Wednesday, January 14, 2015

တရုတ်သံရုံးရှေ့ ဆန္ဒပြသူ ၅ ဦး ရုံးထုတ်

လက်ပံတောင်းတောင် ပဋိပက္ခအတွင်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် တောင်သူ ဒေါ်ခင်ဝင်း သေဆုံးခဲ့မှုကို စုံစမ်းဖော်ထုတ်ပေးဖို့ ဒီဇင်ဘာလ ၂၉ ရက်နေ့က တရုတ် သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ ဗိုလ်ကြီးဟောင်းနေမျိုး ဇင်၊ ဒေါ်နော်အုန်းလှ၊ ဒေါ်စန်းစန်းဝင်း၊ ကိုတင်ထွဋ်ပိုင် နဲ့ ဒေါ်စိန်ထွေး တို့ကို ဒဂုံမြို့နယ်တရားရုံးမှာ အင်္ဂါနေ့က ရုံးထုတ်ခဲ့ပါတယ်။

၄၈ ပွင့် တွေ့ဆုံပွဲ အကြံပြုချက်များ လိုချင်၍ တွေ့ဆုံခြင်းဟု ဦးရဲထွဋ် ဆို


U-Ye-Htut
ရန်ကုန် (မဇ္ဈိမ)။ ။ ဝေဖန်သံများ ထွက်ပေါ်နေသည့် သမ္မတနှင့် ၄၈ ဦး တွေ့ဆုံဆွေးနွေးပွဲသည် အကြံပြုချက်များစွာ လိုသည့် အတွက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်သည်။ဇန်နဝါရီ ၁၃ ရက်က Central Hotel တွင် ပြုလုပ်သည့် ပြုပြင်ပြောင်းလဲရေး ပြည်သူနှင့် နီးသလား၊ ဝေးသလား စကားဝိုင်းတွင် သမ္မတရုံးဝန်ကြီး ဦးရဲထွဋ်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

လူကုန်ကူးခံရမှု အများဆုံးမြို့နယ်၌ မန္တလေး ခုနစ်မြို့နယ် ပါဝင်


တရုတ်နိုင်ငံသို့ လူကုန်ကူး ခံရသည့် အမျိုးသမီးများ က မန္တလေးမြို့သို့ ပြန်လည် ဝင်ရောက်ကာ လူကုန်ကူးမှု ကျူးလွန်သည့် ဖြစ်ရပ်များ ပိုမိုဖြစ်ပွား လာပြီး မြန်မာနိုင်ငံ အတွင်း လူကုန်ကူး ခံရမှု အများဆုံး မြို့နယ်များ၌ မန္တလေး မြို့ပေါ်ရှိ မြို့နယ် ခုနစ်မြို့နယ် ပါဝင်လျက် ရှိကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့စု (မန္တလေး)မှ သိရသည်။

MPT ဝန်ဆောင်ခ လျှော့ချမှုတွင် ၇၃၊ ၄၉ ဖုန်းများ မပါဝင်သဖြင့် CDMA ဖုန်း အသုံးပြုသူများ ဝေဖန်


MPT-SIM-3
ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) က ၎င်းတို့၏ ဝန်ဆောင်ခကို လျှော့ချရန် ဆွေသဟာ အစီအစဉ်ကို ဇန်န၀ါရီ ၉ ရက် က စတင်မိတ်ဆက်ခဲ့ပြီးနောက် ယင်းအစီအစဉ်ကို အသုံးပြုနိုင်မည့် ဖုန်းများတွင် CDMA 800 MHz နှင့် 450 MHz ဖုန်းများ မပါဝင်သဖြင့် အဆိုပါဖုန်း အသုံးပြုသူများက ဝေဖန်ကြသည်။မြန်မာ့ ဆက်သွယ်ရေးက ဝန်ဆောင်ခများ လျှော့ချသည့် အစီအစဉ်ကို ဇန်နဝါရီ ၉ ရက်က စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ကြေညာခဲ့ပြီး၇၃၊ ၄၉ နှင့် စသည့် CDMA ဖုန်းများ မပါဝင်သဖြင့် အသုံးပြုသူများက ဝေဖန်မှုများ ရှိနေခဲ့သည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ခွေးစာ စားပြီး အသက်ရှင်ရသူ

