အစိုးရ၏
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး
အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏
နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး ညှိနှိုင်းမှု ဆွေးနွေးပွဲ ကို စက်တင်ဘာ ၂၂
ရက် တွင် စတင်ပြုလုပ်ရန် အစိုးရဘက်က အဆိုပြုထားကြောင်း
နှစ်ဖက်ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့၏ ပြောကြားချက်အရ
သိရသည်။
Thursday, September 4, 2014
ခေါင်းဖြတ်သတ်မှုတွေနဲ့ခြောက်လို့ ISIS ကို အမေရိကန်မကြောက်

ဒုတိယမြောက် အမေရိကန်နိုင်ငံသား သတင်းထောက်တဦးကို ခေါင်းဖြတ်သတ် လိုက်တဲ့အတွက် အမေရိ ကန်ပြည်ထောင်စုက ကြောက်လန့် သွားမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ Barack Obama က ပြောဆို လိုက်ပါတယ်။ အဲဒီလုပ်ရပ်အတွက် အရှက်ရစေရမယ်၊ နောက်ပြီး အစ္စလာမ်မစ်နိုင်ငံတော်လို့ သူတို့ကိုယ် သူတို့ ခေါ်ကြ တဲ့ စစ်သွေးကြွတွေကို ဖျက်ဆီးပစ်မယ်လို့ ပြောဆိုလိုက်ပါတယ်။
Wednesday, September 3, 2014
တောင်ကိုရီးယားတွင် စစ်ရေးလေ့ကျင့်ရင်း လူငယ် စစ်မှုထမ်းနှစ်ဦး သေဆုံး
![]() |
| လေ့ကျင့်ရေးဆင်းနေသော တောင်ကိုရီးယား စစ်သည်များကို တွေ့ရစဉ် |
စစ်တပ်ထဲတွင် အနိုင်ကျင့် ဖိနှိပ်မှုများကြောင့် လူငယ်စစ်မှုထမ်းအချို့ မိမိကိုယ်ကိုယ် အဆုံးစီရင်မှု မြင့်တက်လာသဖြင့် စစ်တပ်အပေါ် ပြည်သူများက အမျက်ဒေါသ ထွက်နေချိန်တွင် ယခုသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ တောင်ကိုရီးယား အထူးတပ်ဖွဲ့မှ စစ်သည်နှစ်ဦးသည် ပြင်းပြင်းထန်ထန် လေ့ကျင့်မှုများအတွင်း သေဆုံးသွားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။
သူပုန်များနှင့် အပစ်အခတ် ရပ်စဲရန် ရုရှားနှင့် သဘောတူညီမှု ရရှိပြီဟု ယူကရိန်းကြေညာ

နိုင်ငံအရှေ့ပိုင်း ဒေသများတွင် သူပုန်တပ်များနှင့် စစ်ဖြစ်နေရာမှ အမြဲတမ်း အပစ်အခတ် ရပ်စဲရေးအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သဘောတူညီမှု ရရှိခဲ့ပြီဟု ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှန်ကို၏ အစိုးရ အဖွဲ့က သတင်းထုတ်ပြန် ကြေညာခဲ့သည်။
ရင်သားခွဲစိတ်မှု၊ ၁၈ ဒေါ်လာတန် ဘရာစီယာနှင့် မပြီးဆုံးသေးသော သရဖူတိုက်ပွဲ

သရဖူခိုးယူထွက်ပြေးတိမ်းရှောင်နေသူအဖြစ် နိုင်ငံတကာမီဒီယာများ၏ရေးသားမှု ခံနေရသောမေမြတ်နိုးက ကိုရီးယားအဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံနှင့် မိမိ၏ ဂုဏ် သိက္ခာကို ထပ်မံထိခိုက်လာမည်ဆိုပါက တရားဥပဒေအရသာ ပြောဆိုတော့မည်ဟု တရားဝင်တုံ့ပြန်လိုက်သည်။
မြန်မာနိုင်ငံ သုတေသနအသင်း ပြန်လည်ဖွဲ့စည်းမည်
![]() |
| ပြည်ပတက္ကသိုလ်တစ်ခုတွင် သုတေသနလုပ်နေသူတစ်ဦးကိုတွေ့ရစဉ် |
နှစ်ပေါင်းသုံးဆယ်ကျော် ဖွဲ့စည်းခွင့်မရရှိခဲ့သော မြန်မာနိုင် ငံသုတေသနအသင်းကို ပြန်လည် ဖွဲ့စည်း၍ သုတေသနလုပ်ငန်း များဖွံ့ဖြိုးတိုးတက်စေရန် ဆောင် ရွက်မည်ကြောင်း ဒေါက်တာ အောင်ထွန်းသက်ကပြောသည်။
မြန်မာနိုင်ငံသုတေသနအ သင်းကို ၁၉၂၀ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့ပြီးနောက် ၁၉၈၀ ပြည့်နှစ်တွင် ဖျက်သိမ်းခံခဲ့ရကာ ပြည်တွင်းသုတေသနဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ စုစည်း ဆောင်ရွက်မှုအားနည်းသွားခဲ့ သည်။
‘‘အသင်းကို ပြန်ဖွဲ့ခွင့်ရပါ ပြီ။ ဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက် မယ်။ လူငယ်မျိုးဆက်သစ်သု တေသီတွေ မွေးထုတ်မယ်။ တက္က သိုလ်တွေကို အခြေခံပြီး ပြန်ဖွဲ့ မှာပါ’’ဟု ဒေါက်တာအောင် ထွန်း သက်ကပြောသည်။
ဓမ္မစေတီခေါင်းလောင်းရှာဖွေရေး ကန့်သတ်ရေပိုင်နက် အနီးမှ ဖြတ်သန်းသွားသော ကျောက်တင်သင်္ဘော အား ၀တ္တရားနှောင့်ယှက်မှုဖြင့် အရေးယူထား

ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးကန့်သတ် ရေပိုင်နက် အနီးမှ ဖြတ်သန်းသွားသော ကျောက်တင်သင်္ဘော တစ်စီးအား လုံခြုံရေးပေးနေသည့် မြန်မာ့ဆိပ်ကမ်းရဲအဖွဲ့မှ စက်တင်ဘာ၁ရက်နေ့တွင် ၀တ္တရားနှောင့်ယှက်မှုဖြင့်အရေးယူထားကြောင်းသိရသည်။
အဆိုပါ ကျောက်တင်သဘောင်္မှာ တောင်ဥက္ကလာပ မြို့နယ် မြင်သာဆိပ်ကမ်းတွင် အုတ်သဲကျောက်စရစ်များချရန် မြစ်ကြောင်း စုန်ဆင်းလာခြင်းဖြစ်ပြီး ၄င်းသဘောင်္မောင်းသူအား ၀တ္တရားနှောင့်ယှက်မှုအပါအ၀င် ပိုင်နက်ကျူးလွန်မှုဖြင့်ပါ တရားစွဲဆိုထားကြောင်း ကျောက်ချလှေသဘောင်္အဖွဲ့မှ ဦးသိန်းအေးကပြောသည်။
အမျိုးသားပညာရေး ဥပဒေကြမ်းကို ဒဂုံတက္ကသိုလ်တွင် ဆန္ဒပြ၊ ဌာနနှစ်ခုရှေ့တွင် အချေအတင်ဖြစ်ပွား
နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက် နှစ်ဆယ်ကျော်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည် ပေးပို့ထားသော အမျိုးသားပညာရေး ဥပဒေကြမ်းကို ဒဂုံတက္ကသိုလ်အတွင်း ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ အပါအဝင် ကျောင်းသား သမဂ္ဂလေးခု ပူးပေါင်းကာ စက်တင်ဘာ ၂ ရက် နေ့လယ် ၁၂ နာရီခန့်မှ ၂ နာရီခန့်အထိ ကျောင်းဝင်းအတွင်း လှည့်လည် ဆန္ဒပြခဲ့ကြရာ ရူပဗေဒဌာနနှင့် သင်္ချာဌာန အဆောင်များရှေ့ အရောက်တွင် တံခါးပိတ်ထားသော ယင်းအဆောင်များ အတွင်းမှ ကျောင်းသားများ လာရောက် ပူးပေါင်းရန် ဟောပြောခဲ့ရာမှ ဆရာ၊ ဆရာမနှင့် ကျောင်းသူ၊ ကျောင်းသားများ အချေအတင် ဖြစ်ခဲ့ပြီး လူစုလူဝေး ဖြစ်ပွားခဲ့သည်။
နိုင်ငံရေးပါတီအချို့ ပြုလုပ်မည့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲသို့ UNA မတက်
ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပါတီအချို့၏ တွေ့ဆုံ ဆွေးနွေးပွဲသို့ တိုင်းရင်းသားနိုင်ငံ ရေးပါတီ ငါးခုပါဝင်သည့် စည်း လုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့ (UNA) တက်ရောက်မည်မဟုတ်ကြောင်း သတင်းရရှိသည်။
အဆိုပါဆွေးနွေးပွဲကို ယ နေ့(စက်တင်ဘာ ၃ ရက်) တွင် GreenHill ဟိုတယ်တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံရေးပါတီ ၁၁ ခုဖြင့် ဖွဲ့စည်းထားသော ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)၊ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ၁၉၉၀ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများ စုစည်း ထားသည့် UNA အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားခြင်းဖြစ်သည်။
ဆွေးနွေးပွဲတက်ရောက်ရန် ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း NBF က ဖိတ်ကြားခြင်းဖြစ်သော်လည်း မည်သည့်အဖွဲ့အစည်းက ကူညီပေးနေခြင်းဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရ၍ UNA အဖွဲ့ဝင် ပါတီ ငါးခုမှ မတက်ရောက်နိုင်ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲကို ယ နေ့(စက်တင်ဘာ ၃ ရက်) တွင် GreenHill ဟိုတယ်တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံရေးပါတီ ၁၁ ခုဖြင့် ဖွဲ့စည်းထားသော ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)၊ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ၁၉၉၀ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများ စုစည်း ထားသည့် UNA အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားခြင်းဖြစ်သည်။
ဆွေးနွေးပွဲတက်ရောက်ရန် ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း NBF က ဖိတ်ကြားခြင်းဖြစ်သော်လည်း မည်သည့်အဖွဲ့အစည်းက ကူညီပေးနေခြင်းဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရ၍ UNA အဖွဲ့ဝင် ပါတီ ငါးခုမှ မတက်ရောက်နိုင်ခြင်းဖြစ်ကြောင်းသိရသည်။
