Friday, January 30, 2015

ဦးစီးဌာန ၂၀ လျှော့ချမည်ဖြစ်ပြီး ၀န်ထမ်းအချို့ ဌာနပြောင်းမည်

ဝန်ကြီးဌာနများရှိ ဦးစီးဌာန ၂၀ ကို လျှော့ချ သွားမည်ဖြစ်ပြီး ယင်းဌာနများမှ ၀န်ထမ်းများအား အခြားလိုအပ်နေသည့်ဌာနများသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်စေမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဝန်ကြီးဌာနများအောက်ရှိ ဦးစီးဌာနများကို ဖျက် သိမ်းခြင်း၊ ပြင်ဆင်ခြင်းနှင့် ပေါင်းစည်းခြင်းတို့ ပြုလုပ် သွားမည်ဖြစ်ပြီး ညွှန်ကြားရေးမှူးချုပ်မှ အောက် ခြေ၀န်ထမ်းအထိ လျှော့ချမည်မဟုတ်ဘဲ လိုအပ် ချက်အရ ဦးစီးဌာနပြောင်းရွှေ့၍ တာဝန်ထမ်းဆောင် ရမည့်သူများရှိလာမည်ဖြစ်သည်။

‘‘အသစ်ဖွဲ့တဲ့နေရာတွေကို လိုအပ်သလို ၀န် ထမ်းတွေ ရွှေ့ရမှာပေါ့။ ကလေးရှိတဲ့ ၀န်ထမ်းတွေ အခက်အခဲ မဖြစ်ရအောင် ပညာသင်နှစ်ပြီးမှ ပြောင်း ရွှေ့ဖို့နဲ့ ရုံးနဲ့ ၀န်ထမ်းအဆောက် အအုံတွေ အ ဆင်သင့်ဖြစ်မှ ပြောင်းရွှေ့ဖို့ ပြောထားပါတယ်။ အခု ဦးစီးဌာနတွေကိုတော့ မူအရ လျှော့ချလိုက်ပါပြီ’’ ဟု သမ္မတရုံးဝန်ကြီးဌာန အမှတ် (၅) မှ ဒုညွှန်ကြားရေးမှူးချုပ် တစ်ဦးက ပြောသည်။

စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှု KIA က စစ်ဆေးခံမည် မဟုတ်ဟုဆို

မူဆယ်ခရိုင်၊ ကြူကုတ်မြို့နယ်၊ ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော ကျောင်းဆရာမနှစ်ဦး၏ အမှုနှင့် ပတ်သက်၍ KIA တပ်ဖွဲ့ဝင်များ၏ လက်ဗွေရာနှင့် DNA များကို လုံးဝအစစ်ဆေးခံမည် မဟုတ်ကြောင်း KIA မှ ဗိုလ်မှူးကြီးရာထူး အဆင့်ရှိသူတစ်ဦးက ပြောကြားသည်။

“ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရတဲ့ ဖော်ယူဂွမ်က KIA တပ်ဖွဲ့ဝင် မဟုတ်ဘူး။ KIA ဘက်ကလည်း ဒီပြစ်မှုကို တပ်မတော်ဘက်က ကျူးလွန်တာလို့ မြင်တယ်။ KIA ရဲ့ ရာဇဝင်မှာ ဒီလိုပြစ်မှုမျိုး ကျူးလွန်ခဲ့တာ မရှိဘူး။ ဒါကြောင့် အမှုနဲ့ ပတ်သက်လို့ တပ်ဖွဲ့ဝင်တွေကို စစ်ဆေးခွင့်ပေးပါ ကမ်းလှမ်းခဲ့လည်း KIA ဘက်က လုံးဝ အစစ်မခံနိုင်ဘူး” ဟု ပြည်နယ်အဆင့် ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့ဝင်ဖြစ်သူ ၎င်းက ဆက်လက်ပြောကြား သည်။

မင်္ဂလာဒုံမြို့နယ်ရှိ သားအမိနှစ်ဦး လည်လှီးအသတ်ခံရမှုဖြစ်စဉ်မှ ကျူးလွန်သူကို တစ်နှစ်ကျော်သည်အထိ မဖမ်းနိုင်သေး


၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက် ညဥ့်နက်ပိုင်းက မင်္ဂလာဒုံမြို့နယ် ဘောဂရပ်ကွက် ဘောဂ ၂ လမ်း၌ ဖြစ်ပွားခဲ့သည့် သားအမိနှစ်ဦး လည်လှီးသတ်ခံရသည့်ဖြစ်စဉ်မှ ကျူးလွန်သူအား တစ်နှစ်ကျော်ကြာသည်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းတွင် စုံစမ်းသိရသည်။

“ကျူးလွန်သူက မွန်ပြည်နယ်ဘက်ကလို့ သိရတဲ့တွက် အဲဒီဘက်ကို ထွက်ပြေးသွားလောက်တယ်လို့ ယူဆလို့ သွားရောက်စုံစမ်းပါသေးတယ်။ အဲဒီမွန်ပြည်နယ်ဘက်ကိုလည်း မရောက်ဘူးလို့ သိရတယ်။ လက်ရှိအချိန်အထိတော့ တရားခံကို မမိသေးပါဘူး”ဟု မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၂၉ ရက်က ဆိုသည်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲ မပြေလည်လျှင် သပိတ်ကို အရှိန်မြှင့်သွားမည်ဟု သပိတ်မှောက်ကျောင်းသားများပြော

လေးပွင့် ဆိုင်ဆွေးနွေးပွဲ ပြုလုပ်မည့်နေ့ တွင် လမ်းလျှောက်သပိတ်လမ်း ကြောင်းကို ခေတ္တရပ်ဆိုင်းထား မည်ဖြစ်ပြီး ထိုနေ့တွင် တောင်းဆို ချက်များ ပြေလည်မှုမရရှိပါက သပိတ်ကို အရှိန်မြှင့်တင်သွားမည် ဖြစ်ကြောင်း သပိတ်မှောက် ကျောင်းသားခေါင်းဆောင်များက ပြောသည်။
‘‘ဆွေးနွေးပွဲလုပ်တဲ့ ဖေဖော် ၀ါရီ ၁ ရက်နေ့မှာ ရောက်တဲ့မြို့ မှာ သပိတ်ကို ထိုင်သပိတ်ပုံစံမျိုး လုပ်ပြီး ခဏရပ်ထားမယ်။ အဲဒီနေ့ မှာ ဟောပြောပွဲတွေလုပ်ချင်လုပ် မယ်။ ဆွေးနွေးပွဲမှာ တောင်းဆို ထားတဲ့ အချက်တွေမလိုက်လျော ဘူး။ နောက်ထပ်ဆွေးနွေးပွဲကို လည်း အချိန်အကြာကြီးမှ ပြန် ချိန်းထားတွေလုပ်ရင် နောက်နေ့ မှာ သပိတ်ကို အရှိန်မြှင့်သွား မယ်။ အစိုးရရုံးတွေ ပိတ်ဆို့တား ဆီးတာတွေ လုပ်မယ်။ ပုံစံအမျိုး မျိုးနဲ့ တိုက်ပွဲဝင်သွားမယ်။ ဒီ သပိတ်လမ်းကြောင်းကြီးကို ရပ် လိုက်မှာတော့ မဟုတ်ဘူး’’ ဟု သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းသွေးသစ်က 7 Day Daily အား ပြောသည်။

