Tuesday, February 3, 2015

အဖြစ်မှန်ကို သိစေချင်တယ်

လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာတွေပေါ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ VOA သတင်းဌာနတို့ရဲ့ အင်တာဗျူး အစီအစဉ်မတိုင်မီ ပြင်ဆင်နေတဲ့အချိန်မှာရိုက်ကူး ထားတဲ့ဓါတ်ပုံတစ်ပုံနဲ့ပတ်သက်ပြီး မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်နေတာကို တွေ့ရတော့ တော်တော်စိတ်မကောင်းဖြစ်မိသလို အဲဒီလိုတမင်ရည်ရွယ်ပြီးလုပ်ကြံဖန်တီးခဲ့တဲ့လူရဲ့ အသိဥာဏ်နဲ့ စိတ်ဓါတ် ကလည်း တော်တော်အောက်တန်းကျတယ်လို့ပဲ ဝေဖန်ချင်တယ်။

နန်းတွင်း စစ်အကျဉ်းထောင် ဖောက်ပြေးသူများထဲမှ ၂ ဦး ရွှေညောင်ဘူတာ အနီးမှာ ထပ်မံ ဖမ်းဆီးရမိ၊ တပ်ကြပ်ကြီး ရဲဝင်းစံ အား သတ်ဖြတ် ထွက်ပြေးပုံ အသေးစိတ်ကို ထွက်ဆို


ရွှေညောင်ဘူတာ အနီးမှာ ထပ်မံ ဖမ်းဆီးရမိတဲ့ စစ်သည် နှစ်ဥိး ပြီးခဲ့တဲ့ ဇန်န၀ါရီလ (၂၅)ရက်နေ့ က မန္တလေး နန်းတွင်း စစ်အကျဉ်းထောင် စားရိပ်သာ တာဝန်ခံ တပ်ကြပ်ကြီး ရဲဝင်းစံ ကို သတ်ဖြတ်ပြီ ထောင်က ထွက်ပြေးလာတဲ့ အဖွဲ့ ထဲက တပ်သား ရဲမင်းနိုင် နဲ့ တပ်သား ဇော်မျိုးထက်တို့  (၂)ဦးကို ထပ်မံ ဖမ်းဆီး ရမိကြောင်း သစ်ထူးလွင်က သတင်းရရှိပါတယ်။
အဆိုပါ စစ်သည်နှစ်ဦးကို ဖေဖေါ်ဝါရီလ (၂)ရက်နေ့ က ရှမ်းပြည်နယ်၊ ရွှေညောင်ဘူတာ အနီးမှာ တာဝန်ကျ တပ်ထိန်း တပ်ဖွဲ့ ဝင်များက ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

မြန်မာ ရေနံအလုပ်သမားများ ခွဲခြားဆက်ဆံခံရမှု ကန့်ကွက်


Photo: မြန်မာ ရေနံအလုပ်သမားများ ခွဲခြားဆက်ဆံခံရမှု ကန့်ကွက်
Tuesday, February 3, 2015

ပုံနှိပ်ပါ ရှယ်ပါ မှတ်ချက်ပေးပါ အီးမေးလ် gas_fields_PTTEP_305_Z
မြန်မာ့ ကမ်းလွန်ပင်လယ်တွင် ထိုင်းနိုင်ငံမှ PTTEP ကုမ္ပဏီ လုပ်ကိုင်ခွင့် ရရှိထားသော သဘာဝ ဓာတ်ငွေ့ လုပ်ကွက်များကို အဝါရောင်ဖြင့် ဖော်ပြထားပါသည်။ 

မြန်မာနိုင်ငံ မုတ္တမကမ်းလွန်ဒေသမှာ ရေနံလုပ်ကွက် ရထားတဲ့ ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီမှာ မြန်မာ အလုပ်သမားတွေ ခွဲခြားဆက်ဆံခံနေရတာကို ဖြေ ရှင်းပေး ဖို့ ဇောတိကကမ်းလွန်ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်သားများ အဖွဲ့အစည်းက ကုမ္ပဏီတာဝန် ရှိသူတွေထံ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ထိုင်းအလုပ်သမားတွေနဲ့ မြန်မာအလုပ်သမားတွေ အကြား လုပ်ခလစာ၊ အားလပ်ရက်နဲ့ အချိန်ပိုကြေးတွေ တန်းတူခံစားခွင့် မရတာကြောင့် ၃ ရက်အတွင်း ဖြေ ရှင်းပေးဖို့ တောင်းဆိုလိုက်တာဖြစ်တယ်လို့ ဇောတိက ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်သားများအဖွဲ့က အလုပ်သမားတစ်ဦးက ပြောပါ တယ်။

"ကျနော်တို့လစာက သူတို့နဲ့ယှဉ်လိုက်လို့ရှိရင် နိမ့်ပါတယ်၊ လစာက ၈ ဆကနေ ၁၅ ဆအထိကွာပါတယ်၊ ဒီလိုပဲခွဲခြားဆက်ဆံပါတယ်"
အဲဒီလုပ်ငန်းခွင်မှာ မြန်မာအလုပ်သမား ၃၀ ကျော် နဲ့ ထိုင်းအလုပ်သမား ၄၀ နီးပါးရှိပါတယ်။

