ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက “ပြည်ထောင်စုသမ္မတနိုင်ငံတော်၏ ဓနအင်အား ဖွံ့ဖြိုးရေးတွင် အရေးပါလှသော နိုင်ငံခြား အဖွဲ့အစည်း၊ ကုမ္ပဏီများနှင့် ပူးတွဲ၍ စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သတ္တုတွင်း ဝန်ကြီးဌာနနှင့်
Wednesday, January 28, 2015
ပြန်ကြားရေးဝန်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာနများနှင့် ပတ်သက်၍ ပစ္စည်းဝယ်ယူမှုများဆိုင်ရာ ကိစ္စများ၊ အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်သည့် ကိစ္စရပ်များအတွက် နိုင်ငံတော်အဆင့် ကြီးကြပ်သည့်ကော်မတီ ဖွဲ့စည်းရန် ပြည်သူ့လွှတ်တော် ဆုံးဖြတ်
ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက “ပြည်ထောင်စုသမ္မတနိုင်ငံတော်၏ ဓနအင်အား ဖွံ့ဖြိုးရေးတွင် အရေးပါလှသော နိုင်ငံခြား အဖွဲ့အစည်း၊ ကုမ္ပဏီများနှင့် ပူးတွဲ၍ စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သတ္တုတွင်း ဝန်ကြီးဌာနနှင့်
ကျောင်းသားများ ကန့်ကွက်နေသည့် အမျိုးသားပညာရေး ဥပဒေပါ အချက်များအနက် ပြင်ဆင်သင့်သည့် အချက်များကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ပြောကြား
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက အမျိုးသားပညာရေး ဥပဒေအပေါ် ကျောင်းသားများ ကန့်ကွက် ဆန္ဒပြနေခြင်းနှင့် စပ်လျဉ်း၍ ဥပဒေပါ အချက်များအနက် ပြင်ဆင်သင့်သည့် အချက်များ ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ ၀န်ကြီးဌာန အနေဖြင့် လွှတ်တော်သို့ ပေးပို့ရန်ရှိကြောင်း၊ လွှတ်တော်ပိုင်းကလည်း ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ၀ိုင်းဝန်း အကြံပြု ဆွေးနွေးဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြားခဲ့သည်ဟု လွှတ်တော်၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
Tuesday, January 27, 2015
၂၀၁၅ ဗကသ ဘာလဲ၊ ဘယ်လဲ?

မြန်မာသမိုင်းမှာ ဒေါင်း ဟာ အထင်ကရ အမျိုးသားလက္ခဏာဖြစ်တယ်။ မြန်မာဘုရင်များနဲ့ ဘီအိုင်အေ၊ ဘီဒီအေ တပ်များရဲ့အလံတွေမှာ ကဒေါင်း ကိုသုံးခဲ့တယ်။
အင်္ဂလိပ်လက်အောက်မှာ ရန်ကုန်တက္ကသိုလ်ပေါ်လာတော့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂက ခွပ်ဒေါင်းအလံကို သုံးခဲ့တယ်။ အဲဒီအချိန်ကစလို့ ခွပ်ဒေါင်းနဲ့ကျောင်းသားလှုပ်ရှားမှုကို တွဲမြင်ခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်က ဗကသ ဟာ ကျောင်းသားအရေး၊ ပညာရေး ဒါတွေကိုပဲ လုပ်ခဲ့တယ်။ ဗကသ ၀င် ကျောင်းသားများဟာ နိုင်ငံရေးကို လေ့လာတာရှိတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက်
လာမည့်ဘဏ္ဍာနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာစရိတ်အတွက် ငွေကျပ်ဘီလီယံ နှစ်ထောင့်ကိုးရာလျာထား

လာမည့်ဘဏ္ဍာ နှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာ စရိတ်အတွက် ငွေကျပ်ဘီလီယံ ၂,၉၀၀ လျာထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဇန်န၀ါရီ ၂၆ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ တင်ပြလိုက်သည်။
ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ၂၀၁၅ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရာတွင် ၂၀၁၅ - ၁၆ ဘဏ္ဍာနှစ်၌ နိုင်ငံဝန်ထမ်းများ၏ လစာစရိတ်အတွက် စုစုပေါင်းကျပ် ၂,၉၀၀ ဒသမ ၇၆၃ ဘီလီယံ လျာထားကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၀န်ထမ်းများအား လစာတိုးပေးရန် တင်ပြထားပြီး လွှတ်တော်တွင် ဆွေးနွေးပြီးသည့်အခါ၌ တိုးပေးမည့်ပမာဏ ထွက်လာမည်ဟု ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ရပ်နားချိန်တွင် တိုးမြှင့်ပေးမည့် လစာပမာဏကို မီဒီယာများက မေးမြန်းရာ၌ ပြည်ထောင်စု ၀န်ကြီးကပြောသည်။
လမ်းခင်းကျောက်အလုပ်သမားများအား KIA အဖွဲ့မှ ရိက္ခာများ တောင်းခံ

ကချင်ပြည်နယ်၊ မိုညှင်းမြို့နယ်၊ ဘီးလူးကျေးရွာအုပ်စု၊ အုန်းဆံဆိုင်ကျေးရွာ၊ နန့်ဟန်ဂါးချောင်းဘေး တစ်လျှောက်၌ လမ်းခင်းကျောက်တူးဖော်နေသော အလုပ်သမားများထံမှ ဇန်နဝါရီလ ၂၆ ရက်နေ့က ကချင် လွတ်မြောက်ရေး တပ်မတော် KIA အဖွဲ့မှ ရိက္ခာများတောင်းခံသွားကြောင်း သိရသည်။
“အလုပ်သမားတွေက ပိုက်ဆံမရှိလို့ လမ်းခင်းကျောက် တူးဖော်နေကြတာ များပါတယ်၊ တစ်နေ့ရတဲ့လုပ်အားခ လေးနဲ့ သူတို့မှာ ထမင်း၊ဟင်း ချက်ပြုတ်စားသောက်နေရတာ၊ မရှိလို့ အလုပ်လုပ်နေတဲ့သူတွေကိုမှ သူတို့တွေက အနိုင်ကျင့်နေတယ်”ဟု ရွာသားတစ်ဦးက ပြောသည်။
KIA အဖွဲ့မှ ရိက္ခာနှင့် အစားအသောက်များ အတင်းအကြပ်ကောက်ခံမှုကြောင့် လမ်းခင်းကျောက်တူးဖော်နေ သူများအနေဖြင့် စားဝတ် နေရေးအခက်အခဲများ ရှိနေကြောင်း လမ်းခင်းကျောက်တူးဖော်သူများထံမှသိရသည်။
ခွေးကို ဆိုင်ကယ်ပေါ်တင်ပြီး မြို့ပတ်စီးနင်းမှုကို နေ့စဉ်ပြုလုပ်တဲ့ အဘိုးအို
အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ အသက်(၅၉) နှစ်အရွယ်ရှိ အဘိုးအိုးဟန်ဒိုကိုဟာ ထူးခြားတဲ့ အပြုအမူတစ်ခုကို နေ့စဉ်ပြုလုပ်လေ့ ရှိပါတယ်။ အဲဒါကတော့ ခွေးကို သူ့ရဲ့ဆိုင်ကယ်ပေါ်တင်ရှိပြီး မြို့ပတ်စီးနင်းခြင်းပဲ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဆူရာဘာယာမြို့မှာတော့ ဟန်ဒိုကို မသိတဲ့သူ မရှိပါဘူး။ နေ့စဉ်ဆိုင်ကယ်စီးရာမှာ ခွေးတစ်ကောင်အမြဲတမ်း ပါဝင်လာခဲ့တာမို့ အားလုံးက သူ့ကိုမှတ်မိနေကြ ပါတယ်။ ဟန်ဒိုကိုဟာ ခွေးတွေကို အလွန်ချစ်သူဖြစ်ပါတယ်။ သူ့မှာ ခွေးငါးကောင်ရှိပြီး၊ နှစ်ကောင်ကတော့
အင်ဒိုနီးရှားနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဆူရာဘာယာမြို့မှာတော့ ဟန်ဒိုကို မသိတဲ့သူ မရှိပါဘူး။ နေ့စဉ်ဆိုင်ကယ်စီးရာမှာ ခွေးတစ်ကောင်အမြဲတမ်း ပါဝင်လာခဲ့တာမို့ အားလုံးက သူ့ကိုမှတ်မိနေကြ ပါတယ်။ ဟန်ဒိုကိုဟာ ခွေးတွေကို အလွန်ချစ်သူဖြစ်ပါတယ်။ သူ့မှာ ခွေးငါးကောင်ရှိပြီး၊ နှစ်ကောင်ကတော့
၂၆-၁-၂၀၁၅ မှ ၁-၂-၂၀၁၅ ထိ ၇ ရက် သားသမီး ဟောစာတမ်း
တနင်္ဂနွေ
ရည်ရွယ်ချက် ရှိနေတာရော မရှိနေတာပါ လုပ်ဆောင်မှု့ များအောင်မြင်မှု့ တွေရနေပါလိမ့်မည်။အချစ်ရေး ကလွဲလို့ပါ။ အချစ်ရေးကတော့ ခန့်မှန်းရခက်လောက်အောင် ချစ်သူရဲ့ လှည့်စားမှု့ ခံရလိမ့်မည်။ မိုးတိမ်လိုရွာမယ်လို့ အုံ့မှိုင်း ပြသော်လည်း မရွာတတ်သလို ပေါ့။ သင့်အနေဖြင့် ဘယ်လိုဆုံးဖြတ်ချက်ချရမှန်းမသိ ဖြစ်နေမည်။ အလုပ်ကိစ္စ ရာထူးတက်၊ လစာတိုးခြင်း ၊ ခရီးသွားရခြင်း ၊ အကြီးအကဲ ငြိုငြင်မှုအဆင်ပြေခြင်းတို့ဖြစ် မည်။ အင်တာဗျုးများ ၊ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ သူများ အောင်မြင်ပါလိမ့်မည်။
