မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ၀န်ဆောင်ခလျှော့ချမည့် အစီအစဉ်တွင် CDMA 800 MHz နှင့် 450 MHz ဖုန်းများမပါဝင်ဟု MPT-KDDI-Sumitomo ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစု၏ အမှုဆောင် အရာရှိချုပ် Mr. Nagashima က ဇန်န၀ါရီလ ၉ ရက်က ပြုလုပ်ခဲ့သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
Tuesday, January 13, 2015
MPT ၀န်ဆောင်ခလျှော့ချမှုတွင် ၇၃၊၄၉ ဖုန်းများ မပါဝင်သဖြင့် အသုံးပြုသူများ ဝေဖန်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ၀န်ဆောင်ခလျှော့ချမည့် အစီအစဉ်တွင် CDMA 800 MHz နှင့် 450 MHz ဖုန်းများမပါဝင်ဟု MPT-KDDI-Sumitomo ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစု၏ အမှုဆောင် အရာရှိချုပ် Mr. Nagashima က ဇန်န၀ါရီလ ၉ ရက်က ပြုလုပ်ခဲ့သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
MPT ၏ ၁,၀၀၀ ကျပ်တန်နှင့် ၃,၀၀၀ ကျပ်တန် ငွေဖြည့်ကတ်များ စတင်ရောင်းချ
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တန်ဖိုးနည်း ငွေဖြည့်ကတ်များ စတင်ရောင်းချလိုက်ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၂ ရက်မှစတင်ကာ ဈေးကွက်အတွင်းသို့ ရောင်းချခြင်းဖြစ်သည်ဟု အရောင်းဆိုင်များမှ မေးမြန်းသိရှိရသည်။ ၁,၀၀၀ ကျပ်တန် ငွေဖြည့်ကတ်များနှင့် ၃,၀၀၀ ကျပ်တန် ငွေဖြည့်ကတ်များကို ပုံမှန်အရောင်းဆိုင်များနှင့် e top up အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ကြေညာသည်။
‘မုသာဝါဒဖြင့် အုပ်ချုပ်နေသည့် တိုင်းပြည်’ ဟု ပြက်လုံးထုတ်ခံရ
ရန်ကုန် (မဇ္ဈိမ) ။ ။ Sky Net ရုပ်သံလိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်ပေးနေသည့် အစီအစဉ် တစ်ခုတွင် ဟာသလူရွှင်တော် ပွမ်ပွမ်နှင့် ချစ်ချော တို့၏ ပြက်လုံးများသည် ထုတ်လွှင့်မှု ဖြတ်တောက်ခံလိုက်ရပြီး ‘မုသာဝါဒဖြင့် အုပ်ချုပ်နေသည့် တိုင်းပြည်’ ဟု ပြက်လုံးထုတ်လိုက်ခြင်း ဖြစ် သည်။
ဇန်နဝါရီ ၁၁ရက်ညက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးကွန်ယက် (၄)နှစ်ပြည့် ရံပုံငွေဂီတဖျော်ဖြေပွဲတွင် 'မုသာဝါဒနဲ့ အုပ်ချုပ်တဲ့ တိုင်းပြည်' ဟု ဟာသလူရွှင်တော်နှစ်ဦးက ပျက်လုံးထုတ်သွားခဲ့ခြင်းဖြစ်သည်။
ပေါက်ခေါင်းမြို့နယ်တွင် ထွန်တုံးတိုက် တောင်သူနှစ်ဦးကို ထောင်ဒဏ်အမိန့်ချ

ပြည် (မဇ္ဈိမ)။ ။ ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် တရားရုံးက ထွန်တုံးတိုက် တောင်သူ နှစ်ဦးကို ပိုင်နက်ကျူးလွန် မှုဖြင့် ထောင်ဒဏ် နှစ်လစီ ဇန်န၀ါရီ၁၂ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း တောင်သူနှစ်ဦးဘက်က လိုက်ပါကူညီပေးသူ ကိုဝင်းလှိုင်က မဇ္ဈိမကို ပြောသည်။“နှစ်ယောက်စလုံးကို ထောင်နှစ်လစီ ချလိုက်တယ်ခင်ဗျ” ဟု ဟု အမိန့်ချစဉ် တရားရုံးတွင် ရှိနေသည့် ကိုဝင်းလှိုင်က ပြောသည်။
