Friday, December 19, 2014

ပဋိပက္ခများ မဖြစ်ပေါ်စေဘဲ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ဖြတ်သန်းရန် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ တိုက်တွန်း

ဘာသာရေးလူမျိုးရေး ပဋိပက္ခများ မဖြစ်ပေါ်စေဘဲ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ဖြတ်သန်းရန် မြန်မာနိုင်ငံသို့ တိုက်တွန်းကြောင်း ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ (The Elders) ဒုတိယဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသော နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စဂရိုဟာလမ် ဘရန့်တ်လန်းက ပြောကြားသည်

ဒီဇင်ဘာလ ၁၈ ရက်နေ့ ရန်ကုန်မြို့တော်ရှိ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သော The Elders အဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“မကြာခင် လာရောက်တော့မယ့် အထွေထွေရွေးကောက်ပွဲမှာ လူနည်းစုနဲ့ လူများစုအကြား ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ မဖြစ်ပွားစေပဲနဲ့ ငြိမ်းချမ်းစွာ အတူနေထိုင်ပြီး ဖြတ်ကျော်နိုင်မှသာ မြန်မာ့နိုင်ငံရေးအတွက် အလားအလာ ကောင်းတာတွေ ဖြစ်ပေါ်မှာပါ” ဟု မစ္စဂရိုဟာလမ် ဘရန့်တ်လန်းက ဆိုသည်။

လိပ်ကျွန်းလူသတ်မှု မြန်မာနှစ်ဦး မကျူးလွန်ကြောင်း ပြသရန် အရေးကြီးသက်သေများ တွေ့ထားပြီဟုဆို

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုကို စွပ်စွဲခံထားရသည့် မြန်မာနှစ်ဦး မကျူးလွန်ကြောင်း ပြသရန် အရေးကြီးသည့် သက်သေများကို တွေ့ထားပြီ ဖြစ်ကြောင်း မြန်မာသံရုံး၏ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးထူးချစ်က ပြောကြားသည်။သို့သော်လည်း ယင်းအမှုအတွက် အရေးကြီးသည့် အဓိက သက်သေအချို့မှာ သက်သေထွက်ဆိုရန် ငြင်းဆိုနေသဖြင့် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့ သိထားတဲ့ တစ်ယောက် နှစ်ယောက်ကသာ ပါလာလို့ရှိရင် ဒီအမှုကြီးက ပြောင်းပြန်ဖြစ်သွားနိုင်တဲ့ အနေအထားမှာ ရှိပါတယ်” ဟု ဦးထူးချစ်က ပြောဆိုသည်။

အဆိုပါအမှုကို ပြန်လည်ထုချေရန် ထွက်ဆိုပေးမည့် သက်သေအချို့ကို ရရှိထားပြီ ဖြစ်ပြီး အချို့သက်သေများကို မြန်မာသံရုံးတွင် ခေါ်ဆောင်ထားပြီ ဖြစ်ကာ အချို့မှာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လာရောက်ကာ သက်သေ ထွက်ဆိုပေးရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ခရစ္စမတ်ပွဲတော်ကို ခုတုံးလုပ် အမြတ်ထုတ်ဖို့ KIA ကြံစည်


ခရစ္စမတ်ပွဲတော်နီးလာပြီဖြစ်၍ ခရစ်ယာန်ဘာသာဝင်တိုင်း ထိုပွဲတော်ကို ပါဝင်ဆင်နွှဲရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် နေကြပြီဖြစ်ပါတယ်။ အခြားသော မြို့/ရွာများတွင် ခရစ္စမတ်ပွဲတော်၏ အနှစ်သာရများ ပြည့်ဝနေသော်လည်း မြန်မာ ပြည်မြောက်ပိုင်း ကချင်ပြည်နယ် အချို့နေရာတွေမှာတော့ ဘာသာရေးကို ရောယှက်မှုတွေ ပြုလုပ်နေတာတွေ့ရ ပါတယ်။ အထူးသဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အဖွဲ့ သွားလာလှုပ်ရှားနေတဲ့ မြို့/ရွာတွေမှာ ဘာသာရေးကို စစ်မက်ရေးရာတွေနဲ့ ရှုတ်ထွေးအောင် ပြုလုပ်နေတာဖြစ်ပါတယ်။
ထိုအထဲမှာ ဖားကန့်မြို့ပေါ် ရပ်ကွက်တွေနဲ့ လုံးခင်း၊ အောင်ဘာလေ၊ ကံဆီးစတဲ့ကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံ တိုင်းရင်းသားတွေအတွက် ခရစ္စမတ်ပွဲတော်ဟာ ပျော်ရွှင်ဖို့ထက် စိတ်ညစ်စရာဖြစ်နေပါတယ်။ ဘုရားကျောင်းသွားဖို့ တောင် စဉ်းစားနေရပါပြီ။ ဘုရားကျောင်းတက်ရင် သင်းအုပ်ဆရာတွေက KIA အဖွဲ့ထဲဝင်ဖို့ စည်းရုံးရေးစကားတွေ ပြောလာကြတယ်။ ဘုရားကျောင်းတွေသွားပြီး စစ်ရေးစစ်ရာကိစ္စတွေကို နားထောင်နေတဲ့ သဘောဖြစ်နေတာကြောင့် အားလုံးကလည်းသွားဖို့ ခပ်လန့်လန့်ဖြစ်နေကြတယ်။

Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အား ကျောက်တံတားတရားရုံးက ဖမ်းဝရမ်းပြန်ထုတ်ထားသော်လည်း ဖမ်းဆီးရမိခြင်း မရှိသေး

Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို ကျောက်တံတားတရားရုံးမှ ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ရုံးချိန်းလာရောက်ခြင်းမရှိသောကြောင့် ဖမ်းဝရမ်း ပြန်လည်ထုတ်ခဲ့သော်လည်း ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ကျောက်တံတားမြို့နယ်ရဲစခန်း မှ စုံစမ်းသိရသည်။