မြန်မာအလုပ်သမားတွေက ကုမ္ပဏီအနေနဲ့ အလုပ်သမားတွေအပေါ် ခွဲခြား ဆက်ဆံမှုတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့၊ လုပ်ခ လစာ၊ ခံစားခွင့်နဲ့ အားလပ် ရက်တွေကို ထိုင်းအလုပ်သမားတွေနဲ့ တန်းတူ ခံစားခွင့်ပေးဖို့၊ စတာတွေကို တောင်းဆိုထား တာဖြစ်ပါတယ်။

RFA


ပုံနှိပ်ပါ ရှယ်ပါ မှတ်ချက်ပေးပါ အီးမေးလ် gas_fields_PTTEP_305_Zမြန်မာ့ ကမ်းလွန်ပင်လယ်တွင် ထိုင်းနိုင်ငံမှ PTTEP ကုမ္ပဏီ လုပ်ကိုင်ခွင့် ရရှိထားသော သဘာဝ ဓာတ်ငွေ့ လုပ်ကွက်များကို အဝါရောင်ဖြင့် ဖော်ပြထားပါသည်။ 

အမျိုးသမီးအကြမ်းဖက်မှုကာကွယ်ရေးဥပဒေ အမြန်ရေးဆွဲရန် လွှတ်တော်တိုက်တွန်း

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျော့နည်းရေးအတွက် အမျိုးသမီးများ အား အကြမ်း ဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေတရပ်ကို အမြန်ဆုံး ရေးဆွဲ အကောင် အထည်ဖော်ဖို့ ဒီကနေ့ ပြည်ထောင်စုလွတ်တော်မှာ အဆို တင် ဆွေးနွေးပြီး ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ် စောင့်ရှောက်ရေး ဥပဒေတစ်ရပ်ကို အလျင်အမြန် ရေးဆွဲပေးနိုင်ရေး ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့တာဖြစ်ပေမယ့် ဒီကနေ့မှ လွှတ်တော်က ဆွေးနွေး အဆုံးအဖြတ်ရယူနိုင်ခဲ့တာလို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေးအွာက ပြောပါတယ်။

Father Land ငွေကြေးလိမ်လည်မှု နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေး

ကျပ်သိန်းထောင်ချီ ငွေကြေးလိမ်လည်မှု၊ စာရွက်စာတမ်းအတု ပြုလုပ်မှုဖြင့် တရားစွဲခံထားရသော ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ထံမှ တိုက်ခန်း ဝယ်ယူထားသူများနှင့် ရှယ်ယာထည့်ဝင်သူများ၏ နစ်နာကြေးငွေများကို ဖြေရှင်းပေးရန်မှာ ကျပ်သန်းသိန်းချီနေသောကြောင့် ကုမ္ပဏီပိုင်ရှင်နှင့် နစ်နာသူများကို ဇန်နဝါရီလကုန်ပိုင်းက စတင်ပြီး အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးနေကြောင်း အစစ်ဆေးခံရသူများထံမှ စုံစမ်းသိရှိရသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများပါ မဲပေးခွင့်ရှိမည်

 နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသည့် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲ ဥပဒေတွင် ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထားသူများပါ မဲပေးခွင့်ရှိသည်ဟု ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်အတည်ပြု လိုက်ပြီဖြစ်သည်။

ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက အပြင်းအထန် ကန့်ကွက်ခဲ့သော်လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် နယ်စပ်ဒေသမှ ကျန်တိုင်းရင်းသားကိုယ်စားလှယ်များက ထောက်ခံခဲ့သဖြင့် သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း   ယာယီသက်သေခံလက်မှတ် ကိုင်ဆောင် ထားသူများပါ  မဲပေးခွင့်ရရှိခြင်းဖြစ်သည်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲ တက်ရောက်ခဲ့၍ ဒေါက်တာသိန်းလွင်ကို ဒီချုပ်က စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်မည်ဟု ထုတ်ပြန်


အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် လေး ပွင့်ဆိုင်တွေ့ဆုံမှုတွင် NNER ကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေး နွေးနေသည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် အရန်ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဒေါက်တာသိန်း လွင်သည် ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့၏ ကြိုတင်သဘော တူညီချက်မရရှိဘဲ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့်အတွက် ပါ တီ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆက်လက်ဆောင်ရွက် သွား မည်ဖြစ်ကြောင်း အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်က ကြေညာချက်တစ်စောင်ထုတ်ပြန်သည်။

