလုပ်သင့်ပါတယ်။

(၂) ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်ခြင်းဖြင့် ခန္ဓာကိုယ် အတွင်းမှာ ကာဗွန်ဒိုင် အောက်ဆိုက်များပြီး နုံးခွေစေပါတယ်။ တစ်နေ့ကို ဆေးလိပ်အလိပ် ၂ဝ နဲ့ အထက် သောက်တဲ့သူတွေဟာ သွေးကြောများ ရုတ်တရက် ပိတ်ဆို့ခြင်း၊ နှလုံးကို ရုတ်တရက် အတိုက်ခံရခြင်း၊ ဦးနှောက် ရုတ်တရက် အတိုက်ခံရခြင်း၊ လေဖြတ်ခြင်း တို့ကို ဖြစ်နိုင်ပါတယ်။ အသက်ရှည်ရှည် နေချင်ရင်တော့ ဆေးလိပ်ကို ဖြတ်ကိုဖြတ်ရပါလိမ့်မယ်။

(၃) ကိုယ်အလေးချိန်လျှော့ပါ

ခန္ဓာကိုယ်ရဲ့ အလေးချိန်ဟာ ပုံမှန်ထက် ပိုနေရင် အသည်းအဆီ ဖုံးရောဂါ၊ အဝလွန်ရောဂါ၊ သွေးထဲမှာ ကိုလက်စထရောမြင့်တဲ့ ရောဂါ၊ သွေးထဲမှာ အငန်ဓာတ် များခြင်း၊ သွေးတိုးနဲ့ လေသင်တုန်း ဖြတ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ လူတိုင်းလက်ရှိ ခန္ဓာကိုယ် အလေးချိန် ဆီအမ်အိုင်(၁၈ ဒသမ ၉- ၂၄ ဒသမ ၉) အတွင်း ရှိရပါမယ်။

(၄) အငန်ဓာတ်လျှော့စားပါ

ခန္ဓာကိုယ်ထဲမှာ အငန်ဓာတ်များရင် သွေးတိုးရောဂါ ခံစားရတတ်ပါတယ်။ ဖြစ်နိုင်ရင် သွေးပေါင်ကို နေ့စဉ်ချိန်ပါ၊ သွေးအတွင်းမှာ ဆားဓာတ် များစေတဲ့ အခြေအနေက ရှောင်ကြဉ်ပါ။ တတ်နိုင်ရင် ဆားအပိုစားခြင်းကို ရှောင်သင့်ပါတယ်။

(၅) နည်းစနစ်မှန်တဲ့ အားကစားလုပ်ပါ

နည်းစနစ်မှန်ဖို့ ဘော်လီဘော၊ ဘောလုံး၊ ရေကူး စတဲ့ နည်းစနစ် များနဲ့ သေသေချာချာ သင်ကြားစေချင်ပါတယ်။ နည်းစနစ် မှန်ခဲ့ရင် ဒီထက်မက စွမ်းဆောင်နိုင်စွမ်း ရှိကြောင်း၊ မိမိရဲ့စံချိန်များ ရေးမှတ်ထားရင် အားကစားလည်း တိုးတက်ပြီး အားကစား တစ်ရပ်ရပ်မှာ ထူးချွန်ထက်မြက် လာနိုင်ပါတယ်။

(၆) အဆီလျှော့စားပါ

အဆီဆိုတဲ့နေရာမှာ တိရစ္ဆာန်အဆီ၊ ပြည့်ဝဆီ၊ နှစ်ခါပြန်ကြော် ဆီတွေကို မစားသင့်ပါဘူး။ မပြည့်ဝဆီ၊ နှမ်းဆီ၊ မြေပဲဆီ၊ နေကြာဆီတွေ ကို အသုံးပြုနိုင်သလို ဆီပြန်ဟင်းဆိုရင် အဆီမပါစေဘဲ အသားခပ်ယူပြီး စားသုံးနိုင်ပါတယ်။