အကျိုးပေးဂဏန်း - ၁၊ ၅၊ ၆။
နိုင်ငံတော်အလံအား ဖြုတ်ချမှု အရေးယူမည်

မြင်းခြံဒီဂရီကောလိပ်အတွင်း နိုင်ငံတော်အလံအား ဖြုတ်ချပြီး ကျောင်းသား သမဂ္ဂအလံကို တင်ခဲ့ခြင်း နှင့် ပတ်သက်ပြီး မြင်းခြံရဲစခန်း က နိုင်ငံတော်အလံပုဒ်မ ၁၆ အရ အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း ၊
ဖားကန့်မြို့ ပန်းခြံအ၀ိုင်းအနီး KIA အဖွဲ့၏ မိုင်းထောင်ဖောက် ခွဲမှုကြောင့် ဒေသခံ (၂) ဦး ထိခိုက် ဒဏ်ရာရရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မြို့မရပ်ကွက်ရှိ ပန်းခြံအ၀ိုင်းအနီးတွင် ဇန်န၀ါရီလ ၂၆ ရက် နေ့တွင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ဒေသခံသားအဖ (၂)ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖားကန့်မြို့နယ်၊ မြို့မရပ်ကွက်ရှိ ဂျိတ်စီးတီးဟိုတယ်ဘေး ပန်းခြံအ၀ိုင်းအနီးတွင် ဇန်န၀ါရီလ ၂၆ ရက်၊ ညနေ ၄ နာရီ ၀န်းကျင်တွင် KIA အဖွဲ့မှထောင်ထားသောမိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ဒေသခံ များဖြစ်သော ဆိပ်မူကျေးရွာအုပ်စု၊ ဆန်းကြယ်ကျေးရွာ၊ ရပ်ကွက်(၂)နေ ဦးနော်ဆိုင်း အသက်(၅၄)နှစ်၊ ကချင်/ ခရစ်ယာန်နှင့် သမီးဖြစ်သူ မဆိုင်းပန်၊ အသက်(၁၇)နှစ်၊ ကချင်/ခရစ်ယာန်တို့ သားအဖ (၂)ဦးသည် ဈေးရောင်းပြီး၍ ဆိုင်ကယ်နှင့်ပြန်လာစဉ် ပန်းခြံအ၀ိုင်းအနီးတွင် မိုင်းပေါက်ကွဲမှုကြောင့် မိုင်းစထိ မှန် ဒဏ်ရာ များရရှိကာ ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း မြို့နယ် ရဲစခန်းတာဝန်ရှိသူတစ်ဦးမှပြောပြပါသည်။
ဖြစ်စဉ်မှာ ဖားကန့်မြို့နယ်၊ မြို့မရပ်ကွက်ရှိ ဂျိတ်စီးတီးဟိုတယ်ဘေး ပန်းခြံအ၀ိုင်းအနီးတွင် ဇန်န၀ါရီလ ၂၆ ရက်၊ ညနေ ၄ နာရီ ၀န်းကျင်တွင် KIA အဖွဲ့မှထောင်ထားသောမိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ဒေသခံ များဖြစ်သော ဆိပ်မူကျေးရွာအုပ်စု၊ ဆန်းကြယ်ကျေးရွာ၊ ရပ်ကွက်(၂)နေ ဦးနော်ဆိုင်း အသက်(၅၄)နှစ်၊ ကချင်/ ခရစ်ယာန်နှင့် သမီးဖြစ်သူ မဆိုင်းပန်၊ အသက်(၁၇)နှစ်၊ ကချင်/ခရစ်ယာန်တို့ သားအဖ (၂)ဦးသည် ဈေးရောင်းပြီး၍ ဆိုင်ကယ်နှင့်ပြန်လာစဉ် ပန်းခြံအ၀ိုင်းအနီးတွင် မိုင်းပေါက်ကွဲမှုကြောင့် မိုင်းစထိ မှန် ဒဏ်ရာ များရရှိကာ ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း မြို့နယ် ရဲစခန်းတာဝန်ရှိသူတစ်ဦးမှပြောပြပါသည်။
လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည့် အနောက်ပိုင်းခရိုင် စည်ပင်ဥက္ကဋ္ဌ (ရပ်မိရပ်ဖ) ၏ ဆရာဝန်သုံးနားကြပ်ပါ ဓာတ်ပုံအချို့နှင့် ပတ်သက်၍ ဆရာဝန်အချို့ ဝေဖန်

ဇန်န၀ါရီ ၆ ရက်က ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်ကိုယ်စားလှယ်များ ကတိသစ္စာပြု အခမ်းအနားတွင် ဒေါက်တာတင်ထွန်း(ယာဘက်အစွန်)ကို တွေ့ရစဉ်
လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည့် အနောက်ပိုင်းခရိုင် စည်ပင်ဥက္ကဠ (ရပ်မိရပ်ဖ) ဒေါက်တာတင်ထွန်း၏ ဆရာဝန်သုံးနားကြပ်ပါ ဓာတ်ပုံအချို့နှင့်ပတ်သက်၍ ဆရာဝန်အချို့က ဝေဖန်မှုများရှိနေကြောင်း သိရသည်။