မြစ်ကြီးနားတွင် ဗိုလ်ချုပ်ကြေးရုပ် ထားရှိမည့်အစီအစဉ် ဆိုင်းငံ့ပေးရန် တောင်းဆို

ဗိုလ်ချုပ်အောင် ဆန်း နှစ်(၁၀၀)ပြည့် အထိမ်းအ မှတ်အဖြစ် ကချင်ပြည် နယ် မြစ်ကြီးနားမြို့တွင် ဗိုလ်ချုပ် ပုံတူကြေးရုပ်တုထားရှိမည့် အစီအစဉ်ကို ခေတ္တ ဆိုင်းငံ့ထားရန် ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့က ကချင်ပြည်နယ် ၀န်ကြီးချုပ်ထံ စာပေးပို့ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
ကချင်ပြည်သူများအား ဗိုလ်ချုပ်ပေးခဲ့သော ကတိက၀တ်များ ပြည့်စုံပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လာသည့် နေ့ အထိ ယင်းကိစ္စကို ဆိုင်းငံ့ပေးရန် တောင်းဆိုကြောင်း စာတွင်ရေး သားထားသည်။

ရေနံချောင်းမြို့မှ မကွေးမြို့သို့ချီတက်လာသည့် ကျောင်းသား စစ်ကြောင်းနှင့်အတူ ရေနံချောင်းကောလိပ်မှ ဆရာ ဆရာမများ၊ စက်မှုလက်မှုသိပ္ပံကျောင်းမှ ကျောင်းသားကျောင်းသူများနှင့် ဒေသခံများလိုက်ပါ

ဖေဖော်ဝါရီ ၂ ရက် နံနက် ၈ နာရီက ရေနံချောင်းမြို့မှ ဆက်လက် ချီတက်လာသော ကျောင်းသားစစ်ကြောင်းသည် မကွေးမြို့အ၀င် နည်းပညာတက္ကသိုလ်နှင့် ဆေးတက္ကသိုလ်များတည်ရှိသော ကံပြားကျေးရွာသို့ရောက်သည်အထိ ရေနံချောင်းစက်မှုလက်မှုသိပ္ပံမှ ကျောင်းသားကျောင်းသူများ၊ ရေနံချောင်း ဒီဂရီကောလိပ်မှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအပါအ၀င် ဒေသခံပြည်သူများက ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ညနေ ၆ နာရီခန့်က ရေနံချောင်းမြို့နှင့် မကွေးမြို့နယ်ကြား ပင်းချောင်းကိုဖြတ်ကျော်လာစဉ် မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးက ယင်းသို့လမ်းလျှောက်နေသည်မှာ ငြိမ်းစုစီဥပဒေနှင့်မညီဟု ကျောင်းသားခေါင်းဆောင်များသို့ပြောကြားခဲ့သည်။

ဧရာဝတီကျောင်းသားသပိတ်စစ်ကြောင်း ရန်ကုန်သို့ ယနေ့စတင်ချီတက်


အမျိုးသားပညာရေး ဥပဒေဆွေးနွေးသော ကျောင်းသား များကို အားပေးသည့်အနေဖြင့် ဧရာဝတီ ကျောင်းသားသပိတ် စစ်ကြောင်းသည် ဖေဖော်ဝါရီ ၃ ရက်တွင် ပုသိမ်မှ ရန်ကုန်သို့ ခြေလျင် ချီတက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့ ရည်ရွယ် ချက်က တွေ့ဆုံဆွေးနွေးမှုကို လုံးဝထိခိုက်စေချင်တဲ့ ရည်ရွယ် ချက်မရှိဘူး။ နောက်ဆွေးနွေးပွဲ တွေမှာ ရလဒ်ကောင်းတွေရစေ ချင်တယ်။ အဓိကရည်ရွယ်တာ ကတော့ ပိုကောင်းတဲ့ ပညာရေး ဥပဒေထွက်ပေါ်လာဖို့ပါ’’ဟု ဧရာ ၀တီသပိတ်စစ်ကြောင်းဦးဆောင် ကော်မတီခေါင်းဆောင် ကိုအောင်ခန့်ဇော်ကပြောကြားသည်။

Monday, February 2, 2015

ကျောင်းသား သပိတ်စစ်ကြောင်းကို ပုဒ်မ ၁၈ နှင့် ညိစွန်းဟု မကွေးအုပ်ချုပ်ရေးမှူး လာအသိပေး

ကျောင်းသား သပိတ်စစ်ကြောင်းအား မကွေးတိုင်း၊ ဒေါင်းနေချောင်း အတက်တွင် မကွေးမြို့ အုပ်ချုပ်ရေးမှူးက ယခုကဲ့သို့ စီတန်းလှည့်လည်ခြင်းသည် ပုဒ်မ ၁၈ နှင့် ညိစွန်းသည်ဟု လာရောက်အသိပေးခဲ့သည်။"သူတို့ကို ခွင့်မပြုဘူးလို့ မပြောခဲ့ဘူး။ အခုလိုလျှောက်တာ ဥပဒေနဲ့မညီဘူးပဲ ပြောခဲ့တယ်။ ကိုယ့်နယ်ထဲရောက်လာပြီဆိုတော့ ကိုယ့်မှာ စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ စောင့်ရှောက်သွားမယ်။" ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောထွန်းက မဇ္ဈိမကို ပြောသည်။