လက်ဝါးကပ်တိုင်ရွှေ့ဆိုင်းရန် အမိန့် ရန်ကုန်တွင် ကန့်ကွက်ဆန္ဒပြ၊ ဟားခါးတွင်လည်းဆန္ဒဖော်ထုတ်မည်

ဟားခါးမြို့အထွက် ကြာရ်ကြန်တောင်ထိပ်ပေါ်ရှိ လက်ဝါးကပ်တိုင်ရွှေ့ခိုင်းမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် ဇန်န၀ါရီ ၂၉ ရက် ညနေက မြို့ တော်ခန်းမရှေ့၌ ဆုတောင်းပွဲပြု လုပ်ခဲ့ပြီး ဟားခါးမြို့၌လည်း ဖေ ဖော်ဝါရီ လဆန်းတွင် ၂ ရက် ကြာ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ချင်းပြည်နယ်အစိုးရက ဇန်န ၀ါရီ ၃၁ ရက်နောက်ဆုံးထားကာ အဆိုပါ လက်ဝါးကပ်တိုင်အား ကိုရွှေ့ခိုင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါလုပ် ရပ်မှာ အခြေခံဥပဒေတွင်ပါဝင် သည့် လွတ်လပ်စွာ ကိုးကွယ်ခွင့် ကို တားဆီးချိုးဖောက်ခြင်း ဖြစ် ကြောင်း ရန်ကုန်မြို့ဆုတောင်းပွဲ တွင် ပါဝင်ခဲ့ပြီး လက်ဝါးကပ်တိုင် တည်ဆောက်သူ ဂျေဘီဗျက်သင် ဆန်း၏ သမီးအငယ်ဆုံး မရို့စ်သင်သင်ဆန်းက ပြောသည်။
လက်ဝါးကပ်တိုင်အား ဂျေ ဘီဗျက်သင်ဆန်း၏ ဥယျာဉ်ခြံအတွင်း ၂၀၁၂ ခုနှစ် မတ်လက ကွန်ကရစ်လောင်းဆောက်လုပ်ခဲ့ ပြီး တိုင်အမြင့်ပေ ၅၀၊ အလျားပေ၃၀ ရှိကြောင်း ရို့စ်သင်သင်ဆန်း က ရှင်းပြသည်။

သပိတ်မှောက်စစ်ကြောင်း ရပ်ဆိုင်းရေး ကျောင်းသားများ သဘောထားကွဲလွဲ

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အစိုးရကိုယ်စားလှယ်များနှင့် သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်များ နေပြည်တော်တွင် ဇန်န၀ါရီလ ၂၈ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် ရန်ကုန်သို့ ချီတက်နေသော ကျောင်းသား သပိတ်မှောက်စစ်ကြောင်း ခေတ္တရပ်ဆိုင်းရေး ကျောင်းသားများအကြား သဘောထားကွဲလွဲနေကြောင်း သိရှိရသည်။
နေပြည်တော်တွင် ဇန်န၀ါရီလ ၂၈ ရက်နေ့ အစိုးရကိုယ်စားလှယ်များနှင့် သပိတ်မှောက်ကျောင်းသား ကိုယ်စားလှယ် များ ပူးတွဲ ထုတ်ပြန်သော ကြေညာချက်တွင် ကျောင်းသားများ တောင်းဆိုထားသော အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ၄ ပွင့်ဆိုင်တွေ့ဆုံရေး ဖေဖော်ဝါရီလ ၁ ရက်နေ့ စတင်ရန် ၊ တွေ့ဆုံဆွေးနွေးစဉ်ကာလအတွင်း ကျောင်းသားသပိတ် ရပ်ဆိုင်း ထားရေး ဆိုသော အချက်ပါဝင်ကြောင်း၊ သို့ရာတွင် ကျောင်းသားသပိတ် ရပ်ဆိုင်းရေး နှင့်ပတ်သက်၍ ကျောင်း သား များအကြား သဘောထားကွဲလွဲနေကြောင်း သိရသည်။

ကျောင်းသားသပိတ်စစ်ကြောင်းကို ကျောက်ပန်းတောင်းမြို့ရှိ ကျောင်းသူကျောင်းသားများအပါအ၀င် ဒေသခံသောင်းချီ ကြိုဆို


အမျိုးသားပညာရေးဥပဒေအား သပိတ်မှောက် လမ်းလျှောက်ဆန္ဒပြနေသည့် ကျောင်းသား သပိတ် စစ်ကြောင်းသည် ဇန်နဝါရီ ၂၉ ရက် ညနေ ၃ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့သို့ ရောက်ရှိခဲ့ရာ ကျောင်းသူ ကျောင်းသားများ အပါအဝင် ဒေသခံ သောင်းချီ ကြိုဆိုခဲ့ကြသည်။

သပိတ်မှောက်ကျောင်းသားများသည် ကျောက်ပန်းတောင်း စက်မှုလက်မှုသိပ္ပံရှေ့တွင် ဟောပြောမှုများ ပြုလုပ်ခဲ့ပြီး မြို့ခံကျောင်းသားကျောင်းသူများက တစ်ခဲနက် ကြိုဆိုပြီး ကျောင်းသားများနှင့်အတူ လမ်းလျှောက် ချီတက်ခဲ့သည့်အပြင် မြို့ခံများပါ အတူလမ်းလျှောက် ချီတက်ခဲ့ကြသည်။ ယင်းနောက်