MECTEL ဆင်းမ်ကတ် အသုံးပြုသူများ အတွက် SMS တစ်စောင်လျှင် ၂၅ ကျပ်မှ ၁၅ ကျပ်သို့ လျှော့ချ

MECTEL ဆင်းမ်ကတ် အသုံးပြုသူများ အတွက် SMS တစ်စောင်လျှင် ၂၅ ကျပ်မှ ယခု ၁၅ ကျပ်သို့ လျှော့ချလိုက်ကြောင်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ တာဝန် ရှိသူက ပြောကြားလိုက်သည်။
ဇန်နဝါရီလ ၁၅ ရက်မှစတင်ကာ ထိုသို့လျှော့ချလိုက်ခြင်းဖြစ်ပြီး ယင်းအပြင် ယခင် ကတ်ပျက်၊ ကတ်ပျောက် အတွက် ၂၀,၀၀၀ ကျပ် ပေးသွင်းရရာမှ ယခု ၁,၅၀၀ ကျပ် သာ ပေးသွင်းရန် လည်း လျှော့ချသတ်မှတ်လိုက်ကြောင်း သိရသည်။
သမ္မတ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲ နေပြည်တော်၌ပြုလုပ်
သမ္မတ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစြု ကည်၊ ပြည်ထောင်စုလွှတ်တော်နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ နိုင်ငံရေးပါတီကိုယ်စားပြုခေါင်းဆောင်များ ပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို ဇန်န၀ါရီ ၁၂ ရက်က နေပြည်တော်ရှိ သမ္မတ အိမ်တော်ငုရွှေဝါခန်းမ၌ပြုလု ပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲကို နံနက် ၉ နာရီခွဲတွင်စတင်ခဲ့ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှ င့် ပြုပြင်ပြောင်း လဲမှုများဆက်လက်ဖြ စ်ထွန်းရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုအခြေခံ သည့် အမျိုးသားပြန်လည် စည်းလုံးညီညွတ် ရေး၊ သက်ဆိုင်ရာနိုင်ငံရေးဆွေးနွေးပွဲများစတင်ကျင်းပနိုင်ရေး၊ လွတ်လပ်၍တရား မျှတသော ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ပြီး ညင်သာစွာ အသွင်ကူးပြောင်းသောနိုင်ငံရေး ဖြစ်စဉ်များပေါ်ပေါက်ရေးတို့အတွက် ညနေ ၄ နာရီခန့်အထိ ဆွေးနွေးမှု များပြုလုပ်ခဲ့ကြသည်။
အကြမ်းဖက် ဆက်နွှယ်မှု စွဲချက်ဖြင့် အစ္စလမ် ဘာသာဝင် ၂၀ ဦးကိုထောင်ဒဏ်နှစ်ရှည် ချမှတ်
ပြည်ပအကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်စပ်မှု ရှိသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးစစ်ဆေး ခံနေရသော အစ္စလမ် ဘာသာဝင် ၂၀ ဦးကို တောင်ကြီး ခရိုင်တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၇ နှစ်မှ ထောင်ဒဏ် ၁၉ နှစ် အထိ အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
“အမှုတွဲ စစ်ဆေး ပေါ်ပေါက်ချက်အရ တရားခံတွေ ပြစ်မှု ကျူးလွန်တယ်ဆိုတာ တရားလိုဘက်က ထိထိမိမိ ခိုင်ခိုင်မာမာ မဖော်ထုတ်နိုင်ပါဘူး။ ဒီလို ပြစ်ဒဏ်ချလိုက်တဲ့ အပေါ်မှာ ကျနော်တို့လည်း တော်တော်လေး အံ့အားသင့်တာပေါ့။ ပြစ်ဒဏ်တွေက ပြင်းထန်လွန်းတယ်။ ဖြောင့်ချက်ပေးတဲ့ ပုဂ္ဂိုလ် ၃ ယောက်က လွဲရင် ကျန်တဲ့သူတွေက ညိစွန်းမှု မရှိဘူး” ဟု အဆိုပါ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေဦးသိန်းရွှေက ပြောသည်။
