Thursday, October 9, 2014

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ကျပ် ၁၅ဝဝတန် စီဒီအမ်အေ ဆင်းမ်ကတ်များ တိုင်းနှင့်ပြည်နယ်အနှံ့ထပ်မံရောင်းချပေးမည်

ကျပ် ၁၅ဝဝဖြင့်စီဒီအမ်အေဆင်းမ်ကတ် များ တိုင်းနှင့်ပြည်နယ်အနှံ့ ထပ်မံ ရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) မှ သိရသည်။

ဆင်းမ်ကတ်များ ဈေးကွက်သို့ အရေအတွက်များစွာ ဖြန့်ဖြူးနိုင်ရန် အတွက် လက်ရှိတွင် CDMA 800 MHz လိုင်းတိုးချဲ့ခြင်း လုပ်ငန်း များ လုပ်ကိုင်ဆောင်ရွက်လျက်ရှိ သည်ဟုသိရသည်။

ဗြိတိန်စုံတွဲအသတ်ခံရမှု စစ်ဆေးရာတွင် ထိုင်းရဲများ ညှဉ်းပန်းနှိပ်စက်ခဲ့ဟု မြန်မာလုပ်သားတစ်ဦး ထွက်ဆို

ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် အသတ်ခံ ခဲ့ရသော ဗြိတိန်နိုင်ငံသားစုံတွဲကို သတ်ဖြတ်ခဲ့ သည်ဟု စွပ်စွဲခံထားရသော မြန်မာနိုင်ငံသား နှစ် ဦးတွင် တစ်ဦးက ၄င်းတို့အား စစ်ဆေးမှုပြုလုပ် စဉ် နှိပ်စက်ညှဉ်းပန်းမှုများ ရှိခဲ့သည်ဟု ပြောကြား ခဲ့သည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ နှိပ်စက်ညှဉ်းပန်းမှု အဆိုအတွက် လွတ်လပ်စွာ စစ်ဆေးခွင့်ပြုရန် တောင်းဆိုထားပြီး ဖမ်းဆီးခံ ထားရသော မြန်မာနိုင်ငံသား နှစ်ဦးအတွက် တရား မျှတမှု မရှိမည်ကို စိုးရိမ်ပူပန်လျက် ရှိနေသည်ဟု သိရသည်။

ကွန်ဒိုဆောက်မည့်နေရာတွင် ဗုံးခိုကျင်းဟောင်းတွေ့၍ လုပ်ငန်းရပ်နားထား

မျက်စိဆေးရုံအနီး ဖိုး စိန်လမ်းသွယ်ရှိ နေအိမ်တစ်အိမ် ကို ကွန်ဒိုဆောက်လုပ်ရန် မြေညှိ ရာ၌ အနက်သုံးပေ ရှိပြီး အခိုင် အခံ့တည်ဆောက်ထားသော ဗြိ တိသျှခေတ် ဗုံးခိုကျင်းဟောင်း တစ်ခုတွေ့ရှိခဲ့ သဖြင့် ဆောက် လုပ်ရေးလုပ်ငန်းများရပ်နားထား ကြောင်း သတင်းရရှိသည်။

အဆိုပါဗုံးခိုကျင်းသည် ၀င် ပေါက်နှစ်ခုပြုလုပ်ထားပြီး အိမ် ထဲမှ ၀င်ရောက်ကြည့်ရှုနိုင်သလို အိမ်အပြင်ဘက်ကလည်း ၀င် ရောက်၍ရနိုင်ပြီး မြေအနက် သုံး ပေခန့်တွင် တွေ့ရှိခဲ့ရသည်ဟု သတင်းရရှိ သည်။

ဗြိတိန်နှစ်ဦးအသတ်ခံရသည့်အမှုမှ တရားလိုပြသက်သေမောင်မောင်က အမှုနှင့်ပတ်သက်ပြီး မည်သည့်အရာမျှ သိရှိခြင်းမရှိဟုပြောကြား

ဗြိတိန်နှစ်ဦးအသတ်ခံရသည့်အမှုတွင် တရားလိုပြသက်သေအဖြစ်ထွက်ဆိုမည့် မောင်မောင်နှင့် မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့ အောက်တိုဘာ ၈ ရက်က ကော့စမွီမြို့ရဲစခန်းတွင် တွေ့ဆုံခွင့်ရခဲ့ကြောင်း မြန်မာသံရုံးရှေ့နေ ဦးအောင်မျိုးသန်းထံမှ သိရသည်။

တွေ့ဆုံရာတွင် တရားခံပြသက်သေဖြစ်သည့် မောင်မောင်၊ ထိုင်းရဲမှူးကြီးတစ်ဦး၊ စကားပြန်တစ်ဦးနှင့် မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့တို့ နှစ်နာရီကြာတွေ့ဆုံခွင့်ရခဲ့ပြီး မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့ဝင်များက လူသတ်မှုနှင့်ပတ်သက်သည့် အချက်အလက်များကို ပွင့်ပွင့်လင်းလင်း တွေ့ဆုံမေးမြန်းခဲ့သည်ဟု သိရသည်။

တောင်ကြီးဗုံးကွဲမှုအပြီး နေပြည်တော်တွင် ရဲတပ်ဖွဲ့နှင့် တပ်မတော် ပူးတွဲကင်းလှည့်နေ


တောင်ကြီးမြို့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ်(၂၀၂) ဆက်သွယ်ရေးတပ်နှင့် ယာဉ်ထိန်းရုံးဝင်ပေါက် အနီး တို့တွင် ချိန်ကိုက်ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲမှု အပြီး နေပြည်တော်ကောင်စီနယ် မြေတွင် ရဲတပ်ဖွဲ့နှင့် တပ်မတော်ပူးတွဲ ကင်းလှည့်ကာ လုံခြုံရေး တင်းကျပ်ထားသည်ဟု နေပြည်တော်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြော သည်။

အဖွင့်ပွဲစဉ်တိုင်းမှာ ခက်ခဲကြောင်း မြန်မာယူ-၁၉ နည်းပြ ဂတ်ဆီဇီ ပြောကြား

အောက်တိုဘာလ ၉ရက်နေ့(ယနေ့) ည ၆နာရီခွဲတွင် ယှဉ်ပြိုင်ကစားရမည် ၂၀၁၄ခုနှစ် အာရှယူ-၁၉ ပြိုင်ပွဲမှ ယီမင်အသင်းနှင့် တွေဆုံရမည့် အဖွင်ပွဲစဉ်မှာ ခက်ခဲနိုင်ကြောင်း၊ အဖွင်ပွဲစဉ်တွင် အနိုင်ရရှိရန် သေချာစွာ ပြင်ဆင်ထားကြောင်း၊ မြန်မာပရိသတ်များ ကွင်းလုံးပြည့် လာရောက်အားပေးမည်ဟု ယုံကြည်ကြောင်း မြန်မာယူ-၁၉ အသင်း နည်းပြချုပ်ဖြစ်သူ ဂတ်ဆီဇီမှ ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

ထိုင်းလေယာဉ်မှူး မီးလောင်ဒဏ်ရာရ၍ ရန်ကုန် ဝိတိုရိယဆေးရုံတွင် ဆေးကုမည်


Photo: ထိုင်းလေယာဉ်မှူး မီးလောင်ဒဏ်ရာရ၍ ရန်ကုန် ဝိတိုရိယဆေးရုံတွင် ဆေးကုမည်
Thursday, October 9, 2014

B4 ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ထိုင်းလေယာဉ်မှူး Mr.Chat Chawal သည် မီးလောင်ဒဏ်ရာနှင့် ထိခိုက်ဒဏ်ရာ အချို့ရရှိထား၍ အောက်တိုဘာ ၈ရက် ညနေပိုင်းတွင် ပူတာအိုမှ ထွက်ခွာလာကာ ရန်ကုန်မြို့ ဝိတိုရိယဆေးရုံတွင် ဆေးကုသမှု ခံယူမည်ဟု ထူးဖောင်ဒေးရှင်း၏ ပြန်ကြားရေးတာဝန်ခံ ကိုဘိုထွန်းက မဇ္ဈိမကို ပြောသည်။

"အခုပဲ ပူတာအိုကို ရောက်နေပါပြီ။ ရန်ကုန်မှာဆေးကုသဖို့ သူ့ကို လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဒီနေ့ ရန်ကုန်အရောက် အမြန်ဆုံးဆောင်ရွက်နေ တယ်"ဟု ယင်းကဆိုသည်။

အောက်တိုဘာ ၈ရက် နံနက်က ထိုင်းလေယာဉ်မှူးကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းကို လန်ဆာထုကျေးရွာသို့ ဒေသခံ ရဝမ်လူမျိုးများ၏ အကူအညီဖြင့် ခေါ်ဆောင်ခဲ့သည်။ ထိုမှတစ်ဆင့် ကချင်ပြည်နယ် ပူတာအိုမြို့တွင် SOS Medical အဖွဲ့မှ ဆရာများနှင့် ဆေးကုသမှု ခံယူခဲ့သည်။ မြန်မာလေယာဉ်မှူး ဦးအောင်မြတ်တိုးမှာမူ တောထဲရှိ ဂူတစ်ခုတွင် ရှိနေပြီး မျက်လုံးဒဏ်ရာ ရထားသည်ဟု ကိုဘိုထွန်းက ပြောသည်။ လက်ရှိတွင် ဦးအောင်မြတ်တိုးကို ကယ်ဆယ်ရေး ဆင်းနေဆဲဖြစ်သည်ဟု ယင်းကဆိုသည်။