စိတ်ဓာတ်က တန်ဖိုးမရှိတာလား၊ ဘွဲ့ဝတ်စုံက တန်ဖိုးမရှိတာလား

မကြာသေးခင်က ဂျာနယ်တစ်စောင်ရဲ့ ကာတွန်းမှာ ဘွဲ့ဝတ်စုံ ဝတ်ထားတဲ့ ဓာတ်ပုံကို ကလေးတစ်ယောက်က ကြည့်ပြီး တော့ သူ့ဖခင်ကို “ဒါဆန္ဒပြဝတ်စုံလား ဟင်” လို့ မေးလိုက်တာကို တွေ့ပြီး အတော်လေး စိတ်မကောင်း ဖြစ်သွားမိပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောနယ်စပ်သို့ ၀င်ရောက်လာသူများကို အီဘိုလာစစ်ဆေးမှုများ ပြုလုပ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှ မောင်တောနယ်စပ်သို့ ၀င် ရောက်လာသူများကို သြဂုတ်
၂၂ ရက်မှ စတင်ကာ မောင်တောမြို့ အမှတ်(၁) ၀င်၊ ထွက်စခန်းတွင် မြို့
နယ်ဆရာဝန်များနှင့် သူနာပြု ဆရာမများက အီဘိုလာရောဂါ ရှိ၊ မရှိ
စစ်ဆေးနေကြောင်း သတင်းရရှိသည်။
‘‘အဓိက ကတော့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံက ၀င်လာတဲ့သူတွေမှာ ဖျားနာသူတွေပါလာသလား ဆို တာကို စစ်ဆေးတာ ဖြစ်တယ်။ စက်လှေဝင်ချိန်ဖြစ်တဲ့ နေ့ခင်း ဘက်နဲ့ ညဘက်မှာ စစ်ဆေးနေ တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ၀င်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားနဲ့ တစ်ဖက်နိုင်ငံကို သွားပြီး ပြန်လာတဲ့ ဒေသခံတွေကိုပါ စစ် ဆေးတာ ဖြစ်ပါတယ်။ အဓိက က တော့ အီဘိုလာရောဂါလက္ခဏာ ရှိ၊ မရှိ စစ်ဆေးတာ ဖြစ်ပါတယ်။ အခုတစ်ပတ်အတွင်းမှာတော့ ရောဂါလက္ခဏာရှိတဲ့ သူတစ် ယောက်မှ မတွေ့ပါဘူး။ သြဂုတ် ၂၂ ရက်ကစပြီး တစ်နေ့ကို နယ် စပ်ဖြတ်ကျော်ဝင်လာတဲ့သူ ၁၂၀၊ ၁၃၀ အထိ စစ်ဆေးနေတာဖြစ်ပါတယ်’’ဟု မောင်တာမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်းက ပြောသည်။
‘‘အဓိက ကတော့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံက ၀င်လာတဲ့သူတွေမှာ ဖျားနာသူတွေပါလာသလား ဆို တာကို စစ်ဆေးတာ ဖြစ်တယ်။ စက်လှေဝင်ချိန်ဖြစ်တဲ့ နေ့ခင်း ဘက်နဲ့ ညဘက်မှာ စစ်ဆေးနေ တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ၀င်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားနဲ့ တစ်ဖက်နိုင်ငံကို သွားပြီး ပြန်လာတဲ့ ဒေသခံတွေကိုပါ စစ် ဆေးတာ ဖြစ်ပါတယ်။ အဓိက က တော့ အီဘိုလာရောဂါလက္ခဏာ ရှိ၊ မရှိ စစ်ဆေးတာ ဖြစ်ပါတယ်။ အခုတစ်ပတ်အတွင်းမှာတော့ ရောဂါလက္ခဏာရှိတဲ့ သူတစ် ယောက်မှ မတွေ့ပါဘူး။ သြဂုတ် ၂၂ ရက်ကစပြီး တစ်နေ့ကို နယ် စပ်ဖြတ်ကျော်ဝင်လာတဲ့သူ ၁၂၀၊ ၁၃၀ အထိ စစ်ဆေးနေတာဖြစ်ပါတယ်’’ဟု မောင်တာမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်းက ပြောသည်။
မျှော်လင့်ချက် ရောင်နီသန်းချိန်
ယခင်တုန်းက မြန်မာ့ရုပ်မြင် သံကြားတွင် ၈ နာရီ သတင်းပြီး သည့်အခါ ''ငြိမ်းချမ်းရေးပန်းခင်း''သီချင်းကို အမြဲလိုလို ထုတ်လွှင့်ပေးခဲ့သည်။ တိုင်းရင်းသား ပေါင်းစုံကို ညီညီညွတ်ညွတ် ကြည့်ရ သဖြင့် ဝမ်းသာပီတိ ဖြစ်ခဲ့သည်ကား အမှန်ပါ။ ထိုတေး သီချင်းထဲက ''ငြိမ်းချမ်းတဲ့အခါ သိလိမ့်မယ်'' ဆိုသည့် စာသားမှာ ရင်ကိုတိုက်ရိုက် ထိမှန် စေသည်။တကယ်တော့ ''ငြိမ်းချမ်းတဲ့အခါ သိလိမ့်မယ်'' ဆိုသည့် အဓိပ္ပာယ်မှာ အမြဲတမ်းငြိမ်းချမ်း နေသည့် ဒေသများ၌ကား တန်ဖိုးအနဂ္ဃ မရှိနိုင်ပါ။ သို့သော် မငြိမ်းချမ်းသည့် ကာလဒေသနှင့် နှိုင်းယှဉ်သိရှိ ပါမှ တကယ့်အရသာကို ခံစားနိုင်မည် ဖြစ်သည်။ ယခင်ကာလ တစ်ခုက ဖြစ်သည်။ ဘွဲ့ရခေတ်ပညာတတ် ပုဂ္ဂိုလ်တစ်ဦးက မြန်မာနိုင်ငံကို အခြားနိုင်ငံကြီး တစ်ခုက တိုက်ခိုက် သိမ်းပိုက်လျှင် သိပ်ကောင်းမည်ဆိုသည့် စကားတစ်ခွန်း ပြောကြားသည်။
အီဘိုလာကို ခြောက်လမှ ကိုးလအတွင်း ထိန်းချုပ်မည်ဟု WHO ထုတ်ပြန်