(၇) စိတ်ဖိစီးမှုလျှော့ချပါ

စိတ်ဖိစီးမှု လျှော့ချပါဆိုရာမှာ တတ်နိုင်သလောက် စိတ်လှုပ်ရှားမှု၊ အိပ်မပျော်မှု၊ စိုးရိမ်ပူပန်မှုတွေ လျှော့ပစ်ဖို့လိုပါတယ်။ ဒီထက်ဆိုးလာရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး စိတ်ဖိစီးမှု လျော့စေတဲ့ ကုသနည်းကို သုံးပါ၊ ဒါမှမဟုတ် ဘာသာရေး လိုက်စားပြီး ကျင့်စဉ်တို့ သမာပတ်၊ ဝိပဿနာ တို့ကို ကျင့်ကြံ ဆောင်ရွက်နိုင်ပါတယ်။

(၈) ပြည့်ဝဆီရှောင်ပါ

ပြည့်ဝဆီတွေဟာ ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ အဆီအဖြစ် ပြောင်းလဲပြီး ကိုလက်စထရော အနေနဲ့ စုဆောင်း နေမိတတ်ပါတယ်။ နှစ်ကြာလို့ အဆီပြင်အဖြစ် ပြောင်းလဲသွားရင် ဆေးနဲ့ပဲဖြစ်ဖြစ်၊ အားကစား လုပ်လို့ ပဲဖြစ်ဖြစ် အဆီ မကျတော့ပါဘူး။ ဒီအခါမှာ မလိုလားအပ်ဘဲ ခွဲစိတ်ဖယ်ရှားတာတွေ လုပ်ရတယ်။ ဒီအတွက် အဆီပြင် မဖြစ်ခင်ကတည်းက အဆီ (ပြည့်ဝဆီ)ကို ရှောင်သင့်ပါတယ်။

(၉) အရက်လျှော့ပါ

အရက်လျှော့ပါ ဆိုတာက လူတိုင်းအတွက် ပြောရရင် အရက်ဟာ ကိုလက်စထရောကို မြင့်စေပြီး သွေးထဲမှာ ကိုလက်စထရော များလာပြီးတော့ ရုတ်တရက် နှလုံးတိုက်ခိုက် ခံရခြင်း၊ ရုတ်တရက် ဦးနှောက်အတိုက် ခိုက်ခံရခြင်း၊ လေဖြတ်ခြင်း ဖြစ်တတ်ရုံသာ မက နှလုံးသွေးတိုး ရောဂါ တို့ကို ဖြစ်စေပါတယ်။ အတိုင်းထက် အလွန် အရက်စွဲ ရောဂါဖြစ်လာတဲ့ အခါမှာ စိတ်မူမမှန်ခြင်း၊ ဦးနှောက်အာရုံကြော ရောဂါဖြစ်ခြင်း စတဲ့ဆိုးကျိုး တွေကို ခံစားရမှာ ဖြစ်တယ်။

(၁ဝ) သင့်တင့်စွာ စားပါ

လူတိုင်း မိမိခန္ဓာကိုယ် အလေးချိန် ဆီအမ်အိုင် (၁၈ ဒသမ ၉- ၂၄ ဒသမ ၉) ထက် မပိုသင့်ပါဘူး။ ချက်ပြုတ်စရာ မလိုဘဲ အသင့် အမြန်စားသုံးဖို့ ပြုလုပ်ထားတဲ့ အစာမှာ အချို၊ အငန်၊ အဆီကဲ့သို့ ခန္ဓာကိုယ်တွင်းကို ဆားဓာတ်၊ အဆီဓာတ် ရောက်တတ်တဲ့ ရယ်ဒီမိတ် အစားအစာကို စားမယ်ဆိုရင် အဝလွန်ခြင်း ဖြစ်စေတဲ့အပြင် ရောဂါများ ရစေပါတယ်။

