လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုမူခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေ ထွက်လာပြီးတဲ့နောက် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာအဖွဲ့ အကြီးအကဲ Rajendra Pachauri ဟာ ရာထူးက နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။
Wednesday, February 25, 2015
ကွမ်းစားခြင်းကြောင့် နိုင်ငံပုံရိပ် ညှိုးမှိန်စေသည်ဟု ကျန်းမာရေး ဒုဝန်ကြီး ပြောကြား
သပိတ်မှောက် ကျောင်းသားများ ရန်ကုန်ဝင်မည် ဟု ကြေညာ၊ သပိတ်ဖြိုခွင်းရန် ပြည်သူများ တောင်းဆို
အမျိုးသားလွှတ်တော်က ကြားနာမှုအစီအစဉ် ကြေညာခဲ့ပြီးနောက် လက်ပံတန်းမြို့တွင် ရောက်ရှိရပ်နားထားသော သပိတ်မှောက် ကျောင်းသားများက ရန်ကုန်မြို့သို့ ချီတက် ၀င်ရောက်မည် ဟု ကြေညာခဲ့ပြီး ထိုသို့ ၀င်ရောက်လာလျှင် အင်အားသုံး ဖြိုခွင်းပေးရန် ပြည်သူများက တောင်းဆိုနေကြောင်း သတင်း ရရှိသည်။ လက်ပံတန်းမြို့တွင် ရောက်ရှိရပ်နားနေသော ဗကသ ခေါင်းဆောင် အောင်မှိုင်းဆန်းက ”ကျွန်တော်တို့ ဒီလ ၂၈ ရက်နေ့အပြီး ဥပဒေပြင်ပေးဖို့ ရာဇသံ ပေးထားတယ်။ ဒီရာဇသံကို မနာခံဘဲ အာခံတဲ့သဘောနဲ့ လွှတ်တော်က ကြားနာပွဲ အစီအစဉ်တွေ ထုတ်လာတယ်။
အသတ်ခံရသည့် ကချင် ကျောင်းဆရာမ နှစ်ဦးအမှု တလကျော်အထိ အမှုမှန်မပေါ်သေး

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့် အသတ်ခံခဲ့ရသည့် စေတနာ့ဝန်ထမ်း ကချင် ကျောင်း ဆရာမ နှစ်ဦး အမှုသည် တလကျော် ကြာသည်အထိ အမှုမှန်ပေါ်ပေါက်ခြင်း မရှိသေးကြောင်း သိရသည်။
အသက် ၂၀ အရွယ်ရှိ ခေါန်နန်စင်နှင့် လုရာ အမည်ရှိ ကချင် ကျောင်း ဆရာမ နှစ်ဦးသည် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) ၏ စီမံခွင့်ပြုချက်ဖြင့် မူဆယ်ခရိုင် ပန်ဆိုင်း၊ ကြူကုတ်မြို့ ကောင်းခါကျေးရွာမှ ဆင်းရဲသော ကလေးငယ်များကို အခမဲ့ သွားရောက် ပညာသင်ကြား ပေးနေကြသူများ ဖြစ်ပြီး ကောင်းခါးကျေးရွာ ဘုရားကျောင်းဝင်း အတွင်းရှိ ၎င်းတို့တည်းခိုရာ အိမ်ခန်းတွင် ဇန်န၀ါရီ ၁၉ ရက်က အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
ကျောင်းသား ခေါင်းဆောင်အချို့ ကွန်ဒိုနှင့်ကား ရသည်ဆိုသည့် သတင်းကို ပြန်ရှင်းမည်မဟုတ်ဟု ဆို