အဓိကအားဖြင့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် စည်ပင်ရွေးကောက်ပွဲ၊ မယ်ရွေးပွဲများနှင့် မသက်ဆိုင်ဘဲ အဆိုပါစည်ပင်ဥက္ကဠက လူနာအား စမ်းသပ်ကုသရာတွင် ဆရာဝန်များအသုံးပြုသည့် နားကြပ်ကို ယင်းနေရာများတွင် တပ်ဆင်ကာ သူ၏ ဆရာဝန်ဆိုသည့် ဂုဏ်ပုဒ်အား ဖော်ပြထားသည့်ပုံရိပ်အချို့အပေါ် ဆရာဝန်အချို့က ဝေဖန်ခဲ့ခြင်းဖြစ်သည်။
ပည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) နှင့် ရဲသတင်းတပ်ဖွဲ့(SB) တို့ကို သမ္မတရုံးလက်အောက် ရွှေ့မည်ဆိုသည့်သတင်းမှာ အခြေအမြစ်မရှိကြောင်း သမ္မတရုံး တုံ့ပြန်
“အက်စ်ဘီနှင့် စသုံးလုံးကို သမ္မတရုံးလက်အောက်ရွှေ့မည်”ခါင်းစဉ်ဖြင့် ဇန်နဝါ
ရီ ၂၆ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ဆုမရလို့တောင်းပန်ခဲ့တဲ့ သျှားထွဋ်အိန္ဒြာ

အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော (၆၃)ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲ သို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် သျှားထွဋ်အိန္ဒြာ က ပြိုင်ပွဲတွင် ဆု မရရှိခဲ့သဖြင့် တောင်းပန်ကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ် တွင်ရေးသား ထားသည်။
‘‘တောင်းပန်ပါတယ်ဆိုတဲ့ စကားကလွဲလို့ ဘာမှမပြောလိုတော့ပါဘူး’’ဟု သျှားထွဋ်အိန္ဒြာက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် မယ်စကြဝဠာပြိုင်ပွဲပြီး သည့်အချိန်၌ ရေးသားခဲ့သည်။
နိုင်ငံတော်အလံကိုဖြုတ်ချတာ ဥပဒေမဲ့တဲ့လုပ်ရပ်ပါ
ပညာရေးဥပဒေကြမ်းကို ကန့်ကွက်သည့်အနေဖြင့် ဗကသ ဦးဆောင်သော ကျောင်း
သားအချို့သည် ဇန်န၀ါရီလ ၂၀ ရက်နေ့မှစတင်၍ မန္တလေးမှရန်ကုန်မြို့သို့ သပိတ်
စစ်ကြောင်းဖြင့် လမ်းလျှောက်ချီတက် ခဲ့ကြပြီး မြင်းခြံမြို့သို့ရောက်ရှိ
ချိန်မှာတော့ မြင်းခြံဒီဂရီကောလိပ်အတွင်းသို့ ၀င်ရောက်ကာ
ကောလိပ်ရှေ့တွင်လွှင့်ထူ ထားသောနိုင်ငံတော် အလံအား ဖြုတ်ချခဲ့ကြပြီးနောက်
ဗကသ အလံလွှင်ထူ ခဲ့ကြ သည့် လုပ်ရပ်ကြောင့် ပြည်သူအများစုရဲ့
ဝေဖန်ရှုတ်ချသံတွေ ပြင်းထန် စွာပေါ် ထွက်လာခဲ့ပေသည်။
ကျောင်းသားများအနေဖြင့် ယခုလိုပြုလုပ်ခဲ့ခြင်းသည် လွပ်လပ်စွာဆန္ဒဖော် ထုတ်ခွင့် ကို အလွဲသုံးစားပြုလုပ်၍ နိုင်ငံတော် ၏ တည်ဆဲဥပဒေကို ချိုးဖောက်ခဲ့ယုံသာမက၊ နိုင်ငံတော်၏ အထွတ်အမြတ်ထားရာ၊ နိုင်ငံသားတိုင်း၏ အလေးအမြတ် ပြု ရာဖြစ်သော နိုင်ငံတော်အလံကို ၎င်းတို့၏ဆန္ဒ သဘောဖြင့် ဖြုတ်ချခဲ့ခြင်းဖြစ်သဖြင့် နိုင်ငံတော်နှင့်နိုင်ငံအတွင်း နေထိုင် ကြကုန်သော ပြည်သူအားလုံးကိုပါ စော်ကား လိုက်သည့်လုပ်ရပ်ဖြစ်သည်ဟု အများစုက ဝေဖန်ပြောကြားသည်။
ကျောင်းသားများအနေဖြင့် ယခုလိုပြုလုပ်ခဲ့ခြင်းသည် လွပ်လပ်စွာဆန္ဒဖော် ထုတ်ခွင့် ကို အလွဲသုံးစားပြုလုပ်၍ နိုင်ငံတော် ၏ တည်ဆဲဥပဒေကို ချိုးဖောက်ခဲ့ယုံသာမက၊ နိုင်ငံတော်၏ အထွတ်အမြတ်ထားရာ၊ နိုင်ငံသားတိုင်း၏ အလေးအမြတ် ပြု ရာဖြစ်သော နိုင်ငံတော်အလံကို ၎င်းတို့၏ဆန္ဒ သဘောဖြင့် ဖြုတ်ချခဲ့ခြင်းဖြစ်သဖြင့် နိုင်ငံတော်နှင့်နိုင်ငံအတွင်း နေထိုင် ကြကုန်သော ပြည်သူအားလုံးကိုပါ စော်ကား လိုက်သည့်လုပ်ရပ်ဖြစ်သည်ဟု အများစုက ဝေဖန်ပြောကြားသည်။
ပရိသတ်သောင်းချီပြီး အားပေးခဲ့တဲ့ အိုင်စီ

ချယ်ရီအက်ဖ်အမ် လေး နှစ်မြောက် နှစ်ပတ်လည်ပွဲအဖြစ် ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ဇန်နဝါရီ ၂၅ ရက်က ပြုလုပ်ခဲ့ သော အိုင်းရင်း ခရော့စ် ဖျော်ဖြေပွဲ သို့ ပရိသတ်သောင်းချီလာရောက် အားပေးခဲ့ကြောင်း သတင်းရရှိ သည်။