“ကျွန်တော်တို့လည်း ဦးကျော်မြင့်ကို ဖမ်းဆီးရမိဖို့ လိုက်လံစုံစမ်းနေပါတယ်။ ဦးကျော်မြင့်ကို အာမခံပေးတဲ့ လူနှစ်ယောက်ကိုတော့ တရားရုံးကပဲ ကိုင်တွယ်ဖြေရှင်းမှာပါ” ဟု ကျောက်တံတားမြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဝင်းတင်က ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

နိုင်ငံ့ဝန်ထမ်းများ၏ အနိမ့်ဆုံး လစာနှစ်သိန်းအထိ တိုးမြှင့်ပေးရန် သူရဦးရွှေမန်း တိုက်တွန်း

နိုင်ငံ့ဝန်ထမ်းများ၏ အနိမ့်ဆုံးလစာကို ကျပ်တစ် သိန်းနှစ်သောင်းမှ နှစ်သိန်းအထိ တိုးမြှင့်ပေးစေ လိုကြောင်း ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရ၀န်ကြီးဌာန များသို့တိုက်တွန်း လိုက်ကြောင်း သတင်းရရှိသည်။

လက်ရှိရနေသည့် အနိမ့်ဆုံး လစာ ကျပ်ခြောက်သောင်းခန့်မှ နှစ်ဆကျော် တိုးမြှင့်ပေးရန်ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရအဖွဲ့ဝန်ကြီး ဌာနများအား ပြောကြားခဲ့ခြင်းဖြစ် သည်။

လိပ်ကျွန်းလူသတ်မှု မြန်မာနှစ်ဦး မကျူးလွန်ကြောင်း ပြသရန် အရေးကြီးသက်သေများ တွေ့ထားပြီဟုဆို

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုကို စွပ်စွဲခံထားရသည့် မြန်မာနှစ်ဦး မကျူးလွန်ကြောင်း ပြသရန် အရေးကြီးသည့် သက်သေများကို တွေ့ထားပြီ ဖြစ်ကြောင်း မြန်မာသံရုံး၏ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးထူးချစ်က ပြောကြားသည်။သို့သော်လည်း ယင်းအမှုအတွက် အရေးကြီးသည့် အဓိက သက်သေအချို့မှာ သက်သေထွက်ဆိုရန် ငြင်းဆိုနေသဖြင့် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့ သိထားတဲ့ တစ်ယောက် နှစ်ယောက်ကသာ ပါလာလို့ရှိရင် ဒီအမှုကြီးက ပြောင်းပြန်ဖြစ်သွားနိုင်တဲ့ အနေအထားမှာ ရှိပါတယ်” ဟု ဦးထူးချစ်က ပြောဆိုသည်။

VGastro Bar မှ တာဝန်ရှိသူများ အပြစ်မရှိကြောင်းငြင်းဆို

ဗုဒ္ဓရုပ်ပွားတော်ကို နား ကြပ်တပ်ထားသောပုံဖြင့် ကြော် ငြာခြင်းကြောင့် ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသည့် VGas-tro Bar ဆိုင်မှ တာဝန်ရှိသူသုံးဦးက ၎င်းတို့၌ အပြစ်မရှိကြောင်း တရားရုံးတွင် ငြင်းဆိုခဲ့သည်။
ဘားဆိုင်ကို ဗုဒ္ဓရုပ်ပွား တော်ပုံဖြင့် ကြော်ငြာသည့် VGastro Bar ဆိုင်မှ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာထွဋ်ကို ကိုလွင်နှင့် အထွေထွေမန်နေဂျာ နယူးဇီလန်နိုင်ငံသား ဖီးလစ်တို့ကို ဒီဇင်ဘာ ၁၈ ရက်က ဒုတိယ အကြိမ်ရုံးထုတ်စစ်ဆေးခဲ့သည်။ ရုံးထုတ်စစ်ဆေးရာတွင် တရားသူ ကြီးက အပြစ်ရှိသလားဟု မေး မြန်းရာ ၎င်းတို့သုံးဦးက အပြစ်မရှိ ဟု ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

အနိမ့်ဆုံးလုပ်ခလစာ စစ်တမ်းကို ၂ လအတွင်း အပြီးကောက်ရန် ဆုံးဖြတ်

မြန်မာနိုင်ငံမှာ အလုပ်သမား အနိမ့်ဆုံးလုပ်ခစာ သတ်မှတ်နိုင်ရေးအတွက် စစ်တမ်းကောက်ယူမှုကို နှစ်လအတွင်း အပြီးဆောင်ရွက်ဖို့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီက ဆုံးဖြတ်လိုက်တယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ အနိမ့်ဆုံး လုပ်ခလစာသတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီရဲ့ ပဉ္စမအကြိမ် အစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီး

ဘင်္ဂါလီတစ်ဦးလျှင် ကျပ် ၁၃ သိန်းဖြင့် ရန်ကုန်ပို့ရန် ကြိုးစားသူများဖမ်းမိ

ဘင်္ဂါလီတစ်ဦးလျှင် ကျပ် ၁၃ သိန်းဖြင့် စစ်တွေမှ ရန်ကုန် မြို့သို့ ကားဖြင့်ပို့ရန် ကြိုးစားရာတွင် ပါဝင်ပတ်သက်သည့် ဘင်္ဂါလီများ ကို ဖမ်းဆီးစစ်ဆေးနေကြောင်း နေပြည်တော် မှုခင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အမ်းမြို့ စစ်ဆေးရေးဂိတ် တွင် အိမ်စီးကားတစ်စီးပေါ်မှ မသင်္ကာဖွယ် ဘင်္ဂါလီအမျိုးသား လေးဦးကို စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် လဝက ပူးပေါင်းထားသည့် စစ် ဆေးရေးအဖွဲ့က ဒီဇင်ဘာ ၁၇ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခဲ့သူ လေးဦးအနက် နှစ်ဦး မှာ ဘင်္ဂါလီများကို ငွေကြေးယူ၍ ရန်ကုန်သို့ ပို့မည့်သူများဖြစ်ပြီး ကျန်နှစ်ဦးမှာ စစ်တွေသက်ကယ် ပြင် ဘင်္ဂါလီဒုက္ခသည်စခန်းမှဖြစ် ကြောင်း အမ်းမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးသောင်းလွင်က ပြောသည်။