ပျောက်ဆုံးသွားသည့် ရဟတ်ယာဉ်ပေါ်တွင် လေယာဉ်မှူး နှစ်ဦး အပါအဝင် ဦးတေဇ၏ ကိုယ်ရေးလက်ထောက် ရွှေရင်တော်ကြီးတို့ ပါသွားခဲ့ပြီး ရွှေရင်တော်ကြီးကို အောက်တိုဘာ ၇ရက်တွင် ပြန်လည် လန်ဆာထုရွာတွင် တွေ့ရှိခဲ့သည်။

သို့သော် ပျောက်ဆုံးရဟတ်ယာဉ်နှင့် ပတ်သက်၍ တွေ့ရှိသည်၊ မတွေ့ရှိသည်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

"လေယာဉ်ပျက်ကျတာ ဟုတ်၊မဟုတ်ဆိုတာတော့ မထုတ်ပြန်နိုင်သေးဘူး။ လေယာဉ်ထက် လူကအရေးကြီးဆုံးပဲ’’ ဟု ထူးဖောင်ဒေးရှင်း၏ ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက်က မဇ္ဈိမကို ပြောထားသည်။

B4 ရဟတ်ယာဉ်မှာ ခါကာဘိုရာဇီတောင်တွင် ပျောက်နေသည့် တောင်တက်သမားနှစ်ဦးကို ရှာဖွေသည့်အဖွဲ့အား ရိက္ခာသွားပို့ရင်း စက်တင်ဘာ ၂၇ ရက်တွင် အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ပျောက်ဆုံးနေသည့် တောင်တက်သမားနှစ်ဦးအား ရှာဖွေသည့်လုပ်ငန်းစဉ်ကို ခေတ္တရပ်ဆိုင်းထားပြီး လာမည့် ပွင့်လင်းရာသီ ရောက်မှသာ ဆက်လက်ရှာဖွေမည်ဟု ဦးတေဇက အောက်တိုဘာ ၅ရက်က ကြေငြာထားသည်။

"ကယ်ဆယ်ရေးသမားတွေ အသက်အန္တရာယ်ရှိတဲ့အတွက် မြေပြင်ရှာဖွေရေးတွေ ပြန်ဆင်းလာပါပြီ။ အခု ဂျပန်တောင်တက်သမားတွေကို သူတို့တောင်တက် ရင်းတွေ့ခဲ့ရင် ကူညီပေးဖို့ ပြောထားပါတယ်" ဟု ဦးဖြိုးကိုကိုသက်က ပြောသည်။

ခါကာဘိုရာဇီ တောင်ထိပ်အထိ တက်ခဲ့သည့် တောင်တက်သမား နှစ်ဦးမှာ သြဂုတ်လ ၃၁ရက်မှ စတင်ကာ အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese

B4 ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ထိုင်းလေယာဉ်မှူး Mr.Chat Chawal သည် မီးလောင်ဒဏ်ရာနှင့် ထိခိုက်ဒဏ်ရာ အချို့ရရှိထား၍ အောက်တိုဘာ ၈ရက် ညနေပိုင်းတွင် ပူတာအိုမှ ထွက်ခွာလာကာ ရန်ကုန်မြို့ ဝိတိုရိယဆေးရုံတွင် ဆေးကုသမှု ခံယူမည်ဟု ထူးဖောင်ဒေးရှင်း၏ ပြန်ကြားရေးတာဝန်ခံ ကိုဘိုထွန်းက မဇ္ဈိမကို ပြောသည်။

နေရာသစ်တစ်ခုကိုရောက်သွားတိုင်း ခံစားချက်အသစ်ကို ရရှိနိုင်တာမို့ ခရီးသွားရတာ နှစ်ခြိုက်ပါတယ်လို့ ဖွင့်ဟလိုက်တဲ့ နွယ်ဒါလီထွန်း

Photo: နေရာသစ်တစ်ခုကိုရောက်သွားတိုင်း ခံစားချက်အသစ်ကို ရရှိနိုင်တာမို့ ခရီးသွားရတာ နှစ်ခြိုက်ပါတယ်လို့ ဖွင့်ဟလိုက်တဲ့ နွယ်ဒါလီထွန်း
Thursday, October 9, 2014

ခရီးသွားရတာ နှစ်ခြိုက်တဲ့ အနုပညာရှင်တွေထဲမှာ ချစ်စရာကောင်းတဲ့ အပြုံး၊ ဟန်ပန်အမူအရာလေးနဲ့ ပရိသတ်ကို ဖမ်းစားထားတဲ့ နွယ်ဒါလီထွန်း ဆိုတဲ့ ကောင်မလေးကလည်း တစ်ယောက်အပါအ၀င်ပေါ့။ မကြာသေးခင်ကပဲ စင်ကာပူကို ခရီးသွားဖြစ်တဲ့အပြင် နောက်ထပ် သူမသွားချင်တဲ့ ခရီးစဉ်တွေအကြောင်း ပြောပြပေးသွားတာက “စင်ကာပူကို ခရီးသွားဖြစ်တာကတော့ မိသားစုနဲ့သွားတွေ့ဖြစ်တာပေါ့။ နောက် အဲ့ဒီမှာ ရှော့ပင်းလုပ်ဖြစ်တယ်။ အဲ့ဒီကပြန်လာတော့ သူငယ်ချင်းနဲ့ဘန်ကောက်ကို ထပ်သွားဖြစ်တယ်။ ရှော့ပင်းပဲပေါ့။ စင်ကာပူကတော့ ဒါလီ တစ်ယောက်တည်းသွားတာ။ ဒီနှစ်ထဲမှာသွားဖြစ်တဲ့ ခရီးဆိုရင် ပြည်တွင်းက မန္တလေးများတယ်။ ပွဲတွေများတယ်။ နောက်စင်ကာပူ ၊ ဘန်ကောက်ပေါ့ ။ ဒီနှစ်ထဲမှာ သွားချင်တဲ့နေရာတွေက ဒါလီ မရောက်ဖူးသေးတဲ့ ချင်းပြည်နယ်တို့၊ ရခိုင်ဖက်တို့ကစ္စပနဒီတို့အရမ်းသွားကြည့်ချင်တယ်။ ပြည်ပဆို အီဂျစ်တို့၊ ကမ္ဘောဒီးယားတို့သွားကြည့်ချင်တယ်။”လို့ သူမက ဖွင့်ဟသွားပါတယ်။

ခရီးသွားတဲ့အခါ များသေားအားဖြင့် ဒီက၀တ်သွားတဲ့ တစ်စုံစာလောက်ပဲ ပြင်ဆင်ထည့်သွားတတ်တဲ့ အကြောင်းကိုလည်း သူမက “ခရီးသွားရင် များသောအားဖြင့် ဒီက၀တ်သွားတဲ့တစ်စုံပဲ ထည့်သွားဖြစ်တယ်။ နောက် ည၀တ်အကျီင်္ယူသွားတယ်။ ဒါပဲ။ ဟိုရောက်ရင် လဲ ထပ်ဝယ်လာတော့ ပြန်သယ်လာရမှာဆိုတော့ အ၀တ်အစားကို သိပ်မထည့်ဖြစ်ဘူး။ နောက်ပြီးတော့ ကိုယ်သုံးနေကျ skin care တော့ ထည့်ဖြစ်တယ်။ အဓိကက ကိုယ်သောက်နေကျ ဆေးမျိုးလေးတွေပဲထည့်သွားဖြစ်တယ်” တဲ့။

ခရီးသွားပြီးပြန်လာချိန်တိုင်း စိတ်သစ်လူသစ်နဲ့ အလုပ်တွေကို ပြန်လည်လုပ်ကိုင်လာနိုင်တယ်လို့ ဖွင့်ဟလိုက်တဲ့ သူမရဲ့ ခရီးသွားရတာ စိတ်ကိုကြည်လင်စေပါသတဲ့။ “ခရီးသွားရတာ စိတ်ကိုအရမ်း ကြည်လင်ပြီး လန်းဆန်းသွားစေတယ်။ မဟုတ်ရင် ကိုယ့်အိမ်နဲ့ ရှုတင်ကြီးပဲ နေ့စဉ်နဲ့အမျှ သွားနေရတာဆိုတော့ စိတ်က relax မဖြစ်တာတို့၊ ပုံမှန်လည်ပတ်နေမြဲပဲဖြစ်နေတယ်။ ခရီးသွား လိုက်တဲ့ခါကျမှ အမြင်သစ်လဲမြင်ရမယ်။ ဖက်ရှင်လဲ လေ့လာလို့ရတယ်။ စိတ်ချမ်းသာမှုလဲ ရှိတယ်။ နေရာသစ်တစ်ခုကို ရောက်သွားတိုင်း ကိုယ့်စိတ်က ခံစားချက်အသစ်ဖြစ်စေပါတယ်”လို့ သူမက ဆိုပါတယ်။

ခင်ဆွေသက်
Trend Myanmar

AFC U-19 Championship Myanmar 2014အား မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်မှ တိုက်ရိုက်(Live)ထုတ်လွှင့်ပေးသွားမည်

