Monday, July 28, 2014

ကျွန်တော်ဆေးလိပ်ဘယ်လိုဖြတ်ခဲ့လဲ ?

ဒီနေ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက် ဆေးလိပ်သောက်ရင်း ချောင်းဆိုးတာ သလိပ်တွေ မဲပြီး မှိုင်းတွေနဲ့ ထွက်လာတာတွေ့လိုက်တယ် ။ သူကတော့ ချောင်းဆိုးခံပြီးဆက်သောက်တာနေလေရဲ့ .... ကျွန်တော်လဲ ဖြစ်ခဲ့ဘူးတာပေါ့။ ဆေးလိပ်ပဲ ။

စင်ကာပူမှာ ဒီလိုအလန်းဓာတ်ပုံတွေ ရိုက်ခဲ့တဲ့ စံရတီမိုးမြင့်

san yati moe myint with red outfit

မြန်မာနိုင်ငံတွင် မျက်စိကွယ်စေသော အဓိကအကြောင်းအရင်းများ

(၁) အတွင်းတိမ်
(၂) ထိခိုက်ဒဏ်ရာရမှု
(၃) မျက်ခမ်းစပ်ရောဂါ
(၄) ရေတိမ်

PR စနစ်သည် ပြည်သူမှ ကန့်ကွက်သော်လည်း မျက်နှာပြောင် တိုက်ကာ ခေါင်းဆောင်နေရာ ဝင်ထိုင်သည်ဟု ဝေဖန်ခံရမည့်စနစ်ဟုဆို

- အချိုးကျကိုယ်စား ပြု(PR)စနစ်သည် ဒေသခံပြည်သူလူထု၏ ယုံကြည်မှု၊ ထောက်ခံမှုမရှိ၍ရှုံးသွားသည့် ကိုယ်စားလှယ်များ၏ ရှုံးမဲများကိုတစ်နိုင်ငံ လုံးမှပြန်စုစည်းပြီး လွှတ်တော်တွင်းဝင်ရောက် ခွင့်ပေးခြင်းသည် ပြည်သူမှ ကန့်ကွက်နေသော် လည်း မျက်နှာပြောင်တိုက်ပြီးခေါင်းဆောင် နေရာတွင် ဝင်ထိုင်နေသည့် လွှတ်တော်ကိုယ် စားလှယ်ဟု ပြည်သူဝေဖန်ပြောဆိုမှုကို ခံရ မည့် စနစ်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်သန္တာကပြောသည်။

အပစ်ရပ်လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသားအဖွဲ့များ တစ်ပြိုင်တည်း လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသည့်မူဝါဒမှာ အန္တရာယ်များသည်ဟု ကေအင်န်ယူ ဥက္ကဋ္ဌပြောကြား

လိုင်ဇာ၊ ဇူလိုင် ၂၆ - တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံ လုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးလက် မှတ်ရေးထိုးရာတွင် အဆင်သင့်ဖြစ်နေ သည့်အဖွဲ့အစည်းများ လက်မှတ်ရေးထိုး ပြီး ကျန်အဖွဲ့များနောက်မှရေးထိုးဆိုသည့် မူဝါဒသည် အန္တရာယ်များ လွန်းကြောင်း ကေအင်န်ယူ ကရင်အမျိုးသားအစည်း အရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူး ဆေး ဖိုးကပြောသည်။

အိမ်ထောင်စုလူဦးရေစာရင်းကောက်ခံရာတွင် ဝိုင်းဝန်းရန်ပြုသူ ၁၁ဦးကို တရားစွဲဆိုထား

မောင်တော၊ ဇူလိုင် ၂၇ - ဇွန်၁၃ ရက်က မောင်တောမြို့နယ်တောင် ပိုင်း အလယ် သံကျော်တိုက်နယ် ကံပူးဘင်္ဂါလီကျေးရွာ တွင်အိမ်ထောင် စု လူဦးရေ စာရင်းကောက် ခံသည့် နိုင်ငံခြားသားများ မတရားဝင်ရောက် မှုတားဆီးကာ ကွယ်ရေး အဖွဲ့(မကဖ) အဖွဲ့ဝင်များနှင့်နယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဝိုင်းဝန်းရန်ပြုခဲ့ သူ ဘင်္ဂါလီ ၁၁ဦးကို သက်ဆိုင်ရာမှ ဖမ်းဆီးကာ တရားစွဲဆို ထားကြောင်း သိရသည်။

သမ္မတရုံးဝန်ကြီးဦးအောင်မင်းနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ မြစ်ကြီးနား တွင် တွေ့ဆုံဆွေးနွေးမည်