ရန်ကုန် (မဇ္ဈိမ)။ ။ ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားသူများအဖွဲ့ ဦးဆောင်ကော် မတီ အဖွဲ့ဝင် များသည် ကွန်ဒိုတိုက်ခန်းများနှင့် ကားများကို အဖွဲ့အစည်းအချို့ထံမှ လက်ခံရရှိထားသည်ဟူသော လူမှုကွန်ရက်မှတစ်ဆင့် ပျံ့နှံနေသည့် သတင်းများသည် အခြေအမြစ်မရှိဘဲ ပညာရေး ဥပဒေ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို မလိုလားသူများ၏ လက်ချက်သာ ဖြစ်သည်ဟု ဦးဆောင်ကော်မတီအဖွဲ့ဝင် မဖြိုးဖြိုးအောင်က မဇ္ဈိမကို ပြောသည်။အဆိုပါသတင်းများမှာ ခိုင်မာသော လူမှုကွန်ရက်များမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ တရားမဝင်ခိုင်မာမှု မရှိသည့် စာမျက်နှာများမှ ထွက်ပေါ် လာခြင်းဖြစ်သည့် အတွက် ပညာရေးပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ကို တစ်စုံတစ်ရာ ထိခိုက်နှစ်နာမှုရှိ မည်မဟုတ်ဟု ၎င်းက ဆက်လက်ပြောကြား သည်။
ကိုးကန့်တိုက်ပွဲကြောင့် တရုတ်နယ်စပ်သို့ တိမ်းရှောင်သွားသော ဒုက္ခသည်အချို့ နေရပ်ပြန်လာ

ကိုးကန့်ဒေသတွင် အစိုးရတပ်နှင့် ဖုန်ကြားရှင်၏ ကိုးကန့် တပ်ဖွဲ့တို့ တိုက်ပွဲများပြင်းထန်စဉ် တရုတ်နယ်စပ်သို့ တိမ်းရှောင်သွားသော ဒေသခံအချို့ ယခုရက်ပိုင်းအတွင်း လောက်ကိုင်ဒေသသို့ ပြန်လည်ဝင်ရောက်လာကြောင်း စစ်ရှောင်ဒုက္ခသည်များက ပြောသည်။
‘‘ပြန်တာက စနေနေ့ (ဖေဖော်ဝါရီ ၂၂ ရက်)ကတည်းက ပြန် တာပေါ့။ မြန်မာ လေးရာ၊ ငါးရာ လောက်ပေါ့။ ကြံခုတ်တယ် သူတို့ က။ ဒီနေ့ (ဖေဖော်ဝါရီ ၂၄)ရက်လည်း နည်းနည်းပါးပါးပြန်ကြတယ်။ ကျွန်တော်တို့ကတော့ မပြန်ဘူး။ အခြေအနေက ဘာမှန်းမသိဘူးလေ။ လူကတော့ သုံးလေးထောင်ကျော်ရှိတုန်းပဲ’’ဟု တရုတ်မြန်မာနယ်စပ် နယ်ခြားမှတ်တိုင်အမှတ် ၁၂၅ တွင် ခိုလှုံနေသည့် ကိုးကန့် ဒေသခံ ကိုရန်က ဖုန်းမှတစ်ဆင့် ပြောကြားသည်။
ရွှေပြည်သာအလုပ်သမားတွေ ဆက်လက်ဆန္ဒပြဖို့ ဆုံးဖြတ်

ရွှေပြည်သာစက်မှုဇုန်မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ အလုပ်သမားတွေက အစိုးရက ဥပဒေအရ အရေးယူ သွားမယ်လို့ သတိပေးထားပေမဲ့ လုပ်ခ လစာတိုးပေးရေး အတွက် ဆက်လက်ဆန္ဒပြသွားမှာဖြစ်ကြောင်း ပြော ပါတယ်။
ဥပဒေမဲ့လုပ်ရပ်တွေနဲ့ စက်ရုံပြင်ပမှာ ပိတ်ဆို့ဆန္ဒပြနေ တာတွေကို အရေးယူသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မူဆယ် (၁၀၅) မိုင်မှ ပန်ဆိုင်းအသွား ဖရဲသီးတင် (၁၂) ဘီးယာဉ်နှစ်စီး ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရ
မန္တလေးပဋိပက္ခတွင် အစ္စလာမ်ဘာသာဝင်တို့၏ သင်္ချိုင်းဖျက်ဆီးမှုဖြင့် အမျိုးသား ၁၅ဦးအား ထောင်ဒဏ်များချမှတ်
