Saturday, November 8, 2014

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းမှာ ဆိုင်ကလုန်းအဆင့်သို့ မရောက်ရှိဘဲ အားပျော့သွားပြီဖြစ်ကြောင်း မိုးဇလထုတ်ပြန်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသောမုန်တိုင်းမှာ ဆိုင်ကလုန်းအဆင့်သို့ မရောက်ရှိဘဲ အားပျော့သွားပြီး နိုဝင်ဘာ ၉ ရက်တွင် မုန်တိုင်းမှာ လုံးဝပျက်ပြယ်သွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၄၈ဝ ခန့်၊ အိန္ဒိယနိုင်ငံ ပို့ဘလဲလ်ယားမြို့၏ အနောက်မြောက်ဘက် မိုင် ၃၆ဝ ခန့်နှင့် ဗီဇာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင် ၃၁ဝ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုခဲ့ကြောင်းနှင့် အဆိုပါမုန်တိုင်းငယ်သည် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားခဲ့သော်လည်း လက်ရှိအချိန်တွင် အားပျော့သွားပြီဖြစ်ကြောင်း သိရသည်။

တရားမ၀င် သစ်တင်သွင်းနေမှုများကို တားဆီးပေးရန် တရုတ်အစိုးရသို့ မြန်မာဘက်မှ အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း အခက်အခဲ အနည်းအကျဉ်းကို အကြောင်းပြပြီး တားမြစ်မှုအရှိန်ပျော့နေဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံမှသစ်များကို တရုတ်နိုင်ငံသို့ တရားမဝင် တင်သွင်းနေမှုများအား တားဆီးပေးရန် မြန်မာဘက်မှ တရုတ်အစိုးရသို့ အကြိမ်ကြိမ်တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ယင်းတို့၏ အကျိုးစီးပွား၊ တရုတ်နိုင်ငံရှိ စက်ရုံအလုပ်ရုံများတွင် ပေါ်ပေါက်လာနိုင်သည့် ကုန်ကြမ်းရရှိနိုင်ရန် ခက်ခဲခြင်း၊ အလုပ်သမားများ၏ အလုပ်အကိုင် အခွင့်အလမ်းအတွက် ဖြစ်ပေါ်လာနိုင်မည့် အခက်အခဲ အနည်းအကျဉ်းကို အကြောင်းပြပြီး တရုတ်အစိုးရမှ တားမြစ်မှုများ အရှိန်ပျော့နေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက နိုဝင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့ IBC ခန်းမ၌ ကျင်းပသည့် သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းလီမိတက်၏ (၂၁)ကြိမ်မြောက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြား ခဲ့သည်။

ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်း ဆက်လက်စောင့်ကြည့်နေရဆဲ

ဘင်္ဂလားပင်လယ်အော် မှ မုန်တိုင်းသည် ပိုမိုအားကောင်း လာခြင်းမရှိသော်လည်း အ၀ါ ရောင်အဆင့် သတ်မှတ်၍ သတိ ပေးထားဆဲဖြစ်ပြီး မြန်မာနိုင်ငံအ နှံ့ အချိန်အခါမဟုတ် မိုးရွာနေဦး မည်ဖြစ်ကြောင်း မိုး/ဇလဌာန ဒု တိယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက ပြောသည်။

အမြန်လမ်းပေါ်တွင် အုပ်စုဖွဲ့လုယက်ရန် ကြိုးပမ်းမှုများဖြစ်ပေါ်

အာဆီယံထိပ်သီးအ စည်းအဝေးအတွက် နေပြည် တော်တွင် လုံခြုံရေးအပြည့် ဆောင်ရွက်နေချိန် အစည်း အဝေးကျင်းပရန် သုံးရက်အလို၌ ရန်ကုန်-မန္တလေး အမြန်လမ်းမ ပေါ်တွင် ကားအချို့ကို အုပ်စုဖွဲ့ လုယက်ရန် ကြိုးပမ်းမှုဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၆ ရက် ညနေက အမြန်လမ်း မိုင်တိုင်အမှတ်(၉၉) အနီးတွင် အမျိုးသားတစ်ဦးက အ မြန်လမ်းပေါ်ရပ်၍ ကားကို ပေါက်တူးဖြင့် လွှဲရိုက်ကာ လုယက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ကိုယ် တိုင်ကြုံတွေ့ခဲ့ရသူ ကိုသီဟထွန်း က ပြောသည်။ ၎င်းက အနီးဆုံး ရဲကင်းဖြစ်သော မိုင်တိုင်(၉၄)ရှိ အမြန်လမ်းရဲကင်းသို့ သွားရောက်တိုင်ကြားခဲ့သည်။ အဆိုပါရဲကင်းတွင် တာဝန်ကျရဲသားတစ်ဦးသာ ရှိပြီး၎င်းက လုယက်ရန်ကြံစည်သူများကို လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း ကိုသီဟထွန်းက ပြောသည်။

မူးယစ်ကုန်သည် ဆယ်ဦးကို ဖမ်းဆီးပေးရန် ထိုင်းရဲက မြန်မာရဲတပ်ဖွဲ့အား အကြောင်းကြား

ထိုင်းနိုင်ငံက ၀ရမ်း ထုတ်ထားသည့် မူးယစ်ကုန်သည် ဆယ်ဦးကို ဖမ်းဆီးပေးရန် ထိုင်းရဲ က မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တရား ၀င်အကြောင်းကြားစာ ပို့လိုက် ကြောင်း သတင်းရရှိသည်။

မြန်မာနှင့် ထိုင်းလူမျိုးများ ပါသည့် မူးယစ်ကုန်သည် ဆယ် ဦး၏ ကိုယ်ရေးအချက်အလက် များနှင့် ဓာတ်ပုံများကိုပါ ပေးပို့ခဲ့ ခြင်းဖြစ်ပြီး နာမည်နှင့်တကွ အ တိအကျပြောရန် မဖြစ်နိုင်ကြောင်း နေပြည်တော်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲ အရာရှိကြီးတစ်ဦးက ပြောသည်။

‘‘ကျွန်တော်တို့ဆီ စာဝင် တယ်။ သူတို့ဓာတ်ပုံတွေရော၊ နာ မည်တွေရောပါတယ်။ ဖမ်းဆီးရ မယ့် စာရင်းဇယားတွေနဲ့ သူတို့ ပေးထားတဲ့ မြေပုံညွှန်းနဲ့ လိုက်စုံ စမ်းပေးပြီး လိုအပ်တာတွေ အ ကောင်အထည်ဖော်ရမှာပေါ့’’ ဟု အဆိုပါ ရဲအရာရှိကြီးက ပြော ကြားသည်။

Friday, November 7, 2014

UNA ပထမဆုံးအကြိမ် ညီလာခံ ယခုနှစ်မကုန်မီ ပြုလုပ်မည်

၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော နိုင်ငံရေးပါတီများဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) ၏ ပထမဆုံးအကြိမ် ညီလာခံကို ယခုနှစ်မကုန်မီ ပြုလုပ်မည် ဖြစ်ကြောင်း UNA အဖွဲ့ဝင် မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမင်းကျော်ဝင်းက ပြောကြားသည်။

UNA အဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရေးနှင့် ပိုမိုကျစ်လျစ်သော မဟာမိတ်အဖွဲ့ ဖြစ်ပေါ်လာရေးအတွက် ညီလာခံ ခေါ်ယူခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဒီနှစ်မကုန်ခင်မှာ ညီလာခံ ခေါ်ဖို့အတွက် သဘောတူညီထားတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ လုပ်မလဲ ဆိုတာတော့ ညှိနှိုင်းနေဆဲပါ” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းရန် ကမ်းနားလမ်း တစ်လျှောက် မိုးပျံလမ်း တည်ဆောက်ရန် လုပ်ဆောင် သွားမည်

ရန်ကုန်မြို့၌ ယာဉ်ကြော ကျပ်တည်းမှုမှာ တစ်နေ့တခြား များပြားလာလျက် ရှိရာ ထိုသို့ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းနိုင်ရေးအတွက် မိုးပျံလမ်းများ တည်ဆောက်ရန် ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ မှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုပါကြီးအလောင်း ရန်ကုန်ကို သယ်လာပြီ