လိုင်ဇာ၊ ဇူလိုင် ၂ရ - သမ္မတရုံး ဝန်ကြီးဦးအောင်မင်းခေါင်းဆောင် သည့် မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူများနှင့် လိုင်ဇာဆွေးနွေး ပွဲသို့ တက်ရောက်နေသည့် နိုင်ငံလုံး ဆိုင်ရာအပစ်အခတ်ရပ်စဲမှု ဗဟိုညှိ နှိုင်းရေးအဖွဲ့မှ တာဝန်ရှိသူများ ကချင် ပြည်နယ် မြစ်ကြီးနားမြို့တွင် တွေ့ဆုံ ဆွေးနွေးရန် ရှိနေကြောင်း သိရသည်။

ပြည်တွင်း မိုဘိုင်းဖုန်း အ၀င်-အထွက် ဖုန်းခေါ်မှုများ သတိထားနိုင်စေရန်

ပြည်တွင်းဖုန်းနံပါတ်များကို ပုံမှန်အတိုင်း 01××× 02××× 09××× တွေနဲ့ မဝင်လာပဲ မြန်မာနိုင်ငံ ဖုန်းနံပါတ်တွေရဲ့ Country Code +95××× နဲ့ msg or miss call တွေဝင်လာခဲ့ရင် အဲဒီအတိုင်း ပြန်မခေါ်ကြပါပဲ 01××× 02××× 09××× သို့ edit ပြန်လုပ်ပြီးမှသာ ခေါ်ဆိုကြပါဗျာ။

အောင်မင်္ဂလာ အဝေးပြေးဝင်း၌ လူသတ်မှုဖြစ်

မြန်မာနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများသို့ အဓိက သွားရောက်ရာ အဝေးပြေး ယာဉ်ရပ်နားစခန်း တစ်ခုဖြစ်သော မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းရှိ လူမနေသော နှစ်ထပ် အဆောက်အအုံဟောင်း တစ်ခုတွင် ဇူလိုင်လ ၂၇ ရက် မွန်းလွဲပိုင်းက အသက် ၃၀ ဝန်းကျင်ခန့်ရှိ အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း အဆိုပါ အဝေးပြေးဝင်းတွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

သာကေတ (၁) ဈေး မီးလောင်မှု အကြောင်းရင်း မသိရသေး

သာကေတမြို့နယ်၊ အမှတ် (၁) အနော်မာရပ်ကွက်၊ ဇင်္ဂမာလမ်းရှိ အမှတ် (၁) ဈေးတွင် ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းက ဆိုင်ခန်း ၄၀ နီးပါး မီးလောင် ဆုံးရှုံးခဲ့ရသော အကြောင်းရင်းကို ဇူလိုင်လ ၂၇ ရက်နေ့အထိ စုံစမ်း စစ်ဆေးဆဲသာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

နယ်စပ်ပြဿနာများ ဖြေရှင်းရန် ကော်မတီ ဖွဲ့စည်းပြီးဟု အိန္ဒိယသံရုံး တာဝန်ရှိသူများ ပြောဆို

မြန်မာ-အိန္ဒိယနယ်စပ်တွင် ဖြစ်ပေါ်လျက်ရှိသည့် နှစ်နိုင်ငံ နယ်နိမိတ် ပြဿနာ၊ အိန္ဒိယဘက်မှ မြေကျူးကျော်မှုများနှင့် ပတ်သက်ပြီး ဖြေရှင်းနိုင်မည့် ကော်မတီ ဖွဲ့စည်းပြီး ဖြစ်ကြောင်း အိန္ဒိယသံရုံး တာဝန်ရှိသူများက ပြောဆိုခဲ့ကြောင်း အထက်ချင်းတွင်းဒေသ လူငယ်များကွန်ရက် အဖွဲ့ဝင်များထံမှ သိရှိရသည်။

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးကိုမလုပ်နိုင်လျှင် ပြည်ထောင်စုဝန်ကြီးရာထူးမှ နုတ်ထွက်ရန် အထိကတိခံဆောင်ရွက်နေပါကြောင်း ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ထုတ်ဖော်ပြောကြား

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလုပ် ဆောင်နေသည့် ပြည်ထောင်စုဝန် ကြီးများအနေဖြင့် မိမိတို့၏ဆောင် ရွက်ချက်များကို သတ်မှတ်ကာလအတွင်း မလုပ်ဆောင်နိုင်လျှင် ရာထူး မှနုတ်ထွက်ကြရန်အထိကတိခံဆောင် ရွက်နေပါကြောင်း ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းက စစ်တွေတွင် တရားဝင်ထုတ်ဖော်ပြောဆိုလိုက် သည်ဟု သိရသည်။

ရန်ကုန်တွင် တာဝန်ထမ်းဆောင်ရန် အထက်တန်းပြ ၄၀၀ ကျော် ခေါ်ယူ၊ လုပ်သက် ကန့်သတ်ချက် ပယ်ဖျက်