ကမ္ဘာကိုစိန်ခေါ်လျက် ရှိသည့် အီဘိုလာကူးစက်မြန် ရောဂါအား ခြောက်လမှ ကိုးလ
အတွင်း ထိန်းချုပ်နိုင်ရန် စီစဉ် လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာ
ရေးအဖွဲ့(WHO)က သတင်းထုတ်ပြန်သည်။ အီဘိုလာရောဂါသည် အ နောက်အာဖရိက
နိုင်ငံများ၌ ၁၉၇၆ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့ပြီး ယင်းနှစ်၌
ဖြစ်ပွားသူဦးရေမှာ ၃၁၈ ဦးသာရှိခဲ့ရာမှ ယခု ၂၀၁၄ ခုနှစ်တွင်မူ ၃၀၆၉ ဦးရှိသည်။ ထို့အပြင်သေဆုံးမှုမှာလည်း သြဂုတ် ၂၉ရက်အထိ ၁၅၅၂ ဦးရှိနေပြီဖြစ်သည်။ ထို့ကြောင့် လိုအပ်သော ဆေးဝါးပစ္စည်း၊ ကျန်းမာရေးဝန် ထမ်းများနှင့် ဆရာဝန်များထောက်ပံ့ခြင်းတို့ဖြင့် ယင်းရောဂါကိုခြောက်လမှ ကိုးလအတွင်း အပြီးသတ်ထိန်းချုပ်သွားမည်ဖြစ်ေ ကြာင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆင်းမ်ကတ်များ ကျပ် ၁၅၀၀ ဖြင့် လွတ်လပ်စွာရောင်းချနေချိန်တွင် အူရီဒူး၏ ညံ့ဖျင်းသောဝန်ဆောင်မှုများအပေါ် ဝေဖန်မှုများ ပိုမိုမြင့်တက်
Wednesday, Setember 3, 2014
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆင်းမ်ကတ်များကို ကျပ် ၁၅ဝဝ ဖြင့် လွတ်လပ်စွာရောင်းချချိန်တွင် အူရီဒူး၏ ဆင်းမ်ကတ်များ ရောင်းအားကျဆင်းခဲ့ပြီး ၎င်းတို့၏ဝန်ဆောင်မှုအပေါ် ဝေဖန်မှုများလည်း မြင့်တက်လာကြောင်း သိရသည်။
အူရီဒူးက ဖုန်းပြောခနှုန်းထားကို ၎င်းတို့၏ ဖုန်းအချင်းချင်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်နှင့် အခြားအော်ပရေတာဖုန်းများသို့ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ်ဟု သတ်မှတ်ထားသောကြောင့် တစ်မိနစ်လျှင် ကျပ် ၅ဝ ထက် ပိုမိုသက်သာသည်ဟု ယူဆစရာဖြစ်သော်လည်း မိနစ်အပေါ် အခြေခံ၍ ဖြတ်တောက်နေသောကြောင့် လက်တွေ့တွင် ပိုမိုကုန်ကျမှုများရှိနေကြောင်း သိရသည်။
“အရင် MPT ဖုန်းနဲ့သုံးတုန်းကတောင် တစ်ရက်ကို ကျပ် ၁ဝဝဝ၊ ၂ဝဝဝ လောက်ပဲ ကုန်ကျတယ်။ အူရီဒူးဖုန်းနဲ့ သုံးကြည့်တော့ မှ တစ်ရက်ကို ကျပ် ၅ဝဝဝ၊ ၆ဝဝဝ လောက် ကုန်ကျနေတယ်။ သူက တစ်မိနစ်နဲ့ တစ်စက္ကန့်ဆိုလည်း နှစ်မိနစ်စာ ကျပ် ၇ဝ ဖြတ်သွားတယ်”ဟု အူရီဒူးဖုန်းကို စမ်းသပ်သုံးစွဲကြည့်သော လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးငြိမ်းချမ်း က ကြုံတွေ့ရပုံကို ပြောပြသည်။
ဖုန်းပြောမှုအများစုမှာ တစ်မိနစ်၊ နှစ်မိနစ်ဝန်းကျင်သာရှိကြပြီး အူရီဒူး၏ ကောက်ခံမှုပုံစံမှာ ပိုမိုသက်သာခြင်းမရှိဘဲ ပိုမိုကုန်ကျနေကြောင်း သုံးစွဲသူများက ဝေဖန်ခဲ့ကြသည်။
အူရီဒူးက ပုံမှန်အင်တာနက်အသုံးပြုခကို ဩဂုတ် ၃၁ ရက်မှစ၍ 1Mb လျှင် ၂၅ ကျပ်မှ ၁ဝ ကျပ်သို့ လျှော့ချကောက်ခံခဲ့သော်လည်း Package Plan နှုန်းထားများမှာမူ အပြောင်းအလဲမရှိကြောင်း သိရသည်။
သာမန်သုံးစွဲသူများပင် တစ်လတာသုံးစွဲမှုမှာ 1Gb,2Gb ဝန်းကျင်ရှိနေကြောင်း သိရသည်။ ထိုပမာဏဝန်းကျင်သုံးစွဲသူများမှာ တစ်လလျှင် ငွေဖြည့်ကတ်အတွက် ကျပ် ၁ဝဝဝဝ၊ ကျပ် ၁၅ဝဝဝ ဝန်းကျင်သာ သုံးစွဲသူများဖြစ်ရာ အူရီဒူး၏ အင်တာနက်သီးသန့်အတွက် ကျပ် ၁၂ဝဝဝ ဆိုသောနှုန်းထားမှာ များပြားသည့် ပမာဏတစ်ခုဖြစ်နေခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အူရီဒူးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့က ဆင်းမ်ကတ်များကို အပြိုင်အဆိုင်ရောင်းချပေးလျက်ရှိပြီး မကြာမီတွင် တယ်လီနောကလည်း ရောင်းချတော့မည်ဖြစ်ရာ ဝန်ဆောင်မှုနှင့် ဈေးနှုန်းပိုင်းဆိုင်ရာ အဆင်ပြေသောအရာကိုသာ သုံးစွဲသူများ ရွေးချယ်လိမ့်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
Eleven Media Group
ဘင်္ဂါလီများ ပြန်လက်ခံမည့်ကိစ္စ ဘင်္ဂါလားဒေ့ရှ်အစိုးရ ပြောကြားချက်အပေါ် မြန်မာအစိုးရကန့်ကွက်