ကိုပါကြီး၏ အလောင်းကို မော်လမြိုင်မှ ရန်ကုန်သို့ နိုဝင်ဘာ ၇ရက် နံနက်တွင် သယ်ဆောင်လာပြီဟု လိုက်ပါသတင်းယူသည့် မဇ္ဈိမ သတင်းအဖွဲ့က သတင်းပေးပို့သည်။

ကိုပါကြီး၏ အလောင်းအား နံနက် ၈နာရီခန့်တွင် မော်လမြိုင်မှ သယ်ဆောင်လာပြီး ယခု နံနက် ၁၀နညရီတွင် သထုံသို့ ရောက်ရှိပြီဖြစ်သည်။

လမ်းတစ်လျောက်တွင် လုံခြုံရေးရဲတချို့နှင့် လမ်းကြောင်းရှင်းပေးသည့် ယဉ်ထိန်းရဲ အချို့ကို တွေ့ရပြီး အခြေအနေတည်ငြိမ်လျက်ရှိသည်။

ဒုတိယဗိုလ်ချုပ်ကြီးကိုကို အပါအဝင် သုံးဦးကို စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်း ဟားဗတ်အစီရင်ခံစာတွင် ဖော်ပြ

ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနှင့် ဗိုလ်ချုပ်မောင်မောင်အေးတို့ ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း စစ်ရာဇဝတ်မှုအချို့ ကျူးလွန်ကြောင်း စိစစ်တွေ့ရှိထားသည်ဟု ဟားဗတ်ဥပဒေကျောင်း အစီရင်ခံစာတွင် ဖော်ပြထားကြောင်း အစီရင်ခံစာ ပြုစုသူတစ်ဦး ဖြစ်သည့် Mr. Matthew Bugher က The Voice သို့ ပြောဆိုသည်။

တပ်မတော်၏ လက်ရှိ ထိပ်တန်းခေါင်းဆောင် သုံးဦးသည် လွန်ခဲ့သည့် ခြောက်နှစ်ခန့်က ကရင်ပြည်နယ် အရှေ့ပိုင်း၌ လက်နက်ကိုင်တို့နှင့် တိုက်ပွဲဖြစ်ပွားစဉ် အဆိုပါပြစ်မှုမျိုး ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာများကို မော်တာကျည်ဖြင့် ပစ်ခတ်ခြင်း၊ အရပ်သားများကို သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

အာဆီယံ ကြေညာချက် ပေါက်ကြားမှု အာဆီယံဝင်နိုင်ငံများကို တရားဝင် သတိပေးမည်

မြန်မာနိုင်ငံတွင် မကြာမီ ကျင်းပတော့မည့် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး နောက်ဆုံးနေ့တွင်မှ ထုတ်ပြန်ကြေညာရမည့် အာဆီယံ ကြေညာချက်မူကြမ်း ဗီအိုအေ (VOA) သတင်းဌာနသို့ ပေါက်ကြားမှုနှင့် ပတ်သက်၍ အာဆီယံ နိုင်ငံခေါင်းဆောင်များကို သတိပေး ပြောကြားသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

၀၁၅ ရွေးကောက်ပွဲတွင် သမ္မတနေရာအတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်နိုင်စေရန် မြန်မာအစိုးရအား သမ္မတအိုဘားမားက ဖိအားပေးဖို့ အမေရိကန်လွှတ်တော်အမတ်များ တိုက်တွန်း

၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတနေရာအတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်နိုင်စေရန် မြန်မာအစိုးရအား သမ္မတအိုဘားမားက ဖိအားပေးဖို့ အမေရိကန်လွှတ်တော်အမတ်များ တိုက်တွန်း
Friday, November 7, 2014

၂ဝ၁၅ ရွေးကောက်ပွဲတွင် သမ္မတနေရာအတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်နိုင်စေရန် မြန်မာအစိုးရအား သမ္မတအိုဘားမားက ဖိအားပေးဖို့ အမေရိကန်လွှတ်တော်အမတ်များက တိုက်တွန်းလိုက်ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ခြင်းမရှိပါက မြန်မာပြည်သူများအနေဖြင့် မိမိတို့လိုလားသော ခေါင်းဆောင်ကို ရွေးချယ်နိုင်ခွင့်မရှိဘဲ ရွေးကောက်ပွဲသည်လည်း မျှတမည်မဟုတ်ကြောင်း အမေရိကန်ဥပဒေပြုလွှတ်တော်အမတ် ၂ဝ ကျော်က သမ္မတအိုဘားမားထံ စာပို့အကြောင်းကြားကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြထားသည်။

အဆိုပါ အကြောင်းကြားစာမူကြမ်းကို ကွန်ဂရက်လွှတ်တော် အထောက်အကူပြုအဖွဲ့ဝင်တစ်ဦးက အေပီသတင်းဌာနသို့ ဗုဒ္ဓဟူး နေ့က ပေးပို့ခဲ့ခြင်းဖြစ်သည်။

အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သည် ၂ဝ၁၅ ခုနှစ်ကုန်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရေပန်းစားနေသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရရန် အဟန့်အတားရှိနေသည်။ သမ္မတရာထူးအတွက် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ရွေးချယ်ခံခွင့်ရှိရန် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင် ပြောင်းလဲရေးကို စဉ်းစားသွားမည်ဖြစ်ကြောင်း လွှတ်တော်က ပြီးခဲ့သည့်လတွင် သဘောတူညီထားသည်။

သမ္မတအိုဘားမားသည် နိုဝင်ဘာလ ဒုတိယအပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး သမ္မတဦးသိန်းစိန်အပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်လက်ထက်တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်လာခြင်းကို အမေရိကန်နိုင်ငံခြားရေး မူဝါဒအောင်မြင်မှုတစ်ခုအနေဖြင့် မှတ်ယူထားသော်လည်း အဆိုပါ ကွန်ဂရက်လွှတ်တော်အမတ်များက ပြုပြင်ပြောင်းလဲမှုများသည် လက်ရှိအချိန်တွင် ရပ်တန့်နေကြောင်း ပြောကြားသည်။

၎င်းတို့က လက်ရှိတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပေါ် တပ်မတော်၏ လွှမ်းမိုးမှုရှိသေးကြောင်း၊ တပ်မတော်အစိုးရလက်ထက်က ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြင်ဆင်ရန် လိုအပ်သေးကြောင်း ထောက်ပြပြောဆိုထားသည်။

“အဆိုပါ အခြေအနေများကြောင့် လာမည့်ရွေးကောက်ပွဲတွင် မြန်မာပြည်သူများအနေဖြင့် မိမိတို့ဆန္ဒအတိုင်း နိုင်ငံ့ခေါင်းဆောင်ရွေးချယ်နိုင်ခြင်းမရှိပါက အဆိုပါရွေးကောက်ပွဲသည် လွတ်လပ်သော တရားမျှတသော ယုံကြည်ထိုက်သော ရွေးကောက်ပွဲတစ်ခုဖြစ်နိုင်မည်မဟုတ်”ဟု သမ္မတအိုဘားမားထံ ပေးပို့သည့်စာတွင် ဖော်ပြပါရှိသည်။

Photo: ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတနေရာအတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်နိုင်စေရန် မြန်မာအစိုးရအား သမ္မတအိုဘားမားက ဖိအားပေးဖို့ အမေရိကန်လွှတ်တော်အမတ်များ တိုက်တွန်း
Friday, November 7, 2014

၂ဝ၁၅ ရွေးကောက်ပွဲတွင် သမ္မတနေရာအတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်နိုင်စေရန် မြန်မာအစိုးရအား သမ္မတအိုဘားမားက ဖိအားပေးဖို့ အမေရိကန်လွှတ်တော်အမတ်များက တိုက်တွန်းလိုက်ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
 
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ခြင်းမရှိပါက မြန်မာပြည်သူများအနေဖြင့် မိမိတို့လိုလားသော ခေါင်းဆောင်ကို ရွေးချယ်နိုင်ခွင့်မရှိဘဲ ရွေးကောက်ပွဲသည်လည်း မျှတမည်မဟုတ်ကြောင်း အမေရိကန်ဥပဒေပြုလွှတ်တော်အမတ် ၂ဝ ကျော်က သမ္မတအိုဘားမားထံ စာပို့အကြောင်းကြားကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြထားသည်။
 
အဆိုပါ အကြောင်းကြားစာမူကြမ်းကို ကွန်ဂရက်လွှတ်တော် အထောက်အကူပြုအဖွဲ့ဝင်တစ်ဦးက အေပီသတင်းဌာနသို့ ဗုဒ္ဓဟူး နေ့က ပေးပို့ခဲ့ခြင်းဖြစ်သည်။
 
အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သည် ၂ဝ၁၅ ခုနှစ်ကုန်တွင်  ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရေပန်းစားနေသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရရန် အဟန့်အတားရှိနေသည်။ သမ္မတရာထူးအတွက် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ရွေးချယ်ခံခွင့်ရှိရန် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင် ပြောင်းလဲရေးကို စဉ်းစားသွားမည်ဖြစ်ကြောင်း လွှတ်တော်က ပြီးခဲ့သည့်လတွင် သဘောတူညီထားသည်။
 
သမ္မတအိုဘားမားသည် နိုဝင်ဘာလ ဒုတိယအပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး သမ္မတဦးသိန်းစိန်အပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။
 
သမ္မတဦးသိန်းစိန်လက်ထက်တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်လာခြင်းကို အမေရိကန်နိုင်ငံခြားရေး မူဝါဒအောင်မြင်မှုတစ်ခုအနေဖြင့် မှတ်ယူထားသော်လည်း အဆိုပါ ကွန်ဂရက်လွှတ်တော်အမတ်များက ပြုပြင်ပြောင်းလဲမှုများသည် လက်ရှိအချိန်တွင် ရပ်တန့်နေကြောင်း ပြောကြားသည်။
 
၎င်းတို့က လက်ရှိတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပေါ် တပ်မတော်၏ လွှမ်းမိုးမှုရှိသေးကြောင်း၊ တပ်မတော်အစိုးရလက်ထက်က ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြင်ဆင်ရန် လိုအပ်သေးကြောင်း ထောက်ပြပြောဆိုထားသည်။
 
“အဆိုပါ အခြေအနေများကြောင့် လာမည့်ရွေးကောက်ပွဲတွင် မြန်မာပြည်သူများအနေဖြင့် မိမိတို့ဆန္ဒအတိုင်း နိုင်ငံ့ခေါင်းဆောင်ရွေးချယ်နိုင်ခြင်းမရှိပါက အဆိုပါရွေးကောက်ပွဲသည် လွတ်လပ်သော တရားမျှတသော ယုံကြည်ထိုက်သော ရွေးကောက်ပွဲတစ်ခုဖြစ်နိုင်မည်မဟုတ်”ဟု သမ္မတအိုဘားမားထံ ပေးပို့သည့်စာတွင် ဖော်ပြပါရှိသည်။
 
နိုဝင်ဘာ ၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာအနေဖြင့် တပ်မတော်လွှမ်းမိုးမှုရှိသေးသော လက်ရှိမြန်မာအစိုးရအပေါ်တွင် ယုံကြည်မှုထားရှိခြင်းသည် စောသေးကြောင်း၊ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုများသည်လည်း ကာလအတော်ကြာကတည်းက ရပ်တန့်နေကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံအပေါ်တွင် အလွန်အကျွံ အကောင်းမြင်နေကြောင်း ပြောကြားသည်။
 
အဆိုပါအကြောင်းကြားစာတွင် ကွန်ဂရက်လွှတ်တော်အမတ်များက မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားဦးရေ မြင့်တက်လာနေကြောင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့်များ တစ်စတစ်စ ပြန်လည်လျော့ပါးလာနေကြောင်း ထောက်ပြထားပြီး အမေရိကန်အစိုးရအနေဖြင့် မြန်မာအစိုးရနှင့် ပုံမှန်ဆက်ဆံရေး မထူထောင်ခင် မြန်မာနိုင်ငံတွင် စစ်မှန်သော ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်နိုင်စေရန် ရှင်းလင်းစွာလုပ်ဆောင်သင့်ကြောင်း ဝေဖန်ထားသည်။
 
ထိုအကြောင်းကြားစာပေးပို့သည့် လွှတ်တော်အမတ်များတွင် Republican ပါတီဝင် အမတ်များသာမက Democratic ပါတီဝင်အမတ်များလည်း ပါဝင်ခဲ့ပြီး စတင်ရေးသားခဲ့သူများတွင် Democratic ပါတီကိုယ်စားလှယ် ဖြစ်ပြီး ကွန်ဂရက်လွှတ်တော်အတွင်း မြန်မာနိုင်ငံအကြောင်း အဓိကပြောကြားလေ့ရှိသူ Joe Crowley နှင့် Republican ပါတီကိုယ်စားလှယ်ဖြစ်ပြီး အာရှဆိုင်ရာ ကွန်ဂရက် Panel အဖွဲ့ဥက္ကဠ Steve Chabot တို့လည်း ပါဝင်ကြောင်း သိရသည်

၂၀၁၂ ခုနှစ် နိုဝင်ဘာလက ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ အမေရိကန်သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မီဒီယာများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ-သန်းဇော်ထွန်း)
Eleven Media Group
နိုဝင်ဘာ ၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာအနေဖြင့် တပ်မတော်လွှမ်းမိုးမှုရှိသေးသော လက်ရှိမြန်မာအစိုးရအပေါ်တွင် ယုံကြည်မှုထားရှိခြင်းသည် စောသေးကြောင်း၊ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုများသည်လည်း ကာလအတော်ကြာကတည်းက ရပ်တန့်နေကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံအပေါ်တွင် အလွန်အကျွံ အကောင်းမြင်နေကြောင်း ပြောကြားသည်။

ကိုပါကြီးအလောင်းကို ၂၄ နာရီအတွင်း သင်္ဂြိုဟ်ရန် စည်ပင်က မိသားစုထံစာပို့


ကိုပါကြီးအလောင်းကို ရင်ခွဲစစ်ဆေးပြီးချိန်ကစပြီး ၂၄ နာရီအတွင်း သင်္ဂြိုဟ်ဖို့ မွန်ပြည်နယ် စည်ပင် သာယာရေး ကော်မတီက စာထုတ်ပြန်ပြီး ကိုပါကြီးရဲ့ ဇနီးဒေါ်သန္တာဆီကို ပေးပို့ထားတယ်လို့ ဒီမို ကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်အဖွဲ့ဝင် နော်အုန်းလှက ပြောပါတယ်။
အဲဒီစာမှာ အလောင်းကို ရင်ခွဲပြီးစီးချိန်ကစပြီး ၂၄ နာရီအတွင်း သက်ဆိုင်ရာ သုသာန်မှာ သဂြိင်္ိုဟ်ပေးဖို့ နိုဝင်ဘာလ ၅ ရက်နေ့က စည်းဝေး ဆုံးဖြတ်ခဲ့ကြောင်း လည်း ပါရှိပါတယ်။ ဒါပေမယ့် ဘယ်သုသာန်ကိုမှ ရည်ညွန်းမထားဘူးလို့လည်း နော်အုန်းလှက ပြောပါတယ်။

သုံးရက်ဆက် မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိ လမ်းများနှင့် မြို့နယ်အချို့တွင် ရေကြီးမှုများဖြစ်ပွား


နိုဝင်ဘာ ၄ ရက်မှစတင်ကာ သုံးရက်ဆက် တိုက်မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိလမ်း များနှင့် မြို့နယ်အချို့၌ နိုဝင်ဘာ ၆ ရက် တွင် ရေကြီးမှုများဖြစ်ပွားခဲ့သည်။

ယင်းသို့ မိုးရွာသွန်းမှုကြောင့် ရန်ကုန် မြို့ရှိတောင်ဥက္ကလာပ၊ မရမ်းကုန်၊ မင်္ဂလာဒုံ၊ မင်္ဂလာတောင်ညွန့်၊ အင်းစိန်၊ လှိုင်၊ စမ်း ချောင်း၊ တာမွေ၊ သင်္ဃန်းကျွန်း၊ သာကေတ စသည်မြို့နယ်များရှိ ရပ်ကွက်များတွင် ရေ ကြီးမှုများဖြစ်ပွားခဲ့ပြီး အချို့မြို့နယ်များ၌  ခါးလယ်လောက်အထိပင် ရေကြီးမှုများ ဖြစ် ပွားခဲ့ကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းသည် ပိုမိုအားကောင်းကာ ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲနိုင်ပြီး စောင့်ကြည့်ရမည့် အနေအထားရှိနေ

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ် နေသော မုန်တိုင်းသည် မြောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေကာ ပိုမိုအားကောင်းပြီး ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲ နိုင်သော ကြောင့် စောင့်ကြည့်ရမည့် အနေအထားရှိနေ ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီး ဌာနမှ သိရသည်။

နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာထိခိုက်စေသည်ဟုဆိုကာ မြန်မာသံတော်ဆင့်ဂျာနယ် ထုတ်ဝေသူမှ ဂျာနယ်ဖြန့်ချိရေးအထိ ၁၁ ဦးကို တရားရင်ဆိုင်ရန်အတွက် သမ္မန်စာပို့

မြန်မာသံတော်ဆင့်ဂျာနယ်ပါဆောင်းပါးသည် နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု ဆိုကာ မြန်မာသံတော် ဆင့်ဂျာနယ်၏ ထုတ်ဝေသူ/အယ်ဒီတာချုပ် မှ ဖြန့်ချိရေးအထိ ၁၁ ယောက်ကို တရားစွဲ ဆိုခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် တရားရုံးက ဆင့် သမ္မန်စာပေးပို့ခဲ့သည်ဟု အဆိုပါဂျာနယ်၏ တာဝန်ခံ အယ်ဒီတာတစ်ဦးဖြစ်သူ ဦးအောင် ထွန်းလင်းက  The Daily Elevenသို့ ပြော ကြားသည်။

ပုဗ္ဗသီရိတရားရုံးမှ ရုံးတော်သို့ လာ ရောက်ရန်ဆင့်ခေါ်စာကို နိုဝင်ဘာ ၅ ရက် က မြန်မာ သံတော်ဆင့် ဂျာနယ်သို့ ပေးပို့ခဲ့ ခြင်းဖြစ်ပြီး သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် စွဲဆိုဆင့်ခေါ် ခဲ့ခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘီလာရုစ်မှ ပြန်လည်ရောက်ရှိ

ဘီလာရုစ်သမ္မတနိုင်ငံသို့ ချစ်ကြည် ရေးခရီး သွားရောက်ခဲ့သည့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မ တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည်  နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ရန် ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည် ရောက်ရှိ လာကြောင်း သိရသည်။

အဝါရောင်အဆင့်မုန်တိုင်းငယ် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ခြင်းမရှိ

ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော်အလယ် ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၄၈၀ ခန့်၊ အိန္ဒိယနိုင်ငံ ပို့ဘလဲ(လ်)ယားမြို့၏ အနောက်မြောက်ဘက် မိုင် ၃၆၀ ခန့်နှင့် ဗီဇာကာပတ္တနမ်မြို့၏ အရှေ့ တောင်ဘက် မိုင် ၃၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

တင်းမာမှုများမဖြစ်စေရေး ပဋိပက္ခညှိနှိုင်းရေးအဖွဲ့သို့ ဦးစွာအကြောင်းကြားရန် နှစ်ဖက်သဘောတူ

နှစ်ဖက်တင်းမာမှု များမဖြစ်စေရန် အောက်ခြေရှိ အစိုးရနှင့် ကေအိုင်အေအောက် ခြေတပ်များအချင်းချင်း ထုတ်ပြန် မှုများမပြုလုပ်ဘဲ ပဋိပက္ခညှိနှိုင်း ရေးအဖွဲ့သို့ ပထမဆုံးအကြောင်း ကြားရန် နှစ်ဖက် သဘောတူ ခဲ့ကြောင်း သတင်းရရှိသည်။

မြစ်ကြီးနားမြို့တွင် နိုဝင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သည့် (၈) ကြိမ် မြောက် ပဋိပက္ခဖြေရှင်းရေးအဖွဲ့ တွေ့ဆုံပွဲ၌ ဆွေးနွေး သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

‘‘အောက်ခြေချင်းစာပို့တာ တွေ တစ်ခုခုလုပ်မယ်ဆိုရင် ပဋိ ပက္ခဖြေရှင်းရေးအဖွဲ့ကို အရင်အ ကြောင်းကြားဖို့ ဆွေးနွေးခဲ့ကြ တယ်။ အရင်က အောက်ခြေမှာ ဖြစ်ပြီးမှ ဒီအဖွဲ့ကို ရောက်လာ တယ်ဆိုတော့ နောက်ကျတာတွေ ရှိတယ်’’ဟု ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအဖွဲ့ (PCG) မှ ဦးအင်ရှန်ဆန်အောင်က ပြောသည်။

အာဆီယံထိပ်သီးအစည်းအဝေးတက်မည့် နိုင်ငံ့ခေါင်းဆောင် ၁၈ ဦး လုံခြုံရေး ရဲမှူးကြီး ၁၈ ဦး တာဝန်ယူမည်

Photo: အာဆီယံထိပ်သီးအစည်းအဝေးတက်မည့် နိုင်ငံ့ခေါင်းဆောင် ၁၈ ဦး လုံခြုံရေး ရဲမှူးကြီး ၁၈ ဦး တာဝန်ယူမည်
Friday, November 7, 2014

အာဆီယံထိပ်သီးအ စည်းအဝေးတက်ရောက်မည့် နိုင်ငံ့ခေါင်းဆောင် ၁၈ ဦး၏ လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီး ၁၈ ဦးက တစ်ဦးချင်း တာဝန်ယူမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

နိုဝင်ဘာ ၉ ရက်မှ ၁၂ ရက် အထိ နေပြည်တော်တွင် ကျင်းပ မည့် အာဆီယံထိပ်သီးအစည်း အဝေးသို့ ဥရောပနှင့် အာရှမှ အင် အားကြီး ရှစ်နိုင်ငံဖြစ်သည့် အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်၊ နယူးဇီလန်နှင့် သြစတြေးလျနိုင်ငံတို့မှ ခေါင်း ဆောင်များ တက်ရောက်မည် ဖြစ်သည်။ ထို့ပြင် အာဆီယံနိုင်ငံ ၁၀နိုင်ငံခေါင်းဆောင်များပါ တက်ရောက်မည် ဖြစ်၍ စုစုပေါင်း ထိပ် သီးခေါင်းဆောင် ၁၈ ဦးအတွက် လုံခြုံရေးကို ရဲမှူးကြီး ၁၈ ဦးအား ရဲချုပ်က တာဝန်ပေးခဲ့ခြင်း ဖြစ် ကြောင်း သတင်းရရှိသည်။ ထိပ် သီးအစည်းအဝေးသို့ တက်ရောက် မည့် နိုင်ငံတကာခေါင်းဆောင် များတွင် ၎င်းတို့၏ လုံခြုံရေးအဖွဲ့ များလည်း ပါရှိလာမည် ဖြစ်သည်။‘‘သူတို့တွေ အဓိကသွားမယ့် လေဆိပ်၊ MICC ခန်းမနဲ့ ဟိုတယ် တွေမှာ ကျွန်တော်တို့က ရဲအင် အားအပြည့်နဲ့ လုံခြုံရေးစောင့် မယ်။ နိုင်ငံ့ခေါင်းဆောင်တစ် ယောက်ကို ကျွန်တော်တို့က တစ် ယောက်ချင်း လုံခြုံရေးယူသွား မယ်’’ဟု အာရှနိုင်ငံတစ်ခုမှ ခေါင်းဆောင်တစ်ဦးကို လုံခြုံရေးယူပေး မည့် ရဲမှူးကြီးတစ်ဦးက ပြော သည်။ အမေရိကန်သမ္မတ အိုဘား မား၏ လုံခြုံရေးကို ငွေကြေးခ၀ါချ မှု တိုက်ဖျက်ရေးအဖွဲ့မှ ရဲမှူးကြီး ကျော်ဝင်းသိန်း တာဝန်ယူရမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အာဆီယံထိပ်သီးအစည်း အဝေးသို့ တက်ရောက်မည့် နိုင်ငံခေါင်းဆောင်များ တည်းခိုရန် မူလက နေပြည်တော်ရှိ ဟိုတယ် ၁၁ လုံးတွင် စီစဉ်ထားခဲ့သော်လည်း လိုအပ်ချက်အရ နောက်ထပ် ဟိုတယ်ခုနစ်လုံးကို ပြည်ထဲရေးဝန်ကြီးဌာနက ထပ်မံငှားရမ်းခဲ့ကြောင်း သတင်းရရှိသည်။ ထို့ကြောင့် လုံခြုံရေးရဲအင်အားလည်း ထပ်မံတိုးခဲ့ရကြောင်း သတင်းရရှိသည်