အစ္စလာမ်ဘာသာဝင်တို့၏
သင်္ချိုင်းဖျက်ဆီးမှုဖြင့် အမှုဖွင့်ခံရ သည့် ပုသိမ်ကြီးမြို့နယ်နှင့်
အောင်မြေသာစံမြို့နယ်မှ အ သက်(၂၀)ကျော်အရွယ် အမျိုး သား ၁၅ ဦးအား သာသနိက အ
ဆောက် အအုံဖျက်ဆီးမှုအတွက် သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊ အကျိုးဖျက်ဆီးမှု
ပုဒ်မ ၄၃၆ တို့ဖြင့် ပုသိမ်ကြီးမြို့နယ် တရားရုံးက ပြစ်ဒဏ်များချမှတ်ခဲ့
ခြင်းဖြစ်သည်။ အမှုဖွင့်ခံရသူ ၁၅ ဦးအနက် ၁၃ ဦးအား ပုဒ်မ ၂၉၅ ဖြင့်
ထောင်ဒဏ်တစ်နှစ် စီနှင့် အမျိုးသားနှစ်ဦးအား ပုဒ်မ ၄၃၆ အရ ထောင်ဒဏ်၂
နှစ်စီ ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြစ်ဒဏ်ကျခံရသူတို့၏ မိသားစု
ဝင်များကပြောသည်။
ပေါ်တာဆွဲမည်ဟု မမှန်သတင်းလွှင့်သူကို ဖမ်းဆီးအရေးယူမည်ဟုဆို
ကိုးကန့်တိုက်ပွဲရက်ကြာ ရှည်ဖြစ်ပွားနေသောကြောင့် လို အပ်ချက်အရ ပေါ်တာဆွဲမည်ဟု မြို့နယ်အသီးသီး၌ ကောလာဟလများ ထွက်ပေါ်နေသည်။
ယင်းသတင်းများ ထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ 7Day Daily က အာဏာပိုင်များထံ ဆက်သွယ်မေးမြန်းရာ ထိုသတင်းမဟုတ်မှန်ကြောင်းပြောဆိုပြီး အထိတ်တလန့်ဖြစ်အောင် လှုံ့ဆော်ပြောဆို သူများကို ဖမ်းဆီးအရေးယူသွားမည်ဟု အာဏာပိုင်များက ပြောသည်။
ယင်းသတင်းများ ထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ 7Day Daily က အာဏာပိုင်များထံ ဆက်သွယ်မေးမြန်းရာ ထိုသတင်းမဟုတ်မှန်ကြောင်းပြောဆိုပြီး အထိတ်တလန့်ဖြစ်အောင် လှုံ့ဆော်ပြောဆို သူများကို ဖမ်းဆီးအရေးယူသွားမည်ဟု အာဏာပိုင်များက ပြောသည်။
ကိုးကန့်တိုက်ပွဲတွင် ပါဝင်ပတ်သက်ကြောင်း တပ်မတော်ပြောကြားမှု ‘၀’ နှင့် မိုင်းလားအဖွဲ့ ပူးတွဲကြေညာချက် ယနေ့ထုတ်ပြန်မည်

ကိုးကန့်တိုက်ပွဲတွင် ‘၀’ နှင့် မိုင်းလားအဖွဲ့တို့ ပါဝင်နေ ကြောင်း တပ်မတော်၏ ပြောကြား ချက်နှင့် ပတ်သက်၍ ‘၀’ပြည်သွေး စည်းညီညွတ်ရေးတပ်မတော်နှင့် မိုင်းလားအဖွဲ့တို့က ပူးတွဲကြေ ညာချက်တစ်စောင်ကို ဖေဖော်ဝါ ရီ ၂၅ ရက်တွင် ထုတ်ပြန်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
ထိုသို့ ထုတ်ပြန်နိုင်ရန် ‘၀’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နှင့် မိုင်းလားအဖွဲ့တို့ ဖေ ဖော်ဝါရီ ၂၄ ရက်တွင် အစည်း အဝေးပြုလုပ်ခဲ့ကြောင်း တရုတ် မြန်မာနယ်စပ်ရှိ အဆိုပါအဖွဲ့နှင့် နီးစပ်သူတစ်ဦးက အတည်ပြု ပြောကြားသည်။
မတရားပါ ခင်ဗျာ . . .