ဆရာမနှစ်ဦးအသတ်ခံရမှု တရားခံမှာ တပ်မတော်သားများမဖြစ်နိုင်ဘဲ အမှုမှန်ပေါ်လျှင် တပ်ကို ပုတ်ခတ်စွပ်စွဲရေးသားမှုများ ဥပဒေနှင့်ဆောင်ရွက်မည်ဟုဆို


ကောင်းခါးကျေးရွာမှ ဆရာမနှစ်ဦး အသတ်ခံရသည့် အမှုတွင် ရဲတပ်ဖွဲ့၏ မျက်မြင်စစ် ဆေးချက်များနှင့် ပူးပေါင်းစစ် ဆေးရေးအဖွဲ့၏ စစ်ဆေးဖော် ထုတ်ချက်များအရ တရားခံမှာ တပ်မတော်သားများမဖြစ်နိုင်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖော် ပြထားသည်။ ထို့အပြင်စုံစမ်းစစ် ဆေးမှုများပြီးဆုံး၍ အမှုမှန်ပေါ် ပေါက်လျှင် တပ်မတော်ကို ပုတ် ခတ်စွပ်စွဲမှုများပေါ်ပေါက်ပါက ဥပဒေနှင့်အညီ အရေးယူသွား မည်ဖြစ်ကြောင်း သတင်းထုတ် ပြန်ထားသည်။
ဇန်န၀ါရီ ၂၉ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် သတင်း ထုတ်ပြန်လိုက်ခြင်း ဖြစ် ပြီး ဆရာမနှစ်ဦးသေဆုံးမှုနှင့်ပတ် သက်၍ အစိုးရတပ်မတော်က ပထမဆုံးအကြိမ် သတင်းထုတ် ပြန်ခြင်းဖြစ်သည်။

ဆရာမ နှစ်ဦးသေဆုံးမှု အမှုမှန်ဖော်ရေး သမ္မတက ပြည်ထဲရေးကို ညွှန်ကြားထား

ဆရာမ နှစ်ဦးသေဆုံးမှုနှင့်ပတ်သက်၍ အမှုမှန်ဖော်ပေးရန် နိုင်ငံတော်သမ္မတက ပြည်ထဲရေး ၀န်ကြီးအား ညွှန်ကြားထားကြောင်း နိုင်ငံတော် သမ္မတက ကချင်ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) သို့ အသိ ပေးခဲ့ကြောင်း သတင်းရရှိသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က နိုင်ငံတော် သမ္မတထံ တရားဥပဒေစိုးမိုးမှုရှိလာရန်နှင့် တရား စီရင်ရေးမှ မှန်ကန်သည့် အမှုမှန် ဖော်ထုတ်ပေးရန် စာပေးပို့တောင်းဆိုခဲ့သည်။
ယင်းသို့တောင်းဆိုမှုကြောင့် သမ္မတက ပြည် ထဲရေးဝန်ကြီးဌာနအား ညွှန်ကြားထားသည့် အကြောင်းကို ကချင်ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် KBC သို့ ၂၀၁၅ ဇန်န၀ါရီ ၂၈ ရက် ညနေတွင် ကချင်ပြည်နယ် အစိုးရရုံး၌ ပြောကြားခဲ့ခြင်းဖြစ် သည်။

ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုဖြစ်စဉ်၌ ကချင်တိုင်းရင်းသားများ သံသယဖြစ်သည့် အချက်သုံးချက်ကို မုံးပေါ်ဒေသ တပ်မတော်ဗျူဟာမှူးက ရှင်းလင်းခဲ့ကြောင်း သိရ

ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုဖြစ်စဉ်၌ ကချင်တိုင်းရင်းသားများ သံသယဖြစ်သည့် အချက်သုံးချက်ကို မုံးပေါ်ဒေသ တပ်မတော်ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းနိုင်ဦးက ရှင်းလင်းပြောဆိုမှုရှိ ခဲ့ကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းပြောဆိုမှုကို အခင်းဖြစ်ပွားရာ ကောင်းခါးရွာ၌ ဇန်နဝါရီ ၂၅ ရက်က ပြုလုပ်သော အမှုမှန်ပေါ်ပေါက်ရေးအတွက် ကချင်တိုင်းရင်းသားရေးရာဝန်ကြီး အပါအဝင် ဘာသာရေးခေါင်းဆောင်များ၊ တပ်မတော်ပိုင်းနှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ဒေသခံများနှင့် တွေ့ဆုံချိန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သိ ရသည်။

မြန်မာအစိုးရနှင့်အလှူရှင်များ အိပ်ရင်းလက်တွဲလမ်းလျှောက်နေဟု လူ့အခွင့်အရေးအဖွဲ့ဝေဖန်

မြန်မာနိုင်ငံမှာ ပြုပြုင်ပြောင်းလဲရေး ဖြစ်စဉ်တွေ စတင်ခဲ့တဲ့ ၃ နှစ်အတွင်း ၂၀၁၄ ခုနှစ်မှာ လူ့အခွင့်အရေးအခြေအနေဟာ လျော့ပါးကျဆင်းခဲ့ပြီး တိုးတက်မှုတွေ နောက်ပြန်လှည့် နေတယ်လို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောပါတယ်။
၂၀၁၅ ကမ္ဘာ့လုံးဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာမှာ အခုလိုဖော်ပြထား တာဖြစ်ပြီး နိုင်ငံတကာအလှူရှင်တွေနဲ့ သြဇာညောင်းတဲ့ အစိုးရတွေက မြန်မာပြည် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ စစ်တပ်နဲ့ အစိုးရကို အနည်းငယ်ပဲ ဖိအားပေးနိုင်တယ်လို့လည်း ထောက်ပြဝေဖန်လိုက်ပါတယ်။
HRW အာရှ ညွှန်ကြားရေးမှူး တိုနီအဒမ်က “မြန်မာအစိုးရနဲ့ အလှူရှင်တွေဟာ အိပ်ပျော်လျက် လက်ချင်းချိတ်လမ်းလျှောက်ရင်း ၂၀၁၅ မှာ ရွေးကောက်ပွဲ ကပ်ဘေးဒုက္ခဆီကို ဦးတည်နေတယ်” လို့ ပြောပါတယ်။