Photo: ခွေးစာ စားပြီး အသက်ရှင်ရသူ

ဇန်န၀ါရီလ ၁၄ ရက်၊ ၂၀၁၅

ခွေးစား စားပြီး အသက်ရှင်ရသူဆိုလို့ တစ်မျိုးမထင်လိုက်ပါနဲ့။ ပုံမှာ မြင်တွေ့ နေရတဲ့ အသက် ၃၈နှစ်အရွယ် Lucy Postins အမည်ရ အမျိုးသမီးဟာ The Honest Kitchen လို့အမည်ရတဲ့ အမေရိက နဲ့ ဥရောပက နာမည်ကြီး ခွေးအစားအစာ ထုတ်လုပ်ရောင်းချရေး ကုမ္ပဏီ ပိုင်ရှင် ဖြစ်ပါတယ်။ သူမဟာ ကုမ္ပဏီရဲ့ ပိုင်ရှင်၊ စီအီးအို ဖြစ်သလို ခွေးစာ အစားအစာကို စမ်းသပ် မြည်းဆန်းသူ လည်း ဖြစ်ပါတယ်။

ယင်းကို dog food human taster ရာထူးလို့လည်းခေါ်ပြီး သူမဟာ ဆိုရင် ယင်း အသက်မွေးဝမ်းကျောင်းလမ်းပေါ်မှာ အဆင့်အမြင့်ဆုံး ကျွမ်းကျင်ထားပြီးသူ ဖြစ် ပါတယ်။ သူမ တစ်ယောက်တည်းတင် မဟုတ်ပဲ ခွေးစားကို စမ်းသပ်မြည်းစမ်းစားသုံးတဲ့ အလုပ်အကိုင်ဟာ ဝင်ငွေကောင်းတဲ့ အလုပ်အဖြစ်လည်း ပါဝင်နေပြီး အတွေ့အကြုံမရှိပဲ စလုပ်ရင်တော့ တစ်နှစ်ကို ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ ၃သောင်း ရနိုင်ပါတယ်။ ဝါရင့်သွားပြီ ဆိုရင် တစ်လကို အမေရိကန်ဒေါ်လာ ၆သောင်း၊ ၇ သောင်းလောက် ရရှိပြီး တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ သိန်းနား ကပ်ပါတယ်။

ယင်းအလုပ်ကို လုပ်မယ်ဆိုရင်လည်း ခိုင်မာပြီး ကျန်းမာတဲ့ သွားရှိဖို့လိုအပ်ပါတယ်တဲ့။ ခွေးစာများကို လူသားတို့ စမ်းသပ် စားသုံးကြည့်ရတဲ့ အဆင့် တစ်ခုထားရှိထားပြီး ယင်းအဆင့်အောင်မြင်မှသာ ထုတ်လုပ်မှု နောက်တစ်ဆင့်ကို သွားတာ ဖြစ်ပါတယ်။ လူသားကိုလည်း ဆိုးကျိုးမဖြစ်စေပါဘူး။ ခွေးတွေ စားချင်စိတ် ရှိမရှိ၊ အရသာ သူတို့အတွက် ကောင်းမကောင်း စမ်းစစ်ရတာ ဖြစ်ပါတယ်။ ယင်း အဆင့်ကို ကျော်လွန်ပြီးမှလည်း သူတို့နိုင်ငံက FDA ဟာ ရောင်းချဖို့ ခွင့်ပြု ပါသတဲ့။

ပုံမှာ မြင်တွေ့ရတဲ့ အမျိုးသမီး Lucy Postins ဟာ တစ်ဘဝစာလုံး ခွေးစားကို စမ်းသပ်စားသုံးမှုနဲ့ ကြိုးစားလာပြီး ကြီးပွားအောင်မြင်တဲ့ စီးပွားရေး လုပ်ငန်း တစ်ခု ဖြစ်လာခဲ့ပါတယ်။ တစ်ခါတစ်ကျတော့ စီးပွားရေး လုပ်တဲ့အခါ၊ အလုပ်လုပ်တဲ့ အခါ သမာအာဇီဝ မှန်ရင်၊ လူကဲ့ရဲ့မှာ မကြောက်ရင် အခြေအနေ နေရာ တစ်ခုတော့ ရောက်နိုင်ကြောင်းကို သူမက သက်သေပြခဲ့ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
ခွေးစား စားပြီး အသက်ရှင်ရသူဆိုလို့ တစ်မျိုးမထင်လိုက်ပါနဲ့။ ပုံမှာ မြင်တွေ့ နေရတဲ့ အသက် ၃၈နှစ်အရွယ် Lucy Postins အမည်ရ အမျိုးသမီးဟာ The Honest Kitchen လို့အမည်ရတဲ့ အမေရိက နဲ့ ဥရောပက နာမည်ကြီး ခွေးအစားအစာ ထုတ်လုပ်ရောင်းချရေး ကုမ္ပဏီ ပိုင်ရှင် ဖြစ်ပါတယ်။ သူမဟာ ကုမ္ပဏီရဲ့ ပိုင်ရှင်၊ စီအီးအို ဖြစ်သလို ခွေးစာ အစားအစာကို စမ်းသပ် မြည်းဆန်းသူ လည်း ဖြစ်ပါတယ်။