နေပြည်တော် အရာရှိဝန်ထမ်းအိမ်ရာအချို့ ဖောက်ထွင်းခံနေရ
‘‘ဝန်ထမ်းတွေမရှိတဲ့ နေ့ လယ်ခင်းမှာ ဝင်ခိုးတာ။ ယူတာ တောင် တခြားပစ္စည်း တွေမယူ ဘူး။ ရွှေနဲ့ငွေကိုပဲ အဓိကခိုးယူကြတယ်’’ဟု ငွေကျပ်၁၅ သိန်း ဖောက်ထွင်းခံရသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။
အစိုးရဝန်ထမ်းအိမ်ရာများ ရှိ တံခါးပတ္တာများမှာ ခိုင်ခံ့မှု မရှိခြင်း၊ နေ့ခင်းဘက်လူပြတ် ခြင်း၊ လုံခြုံရေးမရှိခြင်း စသည့် အားနည်းမှုများရှိနေကြောင်း နေပြည်တော်ဝန်ထမ်းအိမ်ရာတွင် ခြောက်နှစ်ကြာနေထိုင်သူတစ်ဦး ကပြောသည်။
မက်ဆီ နျူအာတို့ကို မဲအပြတ်အသတ် အသာယူပြီး ကမ္ဘာ့အကောင်းဆုံးဆု ရော်နယ်ဒို ဆွတ်ခူး

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မက်ဆီ နျူအာတို့ကို ကျော်ဖြတ်ပြီး ၂၀၁၄ ခုနှစ်အတွက် ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆု ဆွတ်ခူးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ၆၁ ဂိုး သွင်းနိုင်ခဲ့ပြီး ရီးရဲလ်နဲ့အတူ ဖလားသုံးလုံး ရခဲ့တဲ့ ရော်နယ်ဒိုဟာ မဲ ၃၇.၆၆ ရာခိုင်နှုန်းနဲ့ မက်ဆီ နျူအာ တို့ကို အပြတ်အသာ ရခဲ့တာဖြစ်ပါတယ်။ မက်ဆီက ၁၅ . ၇၆ ရာခိုင်နှုန်းပဲ မဲရခဲ့သလို နျူအာ ကလည်း ၁၅ . ၇၂ ရာခိုင်နှုန်းပဲ မဲရခဲ့ပါတယ်။
သေနတ်ပစ်ဖောက်မှုဖြင့် တရားစွဲခံရသူအမှု တရားလိုမအား၍ ရက်ချိန်းထပ်ယူ
ဂျီအီးတပ်၏အတွင်း သေနတ်ပစ်ဖောက်မှုဖြင့် တရားစွဲဆိုခံထားရသော
ဒုဗိုလ်ချုပ်ကြီးဟောင်း ကျော်ဘ၏သားအမှု ဒုတိ ယမြောက်ရုံးချိန်းတွင် တရားလို
ရဲအရာရှိက အလုပ်မအားသဖြင့် ဇန်န၀ါရီ ၂၈ ရက်သို့ ထပ်မံ ရက်
ချိန်းယူခဲ့ကြောင်း ဒဂုံမြို့နယ် တရားရုံးမှသတင်းရရှိသည်။
‘‘တရားလိုအမှုစစ်က အလုပ်မအားလို့ ခွင့်ထပ်ယူထား တယ်။ ၂၈ ရက်ပြန်ချိန်းလိုက်
တယ်’’ဟု ဒဂုံမြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
တရားစွဲခံရသော ဘားဆိုင်မန်နေဂျာ၏ အတူနေချစ်သူက အမှုကိုအေးအေးချမ်းချမ်း ပြီးစေလိုကြောင်းလျှောက်လဲ

ပုဒ်မသုံးခုဖြင့်တရားစွဲခံ ထားရသည့် VGastro Bar ဆိုင်မှ အထွေထွေမန်နေဂျာ
ဖီးလစ်၏ အတူနေစေ့စပ်ထားသူက ၎င်းတို့ မိသားစုအတွက် မြန်မာနိုင်ငံ သည်
အထူးနေရာတစ်ခုဖြစ်သော ကြောင့် ရင်ဆိုင်နေရသောအမှု ကို
အေးအေးချမ်းချမ်းပြီးစေလို ကြောင်း ဗဟန်းမြို့နယ်တရားသူ ကြီးထံ
တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ်
တပ်ထားသည့်ပုံဖြင့် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်တင်၍ ကြော်ငြာ ခြင်းကြောင့်
ပုဒ်မသုံးခုဖြင့် တရား စွဲဆိုခံထားရသည့် VGastro Bar ဆိုင်မှ
အထွေထွေမန်နေဂျာနယူး ဇီလန်နိုင်ငံသားဖီးလစ်၊ ဆိုင်ပိုင်
ရှင်ထွန်းသူရိန်နှင့် မန်နေဂျာ ထွဋ် ကိုကိုလွင်တို့ကို ဇန်နဝါရီ ၁၂ ရက်က
ငါးကြိမ်မြောက်ရုံးထုတ် စစ်ဆေးခဲ့သည်။
တရုတ်သံရုံးအနီး လက်ပံတောင်းအရေးဆန္ဒပြခေါင်းဆောင်လေးဦးကို ယနေ့ရုံးထုတ်မည်