မန္တလေးမြို့ ရပ်ကွက်များတွင် လေလွင့်ခွေးကိုက်မှု များပြားလာ

ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းရွာရှိ လေလွင့်ခွေးများ စောင့်ရှောက်ထားသည့် ဂေဟာကိုတွေ့ရစဉ်။ ဓာတ်ပုံ - လှိုင်ကျော်စိုးပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းရွာရှိ လေလွင့်ခွေးများ စောင့်ရှောက်ထားသည့် ဂေဟာကိုတွေ့ရစဉ်။ ဓာတ်ပုံ - လှိုင်ကျော်စိုး
မန္တလေးမြို့ရှိ ရပ်ကွက်နှင့် လမ်းများတွင် လေလွင့်ခွေးများ များပြားလာပြီး အုပ်စု ဖြင့် လိုက်လံ
ဆွဲတတ်သောကြောင့် ခွေးများကို မြင်လျှင်ကြောက်နေရကြောင်း ညပိုင်း အလုပ် မှပြန်လာသူ
များနှင့် ဆိုင်ကယ်တက္ကစီသမား များက ပြောသည်။ ရပ်ကွက်များထဲတွင် ညပိုင်းဆိုင်ကယ်ဖြင့်
အလုပ်ကပြန်လာလျှင် ခွေးအကောင်ရေ အများအပြားနောက်က လိုက်လံဆွဲခြင်း များဖြစ်ပေါ်
လျက်ရှိကြောင်း ညပိုင်းအလုပ်က ပြန်လာသူ ကိုဝေလင်းက ပြောသည်။

Telenor ၏ အင်တာနက်ဆက်ကြောင်း ဖေဖော်ဝါရီလအတွင်း ချိတ်ဆက်မိမည်ဟုဆို

ပြိုင်ဘက်အော်ပရေတာများအကြား အင်တာနက်အမြန်နှုန်း နှေးကွေးနေ သည်ဟု ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် Telenor Myanmar သည် အင်တာနက် အမြန်နှုန်းမြှင့်တင်နိုင်ရန် ထိုင်းနိုင်ငံဘက်မှ ဆက်ကြောင်း တစ်ခုနှင့် ချိတ်ဆက်နေသည်ဟု သိရသည်။
Telenor အနေဖြင့် ထိုင်းနိုင်ငံဘက်က အင်တာနက်ဆက်ကြောင်းနှင့် ချိတ် ဆက်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း လာမည့် ဖေဖော်ဝါရီလ အတွင်း အပြီးသတ် ချိတ်ဆက်နိုင်တော့မည်ဟု သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Thursday, January 29, 2015

ဆက်ကြေးငွေများမပေးသော ဒေသခံရွာသားများအား KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးမှုများပြုလုပ်



ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ဆက်ကြေးငွေများ မပေးသော ဒေသခံ ရွာသားများအား ကချင်လွတ် မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ထ၀မ်ကျေးရွာနေ ဒေသခံတစ်ဦးထံမှ သတင်း ရရှိသည်။
ဖြစ်စဉ်မှာ တနိုင်းမြို့နယ်အတွင်း ဂျော်စွန်တောင် အနီးပတ်ဝန်းကျင်ရှိ လမုန်းချောင်းနှင့် တ၀မ်ချောင်းတစ်လျှောက် တွင် ဒေသခံများမှ ဘိန်းခင်းစိုက်ပျိုးတွေ့ရှိထားသည်ဟုအကြောင်းပြပြီး KIA အဖွဲ့များသည် ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ထိုဒေသရှိ ကျေးရွာများအား ကျေးရွာတစ်ရွာလျှင် ဆက်ကြေးငွေ ၂ သိန်းခွဲ ကောက်ခံခဲ့ကြောင်း နှင့် ဆက်ကြေးငွေ မပေးနိုင်သော တ၀မ်ကျေးရွာအား လူသစ်အဖြစ် ဒေသခံရွာသား ၅ ဦး ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ကြောင်း သိရှိရသည်။

သပိတ်မှောက်စစ်ကြောင်း ရပ်ဆိုင်းရေး ကျောင်းသားများ သဘောထားကွဲလွဲ



အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အစိုးရကိုယ်စားလှယ်များနှင့် သပိတ်မှော က်ကျောင်းသားခေါင်းဆောင်များ နေပြည်တော်တွင် ဇန်န၀ါရီလ ၂၈ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် ရန်ကုန်သို့ ချီတက်နေသော ကျောင်းသား သပိတ်ေ မှာက်စစ်ကြောင်း ခေတ္တရပ်ဆိုင်းရေး ကျောင်းသားများအကြား သဘောထား ကွဲလွဲနေကြောင်း သိရှိရသည်။
နေပြည်တော်တွင် ဇန်န၀ါရီလ ၂၈ ရက်နေ့ အစိုးရကိုယ်စားလှယ်များနှင့် သပိတ်မှောက်ကျောင်းသားကိုယ်စားလှယ် များ ပူးတွဲ ထုတ်ပြန်သော ကြေညာ ချက်တွင် ကျောင်းသားများ တောင်းဆိုထားသော အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ၄ ပွင့်ဆိုင်တွေ့ဆုံရေး ဖေဖော်ဝါရီလ ၁ ရက်နေ့ စတင်ရန် ၊ တွေ့ဆုံဆွေးနွေးစဉ်ကာလအတွင်း ကျောင်းသားသပိတ် ရပ်ဆိုင်း ထားရေး ဆိုသော အချက်ပါဝင်ကြောင်း၊ သို့ရာတွင် ကျောင်းသားသပိတ် ရပ်ဆိုင်းရေး နှင့်ပတ်သက်၍ ကျောင်း သား များအကြား သဘောထားကွဲလွဲနေကြောင်း သိရသည်။

ဟားခါးမြို့မှလက်ဝါးကပ်တိုင်အား ပြည်နယ်အစိုးရက ဖယ်ရှားခိုင်းသဖြင့် လူအင်အားတစ်ထောင်ကျော်ဖြင့် ဆန္ဒပြမည်ဟုဆို

ချင်းပြည်နယ် ဟားခါးမြို့ အ ထွက်တွင် ခရစ်ယာန်ဘာသာများ ဆု တောင်းရန်စိုက်ထူထားသောလက် ဝါးကပ်တိုင်အား ပြည်နယ်အစိုးရအ ဖွဲ့က ဖယ်ရှားခိုင်းခြင်းနှင့်ပတ်သက်၍ ဒေသခံခရစ်ယာန်ဘာသာဝင် အလွှာ ပေါင်းစုံမှပြည်သူများက အရင်မူလအ တိုင်းတည်ရှိစေရန်အတွက် အင်အား တစ်ထောင်ကျော်ဖြင့် ဖေဖော်ဝါရီ ၂ရက်မှ ၃ရက်အထိ နှစ်ရက်ဆက်တိုက် ဆန္ဒပြထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