ယင်းကို dog food human taster ရာထူးလို့လည်းခေါ်ပြီး သူမဟာ ဆိုရင် ယင်း အသက်မွေးဝမ်းကျောင်းလမ်းပေါ်မှာ အဆင့်အမြင့်ဆုံး ကျွမ်းကျင်ထားပြီးသူ ဖြစ် ပါတယ်။ သူမ တစ်ယောက်တည်းတင် မဟုတ်ပဲ ခွေးစားကို စမ်းသပ်မြည်းစမ်းစားသုံးတဲ့ အလုပ်အကိုင်ဟာ ဝင်ငွေကောင်းတဲ့ အလုပ်အဖြစ်လည်း ပါဝင်နေပြီး အတွေ့အကြုံမရှိပဲ စလုပ်ရင်တော့ တစ်နှစ်ကို ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ ၃သောင်း ရနိုင်ပါတယ်။ ဝါရင့်သွားပြီ ဆိုရင် တစ်လကို အမေရိကန်ဒေါ်လာ ၆သောင်း၊ ၇ သောင်းလောက် ရရှိပြီး တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ သိန်းနား ကပ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အဆိုကို ပြန်လည်ရုပ်သိမ်းစရာ မရှိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား


ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အဆိုကို ပြန်လည်ရုပ်သိမ်းစရာ မရှိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဇန်န၀ါရီ ၁၃ ရက်တွင် မီဒီယာများအား ပြောကြားသည်။
သတင်းထောက်တစ်ဦးက ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အဆိုကို ပြန်လည်ရုပ်သိမ်းရန် ရှိမရှိ မေးမြန်းမှုအပေါ် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အဆိုကို ပြန်လည်ရုပ်သိမ်းစရာ မရှိပါဘူး။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားပြီး ဖြစ်တဲ့ကိစ္စ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ဒုက္ခသည်များအကူအညီမရအောင် တားဆီးပိတ်ပင်မှုများ ချက်ချင်းရပ်တန့်ရန် ကန်လူ့အခွင့်အရေးဝန်ကြီးပြောကြား


ဒုက္ခသည်များအား အကူအညီမရအောင် တားဆီး ပိတ်ပင်ခြင်းများ ချက်ချင်းရပ်သင့်ကြောင်း ကချင်ပြည်နယ်သို့ နှစ်ရက်တာလာရောက်ခဲ့သည့် အမေရိကန်အစိုးရ ကိုယ်စား လှယ်အဖွဲ့မှ အမေရိကန်ဒီမိုက ရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ် သမားရေးရာလက်ထောက်နိုင်ငံ ခြားရေးဝန်ကြီး တွမ်မာလီနော စကီးက ကချင်ပြည်နယ်ခရီးစဉ် အပြီးတွင် သတင်းထောက်များ အား ပြောကြားသည်။

သစ်တောများကို သတ်ဖြတ်ကြသည်


အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ပါဝင်ပတ်သက်မှုရှိသည်ဟု ဆို သော လူအင်အားတစ်ရာကျော် နှင့် ယာဉ်ယန္တရားငါးရာခန့်ရှိသည့် ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်ရှိ သစ်မှောင်ခိုစခန်းဖမ်းဆီးရမိသည့်သတင်းကို ရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည်။