Thursday, December 18, 2014

ဗုဒ္ဓဘားအမှု ဖမ်းဆီးထားသူ ၃ ဦးကို ရုံးထုတ်


Photo: ဗုဒ္ဓဘားအမှု ဖမ်းဆီးထားသူ ၃ ဦးကို ရုံးထုတ်
Thursday, December 18, 2014

ဗုဒ္ဓရုပ်ပွားတော်ရဲ့နားတော်မှာ နားကျပ်တပ်ဆင်ထားတဲ့ပုံစံ ဒီဇိုင်းပြုလုပ်ပြီး လူမှုကွန်ရက်မီဒီယာတွေကဆင့် ပါတီပွဲကြော်ငြာတဲ့အတွက် အဖမ်းခံထားရသူ သုံးဦးကို ဒီနေ့ ရုံးထုတ်ပါတယ်။

သာသနာ ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ နယူးဇီလန်နိုင်ငံသား Mr. Philip၊ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင်တို့ကို ဗဟန်းမြို့နယ် တရားရုံးမှာ ပထမဆုံး ရုံးထုတ်တာပါ။

ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းမှာ ဖွင့်လှစ်ထားတဲ့ V Grastro.bar, Buddha.bar ပါတီပွဲအတွက် ဗုဒ္ဓရုပ်ပွားတော်ကို တလွဲသုံးပြီး ကြေညာခဲ့တဲ့အတွက် တာဝန်ရှိတဲ့ သုံးဦးကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။

DVB
ဗုဒ္ဓရုပ်ပွားတော်ရဲ့နားတော်မှာ နားကျပ်တပ်ဆင်ထားတဲ့ပုံစံ ဒီဇိုင်းပြုလုပ်ပြီး လူမှုကွန်ရက်မီဒီယာတွေ ကဆင့် ပါတီပွဲကြော်ငြာတဲ့အတွက် အဖမ်းခံထားရသူ သုံးဦးကို ဒီနေ့ ရုံးထုတ်ပါတယ်။

ဦးထင်လင်းဦးအား ချောင်းဦးတရားရုံးမှ တစ်ဆင့် မုံရွာထောင်သို့ ပို့ထား

ဘာသာရေးအရ အငြင်းပွားဖွယ် ရာများကို ဟောပြောခဲ့မှုနှင့်ပတ်သက် ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦးကို ချောင်းဦးမြို့နယ် တရားရုံးမှတစ်ဆင့် မုံရွာထောင်သို့ ဒီဇင်ဘာ ၁၇ရက်ကပို့ လိုက်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးတာဝန်ခံ ဦးအေးကြူ(ခ)မုံရွာအောင်ရှင်က ပြော သည်။

နှစ်ပေါင်း (၁၁၃) နှစ်တိုင် မပျက်မစီး လင်းနေဆဲ ဖြစ်တဲ့ မီးသီး

မီးသီး တစ်လုံးဟာ လပေါင်း အတော်အသင့် သုံးပြီး သွားရင် လဲရလေ့ရှိ ပါတယ်။ ဒါပေမဲ့ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ မီးသီး တစ်လုံး ကတော့ နှစ်ပေါင်း (၁၁၃) နှစ်ရှိ သွားပြီ ဖြစ်ပေမယ့် မပျက်မစီး လင်းနေဆဲ ဖြစ်ပါတယ်။
အဲဒီ မီးသီးပာာ မရပ်မနား ဖွင့်ထားတာ ဖြစ်ပြီး ဘာမှ မဖြစ်ဘဲ အလင်းရောင် ထုတ်လွှင့်ပေးနေ တာကြောင့် ပညာရှင်တွေ ကိုယ်တိုင် လာရောက် လေ့လာမှု ပြုလုပ်ခဲ့ရ ပါတယ်။ ဒီမီးသီးပာာ ၁၉၀၁ ကတည်းက ထွန်းထားတာ ဖြစ်ပြီး ကယ်လီဖိုးနီးယား ပြည်နယ်၊ လီဗာမိုးမြို့ရှိ မီးသတ် စခန်းမှာ ရှိနေ တာ ဖြစ်ပါတယ်။ တစ်နေ့ကို (၂၄) နာရီ ဖွင့်လှစ် ထားပြီး နှစ်ကြိမ်သာ ခဏရပ်နားထားဖူး ပါတယ်။

လှိုင်သာယာကျူးကျော်မှု ပဋိပက္ခတွင် လူနှစ်ဦးသေဆုံးဟု သတင်းထွက်ပေါ်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာ ယာမြို့နယ် ဒဂုံဧရာစက်မှုဇုန်အတွင်း ကျူးကျော်နေထိုင်သူများနှင့် ဝါဝါဝင်း ကုမ္ပဏီတို့ ကျူးကျော်များကို ဖယ်ရှား ခြင်းမှ စတင်ကာ ပဋိပက္ခများကြောင့် ကျူးကျော်နေထိုင်သူများအတွင်းမှ နှစ် ဦးသေဆုံးခဲ့သည်ဟု ယူဆရကြောင်း ကျူးကျော်များထံမှ သိရသည်။
ဝါဝါဝင်းကုမ္ပဏီမှ လူအင်အား ၁ဝဝ ကျော်က ဒီဇင်ဘာ ၁၆ရက် ည ၆ နာရီခွဲတွင် လေးခွ၊ တုတ်နှင့် ဓားများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျူးကျော် နေထိုင်သူများဘက်မှ ၃ဝ ဝန်းကျင်ခန့် ဒဏ်ရာရရှိကာ နှစ်ဦးသေဆုံးခဲ့ရသည်ဟု ကျူးကျော်နေထိုင်သူများထံမှ သိရသည်။