အာဆီယံထိပ်သီးအစည်းအဝေး လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ − MOI)
7Day Daily
အာဆီယံထိပ်သီးအ စည်းအဝေးတက်ရောက်မည့် နိုင်ငံ့ခေါင်းဆောင် ၁၈ ဦး၏ လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီး ၁၈ ဦးက တစ်ဦးချင်း တာဝန်ယူမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

နိုဝင်ဘာ ၉ ရက်မှ ၁၂ ရက် အထိ နေပြည်တော်တွင် ကျင်းပ မည့် အာဆီယံထိပ်သီးအစည်း အဝေးသို့ ဥရောပနှင့် အာရှမှ အင် အားကြီး ရှစ်နိုင်ငံဖြစ်သည့် အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်၊ နယူးဇီလန်နှင့် သြစတြေးလျနိုင်ငံတို့မှ ခေါင်း ဆောင်များ တက်ရောက်မည် ဖြစ်သည်။ ထို့ပြင်

တရုတ်ခရီးစဉ်တွင် နှစ်နိုင်ငံကောင်းကျိုး ဆွေးနွေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

Photo: တရုတ်ခရီးစဉ်တွင် နှစ်နိုင်ငံကောင်းကျိုး ဆွေးနွေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
Friday, November 7, 2014

အတိုက်အခံပါတီခေါင်း ဆောင်တစ်ဦးအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ ပထမဆုံး အကြိမ်သွားရောက်မည့်ခရီးစဉ် တွင် နိုင်ငံနှစ်နိုင်ငံ ကောင်းရာ ကောင်းကျိုးများကိုသာ ဆွေးနွေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ ဥက္ကဋ္ဌအနေဖြင့် ဒီဇင် ဘာလတွင် တရုတ်ပြည်သူ့သမ္မ တနိုင်ငံသို့ သွားရောက်မည်ဖြစ် သော်လည်း အစီအစဉ်အသေး စိတ်ကို ပါတီက ထုတ်ဖော်ပြော ကြားခြင်းမရှိခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်က လည်း စီစဉ်နေဆဲဖြစ်၍ လတ်တ လောမပြောနိုင်သေးကြောင်းသာ ဖြေကြားခဲ့သည်။

သို့သော် နိုဝင်ဘာ ၁၂ရက်မှ ၁၄ရက်အထိ ပြုလုပ်မည့် အာဆီ ယံထိပ်သီးအစည်းအဝေးများသို့ တက်ရောက်မည့် တရုတ်ဝန်ကြီး ချုပ်လီကီကျန်းသည် ၎င်း၏ ခရီး စဉ်အတွင်းဒေါ်အောင်ဆန်းစု ကြည်နှင့် သီးသန့်တွေ့ဆုံမည်မ ဟုတ်ကြောင်း ရိုက်တာသတင်းဌာ နက နိုဝင်ဘာ ၆ရက် ရက်စွဲဖြင့် သတင်းရေးသားထားသည်။

၂၀၁၂ခုနှစ်တွင် ဒေါ်အောင် ဆန်းစုကြည် နေအိမ်အကျယ်ချုပ် မှ လွတ်မြောက်ပြီးနောက် ပြည်ပခရီးစဉ်များ ပြည်လည်သွားရောက်ချိန်တွင် တရုတ်နိုင်ငံမပါဝင် သဖြင့် မီဒီယာများက မေးခွန်း ထုတ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ၎င်းအနေဖြင့် သွား ရောက်ရန်ဆန္ဒရှိသော်လည်း တရုတ်အစိုးရက တရားဝင်ဖိတ် ခေါ်မှသာ သွားရောက်နိုင်မည်ဖြစ် ကြောင်း ပြန်လည်ဖြေဆိုခဲ့ဖူး သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် များနှင့် ပါတီဝင်များအနေဖြင့်မူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် အဖွဲ့အစည်းများ၏ ဖိတ်ခေါ် မှုဖြင့် တရုတ်နိုင်ငံသို့ လေ့လာရေး ခရီးစဉ် အနည်းဆုံး ၄ကြိမ်ခန့်သွား ခဲ့ဖူးသည်ဟု သိရသည်

နိုဝင်ဘာ ၆ ရက်က သတင်းစာရှင်းလင်းပွဲတွင် မေးခွန်းများကို ဖြေကြားနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
7Day Daily
အတိုက်အခံပါတီခေါင်း ဆောင်တစ်ဦးအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ ပထမဆုံး အကြိမ်သွားရောက်မည့်ခရီးစဉ် တွင် နိုင်ငံနှစ်နိုင်ငံ ကောင်းရာ ကောင်းကျိုးများကိုသာ ဆွေးနွေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ ဥက္ကဋ္ဌအနေဖြင့် ဒီဇင် ဘာလတွင် တရုတ်ပြည်သူ့သမ္မ တနိုင်ငံသို့ သွားရောက်မည်ဖြစ် သော်လည်း အစီအစဉ်အသေး စိတ်ကို ပါတီက ထုတ်ဖော်ပြော ကြားခြင်းမရှိခဲ့ပေ။

အင်းစိန်မြို့နယ်တွင် ဓားဖြင့် အနုကြမ်းစီးသူများအားဖမ်းမိ

အင်းစိန်မြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ နံနက် ၂ နာရီတွင် ဓားဖြင့်အနုကြမ်း စီးခြိမ်းခြောက်လုယက် ခဲ့သည့်အ မှုမှ တရားခံများကို သုံးရက်အ တွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန် ကုန်တိုင်းရဲတပ်ဖွဲ့မှသတင်းရရှိ သည်။

နိုဝင်ဘာ ၃ရက် နံနက် ၂နာ ရီခန့်က အင်းစိန်မြို့နယ်၊ စဥ့်ငူရပ် ကွက်ရှိ ‘ဆုံဆည်းရာ’စားသောက် ဆိုင်တွင် ဓားဖြင့်အနုကြမ်းစီးလု ယက်မှုဖြစ်ပွားခဲ့ပြီး သုံးရက်အကြာတွင် တရားခံများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

Thursday, November 6, 2014

ကိုပါကြီးအလောင်းသယ်ယူရန် အမည်မသိ သံဃာတော်အဖွဲ့ တားမြစ်

Photo: ကိုပါကြီးအလောင်းသယ်ယူရန် အမည်မသိ သံဃာတော်အဖွဲ့ တားမြစ်
Thursday, November 6, 2014

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ နယ်မြေခံတပ်ဖမ်းဆီးထားစဉ် သေဆုံးခဲ့တဲ့ အလွတ်သတင်း ထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးရဲ့ အလောင်းကို ရန်ကုန်ကို မသယ်ဆောင်ဖို့ ဘွဲ့ အမည်မသိ သံဃာ ၈ ပါးက လာရောက်တားမြစ်ကြတယ်လို့ ဇနီးဖြစ်သူ ဒေါ်သန္တာက ပြောပါတယ်။

နိုဝင်ဘာလ ၅ ရက် န့ညနေပိုင်းက ကျိုက်မရောမြို့နယ်အပိုင်ကနေ အလောင်း ဖော်ယူပြီးနောက် မော်လမြိုင်ဆေးရုံကို သယ်ဆောင်ပြီး မှုခင်းဆရာဝန်တွေ စစ်ဆေးခဲ့ပါတယ်။ ဒီနောက် အလောင်းကို မူလအစီအစဉ်အတိုင်း ရန်ကုန်ကို သယ်ဆောင်ဖို့ မိသားစုတွေ စီစဉ်လုပ်ဆောင်နေချိန်မှာ အမည်မသိ သံဃာတော်တွေက လာတားမြစ်ကြတာလို့ ပြောပါတယ်။

“ဒီအလောင်းကို သယ်ယူခွင့် မပေးနိုင်ဘူးပေါ့၊ အခုမြို့မိမြို့ဖတွေလည်း တားနေပါတယ်၊ မွန်ရိုးရာဓလေ့အရလည်း တနယ်နဲ့တနယ် ဖြတ်သယ်လို့မရဘူး၊ တကယ်လို့ ဖြတ်သယ်မယ်ဆို ရင် ငါတို့က ရအောင်တားမှာပဲ၊ နယ်တွေတိုင်းကနေ ထွက်တားမှာပဲ’ တဲ့။ နောက်ထူးခြားတာ တခုကတော့ ‘တကယ်လို့ အလောင်းကို အတင်းသယ်သွားမယ်ဆိုရင် ရခိုင်အရေးအခင်းလို ဖြစ်သွားချင်သလား’ လို့လည်း ပြောပါတယ်။”