မွန်ဂိုလီးယားတွင် တင်ပျဉ်ခွေပုံစံဖြင့် တရားထိုင်နေဆဲ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတစ်ပါး၏ နှစ်ပေါင်း ၂ဝဝသက်တမ်းရှိ ရုပ်အလောင်းတွေ့ရှိခဲ့


တင်ပျဉ်ခွေပုံစံဖြင့် တရားထိုင် နေပုံရသည့် အံ့အားသင့်ဖွယ်သူ တော်စင်တစ်ဦး၏ ရုပ်အလောင်းတစ် ခုကို မွန်ဂိုလီးယားနိုင်ငံတွင် ရှာတွေ့ ခဲ့ကြောင်း Mail Online သတင်း အရ သိရသည်။

အဆိုပါ သူတော်စင်၏ကြွင်း ကျန်သည့် ခန္ဓာကိုယ်အား တိရစ္ဆာန် သားရေဖြင့် ထုပ်ပိုးထားသည်ကို ရှာတွေ့ခဲ့ပြီး ယင်းအားဆေးပညာ ဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်နေဆဲ ပင်ဖြစ်သော်လည်း ထိုအရာသည် အနည်းဆုံးနှစ် ၂ဝဝ သက်တမ်းရှိပြီ ဟု ယူဆရသည်။

''တွေ့ခဲ့ရတဲ့ အရာ မှာ တင်ပျဉ်ခွေပုံစံနဲ့ ထိုင်နေတာ ပါ။ တရားထိုင်နေတာဖြစ်နိုင်ပါတယ်'' ဟုလည်း The Siberian Times သတင်းစာက မွန်ဂိုလီးယားမီဒီယာ များ၏ ဖော်ပြမှုကို ကိုးကားဖော်ပြ ထားသည်။

အစိုးရ ၀န်ထမ်းများ ပွင့်လင်းမြင်သာမှု မရှိဟု သမ္မတ အကြံပေး ဝေဖန်

အစိုးရ ၀န်ထမ်းများ အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန်နှင့် ပွင့်လင်း မြင်သာမှု ရှိရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ စီးပွာရေး အကြံပေး ဒေါက်တာ အောင်ထွန်းသက်က ယမန်နေ့က မန္တလေးမြို့တွင် ကျင်းပသော နိုင်ငံတော်၏ ပြုပြင် ပြောင်းလဲမှု တတိယလှိုင်းနှင့် တာဝန်ခံမှု၊ တာဝန်ယူမှု စနစ် အပေါ် ဆွေးနွေးပွဲတွင် ဝေဖန် ပြောကြား ခဲ့သည်။
ပွင့်လင်းမှုရှိ ရမယ်။ ရိုးသားတဲ့ သူဆို ပွင့်လင်းတယ်။ မပွင့်လင်းတာ မရိုးသား လို့ပဲ။ ရှင်းနေတာ ပဲလေ။ အရင်က မပွင့်လင်း ခဲ့ရင် အခု ပွင့်လင်း ကြပါ။ သမ္မတကြီး ကလည်း ရိုးသားမှုနဲ့ပဲ နိုင်ငံတော်သစ်ဆီ သွားချင် တာပါ။ ပြီးတော့ ကတိတွေလည်း လွယ်လွယ် မပေးကြ ပါနဲ့။ လူကြီးတွေ ပေါ့။ ကိုယ်တတ်နိုင် တာထက် ပိုပြီး ကတိ မပေးပါနဲ့။ တတ်နိုင် တာထက် လျော့ပြီးပဲ ကတိပေး။ လုပ်တော့မှ ပြောတာထက် ပိုလုပ်ပြ ကြပါ။ ဒါမှ ပြည်သူ ယုံမယ် ဟု ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။
အစိုးရ ၀န်ထမ်းများ အနေဖြင့် နိုင်ငံ့ ၀န်ထမ်း၊ ပြည်သူ့ ၀န်ထမ်း အဖြစ် ခံယူပြီး ကိုယ်တတ်နိုင်သည့် ဘက်မှ အကောင်းဆုံး လုပ်ကိုင် ဆောင်ရွက်ရန် လိုအပ်ပြီး၊ တာဝန်ပေးမှ လုပ်ကိုင် ဆောင်ရွက်ခြင်းထက် အမိန့် မရခင် အချိန် မကျခင် ကတည်းက ကြိုတင် ဆောင်ရွက်ရန် လိုအပ်ကြောင်း သမ္မတ အကြံပေး ဖြစ်သူက တိုက်တွန်းခဲ့သည်။

ဖားကန့်တွင် ဖောက်ခွဲမှု ပြုလုပ်နေသူများကို ဖော်ထုတ်၍ အရေးယူသွားမည်ဟု KIA တပ်ရင်း(၆)မှ ဗိုလ်မှူးတန်ဆန့်ပြော

ကချင်ပြည်နယ် ဖားကန့်ဒေသ တွင် လတ်တလောဖြစ်ပွားနေသော ပေါက် ကွဲမှုများမှ KIA နှင့် အစိုးရအကြား သွေး ကွဲအောင် ရည်ရွယ်ချက်ရှိရှိ ဖောက်ခွဲ နေခြင်းဖြစ်သောကြောင့် ဖောက်ခွဲမှုပြု လုပ်နေသူများအားဖော်ထုတ်၍ ပြင်းပြင်း ထန်ထန် အရေးယူသွားမည်ဟု ဖားကန့် ဒေသရှိ KIA တပ်မဟာ(၂) လက်အောက် ခံတပ်ရင်း(၆)မှ ဗိုလ်မှူးတန်ဆန့်က ဇန် နဝါရီ ၂၈ရက်တွင် ရန်ကုန်တိုင်းမ်ဂျာနယ် သို့ ပြောသည်။

နန်းတွင်း စစ်အကျဉ်းထောင် ဖောက်ပြေးသူများအနက် နှစ်ဦးကို ရွှေဘိုတွင် ဖမ်းမိ

မန္တလေးနန်းတွင်းရှိ အမှတ် (၁) စစ်အကျဉ်းထောင် ဖောက်ပြေးသူ ၈ ဦးအနက် ၂ ဦးကို ဇန်နဝါရီလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းအချိန်ခန့်က ရွှေဘိုမြို့နယ်ရှိ တပ်ရင်းများမှ ရရှိသော သတင်းအရ ပိတ်ဆို့ရှာဖွေ ဖမ်းဆီးခဲ့ရာမှ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး တင့်လှိုင်က ပြောကြားသည်။