သြစတြေးလျတပ်မတော်က မြန်မာ့တပ်မတော်အား ငြိမ်းချမ်းရေးထိန်းသိမ်းမှုသင်တန်းပေးရန်စီစဉ်

ငြိမ်းချမ်းရေးထိန်းသိမ်း မှုဆိုင်ရာသင်တန်းကို သြစတြေး လျတပ်မတော်က မြန်မာ့တပ်မ တော်အား လေ့ကျင့်သင်ကြားပေးရန် စီစဉ်နေကြောင်းသတင်းရရှိ သည်။

ယခုလ ၁၆ရက်တွင် နေ ပြည်တော်ဘုရင့်နောင်ရိပ်သာ၌ မြန်မာနိုင်ငံဆိုင်ရာသြစတြေးလျ သံအမတ်ကြီးနှင့်တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့တွေ့ဆုံ စဉ်အထက်ပါအတိုင်းဆွေးနွေး ပြောဆိုခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် ပြုလုပ် နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ ရပ်တန့်ကာ နေရာအချို့တွင် တိုက်ပွဲများပြန်လည်ဖြစ်ပေါ်နေ ချိန်၌ သြစတြေးလျတပ်မတော် က အထက်ပါသင်တန်းပို့ချရန် ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ် သည်။

လာမည့်နှစ်အတွင်း တင်သွင်းခွင့်ပြုမည့် မော်တော်ယာဉ် မော်ဒယ်လ်နှစ်များ စီးပွား/ကူးသန်း ထုတ်ပြန်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်အတွင်း တင်သွင်းခွင့်ပြုမည့် မော်တော်ယာဉ် မော်ဒယ်လ်နှစ် သတ်မှတ်ချက်များကို ထုတ်ပြန်လိုက်သည်။

CIF စတင်သတ်မှတ်သည့် ၂၀၁၁ ခုနှစ်မှ စတင်၍ နှစ်စဉ် ထုတ်ပြန်ကြေညာခဲ့ပြီး မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားမှုများကို မော်ဒယ်လ်နှစ်အလိုက် ပြောင်းလဲ ဆောင်ရွက်ပေးလျက် ရှိကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လုပ်ဖော်ကိုင်ဖက် အဆိုတော်မင်းသမီးတစ်ဦးနှင့် ကောလာဟလ စိုင်းစိုင်းခမ်းလှိုင် ငြင်းဆို

၁၀ စုနှစ်ကျော်သည့်တိုင် ဂီတလောက၌ အောင်မြင်
နေသူ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်၏ အချစ်ရေး၊ အိမ်
ထောင်ရေးနှင့် ပတ်သက်၍ ခိုင်မာသည့် လူမှုရေးကောလာ
ဟလများ ထွက်ရှိရာ ၂၀၁၅ တွင် စိုင်းစိုင်းတစ်ယောက်
မင်္ဂလာဆောင်မည်ဟူသည့် သတင်းများလည်းထွက်ပေါ်
ရာ အဆိုပါသတင်း ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ စိုင်း
စိုင်းခမ်းလှိုင်က ““၂၀၁၅ ထဲမှာ အိမ်ထောင်ပြုမယ်ဆိုတာ
လုံးဝမဖြစ်နိုင်သေးပါဘူး။ ဒီကိစ္စကတော့ သေချာ ပါ
တယ်။ ကျွန်တော်ရဲ့ လူမှုရေး၊ အချစ်ရေးကိစ္စတွေနဲ့ပတ်
သက်ပြီး မဖြေချင်ပါဘူး ။ ဒါပေမဲ့ သတင်းမှန်တစ်ခုကတော့
ကျွန်တော့် အနေနဲ့ ကျွန်တော် လုပ်ဖော်ကိုင်ဖက် အဆို
တော် မင်းသမီးတစ်ယောက်ယောက်နဲ့တော့ လူမှုရေး
ပတ်သက်ဖို့လောလောဆယ် မရှိသေးပါဘူး””ဟူ၍ ဖြေ
ကြားသည်။

သံတွဲတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ် တစ်ခု၌ ကျူးလွန်သူ သုံးဦးကို ထောင်ဒဏ်နှစ် ၃၀ စီချ

သံတွဲမြို့နယ်တွင် ၂၀၁၃ အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ၌ ဦးဆောင်ပါဝင်ခဲ့သူ သုံးဦးကို ထောင်ဒဏ်နှစ် ၃၀ပြစ်ဒဏ်ချမှတ် ခဲ့ကြောင်းသတင်းရရှိသည်။
ယင်းဖြစ်စဉ်တွင် ရခိုင်လူမျိုး နှစ်ဦးသေဆုံးခဲ့ပြီး ထောင်ဒဏ်ချ မှတ်ခံရသူများမှာ အစ္စလာမ်ဘာ သာဝင်များဖြစ်သည်။