Photo: ရန်ကုန်တွင် တာဝန်ထမ်းဆောင်ရန် အထက်တန်းပြ ၄၀၀ ကျော် ခေါ်ယူ၊ လုပ်သက် ကန့်သတ်ချက် ပယ်ဖျက် 

ရန်ကုန်၊ ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လစ်လပ်နေသော အထက်တန်းပြနေရာ လေးရာကျော်အတွက် ရာထူးတိုးနှင့် အပြောင်းအရွှေ့ လျှောက်ထားသူ အလယ်တန်းပြ ဆရာ၊ ဆရာမများကို လုပ်သက် ကန့်သတ်ချက် ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန၊ ညွှန်ကြာရေးမှူး (စီမံ) ဦးညွှန့်ရွှေက The Voice သို့ ပြောကြားသည်။

သို့သော် လျှောက်ထားမည့် အလယ်တန်းပြ ဆရာ၊ ဆရာမများမှာ ပညာရေးဘွဲ့ ရပြီးသား ဖြစ်ရမည် ဖြစ်ကြောင်း၊ မူလ ကန့်သတ်ထားသည့် လုပ်သက် ၂ နှစ် ရှိရမည် ဆိုသည့် ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အခြေခံပညာ အထက်တန်းကျောင်းနှင့် ကျောင်းခွဲများတွင် ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်သင် ဆရာ ၄၇၀ ကျော် လစ်လပ်နေသောကြောင့် အဆိုပါ နေရာများအတွက် အမှတ် (၃) အခြေခံပညာ ဦးစီးဌာနသို့ လာရောက် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း၊ ရန်ကုန်တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်များတွင် လစ်လပ်နေရာ ၄၀၀ ကျော် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပညာရေးဘွဲ့ ရရှိထားသူ အလယ်တန်းပြဆရာ၊ ဆရာမတိုင်း ယင်းလစ်လပ် နေရာများကို လျှောက်ထားခွင့် ပြုလိုက်ကြောင်း ဦးညွှန့်ရွှေက ပြောဆိုသည်။
“အဓိကတော့ ကျွန်တော်တို့က အထက်တန်း ကျောင်းသားတွေအတွက် ပညာသင်ဖို့ အခွင့်အလမ်း ပိုရစေချင်လို့ပါ။ ဒုတိယကတော့ ဆရာ၊ ဆရာမတွေဘဝ မြင့်မားရေးလည်း ပါတာပေါ့” ဟု ၎င်းက ရှင်းပြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တွံ့တေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒလ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နှင့် ဒဂုံဆိပ်ကမ်း မြို့နယ်တို့တွင် လစ်လပ်နေရာများ ရှိသေးကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

“အရင်ကဆို ပညာရေးဘွဲ့ ရတာချင်း တူရင်တောင် လုပ်သက်အနုအရင့် ရွေးတာဝန်ပေးတယ်။ အရင်တုန်းက အလယ်တန်း လုပ်သက် ၂ နှစ်ပြည့်မှ ရွေးတာ။ မူလ သက်မှတ်ချက်ထက်တော့ လျော့ထားတယ်” ဟု ပညာရေး ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။

ယင်းနှင့်ပတ်သက်၍ ပညာရေးတက္ကသိုလ်၊ ပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာခင်ဇော်က “B.Ed နဲ့ ပြီးထားလို့ အရည်အသွေးကတော့ ရှိပြီးသား။ ဒီဆရာမတွေကို ကျောင်းအုပ်ထိတောင် တစ်ခါတည်း ပေးလို့ရတယ်။ အထက်တန်းပြ အတွက်လည်း သင်တန်းပေးပြီးသားမို့ တစ်ခါတည်း သင်လို့ရတယ်။ တော်ရင် တော်သလို မတော်ရင် မတော်သလိုတော့ စီမံသွားလို့ ရတာပေါ့” ဟု The Voice သို့ ပြောကြားသည်။

စိတ်ဝင်စားသော အလယ်တန်းပြ ဆရာ၊ ဆရာမများသည် ဇူလိုင်လကုန်မှ စတင်ပြီး သက်ဆိုင်ရာ ကျောင်းအုပ်များမှတစ်ဆင့် မြို့နယ်ပညာရေးမှူး ရုံးများထံ လျှောက်ထားနိုင်ကြောင်း၊ တာဝန်ထမ်းဆောင်ရမည့် စာရင်းကို ရက် ၃၀ အတွင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။                    