ဘားအံတွင် မူးယစ်ဆေးဝါး ရောင်းချနေသော တပ်မတော်အရာရှိတစ်ဦးကို ဖမ်းမိ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၇) ရပ်ကွက်ရှိ တည်းခိုခန်းတွင် ဇန်နဝါရီလ ၃၁ ရက် နံနက် ၁ နာရီခန့်က မူးယစ်ဆေးဝါး သုံးစွဲနေသော ဇနီးမောင်နှံ နှစ်ဦးကို ဖမ်းမိရာမှ ကွင်းဆက်များဖြစ်သော မူးယစ်ဆေးဝါး ရောင်းချနေသူများကို ဆက်လက်စုံစမ်းခဲ့ရာ အမှတ် (၂၀၁) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး အဆင့် ရာထူးရှိသူ တစ်ဦးကိုပါ သက်သေခံ စိတ်ကြွဆေးပြားများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်စည်ပင် နယ်နိမိတ်တွင် တစ်ပတ်အတွင်း ဆိုင်ကယ်အစီး ၃၀၀ ကျော် ဖမ်းဆီးအရေးယူခဲ့

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း စီးနင်းသည့် ဆိုင်ကယ်များကို မော်တော်ယာဉ် ဥပဒေအပြင် ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ဥပဒေဖြင့်ပါ အရေးယူခဲ့ပြီး ဇန်နဝါရီ နောက်ဆုံးပတ်အတွင် စီးရေ ၃ဝဝ ကျော် အရေးယူခဲ့သည်ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်)မှ ဒု-ရဲမှူးကြီး လင်းထွဋ်က ပြောသည်။

ဇန်နဝါရီ ၂၃ ရက်မှ ၂၈ ရက်အတွင်း ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း ဆိုင်ကယ်ဖမ်းဆီးအရေး ယူမှုစီးရေ ၃၄၃ စီးအထိရှိခဲ့သည်ဟု ၎င်းကဆိုသည်။

သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ၁၀ တန်း ကျောင်းသူ ရန်ကုန်ထိ လိုက်ပါက မိဘကခွင့်ပြုမည်ဆို


ပုသိမ် (မဇ္ဈိမ)။ ။ ဧရာဝတီ သပိတ်စစ်ကြောင်းတွင် လိုက်ပါ ဆန္ဒဖော်ထုတ်သူ ပုသိမ်မြို့၊ အမှတ် ၁၊ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း ကျောင်းသူ မချောစုစံ၏ မိဘဖြစ်သူ ဦးကျော်သူရက သမီးဖြစ်သူဆန္ဒရှိပါက သပိတ်ကြောင်းတွင် ဆက်လက်လိုက်ပါခွင့်ပြုမည်ဟု မဇ္ဈိမကို ပြောသည်။

မချောစုစံ ဖခင်ဦးအောင်ကျော်သူမှ ''ကျွန်တော်တို့သမီး ရန်ကုန်သွားမယ်ဆိုလည်း စာအုပ်တွေယူပြီးလိုက် ပါပေးမယ်။ လမ်းမှာ စာကျက်လို့ ရတယ်။ ကျောင်းသားတွေနဲ့ သပိတ်စစ်ကြောင်းမှာ ပါဝင်တာလည်း ကျွန်တော်တို့သိတယ်။ သမီးကျောင်း ဆက်တက်မှာပါ။ အခု ကျောင်းသားထုနဲ့ ဆိုင်တာမို့ ဆန္ဒဖော်ထုတ်ပွဲ မှာ ပါဝင်ခွင့်ပြုခဲ့တယ်'' ဟု ပြောသည်။

တောင်းဆိုချက်များမလိုက်လျောဘဲ အချိန်ဆွဲထားလျှင် ဆွေးနွေးပွဲမတက်တော့ဟု ဗကသဥက္ကဋ္ဌကျော်ကိုကိုပြော

အမျိုးသားပညာရေးဥပဒေဆွေးနွေးပွဲတွင် တောင်း ဆိုသည့်အချက်များ လိုက်လျောခြင်းမရှိဘဲ အချိန်ကြာမြင့်စွာဆွဲထားပါက တက်ရောက်ဆွေးနွေးမည်မဟုတ်ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂ(ဗကသ)ဥက္ကဋ္ဌကျော်ကိုကိုက ပြောကြားလိုက်သည်။
ဇန်န၀ါရီ ၁ရက်က သပိတ် စစ်ကြောင်းချီတက်မည့် အစီအ စဉ်၊ အာဏာပိုင်များကဖိအားပေး နေမှုများနှင့် ပတ်သက်၍ ရေနံ ချောင်းမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
‘‘အခုလောလောဆယ်ဆွေး နွေးနေတာ တောင်းဆိုထားတဲ့အ ချက် ၁၁ချက်ကို မရောက်သေး ဘူး။

NLD ပါတီ၏ စစ်တမ်းအရ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံမှု မြင့်တက်နေဆဲဟု ဆို

 ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံမှု လျော့ကျနေသည် ဆိုခြင်းမှာ မဟုတ်မှန်ဘဲ NLD ပါတီ၏ မြန်မာပြည် အနှံ့ စစ်တမ်းအရ ထောက်ခံမှု မြင့်တက်နေဆဲ ဖြစ်ကြောင်း ယင်းပါတီ၏ ဗဟို သုတေသန လမ်းညွှန် အဖွဲ့ထံမှ သိရသည်။