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် UFC U-19 Championship Myanmar 2014 ဘောလုံးပြိုင်ပွဲများကို ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ(၉)ရက်နေ့မှ (၂၃)ရက်နေ့အထိ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။အဆိုပါဘောလုံးပြိုင်ပွဲ၌ အာရှနိုင်ငံ(၁၆)နိုင်ငံတို့ မှ အသက်(၁၉)နှစ်အောက် အမျိုးသားလက်ရွေးစင် ဘောလုံးအသင်းများပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး မြန်မာ U-၁၉ အမျိုးသားလက်ရွေးစင် ဘောလုံးအသင်းသည် အုပ်စု(က)တွင် အီရန်၊ ထိုင်း၊ ယီမင်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပါသည်။ မြန်မာ U-၁၉ အသင်းသည် အောက်တိုဘာလ (၉)ရက်နေ့ ညနေ(၆)နာရီခွဲတွင် ယီမင်အသင်းနှင့် အုပ်စုအဖွင့်ပွဲစဉ်အဖြစ်လည်းကောင်း ၊အောက်တိုဘာလ(၁၁)ရက်နေ့ ညနေ (၆)နာရီခွဲတွင်ထိုင်းအသင်းနှင့်လည်းကောင်း၊ အောက်တိုဘာလ(၁၃)ရက်နေ့ ညနေ (၆)နာရီခွဲတွင် အီရန်အသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယဉ်ပြိုင်ကစားသွားမည်ဖြစ်ပါသည်။ အဆိုပါ မြန်မာ U -၁၉ အမျိုးသားလက်ရွေးစင်ဘောလုံးအသင်း၏ အုပ်စုပွဲစဉ်များကို မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်မှ တိုက်ရိုက်(Live)ထုတ်လွှင့်ပေးသွား မည်ဖြစ်ကြောင်း မိဘပြည်သူများအား ကြိုတင်သကောင်းပါးအပ် ပါသည်။

မန်မာလူငယ်ဘောလုံးအသင်းများအတွက် အရေးကြီးလှတဲ့ အောက်တိုဘာ(၉) တိုက်ပွဲများ

အောက်တိုဘာလ (၉) ရက်နေ့ဟာ မြန်မာဘောလုံးချစ်ပရိတ်သတ်တွေအတွက် သတင်းကောင်းများ ရရှိခံစားလိုတဲ့ နေ့တစ်နေ့အဖြစ်
ဖြစ်တည်လာနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါနေ့မှာ မြန်မာ ယူ-၁၉ အမျိုးသားလူငယ်အသင်း၏ ယီမင်အသင်းနှင့် အာရှပွဲ အဖွင့်ပွဲစဉ်စတင်ကစားရမည်ဖြစ်သလို မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းဟာလည်း တရုတ်တိုင်ပေအသင်းနဲ့ အာရှခြေစစ်ပွဲနောက်ဆုံးပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။

အသည်းရောင်အသားဝါစီပိုး ကင်ဆာဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်းရှိ

အသည်းရောင်အသားဝါစီပိုးမှာ အသည်းကင်ဆာဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်းရှိပြီး ကြိုတင်စစ်ဆေးကုသရန် လိုအပ်ကြောင်း အသည်းရောဂါဆရာဝန်ကြီးအချို့က အကြံပြုပြောဆိုသည်။

‘‘စီပိုးကနေ ၈၀ ရာခိုင်နှုန်း အသည်းကင်ဆာဖြစ်နိုင်တယ်။ ဘီပိုးထက် စီပိုးဖြစ်တဲ့လူဦးရေက နည်းပေမယ့် ကင်ဆာဖြစ်နှုန်းကျတော့ ဘီပိုးထက်များတယ်’’ဟု အသည်းရောဂါကုဆရာဝန်ကြီး ဒေါက်တာ ခင်ပြုံးကြည်က ဆိုသည်။

အသည်းရောင်အသားဝါဘီပိုးကြောင့် ကင်ဆာဖြစ်နိုင်ခြေမှာ ၂၅ ရာခိုင်နှုန်းရှိသော်လည်း စီပိုးကြောင့် ကင်ဆာဖြစ်နိုင်ခြေမှာ ၈၀ ရာခိုင်နှုန်းရှိသည်။ ထို့ပြင် အသက်(၁၀)နှစ်အရွယ်တွင် စီရောဂါပိုး ၀င်ရောက်သွားလျှင် ရောဂါလက္ခဏာမပြဘဲ နောင်နှစ်ပေါင်း ၂၀ ကြာမှ ရောဂါဖြစ်သည်ကို သိရှိနိုင်သည်။

Wednesday, October 8, 2014

ရုရှား နိုင်ငံတွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား လေးဦး သေဆုံး

Photo: ရုရှား နိုင်ငံတွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား လေးဦး သေဆုံး
Wednesday, October 8, 2014

ရုရှားနိုင်ငံ မြောက်ပိုင်းရှိ ကော့ကေးဆပ်စ် ဒေသ၌ အောက်တိုဘာ ၅ ရက်က အသေခံဗုံးခွဲ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး အခြား လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုသည် ၎င်းဒေသ ဂရော့ဇနီမြို့ရှိ ဖျော်ဖြေရေးခန်းမတစ်ခု၏ အပြင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါ အသေခံ ဗုံးခွဲသမားသည် Gro-zny Day နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသော ဖျော်ဖြေရေး ပွဲတစ်ခုကို ပစ်မှတ်ထားဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ၎င်းသည် ဂရော့ဇနီမြို့မှ ဒေသခံလူငယ် တစ်ဦး ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

မြ၀တီ
ရုရှားနိုင်ငံ မြောက်ပိုင်းရှိ ကော့ကေးဆပ်စ် ဒေသ၌ အောက်တိုဘာ ၅ ရက်က အသေခံဗုံးခွဲ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ ဝင် လေးဦး သေဆုံးပြီး အခြား လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံမှ အခမဲ့တည်ဆောက်ပေးမည့် ဒလ ဆိပ်ခံတံတား နိုဝင်ဘာလ ကုန်တွင် အပြီးသတ်ဖွင့်နိုင်ရန် ရည်ရွယ်ထားဟုဆို

JFE၊ NIPON၊ JICA တို့ ပူးပေါင်းတည်ဆောက်နေသော ဒလဆိပ်ကမ်းတွင်ထားရှိမည့် ကွန်ကရစ် ဘောတံတား အသစ်ကို ဒလသင်္ဘော ကျင်း၌ အောက်တိုဘာ ၇ ရက်က ရေချစမ်းသပ်နေစဉ်။ (ဓာတ်ပုံ ဘိုဘို၊ မဇ္ဈိမ) 
ဂျပန်နိုင်ငံမှ အခမဲ့တည်ဆောက်ပေးမည့် ဒလဆိပ်ခံတံတားကို နိုဝင်ဘာလကုန်တွင် ဖွင့်နိုင်ရန် ရည်ရွယ် ထားသည်ဟု ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ပြန်ကြားရေး တာဝန်ခံ မတင်ဇာအောင်က မဇ္ဈိမကို ပြောသည်။

လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးနိုင်သော နေရာ များတွင် ရွေးကောက်ပွဲ ကျင်းပ ပေးသွားမှာဖြစ်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့် နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းများ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၊ ထားဝယ် တိုင်းရင်းသား ပါတီတို့မှ တာဝန်ရှိသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း မြန်မာအစိုးရအနေဖြင့် ဆွေးနွေးပေးစေ လိုသည့် အချက်များကို ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ထုတ်ပြန်


Photo: ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း မြန်မာအစိုးရအနေဖြင့် ဆွေးနွေးပေးစေ လိုသည့် အချက်များကို ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ထုတ်ပြန်
Wednesday, October 8, 2014

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် မနက်ဖြန် အောက်တိုဘာ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ တရားဝင်အလည်အပတ် ခရီးလာရောက်ရန် စီစဉ်ထားရာ အဆိုပါခရီးစဉ်အတွင်း ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံအစိုးရအကြား ဆွေးနွေးရန် လိုသည့် အချက်များကို ဘန်ကောက်မြို့၊ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) က တိုက်တွန်းချက် တစ်ရပ်ကို အောက်တိုဘာ ၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား သုံးခန့်ရှိနေသည့်အနက် ၁ ဒသမ ၇ သန်းသည် ယာယီနိုင်ငံကူးလက်မှတ် ရရှိထားပြီး လေးသိန်းခွဲခန့်မှာ ထိုင်းနိုင်ငံမှ ထုတ်ပေးသော ယာယီနိုင်ငံကူး လက်မှတ် (ပန်းရောင်ကဒ်) များရရှိထားကာ အထောက်အထားမရှိသူ ငါးသိန်းထက်မနည်း ရှိနိုင်ကြောင်း သိရသည်။