တရုတ်သံရုံးအနီး လက် ပံတောင်းတောင်ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုတွင် ဦးဆောင် သူ လေးဦးကို ရန်ကုန်အနောက် ပိုင်းခရိုင် ဒဂုံမြို့နယ်တရားရုံး၌ ဇန်နဝါရီ ၁၃ ရက်တွင် ရုံးထုတ် မည်ဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်ညနေက တရုတ်သံရုံးအနီးတွင်လက်ပံတောင်းတောင် စီမံကိန်း ကန့်ကွက်သူများနှင့် လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားခဲ့သည်။
ဦးဆောင်သူများဖြစ်သည့် ဗိုလ်ကြီးဟောင်းဦးနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ဒေါ်စိန်ထွေးနှင့် ကိုတင်ထွဋ်ပိုင်တို့ လေးဦးကို နံနက် ၉ နာရီခွဲခန့်တွင် ဒဂုံမြို့နယ် တရားရုံး၌ ရုံးချိန်းဆင့်ခေါ်ထား ကြောင်း တရားစွဲခံရသူများ ဘက် မှ ရှေ့နေလိုက်ပေးမည့် ဦးရော ဘတ်စန်းအောင်က ပြောသည်။
သမ္မတအိမ်တော် တွေ့ဆုံပွဲတွင် ဒေါ်စုနှင့်တိုင်းရင်းသားများ ထိပ်တိုက်တိုး ဟု ဆို

ဇန်နဝါရီလ ၁၂ ရက်နေ့ သမ္မတအိမ်တော် ဆွေးနွေးပွဲတွင် NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ထိပ်တိုက်တိုး ခဲ့ကြောင်း သတင်းရရှိသည်။ တိုင်းရင်းသား ကိုယ်စားလှယ် များက တည်ငြိမ် အေးချမ်းရေးနှင့် ပြည်သူများ လူမှုစီးပွား တိုးတက်ရေးက အရေးကြီးကြောင်း ပြောကြားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်နှင့် အချေအတင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Monday, January 12, 2015
MPT ဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးခြင်းတို့ အတွက် ပြန်လည် လျှောက်ထားခကို ၁,၅၀၀ ကျပ် သတ်မှတ်
MPT က ၎င်းတို့ ရောင်းချထားသည့် ဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးခြင်းများအတွက် ပြန်လည်လျှောက်ထားခကို ၁,၅၀၀ ကျပ်သို့ လျှော့ချသတ်မှတ်လိုက်ပြီဖြစ်သည်။
အထက်ပါ ဆင်းမ်ကတ် အစားထိုး လဲလှယ်ခ နှုန်းထားလျှော့ချသည့် အစီအစဉ်သည် MPT မှ ရောင်းချထားသည့် ဆင်းမ်ကတ်များ အားလုံးတွင် အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ကို ဖြုတ်ချရန် ဆန္ဒပြသူ အုပ်ချုပ်ရေးမှူးနှင့် ဒု-ရဲမှူးတို့ကို ပြန်တရားစွဲမည်
နိုင်ငံရေးထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲ လေးပွင့် ခြောက်ပွင့်ရှောင်ရန်လား အဖြေရှာရန်လား
၂၀၁၅ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန်နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးထိပ်သီးခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာ ၀န်ကြီးများသည် ယနေ့ (ဇန်န၀ါရီ ၁၂ ရက်) တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ တွေ့ဆုံ ဆွေးနွေး ကြမည်ဖြစ်သည်။
အဋ္ဌမတန်း စာမေးပွဲရမှတ်နှင့် ဝိဇ္ဇာ၊ သိပ္ပံ ဘာသာတွဲများ ခွဲခြားသွားမည်မဟုတ်