(နေဇာကျော်)
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လစ်လပ်နေသော အထက်တန်းပြနေရာ လေးရာကျော်အတွက် ရာထူးတိုးနှင့် အပြောင်းအရွှေ့ လျှောက်ထားသူ အလယ်တန်းပြ ဆရာ၊ ဆရာမများကို လုပ်သက် ကန့်သတ်ချက် ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန၊ ညွှန်ကြာရေးမှူး (စီမံ) ဦးညွှန့်ရွှေက The Voice သို့ ပြောကြားသည်။

ပြည်ထောင်စုကြီး မပြိုကွဲစေလို

လက်ရှိ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေး၊ အပစ်ရပ်စဲရေး ဆွေးနွေးနေ ကြတဲ့နေရာမှာ အဟန့် အတားရှိနေတယ်လို့ ပြောကြဆိုကြတဲ့ အသံထွက်လာပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘယ်လောက်ခရီး ပေါက်ပြီ လဲ? တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းအတွင်းထည့်ဖို့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၁၆ ဖွဲ့ ပါဝင်ဖွဲ့စည်း ထားတဲ့ NCCT ဘက်က တင်ပြထားတဲ့ အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့် နဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးဆို တဲ့အချက်ကိုလည်း အစိုးရဘက်က လက်မခံဘူးလို့ ပြောနေကြတာတွေလည်း ကြားနေရပါတယ်။ ဒါ့အပြင် သဘောတူစာ ချုပ်ထဲမှာ ဖက်ဒရယ်ဆိုတဲ့ စကားလုံးကိုမသုံးဖို့ အစိုးရဘက်ကပြောဆိုတာဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ စိတ်အားထက်သန်မှုနဲ့ ယုံကြည်မှုကို ပျက်ပြားစေပါတယ်။ ဒါကြောင့်

ထူးထူးဆန်းဆန်း


နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင် အသက်ခြောက်ဆယ်ထက် ပို၍ တိုးမြှင့်မည် မဟုတ်ဟုဆို

အစိုးရအသက်ပြည့် ပင်စင်ကို အသက် ၆၀ ထက်ပို၍ တိုးမြှင့် သတ်မှတ်မည် မဟုတ်ကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူ က ပြောကြား သည်။

ဇူလိုင်လ ၂၄ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြောင်မဲ ဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းငွေ၏ အစိုးရ သက်ပြည့်ပင်စင်ကို အသက် ၆၀ အစား ၆၃ နှစ်ပြည့်အထိ တိုးမြှင့်သတ်မှတ် မည်ဆိုသည်မှာ မှန်ကန်မှု ရှိမရှိ မေးခွန်းနှင့် ပတ်သက်ပြီး ၎င်းက

တိုင်းဒေသကြီးနှင့် ပြည်နယ် ငါးခုတွင် ရေဖုံးလွှမ်းနိုင်မှု အလားအလာမြင့်မားဆဲ

မိုးရွာသွန်းမှု အရှိန်မြင့်မားနေသဖြင့် ကချင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့်မွန်ပြည်နယ်တို့တွင် ရေဖုံးလွှမ်းမှု အလားအလာ မြင့်မားနေဆဲ ဖြစ်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က နာဆာဂြိုဟ်တု တိုင်းတာချက်များကို ကိုးကား၍ ပြောသည်။

နိုင်ငံလုံးချီ အပစ်ရပ်ရေး လက်နက်ကိုင်တပ်ဖွဲ့ အားလုံး ပါဝင်သင့်၊ မသင့် လိုင်ဇာညီလာခံ ဆုံးဖြတ်မည်

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ချုပ်ဆိုရန် စီစဉ်နေသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်သင့် မသင့်နှင့် ပတ်သက်ပြီး လိုင်ဇာ လက်နက်ကိုင် ထိပ်သီးညီလာခံက ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောဆိုသည်။

လက်ပံတောင်းဒေသခံ ၈၀ ဦးကျော် အမှုဖွင့်ခံရ

မတ်လ ၁၃ ရက် ၂၀၁၃ ခုနှစ်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ကြေးနီစီမံကိန်းအနီးတွင် ဆန္ဒထုတ်ဖော်နေကြသည့် ဒေသခံများကို တွေ့ရစဉ်။ ဓာတ်ပုံ-အီးပီအေ
မတ်လ ၁၃ ရက် ၂၀၁၃ ခုနှစ်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ကြေးနီစီမံကိန်းအနီးတွင် ဆန္ဒထုတ်ဖော်နေကြသည့် ဒေသခံများကို တွေ့ရစဉ်။ ဓာတ်ပုံ-အီးပီအေ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းခွင်နယ်မြေအတွင်း ဒေသခံများနှင့် လုံခြုံရေးရဲများအကြား အပြန်အလှန်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးရဲများက ဒေသခံ ၈၀ ကို အမှုဖွင့်ထားသည်ဟု ဆားလင်းကြီးရဲစခန်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဖခင်ဖြစ်သူ ဓာတ်လိုက်နေသည်ကို ၀င်ရောက် ကယ်တင်ရာမှ သမီးဖြစ်သူ ဓာတ်လိုက်သေဆုံး