MPT မှ မိုဘိုင်း ကွန်ရက်များ ချဲ့ထွင်မည် ဖြစ်၍ ဖုန်းလိုင်းများ ယာယီ ပြတ်တောက်မည်

မိုဘိုင်း ကွန်ရက်များ ချဲ့ထွင် အဆင့်မြှင့်တင်မည် ဖြစ်၍ မြန်မာပြည် အထက်ပိုင်း မြို့နယ်များတွင် ဖုန်းလိုင်းများ ယာယီ ပြတ်တောက်မည် ဖြစ်ကြောင်း မြန်မာ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ကွန်ရက်တွေ အဆင့်မြှင့်တင်တဲ့ အချိန်မှာတော့ ပြည်သူတွေ အသုံးမပြုတဲ့ အချိန်ကို ဆောင်ရွက် မှာပါ။ ပြီးရင်တော့ အရင်အတိုင်းပဲပုံမှန်ပြန်ပြီး အသုံးပြုနိုင် မှာပါ ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ ဦးသိန်းဟုတ်က ပြောသည်။

ဇနီးဖြစ်သူနှင့် စကားများသည့်အတွက် ခင်ပွန်းသည်က တောင်ပေါ်မှခုန်ချ၍ မိမိကိုယ်ကို အဆုံးစီရင်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ လက်ပံခုံကျေးရွာ၏ အနောက်ဘက်(၄)ဖာလုံခန့်အကွာရှိ အမြင့်ပေ(၁၅၀)ခန့်ရှိသော တောင်ကုန်း တစ်ခုပေါ်မှ ဒီဇင်ဘာ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ဇနီးဖြစ်သူနှင့် စကားများလာသည့် ခင်ပွန်းသည် တစ်ဦးမှာ ခုန်ချ၍ မိမိကိုယ်ကို အဆုံးစီရင်လိုက်ကြောင်း သိရသည်။

ကြက်ဥအတုနှင့် အစစ်

Photo: ကြက်ဥအတုနှင့် အစစ်

ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၁၄

အပေါ်ယံကြည့်ရုံမျှဖြင့် မရနိုင်သော ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသော ကြက်ဥအတုများကို သိရှိစေရန် ခွဲခြားနည်းကိုဖော်ပြပေးလိုက်ပါတယ်

ကြက်ဥအတုနှင့် အစစ်ခွဲခြားရန်မှာ ကြက်ဥအတုကို ကိုင်၍ ခပ်ပြင်းပြင်းလှုပ်ကြည့်ပါက အဆန်ချောင်နေသည်ကို တွေ့ရပြီး ကြက်ဥအစစ်ကို ကိုင်၍ ခပ်ပြင်းပြင်းလှုပ်ကြည့်ပါကမူ အဆန်ချောင်၍ မရှိခြင်း။

ကြက်ဥအတုနှင့်အစစ်ကို ယှဉ်၍ မှန်၊ ဇလုံ၊ ပန်းကန်တစ်ခုခုပေါ်တွင် တင်၍ လှည့်ကြည့်ပါက အတုသည် ဂျင်လည်သကဲ့သို့ မွှတ်နေအောင် လည်ပတ်နှုန်းမြန်ပြီး လည်ပတ်ချိန် ပိုကြာခြင်း။

ကြက်ဥအတုနှင့် အစစ်ကို ယှဉ်ကြည့်ပါက အတု၏ အရောင်က ပိုရင့်ခြင်း။

အတု၏အခွံသည် ဖယောင်းနှင့်ပြုလုပ်ထားခြင်းဖြစ်သည့်အတွက် ပိုမိုအလင်းပြန်ခြင်း။

ကြက်ဥများကို ပွတ်ကြည့်လျှင် အတု၏အခွံ မျက်နှာပြင်က ပို၍ကြမ်းခြင်း။

ကြက်ဥကို ခွဲ၍ကြည့်မည်ဆိုပါက အတု၏ အနှစ်နှင့် အကာသည် သီးသန့်မနေဘဲ ရော၍သွားခြင်း။

ကြက်ဥအတု၏အခွံ၌ အမြှေးမပါဘဲ အစစ်၌ အမြှေးပါခြင်း။

ပြုတ်လိုက်ပါကလည်း အတုသည် အစစ်ကဲ့သို့ အနှစ်နှင့်အကာ သီးခြားမနေဘဲ ရော၍သွားကြောင်း တွေ့ရသည်။

စာဖတ်သူများအနေဖြင့် အထက်ပါနည်းလမ်းများဖြင့် သတိပြု ခွဲခြားစိစစ်ဝယ်ယူ စားသုံးကြရန်၊ ရောင်ချသူများ အနေဖြင့် ကြက်ဥအတုများ ရောင်းချခြင်းမပြုရန်၊ စားသောက်ဆိုင်များမှလည်း ကြက်ဥအတုများ အသုံးပြု၍ ကြော်လှော်ချက်ပြုတ် ရောင်းချခြင်းမပြုကြဖို့လိုအပ်ပေသေးသည်မဟုတ်ပါလား

The New Light of Myanmar

Credit to သင့်အတွက်ကျန်းမာရေး
အပေါ်ယံကြည့်ရုံမျှဖြင့် မရနိုင်သော ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသော ကြက်ဥအတုများကို သိရှိစေရန် ခွဲခြားနည်းကိုဖော်ပြပေးလိုက်ပါတယ်

ကြက်ဥအတုနှင့် အစစ်ခွဲခြားရန်မှာ ကြက်ဥအတုကို ကိုင်၍ ခပ်ပြင်းပြင်းလှုပ်ကြည့်ပါက အဆန်ချောင်နေသည်ကို တွေ့ရပြီး ကြက်ဥအစစ်ကို ကိုင်၍ ခပ်ပြင်းပြင်းလှုပ်ကြည့်ပါကမူ အဆန်ချောင်၍ မရှိခြင်း။

ကြက်ဥအတုနှင့်အစစ်ကို ယှဉ်၍ မှန်၊ ဇလုံ၊ ပန်းကန်တစ်ခုခုပေါ်တွင် တင်၍ လှည့်ကြည့်ပါက အတုသည် ဂျင်လည်သကဲ့သို့ မွှတ်နေအောင် လည်ပတ်နှုန်းမြန်ပြီး လည်ပတ်ချိန် ပိုကြာခြင်း။