အတန်းတင် စာမေးပွဲစနစ်ကို တိုင်းစစ်အဖြစ် ဖြေဆိုကြရမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူများ နဝမတန်းသို့ ဆက်လက် တက်ရောက်ရာတွင် စာမေးပွဲရမှတ် အဆင့် (Grade) အလိုက် ဝိဇ္ဇာ၊ သိပ္ပံ ဘာသာတွဲများ ခွဲခြားသတ်မှတ်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောကြားသည်။
သိပ္ပံဘာသာတွဲ သင်ကြားရန် ဆရာ၊ ဆရာမ မရှိသော စာသင်ကျောင်းများမှ လွဲ၍ အခြေခံပညာ အထက်တန်းကျောင်းတိုင်းတွင် ကျောင်းသားစိတ်ကြိုက် ရွေးချယ်ခွင့်ပေးရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
လိုင်စင်မဲ့ ဆိုင်ကယ်များ နေအိမ်တွင် ထားရှိပါက နယ်မြေခံ ရဲတပ်ဖွဲ့များ ဝင်ရောက် ဖမ်းဆီးနိုင်
ဇန်န၀ါရီ ၉ ရက်က အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာသမ္မတနေရာ ဘယ်လိုရနိုင်မလဲ

ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအဖြစ်ရွေးချယ်ခံရရန် တရားမဝင်သူ အဖြစ်ရှိနေဆဲဖြစ်ပြီး ၂၀၁၅ရွေးကောက်ပွဲမတိုင်မီအထိ သည်အချက်ကိုပြင် နိုင်မည့် ပုံမရှိချေ။
မြန်မာ့နိုင်ငံရေးလောကသို့ တရားဝင် ဝင်ရောက်လာခဲ့ပြီး နောက် ဒေါ်အောင် ဆန်းစုကြည်က တပ်မတော်၏ထောက်ခံအား ပေးမှုကိုရရှိခြင်းသည် တန်ဖိုးရှိ ကြောင်း သိမြင်ခဲ့၏။ ထို့ကြောင့် တပ်မတော်ကိုစည်းရုံးသိမ်းသွင်း သည့်စကား များကို သူကပြော ကြားသည်။ ထို့အတူ တပ်မတော် ကိုတည်ထောင်သူအဖြစ် သူ၏ ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍကိုလည်း လူတွေကို မကြာခဏ ပြောကြားအသိပေးခဲ့ သည်။ သည်အချက်ကလည်း တပ်မတော်နှင့်သူ တစ်သားတည်း ဆိုသည့်သဘောကို ပြသခြင်းဖြစ် သည်။
အမျိုးသား လွှတ်တော် ဥက္ကဌ ၈၈ ခေါင်းဆောင်များနဲ့ တွေ့ဆုံ

အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ ၈၈ မျိုးဆက်
ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တချို့ဟာ ၂ဝဝ၈
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့
တစ်နိုင်ငံလုံးအပစ် ခတ်ရပ်စဲရေးကိစ္စတွေကို ဒီနေ့ နေပြည်တော်မှာ
တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲအေးရှားလေယာဉ် ပျံသန်းမှုမှတ်တမ်းတင်သေတ္တာ ယနေ့ ဆယ်ယူမည်

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပင်လယ်ပြင်ထဲမှာ ပျက်ကျသွားတဲ့
အဲအေးရှားလေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းတင် သေတ္တာကို ရှာဖွေတွေ့ရှိပြီလို့
ရှာဖွေရေး အဖွဲ့ခေါင်းဆောင်က ဇန်န၀ါရီ ၁၁ ရက်နေ့က ပြောဆိုပါတယ်။
လေယာဉ်ပျက်အပိုင်းအစတွေအောက်မှာ
နစ်မြှုပ်နေပြီး ရေငုပ်သမားတွေက ဒီနေ့ ဇန်န၀ါရီ ၁၂ ရက်နေ့မှာ
သွားရောက်ဆယ်ယူကြမယ်လို့ အဖွဲ့ခေါင်းဆောင် ဘမ်ဘန် ဆူလီစတိုရို က
ပြောဆိုတာပါ။
အဲအေးရှားလေယာဉ်ကိုယ်ထည်ပိုင်းကို ရှာဖွေရင်း မှတ်တမ်းသေတ္တာ ရှိနိုင်တဲ့နေရာကို စုံစမ်းတွေ့ရှိ ခဲ့တာလည်း ဖြစ်ပါတယ်။
၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ကုန်စည်တန်ဆာခများ ဆက်တိုက်မြင့်တက်