                  ထောက်ခံမှု ရာခိုင်နှုန်းက အတိအကျနဲ့ ပြောလို့ မရဘူးဗျ။ ဘာကြောင့်လဲ ဆိုရင် ဒါပါတီ အတွင်းရေးဗျ။ ကျွန်တော်တို့ အဖွဲ့ ပြောလို့ ရတာ က နေအိမ် အကျယ်ချုပ်နဲ့ လွတ်လာတဲ့ အခြေအနေ အတိုင်းပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို လူကြိုက် များတာ လျော့ကျ မသွားဘူး။ တချို့က လျော့ကျ သွားတယ်လို့ ပြောနေကြတာ ရှိတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုနှုန်းက မြင့်နေဆဲပဲ  ဟု NLD ဗဟို သုတေသန လမ်းညွှန် အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းက The Messenger Media သို့ ပြောသည်။

သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် စာရင်း၌ အဆင့် ၄ နေရာသို့ ရောက်ရှိလာသည့် မြို့ရန်ကုန်

ရန်ကုန်မြို့သည် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် စာရင်းတွင် အဆင့်(၄) ရောက်နေသည်ဟု သဘာဝဘေးအန္တရာယ် စောင့်ကြည့်လေ့ လာရေး ဆောင်ရွက်နေသည့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များထံမှ သိရသည်။

Urban Research & Development Institute (URDI) ၏ သုတေသ နအရ ရန်ကုန်မြို့ရှိ လူဦးရေမှာ ၅ ဒသမ ၂ သန်းရှိပြီး လူဦးရေအများဆုံးနေထိုင်သည့် မြို့ဖြစ်နေခြင်းကြောင့် ၄င်းတို့ သုံးစွဲသည့် ဇိမ်ခံပစ္စည်းများ၊ မိလ္လာစနစ်နှင့် အမှိုက်စွန့် ပစ်စနစ်များကြောင့် ထိုစာရင်းတွင် အဆင့် (၄) ရောက်ရှိနေခြင်း ဖြစ်သည်ဟု သိရသည်။

အစိုးရသည် ပြည်သူကိုလေးစားမှုမရှိ တန်ဖိုးမထားပါက နိုင်ငံတိုးတက်အောင်လုပ်ပေးနိုင်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အစိုးရတစ်ရပ်သည် ပြည်သူ လူထုကို လေးစားမှုမရှိ တန်ဖိုးမထားပါက နိုင်ငံတိုးတက် အောင် လုပ်ပေးနိုင်မည်မဟုတ်သလို ပြည်သူများဘက် မှ နိုင်ငံသား တာဝန်ကျေပွန်သည့် အရည်အချင်းရှိနေ ပါက အစိုးရကို ကိုယ့်သဘောကျ ရွေးချယ်ထိန်းကွပ် ထားနိုင်မှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဇန်နဝါရီ ၃၁ ရက်က မန္တလေးတိုင်းဒေသ ကြီး ပျော်ဘွယ်မြို့နယ်တွင်ပြုလုပ်သည့် ဗိုလ်ချုပ်အောင် ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့အကြို လူထုဟောပြောပွဲတွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

နိုင်ငံတော် အလံအား ဖြုတ်ချခဲ့ခြင်းကို သမ္မတက တာဝန်ယူမည် မဟုတ်ဟုဆို

  မြင်းခြံကောလိပ်တွင် နိုင်ငံတော် အလံအား ဖြုတ်ချခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတက ၎င်းအနေဖြင့် တာဝန်မယူ နိုင်ဟု ပြောကြား ခဲ့ကြောင်း သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ရန်ကုန်မြို့၊ စိန်ရတု ခန်းမတွင် ယမန်နေ့က ပြောကြား လိုက်သည်။

                 လမ်းလျှောက်တဲ့ ကျောင်းသားတွေကို အရေးမယူဖို့နဲ့ ပတ်သက်ပြီး သမ္မတကြီးကို ဒါလေးတော့ လုပ်ပေးပါဗျာ ဆိုတော့ သူက ပုပ္ပား အထိတော့ တာဝန်ယူပေးမယ်လို့ ပြောတယ်။ နောက်ထပ် သူပြောတာရှိ သေးတယ်။ နိုင်ငံတော် အလံကို သူမပိုင်ပါ ဘူးတဲ့။ လူဦးရေ (၅၁) သန်းကပိုင် တာ ဖြစ်ပါတယ်တဲ့။ နိုင်ငံတော် အလံနဲ့ ပတ်သက်ပြီး သူတာဝန် မယူနိုင်ဘူးလို့ ထပ်ပြောလိုက် သေးတယ် ဟု ၎င်းက ပြောသည်။