ရွှေပြည်သာ စက်မှုဇုန် နယ်မြေက အထည်ချုပ် စက်ရုံ အလုပ်သမားတွေ လုပ်ခလစာ တိုးပေးဖို့ ဆန္ဒပြ တောင်းဆိုနေတာနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ချက် သုံးစောင် ထွက်လာပါတယ်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းတို့က ထုတ်ပြန်တာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့ပါ တယ်။ အဲဒီနေ့မှာပဲ ဆန္ဒပြအလုပ်သမားတွေ နဲ့ ညှိနှိုင်းဆွေးနွေးမှု လုပ်ခဲ့ပါသေးတယ်။ ပြေလည်မှု မရခဲ့ပေမဲ့ သုံးရက်အတွင်း ဖြေရှင်းပေးမယ်ဆိုတဲ့ ကတိပြောခဲ့ပါတယ်။
ခင်ဦးမြို့နယ်တရားသူကြီးအား အလိုမရှိကြောင်းနှင့် မျှတသော တရားစီရင်မှုစနစ် ပေါ်ပေါက်စေရန် ဒေသခံများ ဆန္ဒပြ
Tuesday, February 24, 2015
မြို့ပြဆူညံမှုများနှင့် ကင်းလွတ်ရာပန်းဆိုးတန်းက RangoonTea House
![]() |
| ဓာတ်ပုံများ - Steve Tickner/ The Irrawaddy |
အင်္ဂလန်နိုင်ငံမြောက်ပိုင်းတွင် ကြီးပြင်းခဲ့ရသော်လည်း မြန်မာနိုင်ငံသည် ကိုထက်မြက်ဦးအတွက် အပျော်ဆုံး နေရာ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် သူတို့မိသားစုအားလပ်ရက်များတွင် သွားရောက်လေ့ရှိသည့် နေရာဖြစ်သလို ဆန်းဒါးလန်းမှာရှိစဉ် သူ့မိခင် ချက်ကျွေးတတ်သော အစားအစာများ၏ မူရင်းဒေသလည်း ဖြစ်နေပါသည်။
ကမ္ဘာ့ ကံအကောင်းဆုံး လူသား

ပုံမှာ မြင်တွေ့နေရတဲ့ လူကို ကမ္ဘာ့ကံအကောင်းဆုံး လူသားလို့လည်း ပြောစမှတ်ပြုကြပါတယ်။ သူဟာ ခရော်တီးယားနိုင်ငံက အသက် ၈၁နှစ်အရွယ် Frano Selak အမည်ရ အမျိုးသား ဖြစ်ပါတယ်။ သူဟာ သီချင်း သင်ကြားပေးတဲ့ ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်ကစလို့ သေဘေးနဲ့ စတင်ကြုံတွေ့ရပါတယ်။ အဲ့တုန်းက သူစီးတဲ့ ရထားဟာ ရထားလမ်းလျှော်ပြီး ရေခဲရေထဲက ကျတဲ့အခါ သေဆုံးသူများ ရှိခဲ့ပြီး သူဟာ လက်မောင်းဒဏ်ရာအချို့ ရရှိပြီးသာ ကျန်ခဲ့ပါတယ်။ တစ်နှစ်အကြာမှာတော့ သူစီးတဲ့ လေယာဉ်ဟာ အရေးပေါ် ထွက်ပေါ် မတော်တဆ ပြုတ်ထွက်ပြီး ၁၉ ဦးသေဆုံးတဲ့ အက်ဆီးဒန့်မှာ သူဟာ ကောက်ရိုးပုံပေါ် ကျပြီး ဒဏ်ရာအနာတရရရှိလို့ အသက်ဘေးမှ လွတ်ခဲ့ပါ သေးတယ်။ နောက်လေးနှစ်ကြာတဲ့အခါ သူစီးတဲ့ ဘတ်စ်ကားဟာ ရေထဲ ကျပြီး လေဦးသေပါတယ်။ သူကတော့ ရေကူးပြီး အပေါ်ကို ပြန်တက်နိုင်ခဲ့ ပါတယ်။ ၁၉၇၀ ခုနှစ်အရောက်မှာတော့ နံပါတ်လေးခုမြောက် အက်ဆီးဒန့် ဖြစ်ပြီး သူမောင်းတဲ့ ကား အက်ဆီးဒန့် ဖြစ်ပြီး ဆီတိုင်ကီ မပေါက်ကွဲခင် ကားကနေ အမြန် ထွက်နိုင်ခဲ့တာကြောင့် သေလုနီးနီး အခြေအနေမှ လွတ်မြောက်သွားခဲ့ ပါတယ်။