မြန်မာနိုင်ငံက ဘင်္ဂါလီဒုက္ခသည်များ စိစစ်လက်ခံမည့် သတင်းနှင့်ပတ်သက်၍ ဘင်္ဂလား ဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန်၏
ပြောကြားချက်မှာ မရိုးမသား လုပ်ဆောင်မှုများ ရှိနေပြီး နိုင်ငံ
တကာဆက်ဆံရေးတွင် မလို လားအပ်သည့် နိုင်ငံရေးအမြတ် ထုတ်မှုများမှာ
ချစ်ကြည်ရင်းနှီးမှု ကို ပျက်ပြားစေနိုင်ကြောင်း နိုင်ငံ တော်သမ္မတရုံးအကြီးတန်း အရာ ရှိတစ်ဦးက ပြောကြားသည်။
ထို့အပြင် အတွင်းဝန်၏လုပ် ရပ်နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သတိထောက်လွှာပေး အပ်သင့်၊မသင့်ကိုလည်း သမ္မတ ရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ က စတင်စဉ်းစားနေကြောင်း ၎င်း က ပြောကြားသည်။
ထို့အပြင် အတွင်းဝန်၏လုပ် ရပ်နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သတိထောက်လွှာပေး အပ်သင့်၊မသင့်ကိုလည်း သမ္မတ ရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ က စတင်စဉ်းစားနေကြောင်း ၎င်း က ပြောကြားသည်။
ဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု၊ အစိုးရကို အကြည်ညိုပျက်စေမှုတို့ဖြင့် တရားရုံးက စွဲချက်တင်
စက်တင်ဘာ ၂ ရက် (၁၃) ကြိမ်မြောက်ရုံးချိန်းတွင် ၀န်ကြီးဟောင်းဦးဆန်းဆင့်အား နိုင်ငံတော်မှ စွဲဆိုထားသော ပုဒ်မနှစ်ခုစလုံးအတွက် ဒက္ခိခရိုင် တရားရုံးမှ စွဲချက်စတင်ခဲ့ကြောင်း သိရသည်။ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ပြစ်မှုကြီးအမှတ် ၄၁/၁၄ ပြစ်မှုပုဒ်မ ၄၀၉ (ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု) နှင့် ပြစ်မှုကြီးအမှတ် ၄၂/၁၄ ပြစ်မှု ဥပဒေပုဒ်မ ၁၂၄-က (အစိုးရကို အကြည်ညိုပျက်စေမှုတို့ဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။ဦးဆန်းဆင့်၏ စွဲချက်တင်ထားသော အမှုနှစ်မှုတွင် ပြစ်မှုအမှတ် ၄၁/၁၄ ပုဒ်မ ၄၀၉ တွင် လိုပြသက်သေ ၂၈ ဦးတွင် ၁၃ ဦးစစ်ဆေးခဲ့ပြီး ပြစ်မှုအမှတ် ၄၂/၁၄ ပုဒ်မ ၁၂၄(က)တွင် လိုပြသက်သေ ၃၆ ဦးရှိသည့်အနက် ၁၉ ဦးစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သာကေတ ၁၀/တောင် ရပ်ကွက်၌ အုပ်စုနှစ်စု မင်းမဲ့စရိုက်ဆန်စွာ ခိုက်ရန်ဖြစ်ပွားမှုမှ ဦးဆောင်သူများအား ဖမ်းဆီးထား
သာကေတမြို့နယ် ၁ဝ/တောင် ရပ်ကွက်၌ အုပ်စုနှစ်စု မင်းမဲ့စရိုက်ဆန်စွာ အပြန်အလှန် ခိုက်ရန်ဖြစ်ပွားမှုဖြစ်စဉ်မှ ဦးဆောင်သူများဖြစ်သည့် နေမျိုးအောင်နှင့် မြင့်အောင်တို့အား ဖမ်းဆီးအမှုဖွင့်ထားပြီး အင်းစိန်ထောင်၌ ချုပ်နှောင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ဖြစ်စဉ်မှာ ဩဂုတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် သာကေတမြို့နယ်၊ ၁ဝ/တောင် ၁၃ ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းမပေါ်တွင် လူအများအုပ်စုဖွဲ့ကာ တစ်ဖက်နှင့်တစ်ဖက် တုတ်၊ ဓားကိုင်ဆောင်ကာ ခိုက်ရန်ဖြစ်ပွားနေကြောင်း သိရသဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းက တာဝန်ရှိသူများ သွားရောက်ထိန်းသိမ်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲစနစ်၌ အချိုးကျကိုယ်စားပြုစနစ် (PR) တစ်ခုတည်းကိုသာ ကျင့်သုံးရန် ရွေးချယ်သွားမည်မဟုတ်ဟု ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား
မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်၌ အချိုးကျကိုယ်စားပြုစနစ် (PR) တစ်ခုတည်းကိုသာ ကျင့်သုံးရန် ရွေးချယ်သွားမည်မဟုတ်ဟု ပြည်သူ့လွှတ်တော် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်မောင်ဦးက စက်တင်ဘာ ၂ ရက်တွင် ပြောကြားသည်။