2.2.2015 မှ 8.2.2015 ထိ ၇ ရက် သားသမီး ဟောစာတမ်း

တနင်္ဂနွေ                                              
ရည်ရွယ်ချက် များနေမည်။ စိတ်လေနေမည်။ ဆုံးဖြတ်ချက်တွေ အမျိုးမျိုး ချဖြစ်မည်။ သူများစကားထက် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အကောင်အထည် ဖော်ဖြစ်မည်။ အရာရာ တပိုင်းတစ တွေနှင့် ရပ်တန့်မနေဖို့ ကြိုးစားပါ။ပြီးပြတ်အောင် ဆောင်ရွက်ပါ။ မြွှေ မသေ ဒုတ်မကျိုး မဖြစ်စေပါနှင့်။ အားလုံးတော့ ဆုံးဖြတ်နိုင်သော်လည်း အချစ်ရေး အတွက် သင့် ရင်တွေလေးနေပေလိမ့်မည်။ အချစ်ရေးမှာ သင်မပြတ်သားနိုင်ပါ။ ရည်ရွယ်တာ ၁ယောက် ဖြစ်နေတာက ၁ယောက် ဖြစ်နေမည်။ နောက်ပြီး ကိုယ်ချစ်တဲ့သူကို မိဘတို့က သဘောမတူ ဖြစ်မည်။ အလုပ်ကိစ္စ အားလုံးအဆင်ပြေပါမည်။ ချစ်သူထံက လက်ဆောင်လာမည်။
အကျိုးပေးဂဏန်း - ၇၊ ၅၊ ၆။

ဗိုလ်ချုပ်ရာပြည့်ပွဲတော် NLD ဦးဆောင်ပါက ဦးအောင်ဆန်းဦး မတက်ရောက်ဟုဆို


မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် ပွဲတော်ကို ဇာတိ နတ်မောက်မြို့တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၁၃ ရက်နေ့ထိ ကျင်းပမည်ဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်ပါက ဗိုလ်ချုပ်၏ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးက မတက်ရောက်ဟု ပြောကြားနေကြောင်း အဆိုပါ ရာပြည့်ပွဲတော် ကျင်းပရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာစိုးမင်းက ဇန်နဝါရီလ ၃၀ ရက်နေ့တွင် The Voice သို့ ပြောကြားသည်။
ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် ပွဲတော်ကျင်းပရေး ကော်မတီအနေနှင့် ဗိုလ်ချုပ်၏ သားကြီး ဦးအောင်ဆန်းဦးကို ရာပြည့်အဖွင့်မိန့်ခွန်း၊ ကြေးရုပ်ဖွင့်ပွဲ ဖဲကြိုးဖြတ်ခြင်းနှင့် ကျောက်စာဖွင့်ပွဲ မိန့်ခွန်းသုံးနေရာ အဓိကထား နေရာပေးကာ တက်ရောက်ရေး ဖိတ်ကြားရာတွင် အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်ကြောင်း ဒေါက်တာစိုးမင်းက ပြောကြားသည်။

လေးပွင့်ဆိုင် ရလဒ်သံသယရှိ၍ သပိတ်စစ်ကြောင်း ဆက်ထွက်မည်

Student-Strike-Mandalay-Began-Marching-18
ရန်ကုန် (မဇ္ဈိမ)။ ။ ရေနံချောင်းမြို့သို့ ရောက်ရှိနေသည့် မန္တလေး ကျောင်းသား သပိတ်စစ်ကြောင်းမှာ လေးပွင့်ဆိုင် တွေ့ဆုံရေးအပေါ် သံသယရှိသည့်အတွက် ရပ်နားမထားဘဲ ဖေဖော်ဝါရီ ၂ ရက်မှစတင်ကာ ရေနံချောင်းမြို့မှ မကွေးမြို့သို့ သပိတ်စတင် ထွက်ခွာမည်ဖြစ်ကြောင်း မန္တလေးကျောင်းသား သပိတ်ကြောင်းမှ ပြန်ကြားရေးကော် မတီမှ ကိုရဲရင့်ကျော်က ပြောသည်။ ''ကျွန်တော်တို့ ဒီနေ့ (ဖေဖော်ဝါရီ ၁ ရက်) တွေ့ဆုံပွဲကို သံသယကြီးစွာနဲ့ စောင့်ကြည့်နေပါတယ်။ ကျောင်းသားပြည်သူ ထောက်ခံမှုများ လာတဲ့အခါမှာ သူတို့ဘက်က ကျွန်တော်တို့ရဲ့ ကတိတွေ ချိုးဖောက်လာအောင် ဖိအားအမျိုးမျိုးပေးတယ်။ တွေ့ဆုံဆွေးနွေးမှုအဖြေကလည်း မထွက်လာတော့ မနက်ဖြန် (ဖေဖော် ဝါရီ ၂ ရက်) ကစပြီး ဘယ်အခြေကိုမှ မစောင့်တော့ဘဲ နံနက် ၉ နာရီကစပြီး မကွေးကို ချီတက်ပါမယ်'' ဟု ၎င်းက ပြောသည်။

ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကို ငြင်းပယ်ခြင်း မဟုတ်ဘဲ တွေ့ဆုံမှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ်သွားမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား


ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး ဒုတိယအကြိမ် သဝဏ်လွှာ ပေးပို့ကာ ထပ်မံ တိုက်တွန်းထားသော ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကို ငြင်းပယ်ခြင်း မဟုတ်ဘဲ ကျယ်ပြန့်သော ပါဝင်မှုများဖြင့် တွေ့ဆုံမှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ဆရာမနှစ်ဦးအသတ်ခံရမှုနှင့် သံသယဖြစ်စရာများ

အားလုံးသိတဲ့အတိုင်း ဆရာမနှစ်ဦးအသတ်ခံရတဲ့ကိစ္စ အမှုမှန်ပေါ်ပေါက်ရေး ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ ဖြစ်နေပြန်ပါပြီ။
အမှုစုံစမ်းရေးအဖွဲ့လည်း တော်တော်စိတ်ဓာတ်ကျလာပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်ကူညီမှု အားနည်းချက်က တစ်ကြောင်း၊ ခေါ်ယူစစ်ဆေးမေးမြန်းတဲ့အခါမှာလည်း ဖုံးကွယ်မှုတွေ ရှိနေတာက တစ်ကြောင်းလို့ ဆိုရပါ့မယ်။ နောက်ထပ် စစ်ဆေးတွေ့ရှိချက်ကလည်း အမှုမှန်ပေါ်ပေါက်ရေးအတွက် ထည့်သွင်းစဉ်းစားစရာဖြစ်နေပါတယ်။
သူကတော့ အခြားမဟုတ်ပါဘူး။ ဆရာမနှစ်ဦးအသတ်ခံရတဲ့ အိမ်အနား က ဒေါ်ခွန်မိုင်ရဲ့သား မာတီး ဆိုတဲ့လူပဲဖြစ်ပါတယ်။

ခြောက်ပွင့်ဆိုင် ပေါ်ပေါက်ရေး၊ သူလျှော့ ကိုယ်လျှော့


အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း ပြီးခဲ့တဲ့ ၁၁ ကြိမ်မြောက် လွှတ်တော်အစည်းအဝေး ကာလတုန်းက ပြည်ထောင်စု လွှတ်တော်ဟာ ခြောက်ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ သမ္မတကို တိုက်တွန်းတဲ့ အဆို တစ်ခုချမှတ်ခဲ့ပါတယ်။ ၁၂ ကြိမ်မြောက် အစည်းအဝေး စတင်နေပြီဖြစ်တဲ့ အခုအချိန်မှာတော့ အဲဒီအဆိုနဲ့ ပတ်သက်ပြီး သမ္မတဘက်က လွှတ်တော်ကို အကြောင်းပြန်တာ၊ အဲဒီအကြောင်းပြန်ချက်အပေါ် လွှတ်တော် နာယက သူရဦးရွှေမန်းက ပြန်လည်သဝဏ်လွှာပေးပို့တာလုပ်ခဲ့ပြီး ဖြစ်သလို အခုနောက်ပိုင်း ခြောက်ပွင့်ဆိုင်မလုပ်ရင် ဘာဖြစ်လာနိုင်သလဲဆိုပြီး သူရဦးရွှေမန်းက သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုတာရှိလာပါပြီ။ သမ္မတ ဦးသိန်းစိန်ကလည်း သူ့ရဲ့နောက်ဆုံး သဘောထားကို ဖေဖော်ဝါရီ ၁ ရက် ပြည်သူတွေကိုပြောတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပြန်ပါပြီ။ ဒါနဲ့ပတ်သက်ရင် ပြည်သူတွေ နည်းနည်းခေါင်းရှုပ်စပြုလာပါပြီ။ ဒီကနေ့ ခြောက်ပွင့်ဆိုင်ကိစ္စ ဘာဖြစ်နေသလဲ၊ ဘာဆက်ဖြစ်လာနိုင်မလဲ လေ့လာကြည့်ကြရအောင်ပါ။

လူမှုကွန်ယက်မှာ သူငယ်ချင်းနဲ့ ပုံတင် ထားတာကို ရေးကြီး ခွင်ကျယ် လျှောက်ပြော နေကြတာပါ လို့ဆိုတဲ့ ခိုင်နှင်းဝေ


သူမရဲ့ ပရိသတ်များနဲ့ ခဏတာ အဆက်အသွယ်ပြတ်ခဲ့ပြီး လက်ရှိမှာ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးလာတဲ့ ခိုင်နှင်းဝေပဲက သူမကိုယ်တိုင် သုံးနေတဲ့ Facebook account မှာ အတွဲပုံပရိုဖိုင်းဓာတ်ပုံ နဲ့ Cover ဓာတ်ပုံတွေ တင်ထားတာမို့ သူမကို ချစ်တဲ့ ပရိသတ်တွေအနေနဲ့ ဘယ်သူများလဲရယ်လို့ သိချင်နေကြပါတယ်။ ဒါကို ပရိသတ်တွေကိုယ်စား သူမကို မေးကြည့်လိုက်တော့ “အစ်မက တစ်ဦးတည်းသော သမီးပါ။ သူငယ်ချင်း အပေါင်းအသင်း မရှိဘူး။ မိတ်ဆွေအပေါင်းအသင်းလဲ မရှိဘူး။ အစ်မမှာ သူငယ်ချင်း ၂ ယောက်ပဲ ရှိတယ်။ တစ်ယောက်က ဘဏ်မှာ လုပ်နေတဲ့ ကောင်မလေး။ နောက်တစ်ယောက်က သူပေါ့။