MWRN ၏ တိုက်တွန်းချက်တွင် မြန်မာအစိုးရအနေဖြင့် ပုံမှန်နိုင်ငံကူးလက်မှတ် လုပ်ဆောင်မည့် အစီအစဉ်ကို ဖျက်သိမ်းပြီး မူလကိုင်ဆောင်နေသော ယာယီနိုင်ငံ ကူးလက်မှတ်ကိုသာ လုံလောက်သောသက်တမ်း တိုးပေးရန်နှင့် လွယ်ကူမြန်ဆန် သော ဗီဇာသက်တမ်းတိုးမှု အစီအစဉ်များ ချမှတ်ပေးရန်၊ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြဌာန်းထားသောဥပဒေများနှင့်အညီ အကျိုးခံ စားခွင့်ရရန်အတွက် ထိုင်းအစိုးရနှင့် အထူးညှိနှိုင်းဆောင် ရွက်ပေးရန်၊ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတို့အပေါ် မတရား အမြတ်ထုတ်နေသာ အကျင့်ပျက်ဝန်ထမ်းများ၊ ထိုင်းနှင့် မြန်မာပွဲစားများကို ထိရောက်စွာ အရေးယူပေးရန်၊ ဖမ်းဆီးခံ အလုပ်သမားများကို ပြည်နှင်ဒဏ်ပေးရာတွင် တရားဝင် လမ်းကြောင်းဖြင့်သာ ပြည်နှင်ခြင်း၊ လက်ခံ ခြင်းများပြုလုပ်ရန်နှင့် ရွှေ့ပြောင်းအလုပ်သမားများ၏အခက်အခဲများကို ထိရောက်စွာဖြေရှင်းပေးနိုင်ရန်အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် အရည်အချင်းပြည့်ဝသော သံအရာထမ်း၊ အမှုထမ်းများ တိုးချဲ့ခန့်အပ်၍ ကူညီမှုပေးရန်တို့ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် လူသတ်မှု၊ ပစ္စည်းခိုးမှု စသောရာဇ၀တ်မှုများတွင် စွပ်စွဲဖမ်းဆီးခံရခြင်း၊ တရားစွဲဆိုခံရသောအခါတွငလည်း အခြေခံ ရပိုင်ခွင့်ဖြစ်သော ရှေ့နေ၊စကားပြန် စသည့်အထောက်အကူများမရပဲ တရားစီရင်ခံရခြင်းတို့ အပြင် မြန်မာအလုပ်သမားများအနေဖြင့် အသတ်ခံရခြင်း၊ လုယက်ခံရခြင်းတို့ကိုလည်း ကြုံတွေ့နေရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၂ သိန်းကျော် နေထိုင်အလုပ်လုပ်လျက်ရှိသည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ စက်ရုံအလုပ်ရုံပေါင်း ၂၀၀ ကျော်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်လုပ်နေကြသော မြန်မာအလုပ်သမားများသည် ဥပဒေပါပြဌာန်းမှုများအတိုင်း ခံစားခွင့်များမရှိ ဘဲ ထိုင်းနိုင်ငံ၏ အနိမ့်ဆုံးလုပ်အားခအဖြစ် သတ်မှတ်ထားသော ဘတ်၃၀၀ကို မရရှိကြပဲ တစ်နေ့လျှင် ဘတ် ၁၂၀ မှ ၁၈၀ ခန့်သာရရှိနေကြောင်း သိရသည်။

Mizzima - News in Burmese 

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ။ (ဓာတ်ပုံ - အီးပီအေ) 
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ။ (ဓာတ်ပုံ - အီးပီအေ) 
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် မနက်ဖြန် အောက်တိုဘာ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ တရားဝင်အလည်အပတ် ခရီးလာရောက်ရန် စီစဉ်ထားရာ အဆိုပါခရီးစဉ်အတွင်း ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံအစိုးရ သမားအခွင့်အရေး ကွန်ရက် (MWRN) က တိုက်တွန်းချက် တစ်ရပ်ကို အောက်တိုဘာ ၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

စပိန်နိုင်ငံမှ ကက်တလန်ဒေသခွဲထွက်ခဲ့ပါက ဘာစီလိုနာအသင်းလည်း လာလီဂါပြိုင်ပွဲမှ ထုတ်ပယ်ခံရမည်


ကက်တလန်ဒေသသည် စပိန်နိုင်ငံမှ ခွဲထွက်ပြီး လွတ်လပ်သော ဒေသတစ်ခုအဖြစ်ထူထောင်ခွင့် ရရှိပါက ဘာစီလိုနာအသင်းကိုလည်း လာလီဂါပြိုင်ပွဲမှထုတ်ပယ် ရလိမ့်မည်ဖြစ်ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဂျာဗီယာတီဘက်စ်က ပြောသည်။

ပရီးမီးယားလိဂ် အပတ်စဉ်တစ်ခုမှပွဲစဉ်များကို ပြည်ပထွက်ကစားရန် မျက်စိကျလာ

 Photo: ပရီးမီးယားလိဂ် အပတ်စဉ်တစ်ခုမှပွဲစဉ်များကို ပြည်ပထွက်ကစားရန် မျက်စိကျလာ
Wednesday, October 8, 2014 

အနာဂတ်တွင် ပရီးမီးယားလိဂ် အပတ်စဉ်တစ်ခုမှ ပွဲစဉ်များကို ပြည်ပထွက်ကျင်းပ ဖွယ်ရှိနေပြီး အမေရိကန်တွင် ကစားရန် လိဂ်တာဝန် ရှိသူများက စိတ်ဝင်စားနေ သည်။

ပြည်ပထွက်ကစားမည့်အစီအစဉ်ကိုအကောင်အထည်ဖော်ရန် အစပျိုးနေပြီဖြစ်သော် လည်း ပရီးမီးယားလိဂ်ကို အားပေးနေသည့် ကမ္ဘာတစ်ဝှမ်းမှ ပရိသတ်များ၏ သဘောထားကိုလည်း လေ့လာဦးမည်ဖြစ်သည်။

ပြီးခဲ့သည့်ရာသီကြိုခြေ စမ်းပွဲကာလတွင် မီယာမီ၌မန်ယူနှင့် လီဗာပူးလ်တို့ ကစားခဲ့ရာ တွင်ပရိသတ် ၅၁၀၁၄ ယောက်လာရောက် ကြည့်ရှုခြင်း၊ မီချီဂန်တွင် မန်ယူ- ရီးယဲ လ်ကစားခဲ့ရာ၌ ပရိသတ် ၁၀၉၃၁၈ ယောက်လာရောက်ကြည့်ရှုခြင်းတို့ကြောင့် ပြည်ပထွက်ကစားပါက ကလပ်အသင်းများ ၏၀င်ငွေမြင့်တက်နိုင်မည့် အခွင့် အရေးရှိနေခြင်းကပရီးမီးယားလိဂ်ထိပ်ပိုင်းတာဝန်ရှိသူများကိုတွန်းအားပေး သကဲ့သို့ဖြစ်နေသည်။ ပြည်ပထွက်ကစား ရန်အမေရိကန်ကိုရွေးပါက နိုဝင်ဘာ နှောင်း ပိုင်း သို့မဟုတ် ဒီဇင်ဘာအစောပိုင်းက အမေရိကန်ပရိသတ်များအတွက် သင့်လျော်ပြီး အပြန်အလှန်အားဖြင့် အဆိုပါအချိန်တွင် အမေရိကန်ဖွတ်ဘောလိဂ်မှ ပွဲစဉ် အချို့ကို ၀င်ဘာလေကွင်းတွင် ကျင်းပမည်ဖြစ်သည်။

ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးပြီးဆုံးပါက အပတ်စဉ် ၃၉ အဖြစ်ဖန်တီးပြီး အပိုပွဲစဉ်များကို ပြည်ပထွက်ကစားမည့်အစီအစဉ်အား လွန်ခဲ့သည့် ခြောက်နှစ်က ပရီးမီး ယားလိဂ်အမှုဆောင်ချုပ် ရစ်ချက်စကူဒါမိုး တင်ပြခဲ့စဉ်တွင် အပြင်းအထန်ကန့်ကွက်ဝေဖန်ခံခဲ့ရသည်။ သို့ သော်ယခုနှစ်ဘောလုံးရာသီအစပိုင်းတွင် စကူဒါမိုးသည် ၎င်း၏စိတ်ကူးကို တစ်ကျော့ပြန် ပြေဆိုမှုများ ရှိလာခဲ့သည်။ "၂၀၀၈ တုန်းက အသင်း တွေသဘော တူခဲ့ကြပြီး အခုဆိုရင် အသင်းအား လုံးတောင် သဘော တူချင် တူနေနိုင်ပါတယ်။ တစ်ချိန်မှာတော့ ဒါကအကောင်ထည်ပေါ်လာပါ လိမ့်မယ်။ ကျွန်တော်တာဝန်ယူနေတဲ့ ကာလအတွင်းမှာဖြစ် လာမလားဆိုတာတောင် ဘယ်သူ သိနိုင်မလဲ"ဟု စကူဒါမိုးက ပြောသည်။ လက်ရှိ အချိန်တွင် သတ်မှတ်အပတ်စဉ် ၃၈ အတွင်းမှ ပွဲစဉ်များကိုပင် ပြည်ပထွက်ကစားဖွယ်ရှိနေခြင်းဖြစ်သည်။လက်ရွေး စင်အသင်းအတွက် အထောက်အကူဖြစ်စေရန် ဆောင်းရာသီအနားပေးသည့်စနစ်ကိုလည်း စတင်နိုင်ရန် ကြိုးစားနေသည်။

သို့သော် အက်ဖ်အေအနေဖြင့် ယင်းကာလအတွင်ကစားမည့် အက်ဖ်အေဖလားပြန်ကန်ပွဲများ၊ နှစ်ကျော့စနစ်ဖြင့် ကစားရသည့် လိဂ်ဖလားဆီမီး ပွဲများကိုပြန်လည်   ရေးဆွဲရဖွယ်ရှိသည်။ အင်္ဂလန်လက်ရွေးစင်အသင်းစွမ်းဆောင်ရည် ကျဆင်းခြင်းမှာ ခရစ္စမတ်ကာလကို အခြားဥရောပလိဂ်များရပ်နားပြီး ပျော်ရွှင်နေစဉ် အင်္ဂလိပ် ကလပ်အသင်းများ ဆောင်းရာသီအားလပ်ရက်မရသောကြောင့်ဟု မကြာခဏဝေဖန် ခံနေရသည်။

Mizzima - News in Burmese
အနာဂတ်တွင် ပရီးမီးယားလိဂ် အပတ်စဉ်တစ်ခုမှ ပွဲစဉ်များကို ပြည်ပထွက်ကျင်းပ ဖွယ်ရှိနေပြီး အမေရိကန်တွင် ကစားရန် လိဂ်တာဝန် ရှိသူများ က စိတ်ဝင်စားနေသည်။