ထိုစခန်းမှ ဖမ်းဆီးရမိသည့် ခိုးထုတ်သစ်များ တိုင်းတာနေဆဲဖြစ်၍ အစိုးရက ထုတ်ပြန်ထား ခြင်းမရှိသေးချေ။ အစိုးရ၏ သစ် မှောင်ခိုဖမ်းဆီးမှုသမိုင်းတွင် လူ အင်အားအများဆုံးနှင့် သစ်တင် ကားအများဆုံးဖမ်းဆီးရမိသည့် အမှုဖြစ်သောကြောင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ များအကြား အံ့အားသင့်ခဲ့ကြရ သည်။

ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယ၀န်ကြီးချုပ်လက်ဆောင်ပေးခဲ့သည့် မဟာဗောဓိညောင်ပင် ပင်စည်ပုပ်ရာမှ ပြန်လည်ကောင်းမွန်လာ


Photo: ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယ၀န်ကြီးချုပ်လက်ဆောင်ပေးခဲ့သည့် မဟာဗောဓိညောင်ပင် ပင်စည်ပုပ်ရာမှ ပြန်လည်ကောင်းမွန်လာ

ဇန်န၀ါရီလ ၁၄ ရက်၊ ၂၀၁၅

ဒေါ်အောင်ဆန်းစုကြည်အားအိန္ဒိယ၀န်ကြီးချုပ်က လက်ဆောင်ပေးခဲ့သည့် မဟာဗောဓိညောင်ပင်ကို ပြည်မြို့တစ်ဖက်ကမ်းရှိ ပရဟိတတောင်ကုန်းတွင် စိုက်ပျိုးထားခဲ့ရာ ပင်စည်ပုပ်ပြီးသေဆုံးမည့်အခြေအနေဖြစ်ပေါ် ခဲ့ကြောင်း ထိန်းသိမ်းစောင့်ရှောက် မှုပေးနေသော မိုးမေတ္တာနာရေး ကူညီမှုအသင်းမှ သိရသည်။

‘‘တောင်ကုန်းပေါ်မှာ စိုက်ပျိုးပြီးတစ်လလောက်အကြာမှာ ပင်စည်အလယ်က ပုပ်ပြီး သေ တော့မလိုဖြစ်ခဲ့လို့ စိုးရိမ်ခဲ့ရ တယ်။ ဒါပေမဲ့ ထူးခြားစွာအဲဒီနေ ရာကနေ ခက်မ လေးခုဖြာပြီး အ သစ်ထွက်လာတယ်။ ဆရာဦး ကျော်သူ ကတောင် ပြောသေး တယ်။ ညောင်ကိုင်းလေးခုဖြာ ထွက်လာတာ ဗြဟ္မစိုရ် တရား လေးပါးလက်ကိုင်ထားသူ၊ ပရဟိ တဆောင်ရွက်သူတွေရဲ့ ကိုယ်ပွား နိမိတ်ပဲ။ ကောင်းမွန်တဲ့ မဟာ ဗောဓိညောင်လေးခက်ဖြာထွက် လာတာလို့ပဲ ဆိုခဲ့တယ်’’ဟု မိုး မေတ္တာနာရေးကူညီမှုအသင်းမှဦး ညီညီအောင်ကပြောသည်။

ပြည်မြို့တစ်ဖက်ကမ်းရှိ ပရဟိတတောင်ကုန်းတွင် ပရဟိ တဆောင်ရွက်သူ များသစ္စာပြုနိုင် ရန် ရည်ရွယ်ပြီးနာရေးကူညီမှုအ သင်း(ရန်ကုန်)ဥက္ကဋ္ဌဦးကျော်သူ ဦးဆောင်တည်ထားသည့် မဟာပဏီတပရဟိတအောင်တော်မူ စေ တီတော်မြတ်ကြီးအောက် ရင်ပြင်၌ မဟာဗောဓိညောင်ပင်ကို၂၀၁၄ ကဆုန်လပြည့်နေ့တွင် စိုက်ပျိုးခဲ့ကြောင်း၊ ဒေါ်အောင် ဆန်းစုကြည်အား အိန္ဒိယ၀န်ကြီးချုပ်က လက်ဆောင်ပေးအပ်ခဲ့ သည့် မဟာဗောဓိညောင်ပင်ကို ပခုက္ကူဆရာတော်ကြီးထံ လှူဒါန်းခဲ့ရာ ပခုက္ကူဆရာတော်ကြီးက နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူအားပေးအပ်ခဲ့ခြင်း ဖြစ်သည်။