အထက်ပါ အချက်များကို လိုက်နာခြင်းဖြင့် အသက်ရှည်ပြီး အနာမဲ့စွာ နေထိုင်နိုင်မှာဖြစ်ပါတယ်။

မြ၀တီ 
ဘဝမှာ ရောဂါကင်းကင်းနဲ့ သက်သောင့်သက်သာ အသက်ရှည်ရှည် နေထိုင်ဖို့ အတွက် လိုက်နာရမယ့် ဘဝနေနည်း (၁ဝ) မျိုးရှိပါတယ်။ အဲဒီ (၁ဝ) မျိုးကို လိုက်နာခဲ့မယ်ဆိုရင် အသက် ထက်ဆုံး ပျော် ရွှင်စွာ နေထိုင်နိုင်လိမ့်ပါမယ်။

(၁) နေ့စဉ် အားကစား နာရီဝက်လုပ်ပါ

တစ်လ အတွင်း အမြန်လမ်း ၌ ယာဉ်တိုက်မှု (၂၃ ) မှု ဖြစ်ပွား၊ ဆယ်ဦး သေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်း ၌ ဇန်န၀ါရီ လ တွင် ယာဉ်တိုက် မှု (၂၃) မှု ဖြစ်ပွား ခဲ့ပြီး၊ (၁၀) ဦး သေ ဆုံး ကာ (၃၇) ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်း ရဲတပ်ဖွဲ့  မှ သိရသည်။
အမြန်လမ်းမှာက အကွေ့တွေနဲ့ နေပူ တဲ့အချိန်မှာ မောင်းတော့ တာယာ က ပွတ် တိုက်မှုများပြီး၊ ဘီး ပေါက် ပြီးဖြစ်တာတွေ များတယ်။ ဒီလက အရင်လကထက်များ တယ်။ အရင်လ က လေးဦးပဲ သေတယ်။ ဒီလ က(၁၀) ဦးအထိသေဆုံးခဲ့တယ်””ဟု အမြန် လမ်းရဲတပ်ဖွဲ့ မှ ဒုရဲအုပ် ဒေါ်စန်းစန်းလှိုင်က ပြောသည်။အဆိုပါ အမြန်လမ်းတွင် သတ်မှတ် မိုင်နှုန်းထက် ပိုမမောင်းရန်

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်များသည် အစိုးရအဖွဲ့ကို ကိုယ်စားမပြုကြောင်း သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ပြောကြား

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်များသည် အစိုးရအဖွဲ့ကို ကိုယ်စားမပြုကြောင်း သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ပြောကြား
Monday. February 3, 2014

မွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်များသည် ၎င်း၏သဘောသာဖြစ်ပြီး အစိုရအဖွဲ့ကို ကိုယ်စားမပြုကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖေဖော်ဝါရီ ၂ ရက်တွင် Weekly Eleven သတင်းဂျာနယ်သို့ ပြောကြားသည်။

“ဦးအုန်းမြင့်ရဲ့ ပြောကြားချက်များဟာ သူ့သဘောသာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ကို ကိုယ်စားမပြုပါဘူး။ ၀န်ကြီးဦးအုန်းမြင့် အနေနဲ့လည်း သူ့ပြောကြားချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်များကို ပြန်လည်သုံးသပ်ပြီး ပြည်သူတွေ အထင်မမှားအောင် ပြန်လည်ရှင်းပြသင့်တယ်လို့ ထင်ပါတယ်” ဟု ဦးရဲထွဋ်က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ မည်သည့်နိုင်ငံရေး သမားကိုမှ ဂရုစိုက်စရာမလိုပဲ ဆန့်ကျင်ပါက ထောင်ထဲပို့မည် အပါအ၀င် အခြားပြောကြားချက်များကို ဇန်န၀ါရီ ၃၀ ရက်ထုတ် ယူနတီဂျာနယ် အတွဲ ၃ အမှတ် ၅ တွင် ဖော်ပြခဲ့သည့်နည်းတူ အင်တာနက် စာမျက်နှာများတွင်လည်း ၎င်းပြောကြားခဲ့သည့် ရုပ်သံဖိုင်များ ပျံ့နှံ့ခဲ့သည်။