ဟာဂ်ျခရီးစဉ် ပို့ဆောင်ပေးမည်ဆိုကာ ဒေါ်လာသိန်းချီ လိမ်လည်

ဟာဂ်ျခရီးစဉ် ပို့ဆောင်ပေးမည်ဟုဆိုကာ ဘုရားဖူးများထံမှ အမေရိကန်ဒေါ်လာ တစ်သိန်းသုံးသောင်း လိမ်လည်ခဲ့သည်ဟု တိုင်ကြားခံရသော ပန်းဘဲတန်းမြို့နယ်၊ ၃၁ လမ်းရှိ Arrow Lane Travels & Tours ကုမ္ပဏီမှ မန်းနေဂျင်း ဒါရိုက်တာ ဟာဂျီရော်နီ (ခ) ဦးခင်မောင်အေး ကို အောက်တိုဘာလ ၆ ရက်နေ့က လိမ်လည်မှုဖြင့် အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း ပန်းဘဲတန်းမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ပရီးမီးယားလိဂ် ဒဏ်ရာရ ကစားသမားစာရင်းတွင် မန်ယူ ဦးဆောင်


ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အသင်း ၂၀ တွင် မန်ယူအသင်းသည် ဒဏ်ရာရကစားသမား အများဆုံးအသင်းအဖြစ် ဦးဆောင်လျက်ရှိသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က အဲဗာတန် အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ သောပွဲစဉ်တွင် လူငယ်နောက်ခံ ကစားသမား ပက်ဒီမက်နဲ တံကောက်ကြော ဒဏ်ရာရရှိ ပြီးနောက်တွင် မန်ယူ၏အဓိကစားသမား ဒဏ်ရာရစာရင်းမှာ ကိုးဦးအထိရှိသွားပြီဖြစ်သည်။ ပက်ဒီမက်နဲ ဒဏ်ရာရရှိခဲ့ခြင်းသည် လုခ်ရှော(ဒူး)၊အီဗန်(ခြေကျင်းဝတ် )၊ ဖေးလ်ဂျူံးစ်(တံကောက်ကြော)၊ စမောလင်(ပေါင်) တို့ ဒဏ်ရာရရှိနေသည့် မန်ယူနောက်တန်းအတွက် ကြီးမားသည့် ထိုးနှက်ချက်လည်း ဖြစ်လာခဲ့သည်။

B4 ရဟတ်ယာဉ်ပေါ်ပါ ထိုင်းလေယာဉ်မှူးကို တွေ့ပြီး၊ မြန်မာလေယာဉ်မှူး လည်း တောထဲရှိ ဂူတစ်ခုတွင်ရှိနေ

B4 ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ထိုင်းလေယာဉ်မှူး Mr. Chat Chawal ကို အောက်တိုဘာ ၈ရက် နံနက်တွင် ပြန်လည်တွေ့ ရှိပြီဖြစ်ပြီး မြန်မာလေယာဉ်မှူး ဦးအောင်မြတ်တိုးကိုနှင့်လည်း GPS အရ တောအုပ်ထဲက ဂူတစ်ခုတွင် ရှိကြောင်း ထူးဖောင်ဒေးရှင်း ၏ ပြန်ကြားရေး တာဝန်ခံ ကိုဘိုထွန်းက မဇ္ဈိမကို ပြောသည်။

ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေးကို ထိခိုက်မှာစိုးရိမ်၊ တိုက်ပွဲများ ထပ်ဖြစ်မလာစေရေး ပြတ်ပြတ်သားသား တားဆီးသွားမည်ဟုဆို

တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အကြား ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်းကို 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP နဲ့ မိုင်းလား အထူးဒေသ(၄) အဖွဲ့နှစ်ဖွဲ့က ပူးပေါင်းပြီး အောက်တိုဘာ ၅ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပါတယ်။

ဗျောက်အိုး နှင့် မီးရှုးမီးပန်းများရောင်းချနေသူများကို ဖမ်းဆီးအရေးယူ

၇.၁၀.၂၀၁၄ရက်နေ့ ၂၀၃၀အချိန်တွင် လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လှိုင်သာယာ မြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ ပီမိုးနင်း လမ်းဘေးတွင် ဗျောက်အိုးနှင့် မီးရှုးမီးပန်းများရောင်းချ နေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ရှာဖွေဖမ်းဆီး အရေးယူခဲ့ ပါသည်။

ပြည်သူ့ ဆေးရုံများ၌ ဓာတ်ရောင်ခြည် ဆေးကုဌာန အသစ်များ တိုးချဲ့ ဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက် သွားမည်

Photo: ပြည်သူ့ ဆေးရုံများ၌ ဓာတ်ရောင်ခြည် ဆေးကုဌာန အသစ်များ တိုးချဲ့ ဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက် သွားမည်
Wednesday, October 8, 2014

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကင်ဆာရောဂါ ဖြစ်နေ သူများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရန်
ပြည်သူ့ဆေးရုံကြီးများ၌ ဓာတ်ရောင်ခြည် ဆေးကုဌာန အသစ်များ တိုးချဲ့ ဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းအောင် ထံမှ သိရသည်။ ''ယခုအခါ ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ ဆေးပညာ မဟာဘွဲ့ ရရှိပြီးသူများကို ဗဟိုအဆင့် ဆေးရုံကြီးများနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဆေးရုံကြီးများမှာ တာဝန် ချထားပေးပါတယ်။

 ဒေသ အသီးသီးမှာရှိတဲ့ ကင်ဆာရောဂါ ဝေဒနာရှင်များကို လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပိုပြီး အားဖြည့် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်'' ဟု ၎င်းက ဆက်လက် ပြောသည်။ အဆိုပါ ကင်ဆာရောဂါ ဝေဒနာရှင်များ အတွက် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ Linear Acceleration အသစ် ထပ်မံ တပ်ဆင်ခြင်း၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီးနှင့် စဝ်စံထွန်း ပြည် သူ့ ဆေး ရုံကြီး ၌ Linear Acceleration အသစ် တစ်လုံးစီ တပ်ဆင်ခြင်းများ ဆောင် ရွက်ပြီး ဖြစ်ကြောင်း သိရသည်။ ပြည်သူ့ဆေးရုံကြီးများ၌လည်း ကင်ဆာရောဂါ ဝေဒနာရှင်များ အတွက် ဓာတ်ရောင်ခြည် ဆေးကုဌာန အသစ် များကို တိုးချဲ့ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်
မြ၀တီ
မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကင်ဆာရောဂါ ဖြစ်နေ သူများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက် မှုများ ပေးနိုင် ရန် ပြည်သူ့ဆေးရုံကြီးများ၌ ဓာတ်ရောင်ခြည် ဆေးကုဌာန အသစ်များ တိုးချဲ့ ဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းအောင် ထံမှ သိရသည်။ ''ယခုအခါ ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ ဆေးပညာ မဟာဘွဲ့ ရရှိပြီးသူများကို ဗဟိုအဆင့် ဆေးရုံကြီးများနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဆေးရုံကြီးများမှာ တာဝန် ချထားပေးပါတယ်။

တယ်လီနောဆင်းမ်ကတ်များကို အောက်တိုဘာ ၁၃ရက် နောက်ပိုင်းမှသာ ရန်ကုန်တွင် စတင်ရောင်းမည်

Photo: တယ်လီနောဆင်းမ်ကတ်များကို အောက်တိုဘာ ၁၃ရက် နောက်ပိုင်းမှသာ ရန်ကုန်တွင် စတင်ရောင်းမည်
Wednesday, October 8, 2014 

တယ်လီ နောမှဆင်းမ်ကတ်များကို အောက်တို ဘာ ၁၃ရက်နေ့ နောက်ပိုင်းမှသာ ရန်ကုန်တွင် စတင်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

ကျပ် ၁၅ဝဝတန်ဆင်းမ်ကတ် များကို ရန်ကုန်၌ စတင်ရောင်းချနိုင် ရန်အတွက် နက်ဝေါ့ခ်ပိုင်း နောက်ဆုံး အဆင့် စစ်ဆေးနေပြီး တာဝါတိုင် အရေအတွက်နှင့် လိုက်၍ ဝန်ဆောင် မှုပေးနိုင်ရန် အပြီးသတ်ပြင်ဆင် ဆောင်ရွက်လျက်ကြောင်း ဆိုင်ပေါင်း တစ်ထောင်ဝန်းကျင်၌ ဝယ်ယူနိုင် မည်ဖြစ်ကြောင်း သိရသည်။

တယ်လီနော(မြန်မာ)မှ တာဝန် ရှိသူတစ်ဦးက ''အဓိကက ကတ်တွေ ရောင်းတာ နဲ့ တစ်ပြိုင်နက်တည်း အသုံး ပြုနိုင်အောင် နက်ဝေါ့ခ်ပိုင်းတွေ စစ် ဆေးနေပါ တယ်၊ ရန်ကုန်မှာသုံးမယ့် သူတွေများမှာဆိုတော့ အဆင်သင့် ဖြစ်အောင် လုပ်နေတဲ့သဘောပါ၊ ကျွန် တော်တို့ရန်ကုန်မှာ ရောင်းမယ့်နေ့ကို ရက်အတိအကျ ထုတ်ပြန်မှာပါ၊ ဒါကြောင့် မန္တလေးမှာရောင်းပြီး နှစ်ပတ်အတွင်း လို့ ကြေညာထားတာ ပါ'' ဟု ပြောသည်။