တိုက်ပွဲဝင် တပ်မတော်သားများအား ကိုယ်တိုင်အားပေးခဲ့သည့် အနုပညာရှင်များ

အနုပညာရှင်များအနေဖြင့် လောက်ကိုင်မြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကျဆုံးသွားသော တပ်မတော်သားများနှင့် တိုက်ပွဲဝင်တပ်မတော်သားများအတွက် အားပေးစာများ ရေးသား ပို့ပေးခဲ့သကဲ့သို့ ကောက်ခံရရှိသည့် အလှူငွေများကိုလည်း ဖေဖော် ၀ါရီ ၂၁ ရက်က အနုပညာရှင်များ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့သည်။ ထို့ကြောင့် ယင်းအစီအစဉ်တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှူဒါန်းခဲ့သူအချို့၏ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။
မေသန်းနု
လစာတိုးပေးရန် အကြမ်းဖက် ဆန္ဒပြ တောင်းဆိုသူများနှင့် သွေးထိုးလှုံ့ဆော်သူများကို အရေးယူမည်ဟု အစိုးရ ထုတ်ပြန်
လုပ်ခလစာတိုးမြှင့်ရေး အတွက် အကြမ်းဖက်ဆန္ဒပြ တောင်းဆိုမှုများတွင် ပါဝင်ပတ် သက်သူများနှင့် သွေးထိုးလှုံ့ဆော် သူများကို တည်ဆဲဥပဒေများ နှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အလုပ်သ မား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန် သည်။
အဆိုပါ ထုတ်ပြန်ချက်နှင့် အတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း လုပ်ခလစာ တိုးမြှင့်တောင်းဆိုမှုများကို ဆက် လက်ညှိနှိုင်းသွားမည်ဖြစ်ပြီး ဥပဒေနှင့် မညီညွတ်သော အကြမ်းဖက် တောင်းဆိုဆန္ဒပြမှုများ၊ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ဦးတည်ဆောင်ရွက်သူများကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ကို ထပ်မံသတိပေးလိုက်ကြောင်း သတင်းထုတ်ပြန်သည်။
လစာတိုးပေးရန် အကြမ်းဖက် ဆန္ဒပြ တောင်းဆိုသူများနှင့် သွေးထိုးလှုံ့ဆော်သူများကို အရေးယူမည်ဟု အစိုးရ ထုတ်ပြန်

လုပ်ခလစာတိုးမြှင့်ရေး အတွက် အကြမ်းဖက်ဆန္ဒပြ တောင်းဆိုမှုများတွင် ပါဝင်ပတ် သက်သူများနှင့် သွေးထိုးလှုံ့ဆော် သူများကို တည်ဆဲဥပဒေများ နှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အလုပ်သ မား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန် သည်။
အစိုးရစစ် အဋ္ဌမတန်းစာမေးပွဲ သင်္ချာမေးခွန်း ပေါက်ကြားမှု ဖြစ်ဟုဆို
ဖေဖော်ဝါရီ ၂၃ ရက်တွင် ဖြေဆိုရမည့် သင်္ချာဘာသာရပ် မေးခွန်းလွှာမှာ ဖေဖော်ဝါရီ ၂၂ ရက်တွင်ပြင်ပသို့ပေါက်ကြားနေပြီး မန္တလေးဒေသခံတက္ကသိုလ် ဆရာအချို့၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာ၌ ဖော်ပြထားခြင်းဖြစ်သည်။
ဆီးရီးယားနိုင်ငံတွင် ငါးလအတွင်း စစ်သွေးကြွ ၁၆ဝဝ ကျော် ချေမှုန်းနိုင်

