အီတလီ သူနာပြုဆရာမ တစ်ဦးကို လူနာပေါင်း ၃၈ ဦးကို သတ်ပစ်ခဲ့မည်ဟု
ရဲဌာနက စစ်ဆေးလျက်ရှိသည်။ လူနာတစ်ဦးအား ပိုတက်စီယမ်
ဆေးမှားထိုးပေးခဲ့ရာမှစကာ ယခုကဲ့သို့ ရဲကသံသယဝင်၍ စုံစမ်းစစ်ဆေးခြင်း
ဖြစ်သည်။
နိုင်ငံ၏မြောက်ပိုင်း လုဂိုမြို့ မှ သူနာပြုဆရာမ ဒါနီလာပိုဂျီယာလီကို
ပုံမှန်အဖျားအနာကြောင့် ဆေးရုံတက်လာကုသသူ အသက် ၇၈ နှစ်ရှိ လူနာတစ်ဦး
မထင်မှတ်စရာကောင်းစွာ သေဆုံးခဲ့ရာမှ ယခုကဲ့သို့ ရဲကဖမ်းဆီးကာ စစ်မေးနေခြင်း
ဖြစ်သည်။