ယင်းသို့ ပြောကြားချက်များမှာ သမ္မတ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်များ အပေါ်တွင်လည်းကောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ပြည်သူများ နိုင်ငံရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ အပေါ်တွင်လည်းကောင်း အထင်အမြင် လွဲမှုများ ဖြစ်စေခဲ့သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖေဖော်ဝါရီ ၁ ရက်တွင် ၎င်း၏ Facebook ၌ ရေးသားခဲ့ပါသည်။

ဦးအုန်းမြင့်ရဲ့ ပြောကြားချက်များဟာ သူ့သဘောသာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ကို ကိုယ်စားမပြုပါဘူး။ ၀န်ကြီးဦးအုန်းမြင့် အနေနဲ့လည်း သူ့ပြောကြားချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်များကို ပြန်လည်သုံးသပ်ပြီး ပြည်သူတွေ အထင်မမှားအောင် ပြန်လည်ရှင်းပြသင့်တယ်လို့ ထင်ပါတယ် 
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က လက်ရှိအစိုးရအပေါ် စေတနာပျက်အောင် မလုပ်ရန်၊ ဘုကလန့်မလုပ်ရန် မှာကြားပြီး ယင်းသို့လုပ်ဆောင်ပါက ငွေကြေးအထောက်အပံ့ လုံးဝပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု ယူနတီဂျာနယ်၌ ဖော်ပြထားချက်အရ သိရသည်။

“ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး။ ခင်ဗျားတို့မှတ်ထားကြ။ ကျွန်တော့်နာမည် ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွဆိုပြီး မိန့်ခွန်းလာပြောတာ။ ရှင်းတယ်နော် ကျွန်တော်ပြောတာ။ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး။ ကျွန်တော်အခုမှ နိုင်ငံရေးစကား စပြောတာပဲ။ နိုင်ငံရေးစကားဆိုတာ တက်နေတဲ့အစိုးရအပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ။ ပါးစပ်နဲ့ တွယ်လို့မရရင် အချုပ်ထဲထည့်မှာပဲ။ နိုင်ငံတကာမှာ ဒီလိုပဲကျင့်သုံးနေတယ်။ အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင် သွားမင်းအချုပ်ထဲနေ။ ငါတို့ အစိုးရထွက်ရင် မင်းထွက်ဒါပဲ။ အဲဒါ မင်းတို့ တရားဝင်ဘောင်ထဲက ပြောနိုင်တဲ့ကောင်တွေပြော။ ပြောခွင့်ပေးထားတယ်ပြော။ ပြောခွင့်ရှိတဲ့အတွက် ကျွန်တော်ပြောတယ်။ ခင်ဗျားတို့သိအောင် ပြောနေတာ။ ကျွန်တော်တို့ ခါးကြားမှာ သေနတ်ထိုးပြီးတော့ ပခုံးပေါ်မှာ သေနတ်လွယ်ပြီး အုပ်ချုပ်ခဲ့တာပဲဟာ။ ဘာမှမတိုးတက်ဘူးပြော။ သောက်ရူးတွေပြောနေတာ။ ခင်ဗျားတို့ သောက်ရူးတွေပြောတာ မယုံနဲ့။ အဲဒီလွှတ်တော်ထဲ ရောက်နေတဲ့လူတွေအကုန် အဲဒီလွှတ်တော်ကြီး ဘယ်သူဆောက်ခဲ့လဲမေး၊ စစ်တပ်ကဆောက်ခဲ့တာ။ အဲဒီမြို့ကြီး ဘယ်သူတည်ထောင်ခဲ့လဲ၊ စစ်တပ်ကတည်ခဲ့တာ။ ဒီလမ်းမကြီး ဘယ်သူဖောက်ခဲ့လဲ။ စစ်တပ်ကဖောက်ခဲ့တာ။ စစ်တပ်က မဟုတ်တာတွေ လုပ်နေတယ်။ မြေတွေသိမ်းပြီး မဟုတ်တာလုပ်နေတယ်လို့ ပြောနေတဲ့လူတွေက ဘယ်လိုလူတွေလဲဆိုတာ ခင်ဗျားတို့ တစ်နေ့သဘောပေါက်လာမယ်။ နိုင်ငံတကာက ကူညီမှာ၊ ဘယ်အစိုးရတက်မှ ကူညီမှာ၊ အလကားပြောတာ။ တရုတ်က ကူညီတယ်ဆိုတာလည်း သူအကျိုးအမြတ်ရလို့ ကူညီတာ။ အဲဒီတော့ သူများပါတီတွေ အရမ်းကာရော လျှောက်ပြောတာ ခင်ဗျားတို့ နားမယောင်နဲ့။ ယောင်ယောင်မယောင်ယောင် ကျွန်တော်တို့ကတော့ ဂရုမစိုက်ဘူး။ ကျွန်တော်တို့အစိုးရက ခက်ခက်ခဲခဲနဲ့ မဲနိုင်ပြီး နေရာရလာတာ” ဟု အထက်ပါဝန်ကြီးက ဆက်လက်ပြောကြားသည်။