အမေရိကန်ဦးဆောင်သည့် လေကြောင်းတိုက်ခိုက် ရေးဆင်နွှဲမှုကြောင့် ငါးလအတွင်း ဆီးရီးယားနိုင်ငံရှိ အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေး အဖွဲ့ဝင်ပေါင်း ၁၆ဝဝ ကျော် သေဆုံးခဲ့ကြောင်း စောင့်ကြည့်လေ့လာသူ တစ်ဦးက ဆိုသည်။
အဆိုပါသေဆုံးသူများအနက် အများစုမှာအိုင်အက်စ် စစ်သွေးကြွများနှင့် အယ်ခိုင်ဒါအဖွဲ့များဖြစ်ပြီး အရပ်သား ၆၂ ဦးသာပါဝင်ကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောသည်။
ပညာရေး ဥပဒေကြမ်း ပြင်ဆင်ရန် အကြံပြုစာများသောကြောင့် ကျောင်းသားများနှင့် တွေ့ဆုံရန် ရက်မသတ်မှတ်နိုင်သေးဟုဆို

နေပြည်တော် (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေကြမ်းပြင်ဆင်ရန် ပြည်သူများထံမှ အကြံပြု စာများ ပြားနေသည့်အတွက် သပိတ်မှောက် ကျောင်းသားများနှင့် ယခုအပတ်တွင် တွေ့ဆုံမည်ဖြစ်သော်လည်း ရက်အတိအကျ မသတ်မှတ်ရသေးဟု အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောသည်။
''အကြံပြုစာတွေက တော်တော်ကိုများနေတယ်။ ကျောင်းသားတွေနဲ့က ဒီအပတ်ထဲတွေ့မှာပါ။ သို့သော် ရက်မသတ်ရသေးဘူး။ စောစောက အကြံပြုစာတွေက ဒီကနေ့အထိ ပို့ပေးနေကြတုန်း။ လွှတ်တော်ကိုယ် စားလှယ်တွေ လေ့လာနိုင်ရန် ဖြန့်ပေးဖို့ရှိတယ်'' ဟု ၎င်းက ပြောသည်။
လုံးပတ် ငါးလက်မရှိသစ်ချောင်းကြီး လည်ပင်းထုတ်ချင်းပေါက်စူးဝင်ခဲ့သူ အား တောင်ငူခရိုင်ဆေးရုံကြီးမှ အောင်မြင်စွာခွဲစိတ်ကုသပေးခဲ့

အသက် (၄၆)နှစ်အရွယ် အမျိုး သားတစ်ဦး၏ လည်ပင်းထဲသို့ လုံးပတ် ငါးလက်မ၊ အရှည် ငါးပေ ရှိ သစ်ချောင်းကြီး ထုတ်ချင်းပေါက် ဝင်ခဲ့သော် လည်း တောင်ငူခရိုင် ပြည်သူ့ဆေးရုံကြီးမှ ခွဲစိတ်ဆရာဝန် များက အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ကျောက် ကြီးမြို့နယ် ကျောက်ခဲကြီးကျေးရွာ နေ ဦးမျိုးခိုင် သည် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၇ နာရီခန့်က မီးဖို ချောင်သုံး ထင်းအတွက် ပျဉ်းကတိုး ပင်ပေါ်တက်၍ ကိုင်းဖျား ကိုင်းနားများ
စစ်ဗျူဟာအရ အရေးကြီးတောင်ကုန်းများ တပ်မတော် သိမ်းပိုက်

ဖေဖော်ဝါရီ ၂၃ ရက်တိုက်ပွဲများတွင် တပ်မတော်မှ သုံးဦးကျ၊ ခုနစ်ဦးဒဏ်ရာရ၊ ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့မှ ခြောက်ဦးသေ
လောက်ကိုင်−ကုန်း ကြမ်းကားလမ်းပေါ်ရှိ ၁၈ မိုင် လမ်းဆုံအနီးတစ်ဝိုက် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့များ ခြေ ကုပ်ယူထားသော စစ်ဗျူဟာအရ အရေးကြီးသည့် တောင်ကုန်း များကို တပ်မတော်က သိမ်းပိုက် နိုင်ပြီး နောက်တစ်နေ့တွင် အခြားနေရာ၌ တိုက်ပွဲများဆက် လက်ဖြစ်ပွားရာ နှစ်ဖက်ကျဆုံး မှုများရှိကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။
မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ပြင်ဆင်ချက် ၇၅ ချက်ဖြင့် ပြည်သူ့လွှတ်တော်သို့ တင်သွင်း
အဆိုပါ ဥပဒေကြမ်းကို ယခုလ ၂၃ ရက်တွင် ပြုလုပ်သည့်
ပြည်သူ့လွှတ်တော်(၁၂)ကြိမ် မြောက်
ပုံမှန်အစည်းအဝေး၌ပြည်ထောင်စုတရားလွှတ်တော် ချုပ်က တင်သွင်းခဲ့ကာ ဖော်ပြပါ
ကော်မတီမှလည်း ပြင်ဆင်ချက် များ ပါဝင်သည့် ဥပဒေကြမ်းကို တစ်ပြိုင်နက်
တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှာမျှ မရှိသော အခြားနိုင်ငံမြို့တော်အထိ တရုတ်အလံ၊ စတစ်ကာနှင့် နံပါတ်တပ်ကားများ မောင်းနှင်မှုမှာ နယ်စပ်ကညနသို့ အကြောင်းကြား၍ ခွင့်ပြုခဲ့ခြင်းဟုဆို

ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှာမျှ မရှိသော အခြားနိုင်ငံမြို့တော်အထိ တရုတ်အလံ၊ စတစ်ကာနှင့် နံပါတ်တပ်ကားများ မောင်းနှင်မှုမှာ နယ်စပ် ကညနသို့ အကြောင်းကြား၍ ခွင့်ပြုခဲ့ခြင်းဟု တာဝန်ရှိသူ များ၏ ပြောဆိုမှု အရ သိရသည်။
မန္တလေးမြို့တွင် ဖေဖော်ဝါရီ ၂၁ ရက် နှင့် ၂၂ ရက်တို့တွင် တရုတ်နိုင်ငံအလံ၊ စတစ်ကာနှင့် နံပါတ်တပ် ကားများ မောင်းနှင်မှုများသည် မူဆယ်-မန္တလေး နိုင်ငံခြားသားသီးသန့် ယာဉ်လိုင်းပြေးဆွဲရန် လာရောက် လေ့လာခြင်းဖြစ်ကာ ၎င်းတို့သည် သက်ဆိုင်ရာ နယ်စပ်ကညနသို့ အကြောင်းကြားခဲ့ကြောင်း အမှတ် (၁၁) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကျောင်းသားများအား ပြင်းထန်စွာရိုက်သည့် ဘော်ဒါကျောင်းဆရာကို အမှုဖွင့်
ဖေဖော်ဝါရီ ၂၁ ရက်
ညတွင် ပုဂံမြို့ရှိ ပုဂံရွှေပြည် ဘော်ဒါဆောင်မှ ဆရာဦးကျော်စိုးကြည် သည်
စာမေးပွဲဖြေဆိုနေသော န၀မတန်းကျောင်းသားများနှင့် အဋ္ဌမတန်းကျောင်းသား ငါးဦး
ခန့်အား ငါးမူးလုံးရေပိုက်ဖြင့် အချက်ငါးဆယ်ကျော်
ရိုက်နှက်ခဲ့သည်။၎င်းတို့အနက်မှ အဋ္ဌမတန်း ကျောင်းသားအသက် (၁၄) နှစ်အရွယ်
မောင်လင်းဝေသန့်သည် ရိုက်နှက်ခံရမှုကြောင့် တင်ပါးတွင် အညိုအမည်းဒဏ်ရာများ
ရရှိခဲ့သည်။
ဖုန်းလိုင်းမမိ၍ လက်ကိုင်ဖုန်းများကိုင်ပေါက် ပစ်ခွဲဆန္ဒပြ
ဖေဖော်ဝါရီ ၂၂ ရက်နံနက် က ဆန္ဒဖော်ထုတ်သူ ၅၀ ကျော်မှာကသာခရိုင်အတွင်း
မြန်မာ့ဆက် သွယ်ရေး MPT ၏ ဂျီအက်စ်အမ် ဖုန်းလိုင်းများဆက်သွယ်ရာတွင်
သုံးလကျော်ပြတ်တောက်နေမှုကို အမြန်ဆုံး ဖြေရှင်းပေးရန် ဆန္ဒ
ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ ကသာမြို့ခံ
ဆန္ဒဖော်ထုတ်သူများ ကတယ် လီဖုန်းလိုင်းများ ကောင်းမွန်ရေး၊