ပါကစ္စတန်တွင် ဗလီဗုံးကွဲသေဆုံးသူများကိုသယ်ပြီး စီတန်းလှည့်လည်

ပါကစ္စတန်နိုင်ငံ ရှိကာပါရ်မြို့က ရှီးယိုက် ဗလီပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တဲ့ လူ ၄၉ ဦးရဲ့ ခေါင်းတလား တွေနဲ့အတူ မိသားစုတွေဟာ မြို့တွင်းလမ်းတွေပေါ်မှာ မနေ့က စီတန်း လှည့်လည် ခဲ့ကြပါတယ်။ ပါကစ်စတန် တောင်ပိုင်းက ဆင်းဒ်ဟ်ခရိုင် ရှိကာပါရ်မြို့ သောကြာဝတ်ပြုပွဲမှာ ပေါက်ကွဲခဲ့လို့ ဝတ်ပြုသူ ၄၉ယောက် သေဆုံးခဲ့ပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့ပါတယ်။

ပြည်သူငါးသန်းခန့်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းမှ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်ထိုး၍ လွှတ်တော်သို့ တောင်းဆိုထားသော်လည်း သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်ရေးနည်းလမ်းများနှင့်အညီ ပြင်ဆင်ခြင်းကသာ နည်းလမ်းမှန်ဖြစ်ကြောင်း လွှတ်တော်သို့ပြန်ကြားထား

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းမှ ပုဒ်မ ၄၃၆ကို ပြင်ဆင်ရန် ပြည်သူငါးသန်းခန့်က လက်မှတ်ရေးထိုး၍ လွှတ်တော်သို့ တင်ပြတောင်းဆိုထားသော်လည်း နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နည်းလမ်းများနှင့်အညီ ပြင်ဆင်ခြင်းကသာ နည်းလမ်းမှန်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ ပြန်ကြားထားကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူလူထု လက်မှတ်ရေးထိုး တောင်းဆိုသည့် လှုပ်ရှားမှုကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ၂၀၁၄ ခုနှစ် မေလမှ ဇူလိုင်လအထိ တစ်နိုင်ငံလုံး၌ ဆောင်ရွက်ခဲ့ရာ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် ပြည်သူငါးသန်းခန့်က လက်မှတ်ရေးထိုးတောင်းဆိုခဲ့ပြီး ယင်းလက်မှတ်များကို လွှတ်တော်သို့ပို့ခဲ့သည်။

ငွေစက္ကူ အပါအ၀င် အရေးကြီး စာရွက်စာတမ်းများ ရိုက်နှိပ်သည့် ၀ါဇီစက်ရုံမှာ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်၌သာ ရှိနေပြီး ဗဟိုဘဏ်၏ လက်အောက်သို့ လွှဲပြောင်းပေးမှု မရှိသဖြင့် ငွေကြေးရိုက်ထုတ်မှုကို ထိန်းချုပ်ရန် ခက်ခဲကြောင်း ထောက်ပြ

ငွေစက္ကူ အပါအ၀င် အရေးကြီး စာရွက်စာတမ်းများ ရိုက်နှိပ်သည့် ၀ါဇီစက်ရုံမှာ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်၌သာ ရှိနေပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လက်အောက်သို့ လွှဲပြောင်းပေးထားမှု မရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ စာရင်းစစ်ချုပ် ဦးအောင်သိန်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဇန်န၀ါရီ ၃၁ ရက်က ကျင်းပသည့် နိုင်ငံတော်၏ အမျိုးသားစီမံကိန်း နှစ်စဉ်ရသုံးမှန်းခြေ ငွေစာရင်းနှင့် အခွန်အကောက်ဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားသည်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ခိုင်မာသောဆွေးနွေးမှုဖြစ်စေရေး ကျောင်းသားများက သပိတ်တွင် ပါဝင်သူများကို အရေးမယူရန်အပါအ၀င် စည်းကမ်းချက် ကိုးချက်ကို ဆွေးနွေးခဲ့ပြီး ခုနစ်ချက်သာ သဘော တူညီမှုရသည့်အတွက် နေပြည်တော်တွင် ဆက်လက်ဆွေးနွေးရမည်


အမျိုးသားပညာရေးဥပဒေ လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ခိုင်မာသော ဆွေးနွေးမှု ဖြစ်ပေါ်စေရန်အတွက် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ (သပိတ်မှောက်ကျောင်းသား) များက သပိတ်တွင် ပါဝင်သူများကို အရေးယူခြင်းမပြုရန်အပါအဝင် စည်းကမ်းချက် ကိုးချက်ကို ဆွေးနွေးခဲ့ပြီး ခုနစ်ချက်သာ သဘောတူညီမှုရရှိသည့်အတွက် နေပြည်တော်တွင် ဖေဖော်ဝါရီ ၃ ရက်၌ ဆက်လက်ဆွေးနွေးရမည် ဖြစ်သည်။