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ ချမ်းမြေ့အောင်စည် ရပ်ကွက်၌ ဇူလိုင် ၂၅ ရက် ညနေ ၆ နာရီခွဲက ဖခင်ဖြစ်သူ ဓာတ်လိုက် နေသည်ကို ဝင်ရောက် ကယ်တင်ခဲ့ရာမှ သမီးဖြစ်သူ ဓာတ်လိုက် သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ပေါင်ကြောပြတ်တာ သိသာလွန်းတယ်လို့ ဝေဖန်သံတွေကြားထဲက Miss Myanmar Universe 2014...




တပ်မတော်၏ အထူးအခွင့်အရေးများ ရုပ်သိမ်းပေးရန် မိုးထဲရေထဲတွင် ဆန္ဒပြ

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော်ကို ပေးထားသည့် အထူးအခွင့်အာဏာများ ဖျက်သိမ်းပေးရန် ဇူလိုင် ၂၇ရက်က အရပ်ဖက်အဖွဲ့အစည်း ၃၀ကျော် ဆန္ဒပြနေစဉ်။ ဓာတ်ပုံ-ဟိန်းထက်
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော်ကို ပေးထားသည့် အထူးအခွင့်အာဏာများ ဖျက်သိမ်းပေးရန် ဇူလိုင် ၂၇ရက်က အရပ်ဖက်အဖွဲ့အစည်း ၃၀ကျော် ဆန္ဒပြနေစဉ်။ ဓာတ်ပုံ-ဟိန်းထက်
တပ်မတော်ကို အထူးအခွင့်အာဏာများ အပ်နှင်းထားသည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်ဖျက်သိမ်းပေးရန် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှား လူမှုကွန်ရက်မှ ဇူလိုင်လ၂၇ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခြင်း ဆန္ဒပြခြင်းတို့ပြုလုပ်သည်။

MSF အကူအညီများမမျှတပါက ရခိုင်ပြည်နယ် အစိုးရတာဝန်ယူမည်

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပြန်လည်လုပ်ဆောင်ရန် နယ်စည်းမထား ဆရာဝန်များအဖွဲ့MSF ၏ အကူအညီပေးရေးလုပ်ငန်းများ မျှတမှုမရှိပါက တာဝန်ယူ ဖြေရှင်းပေးမည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဦးမောင်မောင်အုန်းက ပြောသည်။

ကမ်းခြေမှာ လမ်းလျှောက်နေသူ လေယာဉ် တိုက်၍ သေဆုံး

 ဖလော်ရီဒါ ကမ်းခြေက လေယာဉ်တိုက်မှု မြင်ကွင်း၊ ဓာတ်ပုံ- NBC 
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါကမ်းခြေတခုမှာ အင်ဂျင်တလုံးတပ် လေယာဉ်တစီးက လမ်းလျှောက်နေသူ ၂ ဦးကို တိုက်မိလို့ ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာရသွားပါတယ်။ 
ဖလော်ရီဒါ Venice မှာ ရှိတဲ့ Caspersen Beach မှာ လေယာဉ်ဆင်းသက်ရာမှာ လမ်းလျှောက်နေသူ ဖခင်နဲ့ သမီးတို့က ကမ်းခြေမှာ လမ်းလျှောက်နေချိန်ဖြစ်ပါတယ်။  လေယာဉ်က သူတို့ ၂ ဦးကို တိုက်မိရာ မှာ လမ်းလျှောက်နေ သူ ဖခင်ဖြစ်သူ သေဆုံးသွားပြီး သမီးဖြစ်သူကလည်း ဒဏ်ရာရသွားတယ်လို့

ရေ၀င်နေသည့် ဦးခေါင်းကြီးအား အရွယ်လျှော့ချသည့် ခွဲစိတ်မှု ခံယူပြီးနောက် ပထမဆုံးအကြိမ် ပြုံးနိုင်လာ

Photo

ကြည်လင်းနဲ့ ရန်ကုန်အသင်း ပရိတ်သတ်တွေ ရန်ဖြစ်

Photo: ကြည်လင်းနဲ့ ရန်ကုန်အသင်း ပရိတ်သတ်တွေ ရန်ဖြစ်

ရန်ကုန်၊ ဇူလိုင် ၂၇

ရန်ကုန်ယူ နိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ် ကစားသမား ကြည်လင်းနဲ့ ပရိတ်သတ်တွေဟာ ရန်ကုန် အသင်းရဲ့ အိမ်ကွင်းမှာ ရတနာပုံအသင်းနဲ့ ဒီနေ့ ညနေက ကစားတဲ့ပွဲမှာ ရန်ဖြစ်ခဲ့ကြပါတယ်။