ယင်းအော်ပရေတာမှ ဆင်းမ် ကတ်များကို မည်သည့်ဂျီအက်စ် အမ်ဟန်းဆက် တွင် မဆို ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး ဖုန်းခေါ်ဆို ခြင်းအပြင် အင်တာနက် တစ်ပြိုင်နက် အသုံးပြုနိုင်မည်ဖြစ်ကာ နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုခြင်းများကို ပါ ပြုလုပ်နိုင် ကြောင်း သိရသည်။

ယင်းသို့ တယ်လီနောမှ ကျပ် ၁၅ဝဝဖြင့် ရောင်းချသော်လည်း ဝယ် ယူသူများပြား သဖြင့် မန္တလေးနှင့်နေ ပြည်တော်တွင် စတင်ရောင်းချချိန်၌ ကျပ်ငါးထောင်ပေါက်ဈေးဖြင့်ပြန် လည် ရောင်းချမှုများရှိခဲ့သည်ဟု သိရသည်။

ဖုန်းခေါ်ဆိုခနှုန်းထားများကို မည်သည့်အော်ပရေတာထံ ခေါ်ဆို သည်ဖြစ်စေ တစ်မိနစ်လျှင် ၂၅ ကျပ် သတ်မှတ်ထားပြီး SMS တစ်စောင် လျှင် ၁၅ ကျပ်ဟု သတ်မှတ်ထား သည်။

ယင်းဖုန်းသုံးစွဲသူများ အတွက် ကျပ်တစ်ထောင်တန် ငွေဖြည့်ကတ် ဖြည့်သွင်း ပါက အခမဲ့ဖုန်းခေါ်ဆိုခွင့် ၁၅ မိနစ်နှင့် အင်တာနက် 15 MB၊ ကျပ် ၃ဝဝဝ ငွေဖြည့်သွင်းပါက မိနစ် ၃ဝ ဖုန်းခေါ်ဆိုခွင့်နှင့် အင်တာနက် 30 MB၊ ကျပ် ၅ဝဝဝ ငွေဖြည့်သွင်း ပါက ဖုန်းခေါ်ဆိုခွင့်မိနစ် ၆ဝ နှင့် အင်တာနက် 60 MB၊ ကျပ်တစ်သောင်း တန် ငွေဖြည့်သွင်းပါက မိနစ် ၁၂ဝ နှင့်အင်တာနက် 120 MB အခမဲ့ အသုံးပြုခွင့် ပေးသွားမည်ဖြစ်သည် ဟု သိရသည်။

PPT
Yangon Media Group
တယ်လီ နောမှဆင်းမ်ကတ်များကို အောက်တို ဘာ ၁၃ရက်နေ့ နောက်ပိုင်းမှသာ ရန်ကုန်တွင် စတင်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ကျပ် ၁၅ဝဝတန်ဆင်းမ်ကတ် များကို ရန်ကုန်၌ စတင်ရောင်းချနိုင် ရန်အတွက် နက်ဝေါ့ခ်ပိုင်း နောက်ဆုံး အဆင့် စစ်ဆေးနေပြီး တာဝါတိုင် အရေအတွက်နှင့် လိုက်၍ ဝန်ဆောင် မှုပေးနိုင်ရန် အပြီးသတ်ပြင်ဆင် ဆောင်ရွက်လျက်ကြောင်း ဆိုင်ပေါင်း တစ်ထောင်ဝန်းကျင်၌ ဝယ်ယူနိုင် မည်ဖြစ်ကြောင်း သိရသည်။

လိပ်ကျွန်းလူသတ်မှု ထိုင်းအစိုးရသက်သေ ကိုမောင်မောင်ကို မြန်မာ သံရုံးအဖွဲ့ တွေ့ဆုံ မေးမြန်းခွင့် ရပြီ

Photo: လိပ်ကျွန်းလူသတ်မှု ထိုင်းအစိုးရသက်သေ ကိုမောင်မောင်ကို မြန်မာ သံရုံးအဖွဲ့ တွေ့ဆုံ မေးမြန်းခွင့် ရပြီ
Wednesday, October 8, 2014 

ထိုင်းတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) က ဗြိတိန်လူမျိုး ၂ ဦး အသတ်ခံရမှုမှာ ထိုင်းအစိုးရသက်သေအဖြစ် ထိန်းသိမ်းထားတဲ့ အသက် ၂၁ နှစ်အရွယ် ကိုမောင်မောင် (ခေါ်) ကိုသန်းဆွေကို ထိုင်းရဲက မြန်မာသံရုံးတာဝန်ရှိသူတွေနဲ့ ဒီကနေ့မနက် ကော့စမွီမြို့နယ်မှာ တွေ့ဆုံခွင့် ပြုပါတယ်။

ဒီတွေ့ဆုံပွဲဟာ ဒီအမှုနဲ့ ပတ်သက်လို့ ဘာသာပြန်လည်းလုပ်ပြီး ရိုက်နှက်ရာမှာ ပါတယ်လို့ စွပ်စွဲခံရသူတဦးဖြစ်တဲ့ ကိုသားကြီးခေါ် ကိုအောင်ကိုဦးနဲ့ ရဲမှူးကြီးတဦးရှေ့မှာ ၂ နာရီကျော်ကြာ မေးမြန်းခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒုတိယအတွင်းဝန် ဦးထွန်းအေး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တမြန်နေ့က ကိုမောင်မောင်နဲ့ တွေ့ဆုံဖို့ တောင်းဆိုချက်ကို ရဲက ပယ်ချခဲ့ပြီး မနေ့ကတော့ အခင်းဖြစ်တဲ့ကျွန်းကို သွားရောက်ကြည့်ရှု့ပြီး မေးမြန်းစုံစမ်း မှတ်တမ်း ရယူခဲ့ပါတယ်။

မနေ့ညနေက အခင်းဖြစ်ရာကျွန်းကနေ ကော့စမွီကို ပြန်ရောက်ပြီး ဒီနေ့ မနက်မှာ မူလ တွေ့ဆုံခွင့်တောင်းထားတဲ့ ကိုမောင်မောင်နဲ့ တွေ့ဆုံဖို့ ထိုင်းရဲဘက်က စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။

[Source: DVB -http://burmese.dvb.no/archives/67186]

Credit to Hmuu Zaw Facebook
ထိုင်းတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) က ဗြိတိန်လူမျိုး ၂ ဦး အသတ်ခံရမှုမှာ ထိုင်းအစိုးရသက်သေအဖြစ် ထိန်းသိမ်းထားတဲ့ အသက် ၂၁ နှစ်အရွယ် ကိုမောင်မောင် (ခေါ်) ကိုသန်းဆွေကို ထိုင်းရဲက မြန်မာသံရုံးတာဝန်ရှိသူတွေနဲ့ ဒီကနေ့မနက် ကော့စမွီမြို့နယ် မှာ တွေ့ဆုံ ခွင့် ပြုပါတယ်။

အနိမ့်ဆုံး လုပ်အားခတွင် ထပ်ဆောင်းငွေများ မထည့်ရန် ဆွေးနွေး တောင်းဆိုမည်

Photo: အနိမ့်ဆုံး လုပ်အားခတွင် ထပ်ဆောင်းငွေများ မထည့်ရန် ဆွေးနွေး တောင်းဆိုမည်
Wednesday, October 8, 2014

အနိမ့်ဆုံးလစာ သတ်မှတ်ချက်တွင် ထပ်ဆောင်းငွေများ မထည့်သွင်းရန် အောက်တိုဘာ ၁၀ ရက် နေပြည်တော်တွင် ပြုလုပ်မည့် အနိမ့်ဆုံးလုပ်အားခ၊ လစာ သတ်မှတ်ရေး ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးသွားမည်ဟု အနည်းဆုံး အခကြေးငွေသတ်မှတ်မှုကော်မတီအဖွဲ့ဝင်  အလုပ်သမားကိုယ်စား လှယ် ကိုနော်အောင်က မဇ္ဈိမကို ပြောသည်။

အလုပ်သမားများ၏ လုပ်ခလစာနဲ့ နစ်နာကြေးကိစ္စ ဖြေရှင်းရန် အလုပ်သမား ညွှန်ချုပ်နှင့် ညှိနှိုင်းရာမှ ရဲများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ခြင်းအား စက်ရုံရှေ့တွင် ရှင်းပြနေခြင်းဖြစ်သည်။

ထပ်ဆောင်ငွေများဖြစ်သည့် ရက်မှန်ကြေး၊ အပိုထောက်ပံ့ကြေး၊ အပိုချိန်ကြေးနှင့် ရှားပါးစရိတ်များကို မထည့်သွင်းရန် အလုပ်မားတို့က လိုလားနေခြင်းဖြစ်သည်။

 “စက်ရုံ အလုပ်ရုံတွေမှာ ထပ်ဆောင်းငွေတွေဖြစ်တဲ့ ရက်မှန်ကြေးတွေ ပေါင်းပြီး ခုနှစ်သောင်းလောက်ရတာ။ အလုပ်ပျက်တာနဲ့ တစ်ခါဖြတ်တောက်လိုက်တော့ အလုပ်သမားတွေ လစာအပြည့် မရကြဘူး” ဟု ကိုနော်အောင်က ပြောသည်။

အနိမ့်ဆုံးလုပ်အားခ လစာကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအမီ သတ်မှတ်ရန်နှင့် စက်တင်ဘာလ ပထမပတ်အတွင်း စတင်ကောက်ယူခဲ့သည့် လုပ်အားခ၊ လစာ သတ်မှတ်ရေး စစ်တမ်းပါ အချက်များကိုလည်းထည့်သွင်း ဆွေးနွေးကြမည်ဖြစ်သည်။