‘‘မျှော်စင်ကျွန်းထဲမှာရော၊ အပြင်ဘက်မှာထားပေးထားတဲ့ ပရိုဂျက်တာမှာရော ကြည့်တဲ့လူ တွေအကုန်ပေါင်းရင် သုံးသောင်း လောက်ရှိမယ်ထင်တယ်’’ဟု ချယ်ရီအက်ဖ်အမ်ရေဒီယိုမှ အထွေ ထွေမန်နေဂျာ ကိုသန့်ထွေးဇော် က ပြောသည်။
နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရန် ငွေကျပ် ဘီလီယံ ၂၉၀၀ ကျော် တောင်းခံ
လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း အစိုးရဝန်ထမ်းများကို လစာ တိုးမြှင့်ပေးနိုင်ရန်အတွက် ငွေကျပ် ၂၉၀၁ ဒသမ ၇၆၃ ဘီလီယံကို တောင်းခံထားကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
ဇန်နဝါရီ ၂၆ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရာတွင် ၎င်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ မြို့ပြလူဦးရေ သိပ်သည်းဆ အရှေ့အာရှတွင် ဒုတိယအမြင့်ဆုံးဟု ကမ္ဘာ့ဘဏ်ဆို

မြန်မာနိုင်ငံ၏ မြို့ပြဧရိယာ လူဦးရေ သိပ်သည်းဆ မြင့်တက်မှုမှာ အရှေ့အာရှဒေသတွင် အင်ဒိုနီးရှားနိုင်ငံ ပြီးပါက ဒုတိယအမြင့်ဆုံး ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အသစ်ထုတ်ပြန်လိုက်သော မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၀၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ မြို့ပြလူဦးရေ သိပ်သည်းဆမှာ တစ်စတုရန်း ကီလိုမီတာလျှင် လူဦးရေ ၆၂၀၀ ရှိခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်တွင် လူဦးရေ ၇၅၀၀ အထိ မြင့်တက်လာပြီး ယင်းမှာ အရှေ့အာရှဒေသတွင် ဒုတိယ အမြင့်ဆုံးနှုန်း ဖြစ်ကြောင်း ဇန်နဝါရီလ ၂၆ ရက်က ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် East Asia’s Changing Urban Landscape: Measuring a Decade of Spatial Growth အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကျောင်းဆရာမနှစ်ဦး၏ ရက်လည်ဆုတောင်းပွဲ လူထောင်ချီတက်ရောက်
အဆိုပါဆုတောင်းပွဲကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ဘာသာရေးဆရာများက ဦးဆောင်ဆုတောင်းပေးခဲ့ကြပြီး စစ်ဘက်နှင့်အရပ်ဘက်မှ အရာရှိများ တက်ရောက်ခဲ့ကြသည်။
ကာကွယ်ရေး အသုံးစရိတ် ၃၃ ရာခိုင်နှုန်းကို လက်နက်ဝယ်ရန်နှင့် ထုတ်လုပ်မှုတွင် သုံးမည်

တောင်ကိုရီးယားက အီရတ်ကို နှစ်ဂိုးပြတ်နိုင်ပြီး အာရှဖလားဗိုလ်လုပွဲတက်

သြစတြေးလျနိုင်ငံ တွင် ကျင်းပနေသော အာရှဖလား ဘောလုံးပြိုင်ပွဲ၌ တောင်ကိုရီး ယားက အီရတ်ကို နှစ်ဂိုးပြတ်အ နိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက် ရောက်သွားသည်။
ပထမပိုင်းတွင် တောင်ကိုရီး ယားမှ လီဂျောင်ယော့က ခေါင်း တိုက်ဂိုးတစ်ဂိုး သွင်းယူခဲ့ပြီး ဒုတိ ယပိုင်းတွင် ကင်ယောင်ဂွမ်က အဝေးကန်ချက် ပြင်းပြင်းဖြင့် ဂိုးသွင်းယူခဲ့ပြီးနောက် တောင်ကိုရီးယားက ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံး နိုင်ငံတကာပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်နောက်ပိုင်း အာရှဖလားချန်ပီယံဖြစ်ရန်လည်း နီးစပ်လာသည်။
ကလေးငယ်များ ခိုးယူ၍ ထိုင်းသို့ ရောင်းချသော ဈေးကွက် ပေါ်ပေါက်နေ