အချုပ်ခန်းဖောက်၍ ထွက်ပြေး တိမ်းရှောင်နေသူများကို ဖမ်းဆီးရမိရေးအတွက် ရွှေဘိုမြို့နယ်ရှိ တပ်ရင်းများမှ သတင်းအရ ပိတ်ဆို့ရှာဖွေမှုများကို ပြုလုပ်နေပြီး ယခုနှစ်ဦးကို စစ်တပ်ဘက်မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“စစ်တပ်ဘက်မှာပဲ ချုပ်ထားပါတယ်။ ဘယ်တပ်ကလဲ ဆိုတာတော့ ပြောပိုင်ခွင့် မရှိပါဘူး” ဟု ၎င်းကဆိုသည်။

မန္တလေးရှိ SAMSUNG အရောင်းပြခန်းတွင် ကျပ်သုံးသိန်းရာကျော် တန်ဖိုးရှိ ဖုန်းဟန်းဆက်နှင့် Laptop များ ဖောက်ထွင်းခံရ

မန္တလေးမြို့တော် ချမ်းအေးသာစံမြို့နယ် ၂၆လမ်း၊ လမ်း ၇၉ x ၈၀ ကြားတွင် ဖွင့်လှစ်ထားသည့် SAMSUNG အရောင်းပြခန်းတွင် ဇန်နဝါရီလ ၂၆ ရက်နေ့ ညပိုင်းက SAMSUNG ဟန်းဆက် ၇၅ လုံးနှင့် ကွန်ပျူတာ Laptop နှစ်လုံး စုစုပေါင်း တန်ဖိုး ကျပ်သိန်းသုံးရာကျော်ဖိုး ဖောက်ထွင်းခံခဲ့ရကြောင်း အဆိုပါ အရောင်းပြခန်း တာဝန်ခံ ဦးစိုးလင်းအောင်က ပြောကြားသည်။

ဂျပန်လူမျိုး ဓားစာခံကို ၂၄ နာရီအတွင်း သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသော IS အဖွဲ့၏ ဗီဒီယိုဖိုင် ထွက်ပေါ်

အစွန်းရောက် အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့ IS က ၎င်းတို့လက်တွင်းရှိ ဂျပန်လူမျိုး ဓားစာခံကို ၂၄ နာရီအတွင်း သတ်ပစ်မည်ဟု ခြိမ်းခြောက် ထားသော ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းတွင် ထွက်ပေါ်ခဲ့ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။
ယင်းဗီဒီယိုဖိုင်ထဲတွင် ဂျပန်လူမျိုး ဓားစာခံ မစ္စတာဂိုတို၏ အသံဟု ယူဆရသော အသံတစ်ခုက ဂျော်ဒန်နိုင်ငံတွင် သေဒဏ်ချမှတ် ခံထားရသော အီရတ်အမျိုးသမီး တစ်ဦးကို မလွှတ်ပေးပါက IS အဖွဲ့က ၎င်းနှင့် ဂျော်ဒန်လူမျိုး လေယာဉ်မှူးတို့ကို သတ်ပစ်လိမ့်မည်ဟု ပြောကြာထားသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကမူ IS အဖွဲ့၏ အဆိုပါ ဗီဒီယိုဖိုင်ကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ဂျပန်နိုင်ငံသည် ဓားစာခံများ လွတ်မြောက်ရေးအတွက် ဂျော်ဒန်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ သဘာဝအရင်းအမြစ်များဆုံးရှုံးမှုအတွက် ၄င်းတို့တွင် တာဝန်မရှိဟု တရုတ်ငြင်းဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနသည် နယူးယောက်တိုင်းမ်သတင်း တွင်ဖော်ပြခဲ့သော မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတ အရင်းအမြစ်များ ဆုံးရှုံးမှုအတွက် တရုတ်နိုင်ငံ၌တာဝန် ရှိသည်ဆိုခြင်းနှင့် မြန်မာနိုင်ငံ၏ သ ဘာဝသယံဇာတ အရင်းအမြစ်များ ဈေးကွက်ကို လက်ဝါးကြီးအုပ်သည် ဟူသော ရေးသားဖော်ပြချက်ကို အင်္ဂါ နေ့တွင် ယတိပြတ်ငြင်းဆိုသွားခဲ့သည်။

နယူးယောက်တိုင်းမ်သတင်းစာ အယ်ဒီတာ့အာဘော်တွင် တရုတ်နိုင်ငံ အား မြန်မာနိုင်ငံ၏ သဘာဝအရင်းအ မြစ်များအားလုံးကို လက်ဝါးကြီးအုပ် လျက်ရှိသည်ဟု ရေးသားဖော်ပြထား ခဲ့ပြီး တရုတ်နိုင်ငံ၏ ကျားခန္ဓာကိုယ်အ စိတ်အပိုင်းမှစ၍ ကြေးနီအထိ သဘာဝ သယံဇာတအားလုံးကို လိုချင်တပ် မက်မှုသည် မြန်မာနိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင်နှင့် နိုင်ငံရေးတည်ငြိမ်မှု တို့ကို ခြိမ်းခြောက် လျက် ရှိသည်ဟု ရေးသားဖော်ပြခဲ့သည်။

သပိတ်မှောက်ကျောင်းသားများ ရန်ကုန်မြို့တွင် ဥပဒေမဲ့ဆန္ဒပြခြင်း၊ သပိတ်စခန်းဖွင့်ခြင်းများ လုပ်ဆောင်လျှင် အရေးယူမည်ဟုဆို


သပိတ်မှောက်ကျောင်းသားများ ရန် ကုန်မြို့တွင် ဥပဒေမဲ့ဆန္ဒပြခြင်း၊ သပိတ်စခန်း ဖွင့်ခြင်းများ ဆောင်ရွက်လျှင် တည်ဆဲဥပဒေ များနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဟု ရန်ကုန်တိုင်းဒေသကြီး ခရိုင်ရဲမှူးကြီးက ပြောကြားလိုက်သည်။

''တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန် ချက်နဲ့အညီ ပြီးတော့ ငါတို့ကတော့ တရားဝင် စီတန်း လှည့်လည်ခွင့်ပြုချက် ရှိ၊ မရှိ မေးမယ်။ မရှိဘူးဆိုရင် ဥပဒေနဲ့ အညီ ဆောင်ရွက်မယ်။ ဥပဒေ ရှိနေတာပဲလေ။ ကျောင်းသားတွေ ရန် ကုန်မှာ သပိတ်စခန်းဖွင့်တာတွေ၊ ဆန္ဒပြတာ တွေလုပ်မယ်ဆိုရင် တည်ဆဲဥပဒေအရ တရား ဝင် ဖြစ်ရမယ်။ တရားဥပဒေနဲ့ ကျောင်းသား တွေလုပ်ရပ် ဆန့်ကျင်ရင်တော့ ရဲလုပ်ထုံးလုပ် နည်းတွေနဲ့အညီ ဆောင်ရွက်မယ်''ဟု ပြော သည်။