“ကိုယ့်လမ်းကိုကိုယ်လျှောက်ရမယ့်လူတွေ ဖြစ်တဲ့အတွက် ခင်ဗျားတို့ ဘုကလန့်မပြောနဲ့။ ကန့်လန့်တိုက်မပြောနဲ့။ ပြောရင် ခင်ဗျားတို့အတွက် တစ်ပြားမှလုပ်မပေးဘူး။ တိုင်ချင်တဲ့နေရာ တိုင်လို့ရတယ်။ ခင်ဗျားတို့တိုင်ရင်လည်း ကျွန်တော်မရောက်သေးလို့ပါ ပြောလိုက်ရုံပဲ ရှင်းတယ်နော်။ အဲဒီတော့ စေတနာပျက်အောင်တော့ ခင်ဗျားတို့ မပြောနဲ့။ သူများတွေ ပြောနေတယ်။ ဘယ်သူအာဏာရရင် ဘာတွေလုပ်ပေးမယ်ဆိုတာ အလကားပြောနေတာ။ ရူးလို့ပြောနေတာ။ အကောင်းဆိုရင် ဒီစကား ယုံစရာကို အကြောင်းမရှိဘူး” ဟု ၎င်းကဆိုသည်။

“ကိုးလိုးကန့်လန့်တိုက်ပြီး လျှောက်ပြောနေတဲ့သူတွေက ကျွန်တော်တို့နဲ့မဆိုင်ဘူး။ ခင်ဗျားတို့က တန်းစီလှည့်တာလည်း မပြောဘူး။ ဖွဲ့စည်းပုံအကြောင်းလည်း မပြောဘူး။ အာဏာရတဲ့အကြောင်းလည်း မပြောဘူး။ ကျွန်တော်တို့က တန်းစီလှည့်တာလည်း မပြောဘူး။ ကြိုက်သလောက်လှည့်၊ မကျေနပ်ရင် လဲသေ၊ ကိုယ်လုပ်စရာရှိတာတော့ လုပ်ပေးတယ်” ဟု ဦးအုန်းမြင့်က ထပ်မံပြောကြားသည်။

ဦးအုန်းမြင့်၏ ပြောကြားချက်များအပေါ် ပြည်သူလူထုက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များကလည်း ထိုကဲ့သို့ မပြောသင့်ကြောင်း ဝေဖန်မှုများရှိခဲ့ကာ အစိုးရအဖွဲ့၏ ပြည်သူအပေါ် သဘောထားကိုလည်း မေးခွန်းထုတ်စရာများ ဖြစ်စေခဲ့သည်။