စိုက်ပျိုးစဉ်က အပင်ရှင်သန် အမြစ်တွယ်မှုကောင်းမွန်စေရန် ရည်ရွယ်ပြီး မြေ ကျင်းတူးခဲ့ရာမြေ တွင် အနည်းငယ်နက်သွားခဲ့သ ဖြင့် ပင်စည်အလယ်ပိုင်းမှာမြေ သား၊ ရေတို့နှင့် ထိတွေ့ကာ ဆွေး မြည့်ပုပ်သွားခဲ့ကြောင်း၊ သို့ရာတွင် ယင်းနေ ရာမှာ ခက်မလေးခု ဖြာထွက်လာပြီး ယခုအခါရှင်သန် ကြီးထွား ကောင်းမွန် လျက်ရှိကြောင်း၊ ညောင်ပင်စည်ခတ်မ များကို ညောင်ထောက်များဖြင့် ထောက် ကူထားကြောင်း သိရ သည်။

ဒေါ်အောင်ဆန်းစုကြည် ပြည်မြို့သို့ လာရောက်ခဲ့ပါက ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ မဟာဗောဓိညောင်ပင်စိုက်ပျိုး ထားရာ ပရဟိတတောင်ကုန်းသို့ လာရောက်ရန် ဖိတ်ကြားထား ကြောင်းလည်း မဟာဗောဓိ ညောင်ပင် ထိန်းသိမ်းစောင့်ရှောက်နေသူများထံမှ သိရသည်။

‘‘မဟာဗောဓိညောင်ရဲ့ အရွက်က တခြားညောင်ရွက်တွေနဲ့ မတူကွဲပြား စွာတွေ့ရတယ်။ အ ရွက်တွေဟာ စိမ်းလန်းမှုအား ကောင်းပြီး အမြင်အာရုံကို ကြည် နူးစေတယ်။ အခုဆိုအပင်လေး ခတ်မှာ နှစ်ခက်ကပိုမြင့်ပြီးအောက်ခြေ ကနေ ၁၅ပေကျော် လောက်ရှိ နေပြီ’’ဟု ပြည်မြို့ဒေသခံတစ်ဦး ကပြောသည်။

7Day News Journal
ဒေါ်အောင်ဆန်းစုကြည်အားအိန္ဒိယ၀န်ကြီးချုပ်က လက်ဆောင်ပေးခဲ့သည့် မဟာဗောဓိညောင်ပင်ကို ပြည်မြို့တစ်ဖက်ကမ်းရှိ ပရဟိတတောင်ကုန်းတွင် စိုက်ပျိုးထားခဲ့ရာ ပင်စည်ပုပ်ပြီးသေဆုံးမည့် အခြေအနေဖြစ်ပေါ် ခဲ့ကြောင်း ထိန်းသိမ်းစောင့်ရှောက် မှုပေးနေသော မိုးမေတ္တာနာရေး ကူညီမှုအသင်းမှ သိရသည်။

အာရှယူ-၂၃ ခြေစစ်ပွဲအတွက် မြန်မာအသင်း စတင်လေ့ကျင့်


အာရှဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် အာရှယူ-၂၃ ဘောလုံးပြိုင်ပွဲခြေစစ်ပွဲကို ယှဉ်ပြိုင်ရန်အတွက် မြန်မာယူ-၂၃ အသင်းမှာ ယနေ့ညနေပိုင်းမှစ၍ လေ့ကျင့်မှုများပြုလုပ်လျက် ရှိသည်။ ခြေစစ်ပွဲဝင်မည့် မြန်မာယူ-၂၃ အသင်းကို ပဏာမကစားသမား ၃၈ ဦးဖြင့် ဖွဲ့စည်း ထားသည်။
မြန်မာယူ-၂၃ အသင်းနည်းပြချုပ်ဖြစ်သူ အေဗရာမိုဗစ်မှာ ရွေးချယ်ထားသော ကစား သမားများ အရည်အသွေးပိုမိုတိုးတက်စေရန်အတွက် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် တစ်ပတ် လျှင် နှစ်ရက်နှုန်းဖြင့် လေ့ကျင့်ခြင်းဖြစ်ပြီး မတ် ၃ ရက်မှသာ စခန်းဝင်လေ့ကျင့်သွားမည်ဖြစ်သည်။ ပဏာမကစားသမားများထဲမှ ကျော်ဇင်ဖြိုး၊ ချစ်စုမိုး၊ရဲဝင်းအောင်၊ စည်သူအောင်၊ နေလင်း ထွန်း၊ အောင်ကျော်နိုင်နှင့် သိန်းဇော် တို့မှာ အပတ်စဉ်လေ့ကျင့်မှုတွင် မပါဝင်ဘဲ မတ် ၃ ရက်မှသာ လေ့ကျင့် ရမည်ဖြစ်သည်။ ရွေးချယ်ထားသော ပဏာမကစားသမားအချို့မှာ ဒဏ်ရာ ပြဿနာများနှင့်ရင်ဆိုင်နေရပြီး ဇန်န ဝါရီ ၁၃ ရက် ညနေပိုင်းက ပြုလုပ်သည့် အသင်း၏ ပထမဆုံးလေ့ကျင့်မှုတွင် လည်း ကစားသမားစုံလင်ခြင်းမရှိခဲ့ပေ။