မနေ့ညက မော်လမြိုင်မြို့နယ်ဆေးရုံအုပ်ကြီးက သူတို့အဖွဲ့ကိုခေါ်တွေ့ပြီး အလောင်းဟာ ၁ လလောက် ကြာအောင် ရှိနေပြီး အနံ့အသက်မကောင်းတော့လို့ မသယ်ပဲ မော်လမြိုင်မှာပဲ ပြာချဖို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် သူတို့အဖွဲ့ကတော့ နာရေးကူညီမှုအသင်းရဲ့ ကူညီမှုကြောင့် စင်ကာပူက လာတဲ့ခေါင်းနဲ့ အိတ်တွေပါတယ်။ အနံ့အသက်တွေ မထွက်ပဲ သယ်သွားမယ်လို့ ပြောဆိုတဲ့အတွက် ဆေးရုံအုပ် သယ်ယူချင်တဲ့ဆန္ဒ ရှိတယ်ဆိုရင် သယ်ယူဖို့ ပြောဆိုခဲ့တယ်လို့လည်း ဒေါ်သန္တာက ပြောပါ တယ်။

ဒီလို ပြောဆိုဆွေးနွေးပြီးအပြန်မှာ အမည်မသိ သံဃာတော်တွေက လာတားတာလို့ ဆိုပါ တယ်။ လာတဲ့ သံဃာတွေရဲ့ ဘွဲ့နံမည် ကျောင်းတိုက်ကို မေးရာမှာလည်း ပြန်မဖြေဘူးလို့ သံဃာတော်တွေနဲ့ တွေ့ခဲ့တဲ့ အမျိုးသမီးကွန်ရက်အဖွဲ့ဝင် နော်အုန်းလှက ပြောပါတယ်။

“ဘယ်ကမှန်း မေးလို့ မရပါဘူး။ ဘယ်ကျောင်းကလဲလို့ မေးလည်း မပြောပါဘူး။ နောက်ပြီး ဘုန်းကြီးက အရက်စော်လည်း နံနေတယ်။ အန်တီနဲ့ ကပ်စကားပြောတာကိုး။”

မွန်ဓလေ့အရ တားမြစ်တယ်လို့ ပြောဆိုတဲ့အပေါ် မွန်မျိုးသားပါတီက ဗဟို ကော်မတီဝင် နိုင်လယိတမက “မွန်ဓလေ့ ထုံးတမ်းအရ ဒေသခံတွေက သဘောမတူဘူး။ ဒီစကားတွေ ညကဆေးရုံမှာ သွားပြောတဲ့ သံဃာတော်တွေက မွန်သံဃာတော်တွေ တပါးမှ မပါဘူး။ ကျနော်တို့က မွန်သံဃာတော်တွေက ပြောတယ်လို့ လက်မခံနိုင်ဘူး။ ဘယ်ကျောင်း၊ ဘယ်ဘွဲ့ မပြောဘဲနဲ့ မွန်သံဃာတော်တွေကို ခုတုံးလုပ်ပြီးတော့ အချင်းချင်းကြားမှာ ဝေေ၀၀ါးဝါးဖြစ်အောင် လုပ်တယ်လို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ မနေ့က သွားပြောတဲ့ သံဃာတွေက မွန်စကားတောင် မတတ်တဲ့ သံဃာတော်တွေဖြစ်တယ်”လို့ ပြောပါတယ်။

ဒါ့အပြင် မနေ့က ရွှေဝါချောင်ကနေ မော်လမြိုင်ဆေးရုံအထိ သယ်လာတဲ့ တောက်လျှောက်ဖြတ်သန်းလာခဲ့တဲ့ရွာတွေဟာ မွန်ရွာတွေဖြစ်ပြီး ဘာမှ ကန့်ကွက်သံတွေ မကြားခဲ့ရဘူးလို့ နိုင်လယိတမက ဖြည့်စွက် ပြောဆိုပါတယ်။

ဒေါ်သန္တာကတော့ ဆေးရုံမှာ အလောင်းကို စစ်ဆေးပြီးရင်တော့ အစောပိုင်းက အမှုဖွင့်ထားတဲ့အတိုင်း ကိုပါကြီးလောင်းကို သူ့မွေးရပ်ဇာတိမှာ သင်္ဂြိုဟ်ဖို့ သယ်ဆောင်သွားမယ်လို့ ပြောပါတယ်။

“အခု အစ်မ ကျိုက်မရော မြို့နယ်မှူးကို ပြောခဲ့တယ်။ သူက အလောင်းကိစ္စနဲ့ပတ်သက်လို့ သေမှုသေခင်းဖွင့်ထားတော့ ဒီဟာက အစိုးရမှာ တာဝန်ရှိတယ်။ အစိုးရလုံခြုံရေးနဲ့ ကျမ ခင်ပွန်းသည် အလောင်းကို ရန်ကုန်ပို့ပေးရမယ်လို့ အစ်မ အခု မနက် ပြောခဲ့တယ်။ သူက ချက်ချင်း အထက်ကို ဖက်စ်ပို့ပြီးတော့ အကြောင်းပြန်ပါ့မယ်လို့ ပြောပါတယ်။”

ကိုပါကြီးအလောင်းကို မနေ့က ရွှေဝါချောင်းရွာအနီးမှာ ပြန်လည်တူးဖော်ခဲ့ကြတာ ဖြစ်ပါ တယ်။

အလောင်းပြန်လည်တူးဖော်စဉ်
DVB
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ နယ်မြေခံတပ်ဖမ်းဆီးထားစဉ် သေဆုံးခဲ့တဲ့ အလွတ်သတင်း ထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးရဲ့ အလောင်းကို ရန်ကုန်ကို မသယ်ဆောင်ဖို့ ဘွဲ့ အမည်မသိ သံဃာ ၈ ပါးက လာရောက်တားမြစ်ကြတယ်လို့ ဇနီးဖြစ်သူ ဒေါ်သန္တာက ပြောပါတယ်။

နိုဝင်ဘာလ ၅ ရက် န့ညနေပိုင်းက ကျိုက်မရောမြို့နယ်အပိုင်ကနေ အလောင်း ဖော်ယူပြီးနောက် မော်လမြိုင်ဆေးရုံကို သယ်ဆောင်ပြီး မှုခင်းဆရာဝန်တွေ စစ်ဆေးခဲ့ပါတယ်။ ဒီနောက် အလောင်းကို မူလအစီအစဉ်အတိုင်း ရန်ကုန်ကို သယ်ဆောင်ဖို့ မိသားစုတွေ စီစဉ်လုပ်ဆောင်နေချိန်မှာ အမည်မသိ သံဃာတော်တွေက လာတားမြစ်ကြတာလို့ ပြောပါတယ်။

အခြေခံဥပဒေပြင်ဆင်ခွင့်မရခဲ့လျှင် ဘာဆက်လုပ်မည်ကို မဆုံးဖြတ်ရသေးဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Photo: အခြေခံဥပဒေပြင်ဆင်ခွင့်မရခဲ့လျှင် ဘာဆက်လုပ်မည်ကို မဆုံးဖြတ်ရသေးဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Thursday, November 6, 2014

 အခြေခံဥပဒေ ပြင်ဆင်ခွင့် မရခဲ့ပါက ၂၀၁၅ ရွေးကောက်ပွဲ အတွက် ဒီချုပ်အနေဖြင့် မည်သည့်လမ်း ရွေးချယ် မည်ကို မဆုံးဖြတ်ရသေး ကြောင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

‘‘တစ်ဦးတည်းအတွက် မစဉ်းစား ထားပါဘူး။ နိုင်ငံအတွက် ဘယ်လို ဖြစ်သင့်တယ်ဆိုတာ အဖွဲ့ရဲ့ သဘော ထားလည်း ပါရမယ်။ ပြည်သူလူထုရဲ့ ဆန္ဒလည်းပါရမယ်။ နိုင်ငံအတွက် အ ကောင်းဆုံးက ဘာလဲဆို တာကို အခြေအနေပေါ်မှာ သုံးသပ်ပြီး ဆုံးဖြတ်ရမှာ ပါ’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ အတွက် ဆုံးဖြတ်ချက်ကို ပြောသည်။