လက်ရှိ မြန်မာနိုင်ငံ ရွေးကောက်ပွဲများတွင် ကျင့်သုံးနေသော စနစ်ဖြစ်သည့် မဲများသူ အနိုင်ယူသည့်စနစ် (FPTP) အစား အချိုးကျကိုယ်စားပြုစနစ် (PR) အား ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးများတွင် ပြောင်းလဲကျင့်သုံးရန်အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က တင်သွင်းလာပြီးနောက် ယခုကဲ့သို့ ရွေးကောက်ပွဲစနစ်အား လေ့လာရေးကော်မရှင်ကို လွှတ်တော်၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံ ရွေးကောက်ပွဲများတွင် ကျင့်သုံးနေသော စနစ်ဖြစ်သည့် မဲများသူ အနိုင်ယူသည့်စနစ် (FPTP) အစား အချိုးကျကိုယ်စားပြုစနစ် (PR) အား ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးများတွင် ပြောင်းလဲကျင့်သုံးရန်အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က တင်သွင်းလာပြီးနောက် ယခုကဲ့သို့ ရွေးကောက်ပွဲစနစ်အား လေ့လာရေးကော်မရှင်ကို လွှတ်တော်၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ရောင်းအားကျဆင်းလာမှုကြောင့် စက်တင်ဘာလအတွက် Ooredoo ၏ အင်တာနက်အသုံးပြုမှု ပရိုမိုးရှင်းပြုလုပ်
ပြည်ပဆက်သွယ်ရေးအော်ပရေတာတစ်ဦးဖြစ်သည့် Ooredoo မှ စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အတွင်း Top UP ငွေဖြည့်သွင်းသူများအတွက် နေ့စဉ်အင်တာနက် အသုံးပြုမှုအား 1 MB ကို ၁၀ ကျပ်နှုန်းဖြင့် အသုံးပြုနိုင်မည့် အင်တာနက်အသုံးပြုမှု ပရိုမိုးရှင်းကို စတင်လိုက်ကြောင်းသိရသည်။“Ooredoo ငွေဖြည့်ကတ်သုံးသူတွေအတွက် Top Up ကတ်ပရိုမိုးရှင်းအနေနဲ့ စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အတွင်း Top Up ငွေဖြည့်သွင်းသူတွေအားလုံး နေ့စဉ်အင်တာနက်အသုံးပြုမှု 1 MB ကို ၁၀ ကျပ်နဲ့ တစ်လတိတိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခု စက်တင်ဘာ ၂ ရက်ကဖြည့်ရင်တော့ နောက်လ အောက်တိုဘာ ၂ ရက်ထိရမယ်။ စက်တင်ဘာ ၃၀ မှဖြည့်ရင် နောက်လ အောက်တိုဘာ ၃၀ ထိ 1 MB ကို ၁၀ ကျပ်နဲ့ သုံးနိုင်မှာပါ။ ဒီပရိုမိုးရှင်းက အရင်ဝန်ဆောင်မှုပေးခဲ့တဲ့ Data ဝန်ဆောင်မှုတွေထက် အများကြီးသက်သာတယ်” ဟု Ooredoo အရောင်းပြခန်းမှ အရောင်းတာဝန်ခံတစ်ဦးက ရှင်းပြသည်။
ဂျွန်ကယ်ရီ ခရီးစဉ်အလွန် ကြီးနှစ်ကြီး ဆက်ဆံရေး
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ လာသွားတဲ့ ခရီးစဉ်ကိုတော့ ပြည်တွင်းကရော ပြည်ပ ကပါ တော်တော်လေး စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။ ဒီခရီးစဉ် မတိုင်ခင်မှာလည်း အမေရိကန် လွှတ်တော်အမတ် ၆၀ ကျော်က ကယ်ရီကို ဖိအားပေးတဲ့ ပေးစာ ပေးပို့ခဲ့ကြပါတယ်။ ဒါ့ကြောင့် ကယ်ရီရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံကို ဘာတွေ ဖိအားပေးမလဲ ဆိုတဲ့ သိချင်စိတ်က အဓိက ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် အထင်နဲ့အမြင် ပါစင်အောင်လွဲသွားခဲ့တာကတော့ ကယ်ရီရဲ့ သတင်းစာရှင်းလင်းပွဲမှာ အကောင်းဘက်များတဲ့ ရှုမြင်သုံးသပ်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အမေရိကန် ပြန်ရောက်တော့ လည်း East-West Center မှာ ကယ်ရီရဲ့ အာရှခရီးစဉ်အကြောင်း ပြောတဲ့အခါမှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ Good Example အဖြစ် ပြောသွားပြန်ပါတယ်။
ဝမ်းမန်းရှိုးဟီးရိုးများရဲ့ စိုက်ပျိုးရေး စိုးရိမ်ရေမှတ်နိုင်ငံ
ဝမ်းမန်းရှိုးဟီးရိုး (One Man Show Hero) ဆိုတာကတော့ ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသရဲ့ ‘‘လောကသားတို့အတွက် မြတ်ဗုဒ္ဓရဲ့ ကြိုးပမ်းချက်အပိုင်း (၁၆)မှာပါတဲ့ မြန်မာပြည်ရဲ့ လူတန်းစားတစ်ရပ်အပေါ် ပုံဖော်ထားပုံသည့် ဒီဆောင်း ပါး ရဲ့ အဓိကဇာတ်ဆောင်တွေနဲ့ ထပ်တူကျနေလို့ ဒီဆောင်းပါးခေါင်းစဉ်ကို ပေးလိုက်ခြင်းပါပဲ။