ပွဲချိန် အပြီးမှာတော့ ရိုးရိုးတန်း ထွက်ပေါက်အနီးက အားကစားဆောင်ကနေ ရပ်ကြည့်နေတဲ့ ကြည်လင်းကို ပရိသတ်တွေက ရန်စရာကနေ ပြဿနာဖြစ်ပွားရတာလို့ ရန်ကုန်ယူနိုက်တက် အသင်းရဲ့ အထွေထွေ မန်နေဂျာ ဦးကျော်လင်းထွေးက ပြောပါတယ်။ ပရိသတ်တွေက ကစားသမားအဆောင်ကို ခဲနဲ့ထုတဲ့အတွက် မှန်နှစ်ချက် ပျက်စီးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

“မင်းတို့ ဘောလုံးသမားတွေက ပိုက်ဆံယူထားပြီး ဘာမှ သုံးမရဘူးဆိုပြီး ပရိသတ်တွေက ပြောတော့ ကြည်လင်းက အပေါ်ထပ်ကနေ ပြေးဆင်းသွားပြီး စကားများရာက ပရိသတ်တွေက ခဲနဲ့ထုတာ” လို့ ဦးကျော်လင်းထွေးက ပြောပါတယ်။

ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲစဉ်ဖြစ်တဲ့ ရန်ကုန်ယူနိုက်တက် အသင်းနဲ့ ရတနာပုံအသင်း ကစားတဲ့ပွဲမှာ ပွဲက စားချိန် မိနစ် ၈၀ ကျော်လာချိန်မှာ သရေ ရလဒ်ထွက်ပေါ်နေတဲ့အတွက် ရန်ကုန်အသင်းရဲ့ ပရိသတ်တွေ က ရေသန့်ဘူးနဲ့ ပစ်ခဲ့ကြပါတယ်။

အဲဒီဘောလုံးပွဲကို လာရောက်အားပေးတဲ့ အမျိုးသမီး ပရိသတ်တစ်ဦးကတော့ ကြည်လင်းဟာ ကစားသမား နားနေဆောင် အပေါ်ထပ်ကနေ ဆင်းလာချိန်မှာ လက်ထဲမှ ဘိလိယက်ထိုးတဲ့ ကျူတံ ပါလာတယ်လို့ ဆိုပါတယ်။ ပရိတ်သတ်တွေရဲ့ ရင်ဘက်ကိုလည်း တွန်းခဲ့တယ်လို့ အဲဒီအမျိုးသမီးက ရှင်းပြပါတယ်။

ရန်ကုန် အသင်းအနေနဲ့ ပရိသတ်တွေ စိတ်ကျေနပ်အောင် စွမ်းဆောင် မပေးနိုင်ခဲ့တဲ့အတွက် ဦးကျော်လင်းထွေးက တောင်းပန် စကားဆိုပါတယ်။ ပရိသတ်တွေ စနစ်တကျ အားပေးနိုင်အောင်၊ အနိုင် အရှုံး လက်ခံနိုင်တဲ့ အားကစား စိတ်ဓာတ် နဲ့ အားပေးနိုင်ဖို့ ပြုပြင်ရဦးမယ်လို့လည်း သူက ပြောပါတယ်။ 

ရန်ကုန်ယူနိုက်တက် အိမ်ကွင်းမှာ ပထမဆုံး အကြိမ်လာကစားတဲ့ ရတနာပုံအသင်းနဲ့ ရန်ကုန်အသင်း ပွဲစဉ်မှာ တစ်ဖက် နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ကြည်လင်းဟာ ဒဏ်ရာ ပြဿနာကြောင့် မြန်မာနယ်ရှင်နယ်လိဂ်ပြိုင်နဲ့ လွဲချော်နေသူ ဖြစ်ပါတယ်။
ရန်ကုန်ယူ နိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ် ကစားသမား ကြည်လင်းနဲ့ ပရိတ်သတ်တွေဟာ ရန်ကုန် အသင်းရဲ့ အိမ်ကွင်းမှာ ရတနာပုံအသင်းနဲ့ ဒီနေ့ ညနေက ကစားတဲ့ပွဲမှာ ရန်ဖြစ်ခဲ့ကြပါတယ်။