‘‘အခြေအနေက ဘယ်လို ဖြစ်မယ်မှန်း မသိဘဲနဲ့ အခုက တည်းက ဘယ်လိုလုပ်မလဲဆို တာ တရားသေဆုံးဖြတ်ထားလို့ မရဘူး’’ဟု နိုဝင်ဘာ ၅ ရက်က  ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အမှန်တကယ်ပင် နိုင်ငံအ ပေါ် စေတနာထားသည်ဆိုပါက၊ အေးဆေးဖြောင့်ဖြူးသော ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းပေါ် ဆက်လက်လျှောက်လိုသည်ဆို ပါက အဓိပ္ပာယ်ရှိသော တွေ့ဆုံ ဆွေးနွေးပွဲများကို မရှောင်ရှားသင့်ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဖြောင့်ဖြူးစေ ရန်ဟုဆိုကာ ၂၀၁၃ နှစ်ဆန်းပိုင်း ကပင် လေးပွင့်ဆိုင်တွေ့ဆုံဆွေး နွေးရေးကို တောင်းဆိုခဲ့သော် လည်း တစ်နှစ်ကျော်အကြာ အောက်တိုဘာ ၃၁ ရက်တွင် ပြု လုပ်ခဲ့သော ခေါင်းဆောင် ၁၃ ဦး ပါဝင်သည့် ထိပ်သီးဆွေးနွေးပွဲ သည် ဆွေးနွေးပွဲမဟုတ်ခဲ့ဘဲ တွေ့ဆုံပွဲသာ ဖြစ်ခဲ့သည်။

အဖွဲ့ချုပ်အနေဖြင့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို ဆက်လက်တောင်းဆိုသွားမည် ဖြစ်ပြီး အဓိကကျသည့် အချက် များအပေါ် အပေးအယူမည်သို့ လုပ်မည်ဆိုသည်မှာ အဆိုပါ ခေါင်းဆောင်များနှင့် တွေ့ဆုံမှ သာ လုပ်ဆောင်နိုင်မည်ဟု သတင်းထောက်များ၏ မေးမြန်းမှု ကို ဖြေကြားခဲ့သည်။

ထို့အပြင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီသည် စတင် တည်ထောင်စဉ်ကပင် ကလဲ့စား ချေရေးကိစ္စကို ရှေ့တန်းမတင်ခဲ့ ဘဲ အမျိုးသားရင်ကြားစေ့ရေးကို သာ ရှေ့တန်းတင် ထူထောင်ခဲ့ သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

ထိပ်သီးဆွေးနွေးပွဲအပြီး ငါးရက်အကြာ၌ ကျင်းပသည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ တွင် ထိပ်သီးဆွေးနွေးပွဲကို လေး ပွင့်ဆိုင်အဖြစ် တွေ့ဆုံနိုင်ရေး လမ်းစအဖြစ်သာ လိုလားသည်ဟုပြောကြားခဲ့ပြီး ၂၀၁၅ ရွေး ကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး ကိစ္စများ၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ရန် ဟန့်တားထားသည့် ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးကိစ္စ များ၊ ရွေးကောက်ပွဲစနစ် ပြုပြင် ပြောင်းလဲရေးနှင့် ပတ်သက်သော ကိစ္စများအားလုံးကို မည်သို့စီစဉ် ထားသည်ဟု ပြောကြားခဲ့ခြင်းမရှိ ဘဲ အချိန်အခါ မရောက်ရှိသေး ခြင်းနှင့် ကြိုတင်ဆုံးဖြတ်ထား၍ မရသည့်ကိစ္စများအဖြစ်သာ ပြော ကြားခဲ့ခြင်းလည်း ဖြစ်သည်။

‘‘ဒီချုပ်အနေနဲ့ ၄၃၆ မပြင်ရင်ဘာလုပ်မလဲဆိုတာ စဉ်းစားထား ရတော့မယ်။ နောက်ထွက်ပေါက် တစ်ခုကို စဉ်းစားမထားရင် ၂၀၁၅မှာ ကွဲသွားလိမ့်မယ်’’ဟု ၉၀ ရွေး ကောက်ခံ ဒီချုပ်အမတ်ဟောင်း တစ်ဦးက သုံးသပ်ပြောကြား သည်။

7 Day Daily
အခြေခံဥပဒေ ပြင်ဆင်ခွင့် မရခဲ့ပါက ၂၀၁၅ ရွေးကောက်ပွဲ အတွက် ဒီချုပ်အနေဖြင့် မည်သည့်လမ်း ရွေးချယ် မည်ကို မဆုံးဖြတ်ရသေး ကြောင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

‘‘တစ်ဦးတည်းအတွက် မစဉ်းစား ထားပါဘူး။ နိုင်ငံအတွက် ဘယ်လို ဖြစ်သင့်တယ်ဆိုတာ အဖွဲ့ရဲ့ သဘော ထားလည်း ပါရမယ်။ ပြည်သူလူထုရဲ့ ဆန္ဒလည်းပါရမယ်။ နိုင်ငံအတွက် အ ကောင်းဆုံးက ဘာလဲဆို တာကို အခြေအနေပေါ်မှာ သုံးသပ်ပြီး ဆုံးဖြတ်ရမှာ ပါ’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ အတွက် ဆုံးဖြတ်ချက်ကို ပြောသည်။

မူးယစ်ဆေးရောင်းသည့် ကျောင်းအုပ်ဆရာကို စစ်ဆေးနေ

 ချင်းတွင်းရေကြောင်းသွား ခရီးသည်တင်ရေယာဉ်တစ်စီး မုံ ရွာဆိပ်ကမ်းသို့ ဆိုက်ရောက်စဉ် ခရီးသည်တစ်ဦးကို စစ်ဆေးခဲ့ရာ ဘိန်းဖြူဟု ယူဆရသော ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးရောင်းချပေးသောမင်းကင်းမှ မူလတန်းကျောင်းအုပ်ဆရာတစ်ဦးကိုပါ အမှုဖွင့်စစ်ဆေး နေကြောင်း သတင်းရရှိသည်။

ရန်ကုန် စည်ပင် ရွေးကောက်ပွဲ ၀င်ပြိုင်သူ ၇ ဦး ယှဉ်ပြိုင်ခွင့် ရုပ်သိမ်းခံရ

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင် အဆင့်ဆင့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သူ ၇ ဦးကို ရွေးကောက် ပွဲ စည်းမျဉ်းဥပဒေနှင့် မကိုက်ညီသဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရုပ်သိမ်း လိုက်ကြောင်း သိရသည်။

ဝင်ရောက်ယှဉ်ပြိုင်သူများတွင် ၇ ဦးသည် သတ်မှတ်ထားသည့် စည်းမျဉ်း ဥပဒေများနှင့် ကိုက်ညီမှု မရှိသဖြင့် ယှဉ်ပြိုင်ခွင့် ရုပ်သိမ်း လိုက်ခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာသည်။

စည်ပင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဇင်မင်းက“အသက် မပြည့်တာ၊ နေထိုင်မှုတွေမှာ သတ်မှတ်စည်းမျဉ်း မကိုက်ညီတာ တွေကြောင့် ဝင်ရောက်ရွေးချယ်ခွင့်မရတာ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ သတ်မှတ် ဥပဒေတွေအတိုင်း ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ ရွေးတာမျိုး မရှိပါဘူး”ဟု ပြောသည်။

ဘင်္ဂလားပင်လယ်အော်ရှိ မုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံဒေသအနှံ့ အခါလွန်မိုး ရွာသွန်း

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်သို့ ပြောင်းလဲခဲ့ပြီး အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာနိုင်ငံဒေသ အနှံ့တွင် အခါလွန်မိုးများ ရွာသွန်းနေပြီး ဆက်လက်ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

“လေဖိအားနည်းရပ်ဝန်းက ပိုအားကောင်းလာပြီးတော့ မုန်တိုင်းငယ်အဆင့်ကို ပြောင်းသွားပါပြီ။ ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် မိုင် ၄၈ဝ ခန့် အိန္ဒိယနိုင်ငံ ပို့ဘလဲလ်ယားမြို့ အနောက်မြောက်ဘက် မိုင် ၃၂ဝ ခန့် ဗီဇဿာပတåနမ်မြို့ အရှေ့တောင်ဘက် မိုင် ၃၇ဝ အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်။ မုန်တိုင်းငယ်က အနောက်မြောက်ဘက်ကို ဦးတည်နေတဲ့အတွက် အိန္ဒိယနိုင်ငံကို ဝင်ရောက်ဖို့ရှိတယ်” ဟု ဦးကျော်မိုးဦးက ပြောကြားသည်။