ရင်ခုန်စိတ်လှုပ်ရှား ပျော်ရွှင်စရာတွေ ကြုံပါပြီလား
ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကတော့ ပျော်ပျော်ပါပဲ။ စက်တင်ဘာ ၁
ရက်မှာ မြန်မာ့ဆက်သွယ်ရေးကနေ 3G ဂျီအက်စ်အမ် ဆင်းကတ်တွေကို တစ်ကတ် ကျပ်
၁,၅၀၀ နှုန်း သူနဲ့ အကျိုးတူလုပ်ဖော်ကိုင်ဖက် ကုမ္ပဏီအရောင်းဆိုင်တွေကနေ
တစ်ဆင့်စပြီး ရောင်းချတော့ ပြည်သူတွေ တိုးတိုးဝှေ့ဝှေ့နဲ့ ၀ယ်ယူကြတာပါပဲ။
အူရီးဒူး ဆင်းကတ်ရောင်းစဉ်ကလည်း အဲဒီဆင်းကတ်ဝယ်သုံးရင်ပဲ
အမျိုးဘာသာသာသနာ ညှိုးနွမ်းတော့မတတ် အဖြစ်သည်းနေသူတွေ တိတ်ဆိတ်နေကြသလို၊
ဆက်သွယ်ရေးက ဆင်းကတ်ရောင်းတော့လည်း ဖုန်းပြောဆိုခ ဈေးကြီးတယ်၊
လူကြီးမင်းနဲ့ပဲ ညားနေရတယ်၊ အင်တာနက် သုံးရင်လည်း အ၀ိုင်းလေးပဲ
လည်နေတယ်စသဖြင့် ပြောဆိုနေသူတွေကလည်း ဝေဖန်ချက် မပြောနိုင်ကြတော့ပါဘူး။
မိုဘိုင်းဖုန်း အသုံးပြုတာနဲ့ ပတ်သက်ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာတွေ
ကြုံနေရပြီလားဆိုတာ ဒီကနေ့ ဆွေးနွေး ကြည့်ရအောင်ပါ။
![]() |
| MPT ဆင်းကဒ်များကို စက်တင်ဘာလ ၁ရက်မှ စတင်ကာ နိုင်ငံတစ်ဝှမ်းရှိ ဖုန်းအရောင်းဆိုင်များတွင် ကျပ် ၁၅၀၀ကျပ်ဖြင့် ရောင်းချနေပြီဖြစ်ပြီး ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ E-Lite IT Services Co., Ltd ၏ အရောင်းဆိုင်ခွဲတစ်ခုတွင် ဆင်းကတ်ဝယ်ယူသူများကို တွေ့ရစဉ်။ |
မြို့သစ်စီမံကိန်းနောက်ကွယ်မှ ပဟေဠိများ
![]() |
| လှိုင်သာယာ−တွံတေး ကားလမ်းနံဘေးရှိ မြေကွက်များကို ရန်ကုန်မြို့သစ်စီမံကိန်းအတွင်း ပါဝင်မည်ဟု တွက်ချက်ကာ လိုက်လံဝယ်ယူရန် လေ့လာနေသော လုပ်ငန်းရှင်အချို့၏ ကားများကို တွေ့ရစဉ် [ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)] |
စီးပွားရေးမြို့တော် ရန်ကုန်၏ တိုးပွားလာသော လူဦးရေအတွက် အစိုးရကဖြေရှင်းရန် ၁၀ စု နှစ်ခုအတွင်း ပထမဆုံးတိုးချဲ့မည့် မြို့သစ်စီမံကိန်းသစ်ကို ရန် ကုန်၏ အနောက်ပိုင်းတွင် အ ကောင်အထည်ဖော်မည့် သတင်း များ၏ နောက်ဆက်တွဲရိုက်ခတ်မှု များဖြစ်သည်။
"လက်ဝှေ့ပရိသတ်များ မျှော်လင့်နေကြသည့် ပက်ကွီအို-မေ၀ဲလ်သာ ပွဲစဉ် ၂၀၁၅ တွင် အကောင်အထည်ပေါ်နိုင်ဖွယ်ရှိ"

လွန်ခဲ့သည့် ခြောက်နှစ်ခန့်ကတည်းက ပွဲဖြစ်ရန် နီးစပ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်ပြယ်ခဲ့ရသည့် ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွီအိုနှင့် အမေရိကန်လက်ဝှေ့သမားမေ၀ဲလ်သာတို့၏ ထိုးသတ်ပွဲစဉ်ကို လာမည့် ၂၀၁၅ ခုနှစ်အတွင်းအ မှန်တကယ် မြင်တွေ့ရဖွယ်ရှိကြောင်း လက်ဝှေ့ပွဲစီစဉ်သူဘော့ အာရန်က ပြောသည်။
ဝိတ်တန်းရှစ်ခုကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖိလစ်ပိုင်အကျော်အမော်ပက်ကွီအိုနှင့် ရှုံးပွဲမရှိအမေရိကန်လက်ဝှေ့ကျော်မေ၀ဲလ်သာတို့ ၏ပွဲစဉ်ဖြစ်မြောက်ရန်လက်ဝှေ့ ပွဲစီစဉ်သည့် ကုမ္ပဏီများအနေဖြင့် ၂၀၀၈ ခုနှစ်လောက်ကတည်းက ကြိုးပမ်းနေကြခြင်းဖြစ်သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် လက်ဝှေ့ပွဲစဉ်များ အကောင်အထည်ပေါ်လာခဲ့ခြင်းမရှိခဲ့ဘဲ လက်ဝှေ့သမားများမှာလည်း အသက်သာ ပိုမိုကြီးလာခဲ့ကြသည်။
ချစ်သူဘဝနားလည်မှုတွေနဲ့ အနာဂတ်ခရီးအတွက် ကြိုးစား လျှောက်လှမ်းနေကြတဲ့ နိုင်းဝမ်းနဲ့ ယွန်းမှီမှီကျော်
ခံစားမှုရသများစွာကို ပရိသတ် အတွက် ပုံဖော်ဖန်တီးပေးစွမ်းနေကြတဲ့ အနုပညာရှင်အဆိုတော်နိုင်းဝမ်းနဲ့ အလှ မယ်ယွန်းမှီမှီကျော်တို့ရဲ့ ချစ်သူနှစ်ဦး ပျော်ရွှင် ကြည်နူးမှုပုံ ရိပ်များနဲ့ အတူချစ် ခြင်းမေတ္တာအပေါ် ခံယူချက်သဘော ထား၊တစ်ယောက်နဲ့တစ်ယောက် အပြန် အလှန်အကျိုးပြုပုံများ၊အနာဂတ်ချစ်ခရီး လမ်းအတွက် မျှော်မှန်း ချက် များ အစရှိတာတွေကိုသိရဖို့နိုင်ဝမ်းရဲ့စကားသံ များကို ပရိသတ်အတွက် ဖော်ပြတင်ဆက်လိုက်ပါတယ်။