ကယားပါတီသုံးခု မဟာမိတ် ပါတီအဖြစ် ပူးပေါင်းယှဉ်ပြိုင်မည်

ကယားပြည်နယ်ရှိ ဒေသခံပါတီသုံးခုက ၂၀၁၅ ရွေးကောက်ပွဲတွင် သီးခြားစီယှဉ်ပြိုင်မည်မဟုတ်ဘဲ မဟာမိတ်ပါတီအဖြစ် ပူးပေါင်းယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း ကယန်းအမျိုးသားပါတီအထွေထွေ အတွင်းရေးမှူးဦးခွန်နန်းရီက ပြောသည်။

ကယားပြည်နယ်တွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီအပြင် ဒေသခံ ပါတီများဖြစ်သည့် ကယန်းအမျိုး သားပါတီ၊ လူမျိုးပေါင်းစုံဒီမိုက ရေစီပါတီ(ကယားပြည်နယ်) နှင့် ကယားလူမျိုးစုဒီမိုကရေစီပါတီ ဟူ၍ ပါတီခြောက်ခုရှိသော်လည်း ဒေသခံ ပါတီသုံးပါတီက မဟာမိတ်ပါတီအဖြစ်သာ ယှဉ်ပြိုင်သွား မည်ဟုသိရသည်။

လေးနှစ်အရွယ်မိန်းကလေးတစ်ဦးအား ကျပ်တစ်သောင်းခွဲနှင့် ရောင်းစားခံရမှုကို အရေးယူဖြေရှင်းပေးခြင်းမရှိ၍ ပြည်မြို့တွင် ညအချိန်လူစုလူဝေးဖြင့် တောင်းဆိုမှုဖြစ်ပွား

ပဲခူးတိုင်အနောက်ပိုင်းဒေသကြီး ပြည်မြို့တွင် လေးနှစ်အရွယ် ကလေးငယ် တစ်ဦးရောင်းစားခံရပြီး တောင်းစားနေရမှုကိုအရေးယူဖြေရှင်း ပေးခြင်းမရှိခြင်းကြောင့် လူစုလူဝေးဖြင့် လမ်းလျှောက်တောင်းဆိုမှု တစ်ရပ်ဖြစ်သွားခဲ့ကြောင်း သိရသည်။   ဒီဇင်ဘာလ ၁၆ ရက်ည ၈ နာရီခန့်က ပြည်မြို့၊ ဗိုလ်ချုပ် ကျောက်ရုပ်အနီး ညဈေးတန်းတွင် တောင်းရမ်း စားသောက်နေသည့်ကလေးများအတွင်းမှ လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ရောင်းစားခံထားရကြောင်း ဈေးသည်များ၏ကူညီ တောင်းခံ မှုကြောင့် လူမှုအဖွဲ့စည်းများ၊ အရပ်ဘက်အဖွဲ့များက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့်၊ ခရိုင်လူမှုဝန်ထမ်း ရုံးများသို့ ဆက်သွယ်အကြောင်းကြားဖြေရှင်းပေးရန် ပြောဆိုခဲ့ပြီး လာရောက်ခြင်းမရှိ၍ လူစုလူဝေးများဖြင့် တောင်းဆိုမှုဖြစ်သွားဖြစ်ကြောင်း သိရသည်။

တပ်ရင်းတပ်ဖွဲ့များတွင် ကျင်းပမည့် ခရစ္စမတ်ပွဲများနှင့် ပတ်သက်၍ ကေအိုင်အေဦးစီးချုပ် သတိပေး

တပ်မတော်နှင့် စစ်ရေး တင်းမာမှုများဖြစ်နေသည့် ကချင် လွတ်မြောက်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့များတွင် ခရစ္စမတ်ပွဲတော်များ ခမ်းခမ်းနားနား မပြုလုပ်ရန်နှင့် စစ်ရေးသတိရှိကြရန် ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ထုတ်ပြန်လိုက် ကြောင်း သတင်းရရှိသည်။
ကချင်လူမျိုးများသည် ခရစ် ယာန်ဘာသာဝင် အများစုဖြစ်ကြ ပြီး ၂၀၁၂ က ကေအိုင်အိုဌာနချုပ် အနီးတစ်ဝိုက်တွင် အစိုးရ တပ်မတော်နှင့် ကေအိုင်အေတပ်များ ခရစ္စမတ်ကာလအတွင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

ဝန်ကြီးညွှန်ကြားချက်ဖြင့် ဆရာ ယူနီယံများဖွဲ့ရန် ပြင်နေခြင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာအဖွဲ့ချုပ် ကန့်ကွက်

ဝန်ကြီး၏ညွှန်ကြားချက် အရဟုဆိုကာ တက္ကသိုလ်အသီး သီးတွင် ဆရာ၊ ဆရာမများ ယူနီ ယံနှင့်ကျောင်းသားများယူနီယံတို့ ဖွဲ့စည်းနိုင်ရန် စတင်ဆောင်ရွက် နေသည့်အပေါ် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ ချုပ်က ဒီဇင်ဘာ ၁၆ ရက်တွင် ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အလုပ်သမားအဖွဲ့အစည်း ဥပဒေအရ ဖွဲ့စည်းထားသည့် တက္ကသိုလ်ဆရာ၊ ဆရာမများ သမဂ္ဂများကို ပညာရေးဝန်ကြီး ဌာနက အသိအမှတ်ပြုလက်ခံခဲ့ ခြင်းမရှိဘဲ အမျိုးသားပညာရေး နည်းဥပဒေအတည်ပြုပြဋ္ဌာန်းခြင်းမရှိမီ ဝန်ကြီး၏ညွှန်ကြားချက်အရဟုဆိုကာ ယူနီယံဖွဲ့စည်းခြင်း သည် ဆရာ၊ ဆရာမအချင်းချင်း သွေးကွဲစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည်ဟုယူဆကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။