နေပြည်တော်ကို အဝါရောင် လုံခြုံရေးအဆင့် သတ်မှတ်

နေပြည်တော်တွင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးပွဲကို အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမား တက်ရောက်မည် ဖြစ်သောကြောင့် နေပြည်တော်ကောင်စီ နယ်မြေ၏ လုံခြုံရေးကို အဝါရောင်အဆင့် (အရေးကြီးအဆင့်) သတ်မှတ်ထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ အစည်းအဝေး ကျင်းပသည့်အချိန်တွင် နေပြည်တော်ကောင်စီ၏ နယ်မြေလုံခြုံရေးကို လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းအဆင့် သတ်မှတ်ချက် ငါးချက်ထဲမှ အဝါရောင်အဆင့် သတ်မှတ်ထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ရဲမှူးကြီး ဇော်ခင်အောင်က The Voice သို့ ပြောကြားသည်။

အဆိုပါ အာဆီယံထိပ်သီး အစည်းအဝေးကို နေပြည်တော်တွင် နိုဝင်ဘာလ ၁၂ ရက်နေ့မှ စတင်ကာ ကျင်းပမည် ဖြစ်သည်။

နိုင်ငံ၏ ကံကြမ္မာသည် တပ်မတော်၏ လက်ထဲတွင်သာ ရှိသည်မဟုတ်ဘဲ နိုင်ငံသူနိုင်ငံသားအားလုံး၏ လက်ထဲတွင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Photo: နိုင်ငံ၏ ကံကြမ္မာသည် တပ်မတော်၏ လက်ထဲတွင်သာ ရှိသည်မဟုတ်ဘဲ နိုင်ငံသူနိုင်ငံသားအားလုံး၏ လက်ထဲတွင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Thursday, November 6, 2014

နိုင်ငံ၏ ကံကြမ္မာသည် တပ်မတော်၏ လက်ထဲတွင်သာ ရှိသည်မဟုတ်ဘဲ နိုင်ငံသူ နိုင်ငံသားအားလုံး၏ လက်ထဲတွင်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၅ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်းထောက်တစ်ဦး မေးမြန်းသည့် “ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် တပ်မတော်အား ဖိအားပေးပါက တိုင်းပြည်မကောင်းသည့်ဘက်သို့ ရောက်သွားနိုင်ခြင်း ရှိ၊ မရှိ” ဆိုသည့်အချက်အား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် “ကျွန်မအမြင်မှာတော့ ဒီနိုင်ငံရဲ့ ကံကြမ္မာဟာ တပ်မတော်ရဲ့ လက်ထဲမှာပဲရှိတာ မဟုတ်ပါဘူး။ ဒီနိုင်ငံရဲ့ ကံကြမ္မာဟာ ဒီနိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ လက်ထဲမှာရှိပါတယ်။ အဲဒါဟာ ဘယ်အဖွဲ့အစည်းကနေ ဘယ်အုပ်စုကနေ ဘယ်အုပ်စုကို ဖိအားပေးလို့ ဆိုတာထက် ဘယ်လိုအားလုံးက ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာက အဓိကပါ။ အန်တီတို့က အစကတည်းက ပြောခဲ့တာက တွေ့ဆုံဆွေးနွေးရေးပဲ။ တွေ့ဆုံဆွေးနွေးရေး ဆိုတာက အခုမှပြောတာ မဟုတ်ပါဘူး။ ၁၉၈၈ ခုနှစ် ပထမဆုံးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ထူထောင်စဉ် ကတည်းက အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်တဲ့ တွေ့ဆုံဆွေးနွေးရေးကို တောင်းခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ဒီတောင်းဆိုချက်ကို မလိုက်လျောခဲ့ပါဘူး။ အခုထိလည်း တကယ်တော့ မလိုက်လျောသေးပါဘူး။ ဆိုတော့ ကျွန်မတို့ နိုင်ငံရဲ့ပြဿနာတွေကို အေးအေးဆေးဆေးနဲ့ ပြည်သူလူထု စိတ်ချမ်းသာရအောင်လ ဖြေရှင်းရမယ်ဆိုလို့ရှိရင် ဒီဆွေးနွေးပွဲလမ်းကနေပြီး အခြားလမ်းကြောင်း မရှိပါဘူး။ အဲဒီတော့ ပြည်သူများအနေနဲ့ ကျွန်မတို့နိုင်ငံမှာ အေးအေးဆေးဆေးနဲ့ လိုရာပန်းတိုင်ကို ဆက်သွားနိုင်ဖို့ဆိုလို့ရှိရင် ဖိအားပေးတယ်ဆိုတာ တပ်မတော်တင် မဟုတ်ဘူး။ ဆွေးနွေးပွဲထဲမှာ ပါသင့်ပါထိုက်တဲ့သူတွေ ကျွန်မတို့ကတော့ လေးပွင့်ဆိုင်လို့ ပြောတာပေါ့။ လေးပွင့်ဆိုင်ဆိုတာ သမ္မတကြီး ဦးသိန်းစိန်ရယ် ကာကွယ်ရေးဦးစီးချုပ်ရယ် နောက်ပြီးတော့ လွှတ်တော်ကို ကိုယ်စားပြုတဲ့ ဥက္ကဋ္ဌဦးရွှေမန်းရယ် ကျွန်မရယ် ဒီလေးပွင့်ဆိုင်ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ပြည်သူတွေကနေပြီးတော့ အားပေးကြပါ။ ပြည်သူတွေကနေ ထောက်ခံကြပါလို့ ကျွန်မက ဒီလိုပဲတောင်းခံချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

လွှတ်တော်တွင်းရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ အား မပြင်ဆင်လိုကြောင်း သဘောထားမှတ်ချက် ပြုထားသည်။

Eleven Media Group
နိုင်ငံ၏ ကံကြမ္မာသည် တပ်မတော်၏ လက်ထဲတွင်သာ ရှိသည်မဟုတ်ဘဲ နိုင်ငံသူ နိုင်ငံသားအားလုံး၏ လက်ထဲတွင်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၅ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်းထောက်တစ်ဦး မေးမြန်းသည့် “ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် တပ်မတော်အား ဖိအားပေးပါက တိုင်းပြည်မကောင်းသည့်ဘက်သို့ ရောက်သွားနိုင်ခြင်း ရှိ၊ မရှိ” ဆိုသည့်အချက်အား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

မုန်တိုင်းအရှိန်ကြောင့် မိုး သုံးရက်ဆက် ရွာမည်

ဘင်္ဂလားပင်လယ်အော် မှ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့် ဖြစ်လာပြီးယင်းအရှိန်ကြောင့် နေရာအချို့တွင် မိုးသုံးရက်ဆက်ရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ သတင်း ထုတ်ပြန်သည်။

ယင်းမုန်တိုင်းငယ်မှာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားခြင်းမရှိသည့်အတွက် အ၀ါအဆင့် သတ်မှတ် ထားသည်။

မြန်မာနိုင်ငံတွင် ကျွမ်းကျင်ပညာရှင်အဖြစ် သတ်မှတ်ခံရသည့် အင်ဂျင်နီယာ ၁၈၀ ကျော်သာရှိဟုဆို

ရန်ကုန်− နည်းပညာတက္ကသိုလ်များမှ အင်ဂျင်နီယာကျောင်း သား သောင်းဂဏန်းနှစ်စဉ်မွေးထုတ် ပေးနေသော်လည်း မြန်မာနိုင်ငံ တွင် နောက်ဆုံးအဆင့်အကျွမ်း ကျင်ဆုံးပညာရှင်အဖြစ် အသိအမှတ်ပြုခံ ထားရသည့် အင်ဂျင်နီ ယာ ၁၈၂ ဦးသာရှိကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဦးဝင်းခိုင်ကပြောသည်။

အဆိုပါအရေအတွက်မှာ အခြား အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးနေ သေးသည်ဟု ဥက္ကဋ္ဌဦးဝင်းခိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် လူဦးရေ တစ်သန်းလျှင် အင်ဂျင်နီယာဦး ရေနှစ်ထောင်ကျော်ရှိပြီး လက်ရှိ နည်းပညာတက္ကသိုလ်များမှ မွေး ထုတ်လိုက်သည့် အင်ဂျင်နီယာ ကျောင်းသားများတွင် ပြည်တွင်း၌အလုပ်လက်မဲ့ဦးရေငါးသိန်းကျော်ရှိနိုင်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက ခန့်မှန်းသည်။