အင်တာနက်လိုင်းများကောင်းမွန် ရေး၊ ဖုန်းခေါ်ဆိုခများလျှော့ချပေး ရေးတို့ကို
တောင်းဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
စစ်မက်ဖြစ်ပွားရာ ဒေသများအကြောင်း သတင်းရယူ တင်ပြရာတွင် မည်သည့်ခြိမ်းခြောက်မှုမှ မရှိစေရေး စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် တပ်မတော် အမြန်ဆုံးဆွေးနွေးရန် PEN Myanmar တိုက်တွန်း
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်နယ်မြေတွင် တပ်မတော်နှင့် ကိုးကန့်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး သတင်းသမားများ သတင်းရယူရာ၌ ခြိမ်းခြောက်ခံနေရသည့် အခြေအနေနှင့် ပတ်သက်ပြီး PEN Myanmar က ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြ အလုပ်သမားများအား ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလုပ်သမား ၀န်ကြီးဌာနတို့ ကြေညာချက် အသီးသီး ထုတ်ပြန်
အခြေခံ အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေးအတွက် အစိုးရနှင့် လွှတ်တော်ပိုင်းက ပျက်ကွက်ခဲ့ပြီးနောက် အလုပ်သမားထု၏ ဆန္ဒထုတ်ဖော်မှု အရှိန်မြင့်တက်လာခဲ့ပြီး ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ရွှေပြည်သာစက်မှုဇုန်ရှိ E-Land Myanmar အထည်ချုပ်စက်ရုံ၊ Ford Glory အထည်ချုပ်စက်ရုံ၊ COSTEC International အထည်ချုပ်စက်ရုံများမှ အလုပ်သမားများ၏ ဆန္ဒထုတ်ဖော်မှုများ ပိုမိုအားကောင်းလာခဲ့ကာ အလုပ်သမားသပိတ် အသွင်ဖြင့် အရေးဆိုမှုများ
တိုက်ပွဲသတင်းများရယူရာတွင် လက်နက်ကိုင် အဖွဲ့များနှင့် ဆက်သွယ် မေးမြန်းခြင်းကြောင့် သတင်းထောက်များ အရေးယူမခံရနိုင်ဟု ဦးရဲထွဋ်ပြော
ကိုးကန့်တိုက်ပွဲအပါအ၀င် ပဋိပက္ခဖြစ်ရာဒေသများ၏ သတင်းများ ရယူရာတွင် သတင်း ထောက်များ အနေဖြင့် လက်နက် ကိုင်တပ်ဖွဲ့များနှင့် ဆက်သွယ်ပါ က မတရားအသင်းအက်ဥပဒေ အရ အရေးယူခံရနိုင်သည်ဟု သတင်းများထွက်ပေါ်နေခြင်းအ ပေါ် စိုးရိမ်ရန်မလိုကြောင်း အစိုးရပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်ကပြော သည်။
‘‘သတင်းရေးတဲ့အပေါ်ပဲ မူ တည်ပါတယ်။ သတင်းထောက် ကတော့ သတင်းဖြစ်တဲ့အခါ နှစ် ဖက်အတည်ပြု မေးမြန်းရတာ သူ့အလုပ် သူလုပ်မှာပါပဲ။ ဟိုဘက် ဒီဘက်မေးရတာ လုပ်တာပဲ။ တစ်ခုပဲ သောင်းကျန်းသူထုတ်တဲ့ တည်ငြိမ်မှုပျက်ပြားအောင်နဲ့ မသေချာဘဲ ဆူပူမှုတွေ အခြေအနေ ပိုဆိုးသွားအောင် ကောလာဟလတွေဖြစ်အောင် သတင်းတွေရေးမယ်ဆိုရင်တော့ တစ်မျိုးပေါ့’’ဟု ဦးရဲထွဋ်ကပြောသည်။
Subscribe to:
Posts (Atom)