လက်နက်နှင့်အတူ KIA ဒုတပ်ကြပ်တစ်ဦး အလင်းဝင်ရောက်

Photo: လက်နက်နှင့်အတူ KIA ဒုတပ်ကြပ်တစ်ဦး အလင်းဝင်ရောက်

ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၁၄

တာလောကြီးဌာနေ ပြည်သူ့စစ်နှင့် အစိုးရတပ်မတော် ခလရ(၈၇)သို့ မောင်ကျော်ဇင် အသက် (၂၁) ၊ရှမ်းကချင် အဘ-ဦးကျော်စိုး၊ အမိ-ဒေါ်လုပိုင် ကိုယ်ပိုင်အမှတ် A-55906 သည် AK-47 တစ်လက်၊ အီဂျာ ဗုံးသီး(၈)လုံး၊ ပို့ကျည်(၉)ထောင့်နှင့်အတူ KIA ယူနစ်ဖောင်းဖြင့် လာရောက် အလင်းဝင်ခဲ့တယ်လို့ သိရှိရသည်။

မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်နေ ၄င်းဒုတပ်ကြပ်အဆင့်ရှိ မောင်ကျော်ဇင်သည် တာလောကြီးနှင့် မိုင်(၂၀)ခန့်ဝေးသော ပန်းတောင်းစခန်းမှ လာရောက်အ၀င်းတာဖြစ်ပြီး ဖားကန့် လုံးခင်းတွင် ကျောက်တူးနေစဉ် (၄.၁၁.၂၀၁၁)ရက်နေ့က KIA ၏ ဖမ်းဆီးစုဆောင်းခြင်းကို ခံခဲ့ရကာ KIA ကချင်လွတ်မြောက်ရေး တပ်မတော်ထံတွင် (၃)နှစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်လို့လည်း သိရှိရသည်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဖခင်ဖြစ်သူ ဦးကျော်စိုးက ၄င်း၏သားဖြစ်သူ ဖမ်းဆီးခံရတာ သုံးနှစ်ရှိပြီဖြစ်ကြောင်း ပြောဆိုထားပြီး အဆိုပါ ဒုတပ်ကြပ်အဆင့်ရှိ မောင်ကျော်ဇင်ကို သက်ဆိုင်ရာသို့ အပ်နှံပြီး
မိဘများထံ ပြန်လည်ပို့ဆောင်သွားမည်ဟု တာလောကြီး ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

ဧရာဝတီမြစ်ဖျားဆီက
တာလောကြီးဌာနေ ပြည်သူ့စစ်နှင့် အစိုးရတပ်မတော် ခလရ(၈၇)သို့ မောင်ကျော်ဇင် အသက် (၂၁) ၊ရှမ်းကချင် အဘ-ဦးကျော်စိုး၊ အမိ-ဒေါ်လုပိုင် ကိုယ်ပိုင်အမှတ် A-55906 သည် AK-47 တစ်လက်၊ အီဂျာ ဗုံးသီး(၈)လုံး၊ ပို့ကျည်(၉)ထောင့်နှင့်အတူ KIA ယူနစ်ဖောင်းဖြင့် လာရောက် အလင်းဝင်ခဲ့တယ်လို့ သိရှိရသည်။

၂၀၁၅ ခုနှစ် မေတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲပြုလုပ်ရန် မဖြစ်နိုင်သေးကြောင်း ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးပြောကြား

၂၀၁၅ မေတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲပြုလုပ်ရန်မဖြစ်နိုင်သေးကြောင်း ပြည်ခိုင်ဖြိုး ပါတီဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက ပြောကြားသည်။

ဟင်္သာတမြို့ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးရုံးခန်းတွင် စည်ပင်သာယာရေးကော်မတီ၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းကတွေ့ဆုံစဉ် ထိုသို့သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတဖြစ်လျှင် အလုပ်သမားနှင့် လယ်သမားတို့အတွက် ကြိုးစားပေးမည်ဟု သူရဦးရွှေမန်းဆို

သမ္မတဖြစ်လိုသည်၊ သမ္မတဖြစ်ရန် ကြိုးပမ်းမည်ဟု ဆက်တိုက်ပြောဆိုလာခဲ့သူ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းသည် ဒီဇင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်ရှိ ကနောင်ခန်းမ၌ ၂ဝ၁၅ တွင် 'သမ္မတ ဖြစ်လျှင်' ဆိုသည့်စကား ထည့်သွင်း ပြောလာခဲ့ပြန်သည်။

Wednesday, December 17, 2014

အဖမ်းဆီးခံ သျှမ်းလူငယ်များ လွတ်မြောက်ရေး ဆုတောင်းပြည့်ဘုရားတွင် ဆုတောင်းမည်

Photo: အဖမ်းဆီးခံ သျှမ်းလူငယ်များ လွတ်မြောက်ရေး ဆုတောင်းပြည့်ဘုရားတွင် ဆုတောင်းမည်

ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၁၄

အဖမ်းဆီးခံ သျှမ်းလူငယ်များ လွတ်မြောက်ရေး၊ ထွက်ပြေးလူငယ်များနှင့် မိဘများ တွေ့ဆုံနိုင်ရေး၊ အသက်ဆုံးရှုံးသွားသော လူငယ်များအတွက် ဆုတောင်းမေတ္တာ ပို့သရေးတို့နှင့် ပက်သက်ပြီး (၃-၁-၂၀၁၅) ရက်နေ့တွင် မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ဘုရားရင်ပြင်တွင် မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်စသော မြို့နယ်များမှ အဖမ်းဆီးခံ သျှမ်းလူငယ်များ၏ မိဘများနှင့် ဒေသခံပြည်သူများ (၁၀၀၀)၀န်းကျင်လောက် ဆုတောင်းမေတ္တာ ပို့သမှုများ ပြုလုပ်သွားမည်ဟု သိရှိရသည်။