ပွဲချိန် အပြီးမှာတော့ ရိုးရိုးတန်း ထွက်ပေါက်အနီးက အားကစားဆောင်ကနေ ရပ်ကြည့်နေတဲ့ ကြည်လင်းကို ပရိသတ်တွေက ရန်စရာကနေ ပြဿနာဖြစ်ပွားရတာလို့ ရန်ကုန်ယူနိုက်တက် အသင်းရဲ့ အထွေထွေ မန်နေဂျာ ဦးကျော်လင်းထွေးက ပြောပါတယ်။ ပရိသတ်တွေက ကစားသမားအဆောင်ကို ခဲနဲ့ထုတဲ့အတွက် မှန်နှစ်ချက် ပျက်စီးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေး မြေနီကုန်းမှ ဗိုလ်စိန်မှန်သို့ လူရာချီ ချီတက်လမ်းလျှောက်

Photo: အခြေခံဥပဒေပြင်ဆင်ရေး မြေနီကုန်းမှ ဗိုလ်စိန်မှန်သို့ လူရာချီ ချီတက်လမ်းလျှောက်
Monday, July 28, 2014

အခြေခံဥပဒေပြင်ဆင် ရေး ရန်ကုန်တိုင်းအနောက်ပိုင်း ခရိုင်အတွင်းရှိ မြို့နယ် ၁၃ မြို့ နယ်မှ ရာနှင့်ချီသောပြည်သူများ သည် စမ်းချောင်းမြို့နယ်မြေနီ ကုန်းမှ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် ကွင်းထိ ဇူလိုင် ၂၇ ရက်က လမ်း လျှောက် ဆန္ဒပြ တောင်းဆိုကြ သည်။

နေ့လယ် ၁ နာရီခွဲ အချိန် က မြေနီကုန်းမှဗိုလ်စိန်မှန်ကွင်း သို့လမ်းလျှောက်ဆန္ဒပြခြင်းဖြစ် သည်။ လမ်းလျှောက်ဆန္ဒပြခဲ့ကြ သူများကို ဗိုလ်စိန်မှန်ကွင်း၌ ပန်း ရဲ့လမ်းဂီတအဖွဲ့က သီချင်းများ ဖြင့် ဖျော်ဖြေခဲ့ကြသည်။ ထို့ နောက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းဇေယျာ အပါအဝင် ဦး ဆောင် ဆန္ဒပြသူများက ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လူထုဟောပြောပွဲများပြုလုပ်ခဲ့ကြသည်။

‘‘ဒီပုဒ်မကိုပြင်ဆင်ပေးမယ် လို့ထင်တယ်။ ပြည်သူတွေအတွက် ဆို ပြင်ကိုပြင်ပေးရမယ့်ပုဒ်မပဲ။ အဲဒါကြောင့် ဒီပုဒ်မကြီးကို ပြင် ပေးအောင်အရှိန်အဟုန်မြှင့်လုပ် နေတာ။ နောက်ထပ်လည်း ဆန္ဒ ပြ တောင်းဆိုပွဲတွေ လုပ်သွားဦး မယ်။ ဒီပုဒ်မ ၄၃၆ အကြောင်းကို လည်း ပြည်သူတွေနားလည် အောင်ရှင်းပြရမယ်။ ဒါမှ ပြည်သူ တွေက သူတို့နဲ့သက်ဆိုင်ပါလား ဆိုပြီး ပယ်ဖျက်ပေးဖို့တောင်းဆို တဲ့နေရာတွေမှာပါဝင်လာမှာ’’ဟု ဇူလိုင် ၂၇ ရက်တွင်အခြေခံဥပဒေ ပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆို ရာ၌ ဦးဆောင်သူ ဦးဘမြင့်ကပြောသည်။

လမ်းလျှောက်ဆန္ဒပြရာတွင် ‘၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ စစ်အာဏာရှင်စနစ် မှလွတ်မြောက်ရေး၊ အခြေခံဥပ ဒေပြင်ဆင်ပေး၊ တိုင်းရင်းသား တန်းတူညီမျှမှုရရှိရေး အခြေခံ ဥပဒေပြင်ဆင်ပေး၊ ဒီမိုကရေစီ ရရှိရေး အခြေခံဥပဒေပြင်ဆင် ပေး၊ စားဝတ်နေရေးပြေလည်ရေး အခြေခံဥပဒေ ပြင်ဆင်ပေး ဒို့ အရေး’စသည့်ကြွေးကြော်သံများ အော်ဟစ်ကာ ဆန္ဒပြတောင်းဆိုခဲ့ ကြသည်။

ဆန္ဒပြ လမ်းလျှောက်ပွဲနှင့် လူထုဟောပြောပွဲပြုလုပ်ရာတွင် သက်ဆိုင်ရာ၏တရားဝင်ခွင့်ပြု ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ် သည်။

ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံနေရာအနှံ့အပြား၌ ပုဒ်မ ၄၃၆ပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆို မှုများ အရှိန်အဟုန်မြှင့်လျက်ရှိ ရာ မေလ ၂၅ ရက်ကလည်း ရန်ကုန်မြို့အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ် စုပေါင်း၍ ပြည်သူ ၂,၀၀၀ ခန့်သည် ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