မူဆယ် ၁၀၅ မိုင်ကုန် သွယ်ရေးဇုန်တွင် ဖြစ်ပေါ်နေ သည့် ယဉ်ကြောကျပ်ကာ ကား လမ်းပိတ်ဆို့မှုကြောင့် ကုန်တင် ကားများ အချိန်ကြာမြင့်စွာ ည အိပ်စောင့်ဆိုင်းနေရပြီး မန္တလေး- မူဆယ်ကုန်ပစ္စည်းတန်ဆာခ ဈေး နှုန်းများရက်ပိုင်းအတွင်း ဆက် တိုက်မြင့်တက်လာကြောင်း ကုန် စည်ပို့ဆောင်ရေး ဂိတ်များမှ သ တင်းရရှိသည်။
တရုတ်သစ်ခိုးထုတ်မှု ပြသနာ ဘယ်လို အဖြေရှာမလဲ

အခုရက်ပိုင်းအတွင်း ပြည်သူတွေ စိတ်အ၀င်စားဆုံး သတင်းတစ်ပုဒ်ကတော့ အစိုးရ စစ်တပ်ကနေ ကချင်ပြည်နယ်မှာ သစ်မှောင်ခို ၀င်လုပ်တဲ့ တရုတ်နိုင်ငံသားတွေ အပါအ၀င် သစ်တင်ကား၊ အခြား ယာဉ်နဲ့ ယန္တယား အများအပြား ဖမ်းဆီးလိုက်တဲ့ သတင်းပါ။ အစိုးရရဲ့ သစ်မှောင်ခို ဖမ်းဆီးမှု သမိုင်းမှာ နိုင်ငံခြားသား အများဆုံးနဲ့ သစ်တင်ကား အများဆုံး ဖမ်းဆီးရမိမှုအဖြစ် မှတ်တမ်းဝင်သွားပါပြီ။ တဆက်တည်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာအစိုးရအနေနဲ့ တရုတ် နိုင်ငံသားတွေကို မျှမျှတတ ကိုင်တွယ်ဖို့ တောင်းဆိုလိုက်ပါပြီ။ သစ်မှောင်ခို ဖမ်းဆီးရမိမှု ဘယ်လောက် ကြီးကျယ်သလဲ၊ ဒီ ဖမ်းဆီးမှုဟာ ဘာသဘော ဆောင်သလဲ၊ အစိုးရအနေနဲ့ ဒီကိစ္စ ဘယ်လို ကိုင်တွယ်သင့်သလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးရာတွင် သက်သေအဖြစ် အစိုးရက သုံးနိုင်ငံပါဝင်ရန် လိုလားပြီး တိုင်းရင်းသား အဖွဲ့များက ခုနစ်နိုင်ငံ ပါဝင်ရန်လိုလား
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် သက်သေအဖြစ် အစိုးရက သုံးနိုင်ငံပါဝင်ရန် လိုလားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ခုနစ်နိုင်ငံပါဝင်ရန် လိုလားလျက်ရှိရာ ယင်းကိစ္စအပေါ် နှစ်ဖက်ညှိနှိုင်းနေ ဆဲဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ သိရသည်။
လွှတ်တော်ပြင်ပနိုင်ငံရေး အားကောင်းလာစေရန် အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၏ လုပ်ဆောင်ချက်များကို အစိုးရက ထောက်ပံ့ကူညီသင့်ဟု လွှတ်တော်ကိုယ်စားလှယ် ပြောကြား
လွှတ်တော်ပြင်ပနိုင်ငံရေး ပိုမိုအားကောင်းလာစေရန် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို အစိုးရက ထောက်ပံ့ ကူညီပေးသင့်ဟု ဇန်န၀ါရီ ၁၀ ရက် ကရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ပြုလုပ်ခဲ့သော “လွှတ်တော်နိုင်ငံရေးနှင့် လွှတ်တော်ပြင်ပနိုင်ငံရေး” “ဘယ်ဟာက ပြည်သူ့အကျိုး စီးပွားကို ပိုမိုဖော်ဆောင်နိုင်သလဲ”ခေါင်း စဉ်ဖြင့် ဆွေးနွေးငြင်းခုန်မှုအစီအစဉ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားသည်။
အဆိုပါအစီအစဉ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၊ တိုင်းဒေ သကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၊ ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးနှင့် Triangle Women Group မှ ဒေါ်ခင်လေးတို့ ပါဝင်ဆွေးနွေးငြင်းခုံခဲ့ကြပြီး တက်ရောက်လာသူ များ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