သင်ပုန်းကြီး Mobile Library မှ ကားတစ်စီးဖြင့် စာအုပ်များ လှည့်လည် ငှားရမ်း လျှက်ရှိ
သင်ပုန်းကြီး Mobile Library သည် ရသ စာပေများနှင့် အခြားသော ဗဟုသုတ စာအုပ်များ ပါဝင်သည့် ကားတစ်စီးဖြင့် ရန်ကုန် မြို့တွင်းရှိ စာသင်ကျောင်း များနှင့် ရပ်ကွက် များတွင် စက်တင်ဘာ လဆန်း၌ စတင်ကာ လှည့်လည် ငှားရမ်းလျက် ရှိသည်ဟု တာဝန်ခံ မဇင်ဇင်မြင့်က မဇ္ဈိမကို ပြောသည်။
နေ့ကောင်း ရက်မြတ် မင်္ဂလာချိန်ခါ နှင့် ရာသီဖွား အလိုက် သိကောင်းစရာများ
အခု(၂ဝ၁၄) ခုနှစ် အတွင်း မင်္ဂလာ ပွဲနွှဲကြမယ့် သူတွေ အပါအဝင် ခုနစ်ရက်
သားသမီးများ အတွက်ဖွား ရာသီအလိုက် ကံအနိမ့်အမြင့် အခြေအနေ၊ အကျိုးပေး ကာလ
၊ဆောင်ရန်၊ ရှောင်ရန် နဲ့ တစ်နှစ်တာ
အတွင်း သတိထားရမယ့် အကျိုးအကြောင်း ၊အဆိုးအကောင်း တွေကို “ပါရမီဖြည့်ဘက်
အနက် အဓိပ္ပာယ် နှင့်ကြည်နူးပျော်ရွှင် လှပ မိသားစု ဘဝ အထူးပြုအချပ်
ပိုသတင်းလွှာ” စာမျက် နှာကနေ လက္ခဏာဗေဒင် ပညာရှင် ဆရာ စံဇာဏီဘို ကစာဖတ်
ပရိသတ် များထံကောင်းကျိုး မင်္ဂလာ အဖြာဖြာရောက် ရှိ စေခြင်း အလို့ငှာ အမှတ်တရ
မေတ္တာလက်ဆောင် ပို့သလိုက်ပါတယ်။ကလေးသတို့သမီးများနှင့် သူမတို့၏ ကယ်တင်ရှင်

“အိမ်ထောင်ကျတော့ ကျွန်မဖြင့် ကြောက်လိုက်တာရှင် ကျွန်မမိသားစုနဲ့ ညီအစ်ကို မောင်နှမတွေဆီကနေ ခွဲမသွားချင်ဘူး” ဟု အသက်ဆယ်နှစ်အရွယ် နူဂျွတ်အလီက ပြောပြသည်။
ထိုအရွယ်ဆိုလျှင် အခြားနိုင်ငံများတွင် အရုပ်မလေးများဖြင့် ကစားဆဲ ဖြစ်သော်လည်း နူဂျွတ်ကတော့ သူမအသက်ထက် သုံးဆကြီးသူနှင့် အိမ်ထောင်ပြုရလေသည်။
ယီမင်လိုမျိုး ရှေးရိုးစွဲ မွတ်ဆလင်များစွာ ရှိနေသည့် နိုင်ငံတွင် အထက်ဖော်ပြပါ ဆယ်နှစ်သမီးလေးလိုမျိုး ဖြစ်ရပ်မျိုးက ဆန်းလှသည့် ကိစ္စတော့ မဟုတ်ပေ။
စက္ကူ ကျား တကယ်ဖြစ်သွားပြီလား UNFC

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်နေသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (United Nationalities Federal Council) UNFC အဖွဲ့၏ အစည်းအဝေးကနေ KNU အဖွဲ့ ထွက်ခွာသွားပြီဟူသော သတင်းကြောင့် ဝေဖန်မှုအမျိုးမျိုးထွက်ပေါ်လာပါသည်။ အဘယ့်ကြောင့် ထွက်ခွာသွားရသည်ဆိုသော အဖြေ ကလည်း စိတ်ဝင်စားစရာ ကောင်းနေပါသည်။ UNFC က ချမှတ်ထားတဲ့ ဖွဲ့စည်းပုံပါ မူဝါဒတွေဟာ KNU အဖွဲ့ရဲ့ မူဝါဒတွေနဲ့ မကိုက်ညီ တာကြောင့် ထွက်ခွာသွားရခြင်းဖြစ်သည်ဟု ဆိုပါသည်။
“အဖိုးနှုန်း ချိုသာစွာနဲ့ ဘေးကင်းလုံခြုံစွာ ခရီးသွားနိုင်ဖို့ ရည်ရွယ်ပါတယ်”
![]() |
| ရွှေမြန်မာ လေကြောင်းလိုင်း Chief Commercial Officer ဦးဝင်းကျော်မိုး(ဓာတ်ပုံ – လင်းသန့် / ဧရာဝတီ) |
သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီး နောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ ပြည်တွင်း ပုဂ္ဂလိက လေကြောင်း လိုင်း တိုးချဲ့မှုများလည်း ပေါ်ပေါက်လာခဲ့သည်။မြန်မာပုဂ္ဂလိက လေကြောင်းလိုင်းများတွင် ရွှေမြန်မာ လေကြောင်းလိုင်း(Golden Myanmar Airline)လည်း တခုအပါအ၀င်ဖြစ်ပြီး မကြာမီ ထိုင်းနိုင်ငံ ချင်းမိုင်မြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တို့ကို တိုက်ရိုက် ပြေးဆွဲတော့မည်ဖြစ်သည်။
ရွှေမြန်မာ လေကြောင်းလိုင်း၏ ခရီးစဉ်တိုးချဲ့ပျံသန်းပြေးဆွဲမှုများနှင့်ပတ်သက်ပြီး ရွှေမြန်မာ လေကြောင်းလိုင်း Chief Commercial Officer ဦးဝင်းကျော်မိုး ကို ဧရာဝတီ သတင်းထောက် လင်းသန့်က တွေ့ဆုံ မေးမြန်းထားပါသည်။
Subscribe to:
Posts (Atom)