မြန်မာကလေးငယ်များ ကို ခိုးယူ၍ ထိုင်းနိုင်ငံသို့ရောင်းချ ပြီးကလေးငယ် များအား တောင်းရမ်းခိုင်းကာ ကြီးပြင်းလာလျှင် မ ကောင်းသည့် လုပ်ငန်း များလုပ် ကိုင်စေသော ဈေးကွက် ထိုင်းနိုင်ငံ တွင် ပေါ်ပေါက် နေကြောင်း သတင်းရရှိသည်။
ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးအား ဒေါ်ကြိုင်ကြိုင် လာရောက်ဖူးမြော်
မကြာသေးမီက ကျန်းမာရေးအ ခြေအနေ ချို့ယွင်းနေသည်ဟု သ တင်းထွက်ပေါ်ခဲ့သော ဒေါ်ကြိုင် ကြိုင်သည် ကျန်းမာစွာဖြင့် သာ သနာပိုင်ဆရာတော်ကြီးအား ယ ခုလ ၂၆ ရက်တွင် လာရောက် ဖူး မြော်ခဲ့ခြင်းဖြစ်ကြောင်း အထက် ပါ အစည်းအဝေးကျင်းပမည့် ဓမ္မ ဒူတ ဆေကိန္ဒာရာမကျောင်းတိုက် မှ ကပ္ပိယတစ်ဦးက ပြောကြားသည်။
‘‘အထွေအထူးတော့ မရှိပါ ဘူး။ ဆရာတော်ကြီးကို လာဖူး တယ်။ ဆရာတော်ကြီးက ကျန်း မာရေးလည်း မကောင်းဘူးလေ။ သင်္ကန်းကပ်တယ်။ ဒီလောက်ပါ ပဲ’’ ဟု အဆိုပါပုဂ္ဂိုလ်က ပြော သည်။
လူထုမြင်ကွင်းမှ ကာလအ တန်ကြာ ပျောက်ကွယ်နေခဲ့သော အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်း ရွှေ၏ ဇနီးဒေါ်ကြိုင်ကြိုင် ဆရာတော်ကြီးအား လာရောက်ဖူးမြော်နေသည့် ဓာတ်ပုံမှာ အင်တာနက်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။
ဆရာတော်ကြီးအား လာ ရောက်ဖူးမြော်သည့် ဒေါ်ကြိုင် ကြိုင်အား သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက ရေစက်ချ တရားချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
(၁၉)ကြိမ်မြောက် ရွှေကျင်ဂိုဏ်းလုံး ကျွတ်အစည်းအဝေးကို မှော်ဘီ မြို့နယ် ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ကျင်းပမည်ဖြစ်ပြီး အမေရိကန်၊ ဗြိတိန်၊ ဂျပန် အစရှိသည့် ပြည်ပနိုင်ငံများ၌ သီတင်းသုံးသော ဆရာတော်များအပါအ၀င် သံဃာတော် အပါး ၁၀၀၀ ကျော် တက်ရောက်မည်ဖြစ်သည်။
ရွှေကျင်နိကာယသံဃာ့ဂိုဏ်း ၏ ဂိုဏ်းလုံးကျွတ်အစည်းအဝေး များကို သုံးနှစ်တစ်ကြိမ် ကျင်းပခဲ့ ပြီး (၁၈) ကြိမ်မြောက်အစည်းအ ဝေးကို ဓမ္မဒူတ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ၂၀၁၂ က ကျင်းပခဲ့ကာ ဂိုဏ်းဝန်ဆောင်ဆရာတော် ၁၅၀ မှ ၂၀၀ ပါးသို့ တိုးမြှင့်ခြင်း၊ ရွှေကျင်ဂိုဏ်းချုပ်၊ ဂိုဏ်းထောက်ဆရာတော်များ ထပ်မံခန့်အပ်ခြင်း၊ ၀ိနည်းဆိုင်ရာများ ပိုမိုတိကျစွာ ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။
7 Day Daily
ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးအား ဒေါ်ကြိုင်ကြိုင် လာရောက်ဖူးမြော်
ရွှေကျင်ဂိုဏ်းလုံးကျွတ် အစည်းအဝေးကြီးသို့ တက် ရောက်ရန် ကြွရောက်လာသည့် ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာ တော်ကြီးအား အငြိမ်းစား ဗိုလ် ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ် ကြိုင်ကြိုင် လာရောက်ဖူးမြော်ခဲ့ ကြောင်း သတင်းရရှိသည်။
မကြာသေးမီက ကျန်းမာရေးအ ခြေအနေ ချို့ယွင်းနေသည်ဟု သ တင်းထွက်ပေါ်ခဲ့သော
ဒေါ်ကြိုင် ကြိုင်သည် ကျန်းမာစွာဖြင့် သာ သနာပိုင်ဆရာတော်ကြီးအား ယ ခုလ ၂၆
ရက်တွင် လာရောက် ဖူး မြော်ခဲ့ခြင်းဖြစ်ကြောင်း အထက် ပါ အစည်းအဝေးကျင်းပမည့်
ဓမ္မ ဒူတ ဆေကိန္ဒာရာမကျောင်းတိုက် မှ ကပ္ပိယတစ်ဦးက ပြောကြားသည်။
စည်းကမ်းလိုက်နာရန် ပျက်ကွက်ခဲ့သော ယာဉ်လုပ်သား ၄၀၀ နီးပါးအား အလုပ်မှထုတ်ပယ်

ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်အတွင်း ယာဉ်လုပ်သား ၄ဝဝ နီးပါးအား စည်း ကမ်းလိုက်နာရန် ပျက်ကွက်မှုများ ဖြင့် အလုပ်မှ ထုတ်ပယ်ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်း ကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဦးလှအောင် က ပြောကြားသည်။
''ပြီးခဲ့တဲ့နှစ်အတွင်း ယာဉ်လုပ် သား ၄ဝဝ နီးပါးကို စည်းကမ်းလိုက်နာ ရန်ပျက်ကွက်မှုနဲ့မထသ(ဗဟို)ကထုတ် ပယ်ခဲ့ရပါတယ်။ အဓိကကတော့ ခရီး သည်တွေက ကျေနပ်မှုမရှိလို့ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို တိုင်ကြားခဲ့ပါတယ်။ ဒီလိုတိုင်ကြားတဲ့ နေရာမှာ မထသ(ဗဟို)အနေနဲ့ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို တိုင်ကြားမှုများနဲ့ပတ်သက်လို့ လာ ရောက်ဖြေရှင်းဖို့ ဆင့်ခေါ်ပေမယ့်
ကာကွယ်ရေးဝန်ကြီးဌာနမှ တောင်းခံသည့် ဘတ်ဂျက် ကျပ် ၂၆၁၂ ဘီလျံအနက် ၃၃ ရာခိုင်နှုန်းကို တိုက်ခိုက်ရေးအသုံးစရိတ်အဖြစ် သုံးစွဲမည်
ကာကွယ်ရေး ဘတ်ဂျက် စုစုပေါင်း၏ ၅၈ ရာခိုင်နှုန်းကျော်ကို လစာနှင့်စရိတ် အတွက် လည်းကောင်း၊ တိုက်ခိုက်ရေးအတွက် ၃၃ ရာခိုင်နှုန်းကျော်ကို လည်းကောင်း၊ ဆောက်လုပ်ရေးကဏ္ဍအတွက် ကိုးရာခိုင်နှုန်းကျော်ကို လည်းကောင်း၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအတွက် သုံးရာခိုင်နှုန်းကျော်ကို လည်းကောင်း၊ လက်ရုံးဝန်ထမ်းတပ်များအတွက် တစ်ရာခိုင်နှုန်းနီးပါးကို လည်းကောင်း အသီးသီးသုံးစွဲရန် လျာထားသည်ဟု ကာကွယ်ရေးဝန်ကြီးက လွှတ်တော်သို့ တင်ပြခဲ့သည်။
မန္တလေးမှ ရန်ကုန်မြို့သို့ သပိတ်မှောက်လမ်းလျှောက်နေခြင်းအပြင် ကျောင်းသားသမဂ္ဂများက အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်လှုပ်ရှားမှုများ နိုင်ငံအနှံ့ တက္ကသိုလ်များ၌ ပြုလုပ်နေ
မန္တလေးမှ ရန်ကုန်သို့ သပိတ်မှောက် လမ်းလျှောက်မှုများ ပြုလုပ်နေခြင်းအပြင် ကျောင်းသားသမဂ္ဂများက အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သော လှုပ်ရှားမှုများကို နိုင်ငံအနှံ့တက္ကသိုလ်များတွင် ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။
ဇန်နဝါရီ ၂၂ ရက်နှင့် ၂၆ ရက်များတွင် ဒဂုံတက္ကသိုလ်တွင် ဗကသ ကျောင်းသားများ က အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်သော သရုပ်ပြလှုပ်ရှားမှုများ၊ အခြားကျောင်းသား၊ ကျောင်းသူများကို ၎င်းတို့နှင့်အတူ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ရန် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။
ချယ်လ်ဆီးနှင့်လီဗာပူး ဗိုလ်လုပွဲ ဘယ်သူတက်မလဲ

ကတ်ပီတယ်ဝမ်းဖလားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ ပွဲစဉ်တွေကို ဇန်နဝါရီ ၂၈ ရက်နဲ့ ၂၉ ရက် နံနက်ပိုင်းတွေမှာ ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ပြတ်သားတဲ့ ရလဒ်ကို အပြိုင်ပုံဖော်ကြမယ့် လီဗာပူးနဲ့ ချယ်လ်ဆီးတို့ရဲ့ အားပြိုင်မှုနဲ့ စပါးနဲ့ ရှက်ဖ်ဖီးယူနိုက်တက်အသင်းတို့မှာ ဘယ်အသင်းတွေ နောက်ဆုံး ဗိုလ်လုပွဲတက်ရောက်မသွားမလဲဆိုတာ ရင်ခုန်စရာကောင်းနေပါတယ်။
ချယ်လ်ဆီးနှင့် လီဗာပူး
လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည့် အနောက်ပိုင်းခရိုင် စည်ပင်ဥက္ကဋ္ဌ (ရပ်မိရပ်ဖ) ၏ ဆရာဝန်သုံးနားကြပ်ပါ ဓာတ်ပုံအချို့နှင့် ပတ်သက်၍ ဆရာဝန်အချို့ ဝေဖန်