ဇန်န၀ါရီ ၃၀ ရက်ထုတ် ယူနတီဂျာနယ်၌ ဖော်ပြခဲ့သော ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်ပါသတင်းကို တွေ့ရစဉ်

Eleven Media Group
မွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်များသည် ၎င်း၏သဘောသာဖြစ်ပြီး အစိုရအဖွဲ့ကို ကိုယ်စား မပြုကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖေဖော်ဝါရီ ၂ ရက်တွင် Weekly Eleven သတင်းဂျာနယ်သို့ ပြောကြားသည်။

တရုတ်၊ ထိုင်းတို့အတွက် အဓိကအကျိုးရှိမည့် သံလွင်ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုအား ဆက်လက်လုပ်ဆောင်မှု မရှိရန် လက်မှတ်ကောက်ခံသည့် လှုပ်ရှားမှုအား ယနေ့ပြုလုပ်မည်

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်း ခြောက်ခုအား ဆက်လက်လုပ်ဆောင်မှု မပြုရန် ကန့်ကွက်သည့် လက်မှတ်ကောက်ခံခြင်း လှုပ်ရှားမှုအား ဖေဖော်ဝါရီ ၃ ရက် (ယနေ့) တွင် အဆောက်အအုံ ၁၊ အခန်း ၅ (က)ရှိ ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့တွင် နံနက် ၁ဝ နာရီမှ ၁၂ နာရီအထိ Karen River Watch မှ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာအမျိုးသားရေးကွန်ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ် ခဲ့ပြီး အခြေခံဥပဒေပုဒ်မ ၅၉ အောက်ရှိ ဥပဒေပုဒ်မများကို ရှိရင်းစွဲအတိုင်း ထားရှိသင့်ဟု ထုတ်ပြန်


ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေး ဟောပြော ပွဲအား တွေ့ရစဉ်
မြန်မာအမျိုးသားရေးကွန်ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေး ဟောပြော ပွဲကို ဖေဖော်ဝါရီ ၂ ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်အားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ အောက်ရှိ ဥပဒေပုဒ်မများသည် သာမန်နိုင်ငံသား တစ်ဦးအတွက် ပြဋ္ဌာန်းချက်မဟုတ်ဘဲ နိုင်ငံဦးသျှောင် သမ္မတတစ်ဦးအတွက် ပြဋ္ဌာန်းထားခြင်းဖြစ်ရာ အရှည်ကိုမျှော်ကိုး၍ ရှိရင်းစွဲအတိုင်း ထားရှိသင့်သည်ဟု ထုတ်ပြန်ခဲ့သည်။

အကြပ်အတည်းတွေကြားက ထိုင်းရွေးကောက်ပွဲ

အကြပ်အတည်းတွေကြားက ထိုင်းရွေးကောက်ပွဲ
Monday. February 3, 2014

ဒီကနေ့ ထိုင်းနိုင်ငံရွေးကောက်ပွဲ စုစုပေါင်း မဲရလဒ်တွေကို ကြေညာနိုင်မှာ မဟုတ်သေးဘူးလို့ ထိုင်းနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတဝန်းကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲ ဥပဒေအရ လိုအပ်ချက်တွေနဲ့ မပြည့်တဲ့အတွက် ရလဒ်ကို မကြေညာနိုင်သေးတာ ဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဆူပါချိုင် ဆွန်ချာရိုအန် ( Supachai Somcharoen) က ပြောပါတယ်။ ရွေးကောက်ပွဲအတွင်း ဘန်ကောက်မြို့မှာ ဆန္ဒပြသူတွေက ပိတ်ဆို့ တားဆီး မှုတွေကြောင့် ရာနဲ့ချီတဲ့ မဲရုံပိတ်ပစ်ခဲ့ရပါတယ်။ နိုင်ငံတဝန်းက မဲရုံ (၈ဝ %) မှာ မဲပေးနိုင်ခဲ့တယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ညပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောပါခဲ့တယ်။