စစ်တမ်းကို တစ်လအတွင်း ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်ရှိသည့် မြို့နယ် ၁၄ ခုနှင့် အခြားပြည်နယ် နှင့် တိုင်းများအတွင်းရှိ စံပြရပ်ကွက်(သို့မဟုတ်)ကျေးရွာ သုံးခုတို့တွင် ကောက်ခံလျက်ရှိသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရာတွင် တိုင်းနှင့် ပြည်နယ်အလိုက် ကုန်ကျစရိတ်မတူညီခြင်းကြောင့် နေရာဒေသအလိုက် သတ်မှတ်ခြင်း (သို့မဟုတ်) တစ်နိုင်ငံလုံး တစ်ပြေးညီသတ်မှတ်မည်လားစသည့် မေးခွန်းပေါင်းများစွာ အဖြေရှာရန် အခက်အခဲ ဖြစ်နေသည်ဟုလည်း ကိုနော်အောင်က ပြောသည်။

Mizzima - News in Burmese 

လှိုင်သာယာမြို့နယ် Master Sport ဖိနပ်စက်ရုံမှ အလုပ်သမားများကို ရှေ့၌ စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
လှိုင်သာယာမြို့နယ် Master Sport ဖိနပ်စက်ရုံမှ အလုပ်သမားများကို ရှေ့၌ စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
အနိမ့်ဆုံးလစာ သတ်မှတ်ချက်တွင် ထပ်ဆောင်းငွေများ မထည့်သွင်းရန် အောက်တိုဘာ ၁၀ ရက် နေပြည်တော်တွင် ပြုလုပ်မည့် အနိမ့်ဆုံး လုပ်အားခ၊ လစာ သတ်မှတ်ရေး ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးသွားမည်ဟု အနည်းဆုံး အခကြေးငွေသတ်မှတ်မှုကော်မတီ အဖွဲ့ဝင်  အလုပ်သမားကိုယ်စား လှယ် ကိုနော်အောင်က မဇ္ဈိမကို ပြောသည်။

ထိုင်းရဟတ်ယာဉ်မှူးကို ပြန်တွေ့၊ မြန်မာရဟတ်ယာဉ်မှူးကို ရှာဖွေဆဲ

B4 ရဟတ်ယာဉ်ပေါ်လိုက်ပါသွားသည့် ဦးရွှေရင်တော်ကြီးကို အောက်တိုဘာ ၇ ရက်က တွေ့ရှိထားပြီး ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး Mr. Chat Chawal ကို ယနေ့ နံနက်တွင် ပြန်လည်တွေ့ရှိကာ ၎င်းကို ရ၀မ်လူမျိုးများက ခေါ်ဆောင်လာကြောင်း ထူးဖောင်ဒေးရှင်းမှ ပြန်ကြားရေးမှူး တာဝန်ခံ ကိုဘိုထွန်းက ပြောသည်။

ကမ္ဘာကျော်ရုပ်ရှင်ထုတ်လုပ်သူ Lord Puttnan ဗြိတိသျှ ဝန်ကြီးချုပ်၏ Trade Envoy အဖြစ် မြန်မာနိုင်ငံလာမည်

Photo: ကမ္ဘာကျော်ရုပ်ရှင်ထုတ်လုပ်သူ Lord Puttnan ဗြိတိသျှ ဝန်ကြီးချုပ်၏ Trade Envoy အဖြစ် မြန်မာနိုင်ငံလာမည်
Wednesday, October 8, 2014

ကမ္ဘာ ကျော်ရုပ်ရှင်ဇာတ်ကားများကို ထုတ် လုပ်ခဲ့သူ Lord Puttnan သည် ဗြိတိသျှ ဝန်ကြီးချုပ်၏ Trade Envoy အဖြစ် မြန်မာနိုင်ငံသို့ လာရောက် မည်ဖြစ်ကြောင်း သိရသည်။

Lord Puttnan သည် မြန်မာ နိုင်ငံသို့ ယခုရက်ပိုင်းအတွင်း ရောက် ရှိမည်ဖြစ်ပြီး ဗြိတိသျှကောင်စီနှင့် UK Trade and Investment တို့ မှပူးပေါင်းစီစဉ်သည့် Putting Culture at The Heart of Public Policy အမည်ဖြင့်ပြုလုပ်မည့် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗြိတိသျှကောင်စီ၏ ထုတ်ပြန်ချက် အရသိရသည်။

ယင်းဆွေးနွေးပွဲကို အောက် တိုဘာ ၇ရက်နေ့ နံနက် ၉နာရီခွဲ တွင် ရန်ကုန်မြို့ရှိ UMFCCI ရုံးတွင် ပြုလုပ်သွားမည်ဖြစ်ပြီး မည်သူမဆို အဆိုပါဆွေးနွေးပွဲသို့ တက်ရောက် နိုင်ကြောင်းသိရသည်။

Lord Puttnan သည် The Killing field, The Mission, Local Hero, Midnight Express, Bugsy Malone အစရှိသည့် ကမ္ဘာ ကျော်ရုပ်ရှင်ကား များကို ထုတ်လုပ် ခဲ့ပြီး ယင်းထုတ်လုပ်ခဲ့သည့်ရုပ်ရှင် ကားများမှ အော်စကာစု ၁ဝဆုအ ပါအဝင် အခြားရုပ်ရှင်ဆုများစွာရရှိ ခဲ့ပြီး ၁၉၉၈ခုနှစ်တွင် ရုပ်ရှင်လော ကမှ အနားယူ ခဲ့သူဖြစ်ကာ မြန်မာ၊ ဗီ ယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံ များ အတွက် ဗြိတိသျှဝန်ကြီး ချုပ်၏ Trade Envoy အဖြစ်ခံ အပ်ခြင်းခံထား ရသူဖြစ်သည်။

Yangon Media Group
ကမ္ဘာ ကျော်ရုပ်ရှင်ဇာတ်ကားများကို ထုတ် လုပ်ခဲ့သူ Lord Puttnan သည် ဗြိတိသျှ ဝန်ကြီးချုပ်၏ Trade Envoy အဖြစ် မြန်မာနိုင်ငံသို့ လာရောက် မည်ဖြစ်ကြောင်း သိရသည်။

အိမ်ခြံမြေ ကာလတန်ဖိုး သတ်မှတ်ချက် နှစ်ဆကျော်မြင့်တက်

Photo: အိမ်ခြံမြေ ကာလတန်ဖိုး သတ်မှတ်ချက် နှစ်ဆကျော်မြင့်တက်
Wednesday, October 8, 2014

ရန်ကုန်အိမ်ခြံမြေ ဝယ်ယူ၊ ရောင်းချခြင်းများမှ အခွန်ကောက်ခံစိစစ်ရန် အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်သည့် ရန်ကုန် အိမ်ခြံမြေ ကာလတန်ဖိုး ဈေးနှုန်းအသစ်များသည် ပြီးခဲ့သည့်နှစ်နှုန်းထားများထက် ၃၀ ရာခိုင်နှုန်းမှ နှစ်ဆကျော်အထိ မြင့်တက်ခဲ့သည်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ နေအိမ်အဆောက်အုံများကို တွေ့ရစဉ်။ (ဓာတ်ပုံ - လွင်မောင်မောင်၊ မဇ္ဈိမ) ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ တစ်ပေပတ်လည် မြေကွက်နှုန်းများကို ယခင် ကျပ်နှစ်သိန်းလေးသောင်းမှ ယခု ကျပ်သုံးသိန်းသို့ တိုးမြှင့်သတ်မှတ်ထားသည်။

မြို့တွင်းမြို့နယ်များတွင် ယခင်နှုန်း ထားများထက် ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး အခြားမြို့နယ်များနှင့် မြို့ပြင်ဧရိယာများမှာ ယခင်သတ်မှတ်နှုန်းများထက် နှစ်ဆကျော် တိုးမြှင့်သတ်မှတ်ထားမှုများရှိသည်။ လမ်းမတန်းနှင့် အချက်အချာကျသည့်နေရာများတွင် ဈေးနှုန်းတိုးမြှင့်သတ်မှတ်ထားပြီး ရပ်ကွက်တွင်း လမ်းများမှာ ယခင်ဈေးနှုန်းနှင့် ကွာဟမှုအနည်းငယ်သာရှိသည်။

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်များဖြစ်သည့် လမ်းမတော်၊ ပန်းဘဲတန်း၊ လသာ၊ ဗိုလ်တထောင်၊ ပုဇွန် တောင်နှင့် ကျောက် တံတားမြို့နယ်များရှိ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ကမ်းနားလမ်း၊ ကုန်သည် လမ်း၊ ဗိုလ်ချုပ်လမ်း စသည့်လမ်းမတန်းများသည် တစ်ပေပတ်လည်မြေကွက်နှုန်းမှာ ယခင် ကျပ် ၂၄၀,၀၀၀ မှ ကျပ်သုံးသိန်းသို့ တိုးမြှင့်သတ်မှတ်ထားသည်။