အခြေခံဥပဒေပြင်ဆင်ရေး ချီတက်ဆန္ဒဖော်ထုတ်သူများကို တွေ့ရစဉ် (ဓာတ်ပုံ −ကျော်ဇင်သန်း)
7Day Dailyအခြေခံဥပဒေပြင်ဆင် ရေး ရန်ကုန်တိုင်းအနောက်ပိုင်း ခရိုင်အတွင်းရှိ မြို့နယ် ၁၃ မြို့ နယ်မှ ရာနှင့်ချီသောပြည်သူများ သည် စမ်းချောင်းမြို့နယ်မြေနီ ကုန်းမှ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် ကွင်းထိ ဇူလိုင် ၂၇ ရက်က လမ်း လျှောက် ဆန္ဒပြ တောင်းဆိုကြ သည်။

နေ့လယ် ၁ နာရီခွဲ အချိန် က မြေနီကုန်းမှဗိုလ်စိန်မှန်ကွင်း သို့လမ်းလျှောက်ဆန္ဒပြခြင်းဖြစ် သည်။ လမ်းလျှောက်ဆန္ဒပြခဲ့ကြ သူများကို ဗိုလ်စိန်မှန်ကွင်း၌ ပန်း ရဲ့လမ်းဂီတအဖွဲ့က သီချင်းများ ဖြင့် ဖျော်ဖြေခဲ့ကြသည်။ ထို့ နောက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းဇေယျာ အပါအဝင် ဦး ဆောင် ဆန္ဒပြသူများက ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လူထုဟောပြောပွဲများပြုလုပ်ခဲ့ကြသည်။

ဗိုလ်ချုပ်ရုပ်ရှင်ကို ပြည်တွင်းပညာရှင်များဖြင့်သာ ရိုက်ကူးရန် ဆုံးဖြတ်

‘‘အောင်ဆန်း’’ရုပ်ရှင်ရိုက်ကူးရေးကို ပြည်တွင်းပညာ ရှင်များဖြင့် ၂၀၁၅ ခုနှစ်တွင်စတင် ရိုက်ကူးသွားမည်ဖြစ်ပြီး ရိုက်ကူးမည့် ဒါရိုက်တာနှင့် ထုတ်လုပ်သူများကို ဇူလိုင် ၂၇ ရက်တွင်ပြုလုပ်ခဲ့သော အစည်းအဝေး၌အတည်ပြုခဲ့ကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးကပြောသည်။

‘‘ဒီနေ့ပဲ ဆုံးဖြတ်လိုက် တယ်၊ ပရိုဂျူဆာကို မအိအိခိုင်နဲ့ ကိုလူမင်းတွဲဖက်ပြီး တာဝန်ယူ မယ်၊ ရိုက်ကူးရေးကို ကိုယ်ရယ်၊ဝိုင်းရယ်တွဲဖက်ပြီး တာဝန်ယူမယ် ကျန်တဲ့လူတွေလည်း တာဝန်ခွဲ ဝေပြီး ယူကြပါတယ်’’ ဟု ၎င်းကပြောသည်။

မောင်တောဒေသတွင်း တရားမဝင်နေထိုင်သူများ စိစစ်စစ်ဆေးမှု တိုးမြှင့်ဆောင်ရွက်ပေး ရန် ဒေသခံများလိုလား

ကျောက်ဖြူ၊ ဇူလိုင် ၂၅- ရခိုင်ပြည် နယ် မောင်တောနယ်စပ်ဒေသတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးအ တွက် နယ်စပ်ဖြတ်ကျော် ခိုးဝင်နေ ထိုင်မှုရှိမရှိ စစ်ဆေးဆောင်ရွက်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေး ရန် ဒေသခံများ အနေဖြင့် လိုလား ကြောင်း မောင်တောမြောက်ပိုင်း မင်္ဂလာညွန့်ကျေးရွာ အုပ်ချုပ်ရေးမှူး က ပြောကြားသည်။
''မောင်တောနယ်စပ်မှာ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အဓိကပြဿ နာက လူခိုးဝင်မှုပြဿ နာပါ။ ဒါကြောင့်

မန်မာလုပ်သားများ၏ အနိမ့်ဆုံးလစာသည် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများထက် အဆမတန်နည်းပါး

မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အနိမ့်ဆုံးလစာသည် အရှေ့တောင် အာရှ ဒေသတွင်းနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက အဆမတန် နည်းပါးနေကြောင်း ဇူလိုင် ၂၆ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ၌ ပြုလုပ်သည့် ‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်သမားရေးရာ အလုပ်ရုံဆွေးနွေးပွဲ’ တွင် အလုပ်သမားရေးရာ ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာမင်းညိုက ဆိုသည်။