ဇန်န၀ါရီ ၆ ရက်က ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီဝင်ကိုယ်စားလှယ်များ ကတိသစ္စာပြု အခမ်းအနားတွင် ဒေါက်တာတင်ထွန်း(ယာဘက်အစွန်)ကို တွေ့ရစဉ်
လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည့် အနောက်ပိုင်းခရိုင် စည်ပင်ဥက္ကဠ (ရပ်မိရပ်ဖ) ဒေါက်တာတင်ထွန်း၏ ဆရာဝန်သုံးနားကြပ်ပါ ဓာတ်ပုံအချို့နှင့်ပတ်သက်၍ ဆရာဝန်အချို့က ဝေဖန်မှုများရှိနေကြောင်း သိရသည်။
အဓိကအားဖြင့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် စည်ပင်ရွေးကောက်ပွဲ၊ မယ်ရွေးပွဲများနှင့် မသက်ဆိုင်ဘဲ အဆိုပါစည်ပင်ဥက္ကဠက လူနာအား စမ်းသပ်ကုသရာတွင် ဆရာဝန်များအသုံးပြုသည့် နားကြပ်ကို ယင်းနေရာများတွင် တပ်ဆင်ကာ သူ၏ ဆရာဝန်ဆိုသည့် ဂုဏ်ပုဒ်အား ဖော်ပြထားသည့်ပုံရိပ်အချို့အပေါ် ဆရာဝန်အချို့က ဝေဖန်ခဲ့ခြင်းဖြစ်သည်။
ဘူးသီးတောင်တွင် ဗုံးပေါက်ကွဲမှုဖြင့် ဖမ်းဆီးခံရသူသုံးဦး ပေါက်ကွဲဥပဒေဖြင့် တရားစွဲခံရမည်
ဘူးသီးတောင်မြို့ မြို့နယ်ထွေအုပ်ရိပ်သာအနီးတွင် ပြီးခဲ့သည့်အောက်တိုဘာ ၃၁ ရက်က ဗုံးပေါက်ကွဲမှုဖြင့် ဖမ်းဆီးခံရ သူ ဘင်္ဂါလီသုံးဦးကို ပုဒ်မ နှစ်ခု ဖြင့် တရားစွဲဆိုထားပြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရပါက ပေါက်ကွဲ စေတတ်သော အရာဝတ္ထုများ အက်ဥပဒေဖြင့်ပါ ဆက်လက် တရားစွဲဆိုသွားမည်ဟု ခရိုင်ဥပ ဒေရုံးမှ သတင်းရရှိသည်။
မြန်မာသုံးဦးကို သတ်ဖြတ်သည်ဟု သံသယရှိ ထိုင်းမာဖီးယားနှစ်ဦးကို ဖမ်းဆီး
ထိုင်းနိုင်ငံတောင်ပိုင်း တွင် ရော်ဘာလုပ်ငန်းလုပ်ကိုင်နေ သည့် မြန်မာလုပ်သားသုံးဦးကို သေနတ်ဖြင့် ပစ်သတ်သော တရား ခံဟု ယူဆရသူ ထိုင်းမာဖီးယားနှစ်ဦးကို ဆူရတ်ဌာနီရဲတပ်ဖွဲ့က ဖမ်း ဆီးလိုက်ကြောင်း သတင်းရရှိ သည်။
ဆူရတ်ဌာနီခရိုင်ရဲတပ်ဖွဲ့ သည် မြန်မာလုပ်သားသုံးဦးကို သေနတ်ဖြင့် ပစ်သတ်သော တရားခံအဖြစ် သံသယရှိသည့် ထိုင်းမာ ဖီးယားနှစ်ဦးကို အခင်းဖြစ်ပွားပြီး နှစ်ရက်အကြာ ဇန်န၀ါရီ ၂၅ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်း နိုင်ငံတောင်ပိုင်းပညာရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ ဦးမိုးဝေက ပြောသည်။
အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဗုံးထောင်ထားသည် ဆိုသော ဖုန်းနံပါတ်ကို စုံစမ်းနေ
အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်အတွင်း ဗုံးထောင် ထားသည်ဟု ခြိမ်းခြောက်ခဲ့သည့် ဖုန်းနံပါတ်သည် နိုင်ငံခြားမှ ခေါ်ဆိုသော ဖုန်းနံပါတ်ဖြစ်သော် လည်း မည်သည့်နိုင်ငံမှ ခေါ်ဆို သည်ကို မသိရသေးကြောင်း သ တင်းရရှိသည်။
ဇန်န၀ါရီ ၂၃ ရက် ည ၁၁ နာရီခန့်တွင် အင်းစိန်ရွာမ ဆရာတော်ထံ ဖုန်းဝင်လာပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်ရှာ ဖွေရာ ဘာမှမတွေ့ရှိကြောင်း အင်းစိန်ရဲစခန်းမှ စခန်းမှူး မျိုး မြင့်ကြိုင်က ဆိုသည်။
‘‘ဖုန်းနံပါတ်ကိုကြည့်ပြီး တော့ ဘယ်ကဆက်တာလဲဆို တာကို စုံစမ်းနေတုန်းပါ။ မလေး ရှားက ဆက်တာလား၊ ထိုင်းနယ် စပ်က ဆက်တာလားဆိုတာ အတိအကျမသိသေးပါဘူး။ သက်သက်နှောင့်ယှက်ချင်လို့ ဆက်တာ လည်းဖြစ်နိုင်ပါတယ်’’ဟု ၎င်းက ဆိုသည်။
Subscribe to:
Posts (Atom)