မဲရုံတွေ ပိတ်ပစ်ခဲ့ရတဲ့အတွက် မဲပေးဖို့ မှတ်ပုံတင်ထားသူ ၆ သန်းကျော်ရဲ့ ဆန္ဒမဲတွေ ဆုံးရှုံးခဲ့ရတယ်လို့လည်း ပြောပါတယ်။ အခုရွေးကောက်ပွဲကို အဓိကအတိုက်အခံ Democrat ပါတီက သပိတ်မှောက်ခဲ့ပါတယ်။
ဝန်ကြီးချုပ် Yingluck Shinawatra ကတော့ ဒီကနေ့ အစောပိုင်းက ဘန်ကောက်မြို့တော်ထဲက မဲရုံတခုမှာ
မဲသွားပေးခဲ့ပါတယ်။

အခုရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် Yingluck ရဲ့ Pheu Thai ပါတီအသာလေး အနိုင်ရမယ်လို့ မျှော်လင့်ထားကြပေမဲ့ လွှတ်တော်ထဲမှာ အမတ်နေရာ( ၉၅ %) ပြည့်မှ ဝန်ကြီးချုပ်ကို ရွေးချယ်မယ့် လွှတ်တော်ကို စတင်ကျင်းပနိုင်မှာ့ ဖြစ်ပါတယ်။

လက်ရှိဝန်ကြီးချုပ်ရဲ့အကို ပြည်ပမှာ တိမ်းရှောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra နိုင်ငံထဲ ပြန်လာနိုင်အောင် လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ့် ဥပဒေကြမ်းတစ်ခုကို အာဏာရပါတီက လွှတ်တော်မှာ တင်ပြခဲ့ချိန် လွန်ခဲ့တဲ့ ၃ လ ကတည်းက ထိုင်းနိုင်ငံမှာ အကြမ်းဖက်ဆန္ဒပြမှုတွေစတင်ခဲ့တာဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းဖြုတ်ချလိုက်တဲ့ မစ္စတာ Thaksin ဟာ ထိုင်းနိုင်ငံအပေါ် အခုထိ လွှမ်းမိုးမှု ရှိနေဆဲလို့ လေ့လာသူတွေက ပြောပါတယ်။
သူဟာ အဂတိလိုက်စားမှုနဲ့ အရေးယူခံထားရပြီး လက်ရှိ ဒူဘိုင်းမှာတိမ်းရှောင် နေထိုင် နေပါတယ်။

ဘန်ကောက်မြို့က အလယ်အလတ်လူတန်းစားတွေ၊ ပညာတတ်အများစုနဲ့ ဘုရင်စနစ်လိုလားတဲ့ အထက်တန်းလွှာတွေက မစ္စတာ Thaksin  နိုင်ငံထဲ ပြန်လာနိုင်မယ့် လွတ်ငြိမ်းခွင့် ဥပဒေကြမ်းကို ကန့်ကွက်ခဲ့ပြီးအစိုးရဆင်းပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

အစိုးရဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေကြား နေရာယူလာကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လက်ခုပ်တီးပေးနေကြသူ ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်သူများ။(ဖေဖော်ဝါရီ ၂၊ ၂၀၁၄)
VOA
ဒီကနေ့ ထိုင်းနိုင်ငံရွေးကောက်ပွဲ စုစုပေါင်း မဲရလဒ်တွေကို ကြေညာနိုင်မှာ မဟုတ်သေးဘူးလို့ ထိုင်းနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတဝန်းကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲ ဥပဒေအရ လိုအပ်ချက်တွေနဲ့ မပြည့်တဲ့ အတွက် ရလဒ်ကို မကြေညာနိုင်သေးတာ ဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဆူပါချိုင် ဆွန်ချာရိုအန် ( Supachai Somcharoen) က ပြောပါတယ်။ ရွေးကောက်ပွဲအတွင်း ဘန်ကောက်မြို့မှာ