ကျွန်တော်တို့က နိုင်ငံတော်သမ္မတဆီကိုလည်း အကူအညီတောင်းပြီးပြီ၊ ဗိုလ်ချုပ်ဂွမ်မော်ကိုလည်း ပြန်လွှတ်ပေးဖို့ တောင်းဆိုပြီးပြီ၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO နည်းပညာအထောက်အကူပြုအဖွဲ့ကိုလည်း အကူအညီတောင်းပြီးပါပြီ ဘယ်မှာမှ အကူအညီတောင်းလို့မရတော့လို့ နောက်ဆုံး ဘုရားဆီမှာ အကူအညီတောင်းပြီး ဆုတောင်းမေတ္တာ ပို့သမှာပါလို့ သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ အတွင်းရေးမှူး ဦးစန်းဝေက ပြောဆိုသည်။

ကျွန်တော့သား (၂၁)နှစ်အရွယ် မောင်ကျော်ဇင်(ခ)ဆွတ်ငိုင်ကို (၄-၁၁-၂၀၁၁)ရက်နေ့က ဖားကန့် လုံးခင်းမှာ ကျောက်တူးနေတုန်း KIA ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်၊ အခုဆို (၃)နှစ်ရှိသွားပြီ၊ သေသလား ရှင်သလားဆိုတာလည်း မသိရပါဘူး လို့ မိုးညှင်း၊ အောင်သပြေရပ်ကွက်က ဖခင်ဖြစ်သူ ဦးကျော်စိုးက ပြောဆိုသည်။

၂၀၁၁-ခုနှစ် နောက်ပိုင်း ရရှိထားသော စာရင်းများအရ အဖမ်းဆီးခံ သျှမ်းလူငယ်များ (၂၈၀)ကျော်ရှိပြီး ယနေ့အချိန်ထိတော့ ထွက်ပြေးလွတ်မြောက်လာသူ သျှမ်းလူငယ်ပေါင်း (၉၀)ကျော်ခန့်ရှိတယ် လို့ သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်က ပြောဆိုထားတာလည်း ဖြစ်ပါသည်။

ဧရာဝတီမြစ်ဖျားဆီက
အဖမ်းဆီးခံ သျှမ်းလူငယ်များ လွတ်မြောက်ရေး၊ ထွက်ပြေးလူငယ်များနှင့် မိဘများ တွေ့ဆုံနိုင်ရေး၊ အသက်ဆုံးရှုံးသွားသော လူငယ်များအတွက် ဆုတောင်းမေတ္တာ ပို့သရေးတို့နှင့် ပက်သက်ပြီး (၃-၁-၂၀၁၅) ရက်နေ့တွင် မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ဘုရားရင်ပြင်တွင် မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်စသော မြို့နယ်များမှ အဖမ်းဆီးခံ သျှမ်းလူငယ်များ၏ မိဘများနှင့် ဒေသခံပြည်သူများ (၁၀၀၀)၀န်းကျင်လောက် ဆုတောင်းမေတ္တာ ပို့သမှုများ ပြုလုပ်သွားမည်ဟု သိရှိရသည်။

ထိုင်း သံဃာ့မဟာနာယက အဖွဲ့၏ ဘိက္ခုနီမ ၀တ်ခြင်းသည် ၀ိနည်းနှင့် မညီကြောင်း ထုတ်ပြန်ချက် ဝေဖန်ခံရ

ဘန်ကောက်၊ ဒီဇင်ဘာ ၁၆။ အမျိုးသမီးများအား ဘိက္ခုနီမအဖြစ်သို့ ရဟန်းခံပေးခြင်းသည် ၀ိနည်းတော်နှင့် မညီကြောင်း ထိုင်းသံဃာ့ မဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဝေဖန်ပြစ်တင်မှုများ ထွက် ပေါ်လာပြီး အမျိုးသားပြုပြင်ပြောင်းလဲရေး ကောင်စီ (NRC) အဖွဲ့ဝင် သုံးဦးကလည်း ယင်းကြေညာ ချက်သည် အခြေခံ လူ့အခွင့်အရေး တစ်ခုဖြစ်သော ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ အတွက် Facebook Account များ ပိတ်သိမ်းရန် တိုင်ကြားသည့်စနစ် သီးသန့်ပြင်ဆင် ရေးဆွဲပေးမည်

မြန်မာနိုင်ငံ အတွက် Facebook Account များ ပိတ်သိမ်းရန် တိုင်ကြားသည့် စနစ်ကို သီးသန့်ပြင်ဆင် ရေး ဆွဲ ပေးမည် ဖြစ်ကြောင်း သိရသည်။
Facebook Accountများ ပိတ်သိမ်းရန် တိုင်ကြားသည့် စနစ် (Report) ကို မြန်မာနိုင်ငံ အတွက် င်္ Facebook မှ သီးသန့်ပြင်ဆင်ရေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း တရားဝင် ချိတ်ဆက် ဆောင်ရွက်နေသည့် အိုင်စီတီအဖွဲ့(မီဒို)မှ သိရသည်။

အမုန်းပွားဖွယ် စကားများ ဖြန့်ဖြူးရေးသားနေသည့် Accountများ၊ ဘာသာရေး အရ လှုံ့ဆော်မှုများ ပြုလုပ်နေသည့် Face book စာမျက်နှာများကိုမြန်ဆန်သည့် လုပ်ဆောင်မှုများဖြင့် ပိတ်သိမ်းပစ်နိုင်ရန် ယင်းသို့ ပြင်ဆင်ရေး သား နေခြင်းဖြစ်ကြောင်း သိရသည်။