ထူးခြားဆန်းကျယ် သေရတဲ့ ညီအစ်ကို နှစ်ဦး

ဗြိတိန်ပိုင်နက် ဘာမူဒါကျွန်းမှ Hamilton မှာ ထူးခြားဆန်းကျယ် ဖြစ်ရပ် တစ်ခု ရှိပါတယ်။ ယင်းကတော့ ဆန်းကြယ်တဲ့ ညီအစ်အကို ၂ ဦး သေဆုံး ရမှု ဖြစ်ပါတယ်။
၁၉၇၀ ခုနှစ် ဇူလိုင်လက Erskine Lawrence Ebbin လို့ အမည်ရတဲ့ ပုဂ္ဂိုလ် တစ်ဦးဟာ Hamliton မြို့ရဲ့ တစ်နေရာမှာ အက်ဆီးဒန့်ဖြင့်သေဆုံးပါတယ်။ moped လို့ခေါ်တဲ့ လျှပ်စစ်စက်ဘီးကို စီးသွားစဉ် တက္ကဆီ တစ်စီးနဲ့ တိုက်မိလို့ ဖြစ်ပါတယ်။ တက္ကဆီပေါ်မှာ ခရီးသည် တစ်ဦးလည်းပါဝင်ပါတယ်။ထူးခြားချက်ကတော့ Erskine လို့ပဲ လွန်ခဲ့တဲ့ ၁၇ နှစ် ဇူလိုင်လမှာပဲ အစ်ကို အရင်းဖြစ်သူဟာ ယင်း လျှပ်စစ်စက်ဘီးနဲ့ပဲ ယင်း တက္ကဆီနဲ့ပဲ၊ ယင်း တက္ကဆီ ဒရိုင်ဘာနဲ့ပဲ၊ ယင်းတက္ကဆီမှာ ပါဝင်တဲ့ ခရီသည်နဲ့ပဲ ထပ်တူ ဖြစ်ခဲ့ပြီး ဖြစ်တဲ့ နေရာကော၊ အက်ဆီးဒန့် ဖြစ်ပုံ ပုံစံက အစ တူနေခြင်း ဖြစ်ပါတယ်။

သပိတ်မှောက်ကျောင်းသားများ တောင်းဆိုချက်များရရှိရန် နည်းလမ်းနှစ်ခုစလုံး အသုံးပြုမည်

သပိတ်မှောက်ကျောင်းသားများက အမျိုးသားပညာရေးဥပဒေတွင် ၎င်းတို့၏ တောင်းဆိုချက် များရရှိရန် လေးပွင့်ဆိုင် ဆွေးနွေးအဖြေရှာသည့် နည်းလမ်းကိုရော တစ်ချိန်တည်းတွင် ခရီးရှည် ချီတက်သပိတ်မှောက်သည့် နည်းလမ်းကိုပါ ပြုလုပ်သွားမည်ဟု ကျောင်းသားခေါင်းဆောင်များက ပြောသည်။

သပိတ်မှောက်ကျောင်းသား ခေါင်းဆောင် ကိုယ်စားလှယ်နှစ် ဦးနှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူ များ လေးပွင့်ဆိုင် တွေ့ဆုံဆွေး နွေးရန် အကြိုဆွေးနွေးမှုမှာ အ ဆင်ပြေပြီး ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့သော်လည်း ခရီး ရှည်ချီတက်သပိတ်မှောက်မှုကို မလှန်သေးဘဲ ဆက်လက်ချီတက် ဆန္ဒပြမည်ဟု သပိတ်စစ်ကြောင်း မှ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုအောင်နေပိုင်က ပြောသည်။

ကျောင်းသားများ လမ်းလျှောက် ဆန္ဒပြပွဲတွင် ဖောက်ခွဲရေးပြုလုပ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သတင်းများ ထွက်ပေါ်

KIA အဖွဲ့နှင့် မွတ်စလင်အဖွဲ့များက မြန်မာ့တပ်မတော်သုံးမိုင်းနှင့် အခြားဆက်စပ်ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေ စုဆောင်း ကာ ကျောင်းသားများ ချီတက်ရာလမ်းတစ်လျှောက် လူစုလူဝေးရှိသည့်နေရာများတွင် ဖောက်ခွဲရန်စီစဉ်လျက် ရှိကြောင်းနှင့် ပေါက်ကွဲမှုဖြစ်ပွားပါက လူထုအတွင်း ထိခိုက်ဒဏ်ရာရရှိပြီး တပ်မတော်မှ ပြုလုပ်သည်ဟု အချိန်ကိုက် ၀ါဒဖြန့်သတင်းလွှင့်ရန် ကြံစည်နေကြောင်း သိရှိရသည်။
``ဟုတ်တယ်..ကျွန်တော်တို့လည်း သတင်းကြားတယ်၊ KIA နဲ့ မွတ်စလင်အဖွဲ့တွေ ကျောင်းသားတွေ ချီတက်လာတဲ့ လမ်း ဘေးတစ်လျှောက်က ပြည်သူတွေကို ထိခိုက်အောင် ဖောက်ခွဲရေးလုပ်မယ်ဆိုပြီး ပြောတာကြားမိတယ်၊ သူတို့ ရည်ရွယ်ချက် ကတော့ တကယ်လို့ ဖြစ်လာပြီး ကျောင်းသားပြည်သူတွေ ထိခိုက်ဒဏ်ရာရလာရင် တပ်မတော်နဲ့ ကျောင်းသားပြည်သူကို ရန်တိုက်ဖို့ ရည်ရွယ်တာပေါ့ဗျာ´´ ဟု မြင်းခြံမြို့မှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ကိုအေးငြိမ်း မှ ပြောဆိုခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ကျပ်သိန်းပေါင်း ခုနစ်သိန်းကျော်တောင်းခံ

လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ဘတ်ဂျ က်ငွေ ကျပ် ၇၁ ဒသမ ၂၁၇ ဘီလျံ (ကျပ်သိန်းပေါင်း ခုနစ်သိန်း ကျော်) ကို လွှတ်တော်သို့ ဇန်န၀ါရီ ၂၈ ရက်တွင်တောင်းခံခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က "ပြန်ကြားရေး ၀န်ကြီး ဌာနရဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မူလအဆိုပြု အသုံးစရိတ်ဟာ သာမန်အသုံး စရိတ် အတွက် ၅၂ ဒသမ ၅၇၁ ဘီလျံ၊ ငွေလုံးငွေရင်းအတွက် ၂၉ ဒသမ ၃၁၃ ဘီလျံဖြစ်ပါတယ်။ စုစုပေါင်း ၈၁ ဒသမ ၈၈၅ ဘီလျံဖြ စ်ပါတယ်။ အဆိုပါတင်ပြချက်ကို ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် ဒုတိယသမ္မတတို့က အဆင့်ဆင့် စိစစ်ပြီးတဲ့ အခါမှာ ၁၆ ဒသမ ၃၉၈ ဘီလျံကျော်ကို စိစစ်ဖြတ် တောက်ခဲ့တဲ့အတွက်ကြောင့် စိစစ်အဆိုပြုအသုံးစရိတ်ဟာ ၆၅ ဒသမ ၄၈၆ ဘီလျံဖြစ်ပါတယ်။ နောက်ထပ် ရသုံးခန့်မှန်းခြေငွေစာရင်းက သာမန်အသုံး စရိတ်မှာ ၅ ဒသမ ၇၃ ဘီလျံကျော် တိုးမြှင့်ပြီး ပြန်လည်ထောက်ခံ တင်ပြခဲ့ တဲ့အတွက်ကြောင့်မိုလို့ ယခုဘဏ္ဍာနှစ် အတွက် အဆိုပြုအသုံးစရိတ်ဟာ သာမန်အသုံးစရိတ် ၅၉ ဒသမ ၉၉၂ ဘီလျံ၊ ငွေလုံးငွေရင်းအသုံးစရိတ် ၁၁ ဒသမ ၂၂၅ ဘီလျံ၊ စုစုပေါင်း ၇၁ ဒသမ ၂၁၇ ဘီလျံဖြစ်ပါတယ်။ အဆိုပါပမာဏဟာ ၂၀၁၄-၂၀၁၅ မှာတင်ပြခဲ့တဲ့ မူလနဲ့ ဖြည့်စွက်အသုံး စရိတ် ၈၈ ဒသမ ၄၁၄ ဘီလျံနဲ့နှိုင်းယှဉ်ပါက ၁၇ ဒသမ ၁၉၆ ဘီလျံလျော့နည်း အဆိုပြုထားကြောင်း တင်ပြအပ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အမျိုးသားသီးသန့် အနှိပ်ခန်းများကို တရားဝင်ခွင့်ပြုပြီလား ...

Menbox Health & Beauty Spa ဆိုင်ကို ၀င်ရောက်စစ်ဆေးရာ သာမန် အနှိပ် ၀န်ဆောင်မှုပေးသည့် ဆိုင်သာဖြစ်ကြောင်း အလုံမြို့နယ် ရဲတပ်ဖွဲ့မှူး ပြောကြား
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်အတွင်း ဖွင့်လှစ်ထားသော Menbox Health & Beauty Spa ဆိုင်အား အလုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းရွှေနှင့် တာဝန်ရှိသူ များက ဇန်နဝါရီ ၂၆ ရက်တွင် သွားရောက်စစ်ဆေးရာ သာမန် အနှိပ် ဝန်ဆောင် မှုပေးသည့် ဆိုင်သာဖြစ်ကြောင်း အဆိုပါမြို့နယ် ရဲတပ်ဖွဲ့ မှူး၏ ပြောကြားချက်အရ သိရသည်။
“သွားရောက်စစ်ဆေးတဲ့အခါ အနှိပ်လုပ်ငန်းပဲ လုပ်တာတွေ့ရတယ်။ ဟိုလိုမျိုး လိင်ဝန်ဆောင်မှုတွေ ပေးတယ်ဆိုတာနဲ့ ပတ်သက်ပြီး အတည်ပြုလို့ မရသေးဘူး။ ဆက်ပြီး စုံစမ်းရပါဦးမယ်” ဟု အလုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းရွှေက ဇန်နဝါရီ ၂၇ ရက်တွင် The Daily Eleven သတင်းစာသို့ ပြော ကြားပါသည်။
သွားရောက်စစ်ဆေးမှုတွင် ရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးတို့ ပါဝင်ခဲ့ပြီး ထူးခြားမှုတစ်စုံတရာ မတွေ့ရှိရသေးကြောင်း၊ လိုအပ်သော စုံစမ်းမှုများ ဆက်လက်ပြုလုပ် ဦးမည်ဖြစ်ကြောင်း သိရသည်။

ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှု ၁၀ ရက်ကြာသည်အထိ တရားခံပေါ်ပေါက်ခြင်း မရှိသေးဘဲ စုံစမ်းမှုများ ဆက်လက်ပြုလုပ် နေဆဲသာဖြစ်ကြောင်း သိရ

ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှု ၁ဝ ရက်ကြာသည်အထိ တရားခံပေါ် ပေါက်ခြင်းမရှိသေးဘဲ စုံစမ်းမှုများဆက်လက် ပြုလုပ်နေဆဲသာ ဖြစ်ကြောင်း သိရသည်။
“မနေ့က ကောင်းခါးရွာမှာရှိတဲ့ အမျိုးသား၊ အမျိုးသမီး ရွာသား ၃ဝ လောက် ကို ပြည်နယ်ရဲမှူးကိုယ်တိုင်စစ်တယ်။ အရင် ရက်တွေက ပြည်နယ်ရဲမှူး မပါဘူး။ အဲဒီနေ့က ပြန်ပါလာတယ်။ တပ်ပိုင်းက ဒုတိယတပ်ရင်းမှူး တစ်ယောက်ကိုလည်း ကိုယ်ရေးအချက်တွေယူပြီး အခြားစုံစမ်း မေးမြန်း တာတွေ လုပ်တယ်။ အဲဒီနေ့က တစ်ရွာလုံးကို စစ်တဲ့သဘောပါ။ အဓိကတော့ အရင်ရွာထဲမှာ ပြစ်ချက်ရှိဖူးသူတွေကို အဓိကထား စစ်တဲ့သဘောပါ” ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် (KBC) ၏ မုံးမောဝ်ဇုန်တာဝန်ခံ ဦးဇော်ရာက ပြောကြားသည်။