အဆိုပါအစီအစဉ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၊ တိုင်းဒေ သကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၊ ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးနှင့် Triangle Women Group မှ ဒေါ်ခင်လေးတို့ ပါဝင်ဆွေးနွေးငြင်းခုံခဲ့ကြပြီး
အခြားအော်ပရေတာအသစ်များ ဈေးကွက်မထိခိုက်စေရန် ဖုန်းခေါ်ဆိုခကို အကန့်အသတ်ဖြင့် လျှော့ချခဲ့ဟု အမ်ပီတီပြော

အမ်ပီတီအနေဖြင့် ဖုန်း ခေါ်ဆိုခ နှုန်းထားများကို အများ နှင့် တန်းတူ လျှော့ချမပေးခဲ့ဘဲ သီးခြားအစီအစဉ်တစ်ခု သတ် မှတ်လိုက်ခြင်းမှာ အခြားအော်ပ ရေတာများ အကျပ်အတည်း မဖြစ်စေရန်နှင့် ပြိုင်ဆိုင်မှုဈေး ကွက် ပျက်စီးမသွားစေရန်ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ အထွေထွေမန်နေဂျာ ဦးခင်မောင် ထွန်းက ပြောသည်။
‘‘၀န်ဆောင်မှုတွေကို တန်း တူမလျှော့ချတာက အခုမှဝင် လာတဲ့ အော်ပရေတာတွေကို အကျပ်အတည်း မဖြစ်အောင် လုပ်ပေးတဲ့သဘောပါ။ ဈေးကွက်ထဲမှာ ပြိုင်ဆိုင်မှုပုံစံပျက်စီး သွားမှာကြောင့်လည်း ဖြစ်ပါတယ်’’ ဟု ဦးခင်မောင်ထွန်းကရှင်းပြသည်။
‘‘၀န်ဆောင်မှုတွေကို တန်း တူမလျှော့ချတာက အခုမှဝင် လာတဲ့ အော်ပရေတာတွေကို အကျပ်အတည်း မဖြစ်အောင် လုပ်ပေးတဲ့သဘောပါ။ ဈေးကွက်ထဲမှာ ပြိုင်ဆိုင်မှုပုံစံပျက်စီး သွားမှာကြောင့်လည်း ဖြစ်ပါတယ်’’ ဟု ဦးခင်မောင်ထွန်းကရှင်းပြသည်။
ရပ်ကွက်ရေပိုက်သွယ်တန်းမှုငွေစာရင်းရှင်းတမ်းပြုလုပ်ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

မင်္ဂလာဒုံမြို့နယ်၊ ၃/ခ ရပ်ကွက်တွင် ရေပိုက်သွယ်တန်း မှုကုန်ကျငွေရှင်းတမ်းပြုလုပ်စဉ် အငြင်းပွားရာမှ တာဝန်ရှိသူများ နှင့် ရပ်ကွက်နေပြည်သူအချို့ ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။
ရပ်ကွက်နေပြည်သူများ၏ ထည့်ဝင်ငွေဖြင့် ပုတ်ပြတ်စနစ်ရေပိုက်သွယ်တန်းမှု ပြုလုပ်ခဲ့သည့် ကုန်ကျငွေစာရင်းရှင်းလင်းရာတွင် မသမာမှုများရှိနေသည်ဟု ဆိုကာ ရပ်ကွက်နေပြည်သူအချို့က ဆူပူ အော်ဟစ်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
‘‘သူတို့ရှင်းတာက ပွင့်ပွင့် လင်းလင်းမရှိဘူး။ ဒါကို အစ်မတို့ က မကျေနပ်တာ။ ကောက်ယူရရှိ ငွေဘယ်လောက်၊ အမှန်တကယ် ကုန်ကျငွေဘယ်လောက်ဆိုတာ ရှင်းရှင်းလင်းလင်းမပြောဘူး’’ဟု အဆိုပါရပ်ကွက်နေအမျိုးသမီး တစ်ဦးက ပြောသည်။
အစိုးရ၀န်ကြီးဌာနများအပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့အချို့သည် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မလိုက်နာသောကြောင့် ပြင်းထန်စွာအရေးယူရန် လွှတ်တော်သို့ တင်မည်