ဒဂုံမြို့နယ်တွင် ပြည်လမ်းမကြီးနှင့် ဗဟန်းမြို့နယ်၌ ကမ္ဘာအေးစေတီလမ်း၊ ကိုယ့်မင်းကိုယ့်ချင်းလမ်းများရှိ တစ်ပေပတ် လည်မြေကွက်များကို ကျပ် ၃၂၅,၀၀၀ မှ ကျပ်လေးသိန်းအထိ တိုးမြှင့်သတ်မှတ်ထားပြီး ယင်း မြို့နယ်များရှိ ယောမင်းကြီးလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းများကို ယခင် ကျပ် ၂၇၅,၀၀၀ မှ ယခုသတ်မှတ် ချက်တွင် ကျပ် ၃၃၀,၀၀၀ အထိ တိုးမြှင့်ထားကာ အတွင်း လမ်းများကို အနိမ့်ဆုံး ကျပ် ၁၅၀,၀၀၀ - ၁၈၀,၀၀၀ အထိ သတ်မှတ်ထားသည်။

တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်း ကျွန်း၊ တောင်ဥက်္ကလာပ၊ အင်းစိန်နှင့် အလုံ မြို့နယ်များရှိ လမ်းမ တန်းများသည် ယခင် ကျပ်တစ်သိန်းကျော်မှ နှုန်းထားသစ်အရ ကျပ်နှစ်သိန်းမှ နှစ်သိန်းခွဲအထိ နှစ်ဆကျော် ခန့် တိုးမြှင့်သွားပြီး အတွင်းလမ်းများသည် ယခင်နှုန်းထားထက် အနည်းငယ်သာ မြင့်တက်ခဲ့ကာ ကျပ် ၅၀,၀၀၀ ၀န်းကျင် သတ်မှတ်ထားသည်။

မရမ်းကုန်း၊ စမ်းချောင်း၊ လှိုင်နှင့် ကမာရွတ်မြို့နယ်များရှိ အချက်အချာကျသည့် လမ်းမများ၌ ယခင်နှုန်းထား ကျပ် ၂၇၀,၀၀၀ ၀န်းကျင်မှ ကျပ်လေးသိန်းအထိ၊ အခြား လမ်းများတွင် ကျပ် ၇၀,၀၀၀ အထိ ဈေးနှုန်းများ တိုးမြှင့်သတ်မှတ်ထားကာ ယင်းမြို့နယ်များရှိ အတွင်းလမ်းမများ၌ ယခင် နှုန်းထားများနှင့် ကွာဟမှုမရှိပေ။

မြေအရောင်းအဝယ် အများဆုံးပြုလုပ်လေ့ရှိသည့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပဲခူးမြစ်လမ်း၊ ရတနာလမ်းများရှိ မြေတစ်ကွက်လျှင် ယခင် ကျပ်သိန်း ၁၃၀ မှ ၃၀၀အထိ နှစ်ဆ ကျော်တိုးမြှင့်ထားကာ အတွင်းလမ်းများမှာ ဈေးနှုန်းကွာဟမှု အနည်းငယ်သာရှိသည်။

ရွှေပြည်သာ၊ ဒဂုံတောင်/မြောက်/ အရှေ့မြို့နယ်များရှိ စက်မှုဇုန်များနှင့် လမ်းမများတွင် တစ်ကွက်လျှင် ကျပ် သိန်း ၉၀၀ ၀န်းကျင်မှ ၁၂၀၀ အထိ ဈေးနှုန်များ သတ်မှတ်ထားပြီး လှိုင်သာယာစက်မှုဇုန်မြေ တစ် ကွက်လျှင် ကျပ်သိန်း ၁,၄၅၀မှ ၁၉၀၀ အထိ တိုးမြှင့်ထားသည်။ ကျန်မြို့နယ်များရှိ လမ်းမတန်းများတွင် ယခင်နှုန်းထားထက် ကျပ် ၃၀,၀၀၀ မှ ၅၀,၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းတိုးမြှင့်ထားသည်။

တိုက်ခန်းများ ရောင်းဝယ်ခြင်းကို မြို့တွင်း ခြောက်မြို့နယ်နှင့် စမ်းချောင်း၊ ဗဟန်း စသည့်မြို့နယ်များတွင် မြေညီထပ် တစ်ပေ ပတ်လည်လျှင် အနည်းဆုံး ကျပ် ၆၀,၀၀၀ ကျော်၊ ရန်ကင်း၊ သင်္ဃန်းကျွန်းတို့တွင် ကျပ် ၄၅,၀၀၀ ကျော်၊ မြောက်ဥက်္ကလာပ၊ သာ ကေတတို့တွင် အနည်းဆုံး ကျပ် ၂၀,၀၀၀ ကျော် သတ်မှတ်ထား သည်။

ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့သည် ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေးနယ်နိမိတ်အတွင်း မြို့နယ်များ သတ်မှတ်ပေးခဲ့ပြီး ယခုနှစ်တွင် စည်ပင်ဧရိယာ ပြင်ပမြို့နယ် များကိုလည်း စတင်သတ်မှတ်ပေးထားသည်။

Mizzima - News in Burmese
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ နေအိမ်အဆောက်အုံများကို တွေ့ရစဉ်။ (ဓာတ်ပုံ - လွင်မောင်မောင်၊ မဇ္ဈိမ)
ရန်ကုန်အိမ်ခြံမြေ ဝယ်ယူ၊ ရောင်းချခြင်းများမှ အခွန်ကောက်ခံစိစစ်ရန် အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်သည့် ရန်ကုန်အိမ်ခြံမြေ ကာလ တန်ဖိုး ဈေးနှုန်းအသစ်များသည် ပြီးခဲ့သည့်နှစ်နှုန်းထားများထက် ၃၀ ရာခိုင်နှုန်းမှ နှစ်ဆကျော်အထိ မြင့်တက်ခဲ့သည်။

ရော်နယ်လ်ဒိုကို ရီးယဲလ်တွင် ဆက်ရှိနေစေလိုကြောင်း ဘေးလ်ဖွင့်ဟ

Photo: ရော်နယ်လ်ဒိုကို ရီးယဲလ်တွင် ဆက်ရှိနေစေလိုကြောင်း ဘေးလ်ဖွင့်ဟ
Wednesday, October 8, 2014

ရီးယဲလ်မက်ဒရစ် အသင်းမှ ခရစ္စတီယာနို ထွက်ခွာသွားသည်ကို မလိုလားကြောင်း ဂါရတ်သ်ဘေးလ်က ထုတ်ဖော် ပြောကြားခဲ့သည်။
 
ရော်နယ်လ်ဒိုသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ၎င်း၏ (၂၂)ကြိမ်မြောက် လာလီဂါ Hat-Trick စံချိန်ကို ရရှိခဲ့ပြီးနောက် ရီးယဲလ် ဂန္ထဝင်ဟောင်း အယ်လ်ဖရက်ဒို ဒီစတီဖာနိုနှင့် အက်သလက်တီကို ဘီလ်ဘာအို တိုက်စစ်မှူးဟောင်း တယ်လ်မို ဇာရာတို့၏ စံချိန်နှင့် တူညီစွာ ရပ်တည်နိုင်ခဲ့သည်။ ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင်သည် အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်သို့ ပြန်လည် ကူးပြောင်းနိုင်ကြောင်း ကောလာဟလများ ထွက်ပေါ်နေသော်လည်း ဘေးလ်ကမူ ရော်နယ်လ်ဒိုကို ဘာနေဗျူးတွင်သာ ဆက်ရှိစေလိုကြောင်း ဆိုသည်။
 
ဝေလ လက်ရွေးစင် တောင်ပံလူ ဘေးလ်က “ရော်နယ်လ်ဒိုဟာ ကမ္ဘာ့အဆင့် ကစားသမား တစ်ယောက်ပါ။ တစ်နှစ်ပြီးတစ်နှစ် ဂိုးသွင်းစွမ်းရည် ပိုပိုပြီး ထက်မြက်လာနေတဲ့သူ ဖြစ်ပါတယ်။ သေချာပါတယ်။ သူ့လို ကစားသမားမျိုးကို ဘယ်ရီးယဲလ် အသင်းသားမှ ထွက်ခွာမသွားစေချင်ပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း သူ့ကို ရီးယဲလ်မှာပဲ ဆက်နေစေချင်ပါတယ်”ဟု ပြောကြားခဲ့သည်။ သတင်းအချို့က ယူနိုက်တက်သည် ဘေးလ်ကိုလည်း ရော်နယ်လ်ဒိုနည်းတူ ပစ်မှတ်ထားနေကြောင်း ခန့်မှန်း ဖော်ပြခဲ့သည်။
 
ယခုရာသီ ဘေးလ်၏ စွမ်းဆောင်ရည်ပိုင်းနှင့် ပတ်သက်၍ ရီးယဲလ် ပရိသတ် အချို့က မပျော်မရွှင် ဖြစ်နေသည့်နောက် ယူနိုက်တက်က အခြေအနေကို စောင့်ကြည့်နေခြင်းဟု ဆိုသည်။ သို့သော်လည်း ဘေးလ်က ၎င်းကိုယ်တိုင် ရီးယဲလ်မှ ထွက်ခွာရန် စိတ်ကူးမရှိဟု ဖြေရှင်းခဲ့သည်။ “ကျွန်တော်က အသင်းနဲ့ (၆)နှစ် စာချုပ်ထားတာပါ။ ဒီစာချုပ်အပြင် တခြားဘာကိုမှ စဉ်းစားမနေပါဘူး”ဟု အသက်(၂၅)နှစ်အရွယ် ကစားသမားက ပြောကြားသွားသည်။

Soccer Myanmar
ရီးယဲလ်မက်ဒရစ် အသင်းမှ ခရစ္စတီယာနို ထွက်ခွာသွားသည်ကို မလိုလားကြောင်း ဂါရတ်သ်ဘေးလ်က ထုတ်ဖော် ပြောကြားခဲ့သည်။