အစိုးရ၀န်ကြီးဌာနများအပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့အချို့ သည် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မလိုက်နာသောကြောင့် ပြင်းထန်စွာအရေးယူရန် လွှတ်တော်သို့တင်ပြမည်ဟု ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မ တီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်များကို ၀န်ကြီးဌာနများမှ သက်ဆိုင်ရာစီမံကိန်းအလိုက် သုံးစွဲပြီးနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က စစ်ဆေးမှုများပြုလုပ် ခဲ့ကြောင်း၊ စစ်ဆေးပြီးနောက် ၀န်ကြီးဌာနအချို့ကို စာရင်းစစ်ချုပ်မှ ကန့်ကွက်ထားမှုများရှိခဲ့ကြောင်း ၊ ထို့သို့ စာရင်းစစ်ချုပ်က ကန့်ကွက်ထားမှုများပြားသည့် ၀န်ကြီးဌာနများအား ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မ တီမှ ခေါ်ယူတွေ့ ဆုံခဲ့သည်။
ကုလဆုံးဖြတ်ချက်နှင့် အဖြူရောင်ကတ် ကိုင်ထားသူများ မဲပေးခွင့်ပြုခြင်းအပေါ် ကန့်ကွက်ဆန္ဒပြမည်
ဇန်န၀ါရီ ၁၆ ရက်တွင် ရွှေတိဂုံစေတီတော် ကြေးသွန်း ဘုရားကြီးရှေ့မှ ကျိုက္ကဆံ ဟစ် တိုင်ကွင်းအထိ အင်အား ၅၀၀ ဖြင့် လမ်းလျှောက်ဆန္ဒဖော်ထုတ်သွားရန် ဗဟန်းမြို့နယ်ရဲ တပ်ဖွဲ့သို့ ခွင့်ပြုမိန့်တောင်းခံထားပြီ ဖြစ်ကြောင်းဦးဆောင်သူများက ပြောသည်။
MPT ကို စိတ်ပျက်သွားကြပြီလား . . .
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ သမိုင်းတစ်လျှောက် သုံးစွဲသူများအပေါ် အမြတ်ထုတ်ခဲ့သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အစီအစဉ် အသစ်များမှာ ထူးခြားမှု မရှိဟု အများစုက ဝေဖန်ခဲ့ကြကြောင်း သိရသည်။
ဇန်နဝါရီ ၉ ရက်တွင် ပြုလုပ်သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ စာနယ်ဇင်းရှင်းလင်းပွဲ မတိုင်မီက သုံးစွဲသူများ အနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လျှော့ချသတ်မှတ်မည့် နှုန်းထားများအပေါ် အလွန်စိတ်ဝင်တစား ရှိခဲ့သော်လည်း အမှန်တကယ် ထွက်ပေါ်လာချိန်တွင် ယင်းအစီအစဉ်သစ်များကို အလွန်အမင်း စိတ်ပျက်မိကြောင်း သုံးစွဲသူများက ဖွင့်ဟခဲ့ကြသည်။ ယင်းပွဲမတိုင်မီက MPT အနေဖြင့် ဖုန်းခေါ်ဆိုခကို တစ်မိနစ်လျှင် ၁၅ ကျပ်အထိ လျှော့ချမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးကြောင်း သိရ သည်။
ဇန်နဝါရီ ၉ ရက်တွင် ပြုလုပ်သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ စာနယ်ဇင်းရှင်းလင်းပွဲ မတိုင်မီက သုံးစွဲသူများ အနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လျှော့ချသတ်မှတ်မည့် နှုန်းထားများအပေါ် အလွန်စိတ်ဝင်တစား ရှိခဲ့သော်လည်း အမှန်တကယ် ထွက်ပေါ်လာချိန်တွင် ယင်းအစီအစဉ်သစ်များကို အလွန်အမင်း စိတ်ပျက်မိကြောင်း သုံးစွဲသူများက ဖွင့်ဟခဲ့ကြသည်။ ယင်းပွဲမတိုင်မီက MPT အနေဖြင့် ဖုန်းခေါ်ဆိုခကို တစ်မိနစ်လျှင် ၁၅ ကျပ်အထိ လျှော့ချမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးကြောင်း သိရ သည်။
Subscribe to:
Posts (Atom)