မြန်မာ့ဆက်သွယ်ရေး၏ ဆွေသဟာ ၀န်ဆောင်မှု မှတ်ပုံတင်ရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေ


အမ်ပီတီ၏ ဆွေသဟာ ၀န်ဆောင်မှုအသစ် အသုံးပြုရန် မှတ်ပုံတင်ခြင်းနှင့် အင်တာနက် အသုံးပြုခြင်းတို့ ပြုလုပ်ရာ၌ အ ဆင်မပြေမှုများ ကြုံတွေ့ခဲ့ရ ကြောင်း မိုဘိုင်းဖုန်းအသုံးပြုသူ များထံမှ သတင်းရရှိသည်။

‘‘ဆွေသဟာကို စမ်းသုံး ကြည့်ဖို့အတွက် SMS နံပါတ် ၁၃၃၂ ကို SWE လို့ ရိုက်ပြီးပို့ တာ ဘာမှလည်းအကြောင်း ပြန် မလာဘူး။ အခုထိ သုံးလို့မရသေး ဘူး’’ဟု မြောက်ဥက္ကလာပမြို့နယ် နေ မိုဘိုင်းဖုန်း အသုံးပြုသူ ကိုဝေယံဦးက ပြောသည်။

ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှုတွေကို ထိန်းညှိ


နိုင်ငံတော် အခမ်းအနားတွေအတွက် လုံခြုံရေးကိုတော့ ရဲတပ်ဖွဲ့ကပဲ ယူပါသေးတယ်။
မြန်မာနိုင်ငံမှာ လုံခြုံရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ပုဂ္ဂလိကတွေ ပူးပေါင်းတဲ့ အဖွဲ့ ပေါ်ပေါက်လာရေးနဲ့ လုံခြုံရေး လုပ်ငန်းဆိုင်ရာ ဥပဒေပေါ်ပေါက်လာရေး အတွက် လုံခြုံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီတွေက တာဝန်ရှိသူတွေ ရန်ကုန်မြို့ စဲန်ထရယ်ဟိုတယ်မှာ ဇန္နဝါရီလ ၁၃ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။

သီတဂူဆရာတော် အထူးကြေညာချက် ထုတ်ပြန် သီတဂူဆရာတော်က အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်များအဖွဲ့ ဥက္ကဋ္ဌမှအပ အခြားဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး အဖွဲ့များတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေခြင်း မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ


သီတဂူဆရာတော်ကြီး သည် အပြည်ပြည်ဆိုင်ရာ ထေရ ၀ါဒတက္ကသိုလ်များအဖွဲ့၏ ဥက္ကဋ္ဌ အဖြစ်သာ တာဝန်ထမ်းဆောင် နေပြီး အခြားမည်သည့် ဘာသာ ရေးအသင်းအဖွဲ့၊ လူမှုရေးအဖွဲ့၊ နိုင်ငံရေးအဖွဲ့များတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်း ဆောင်နေခြင်း မရှိကြောင်း သီတ ဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ စီမံအုပ် ချုပ်ရေးအဖွဲ့က ဇန်နဝါရီ ၁၃ တွင် ထုတ်ပြန်ကြေ ညာသည်။

Tuesday, January 13, 2015

ငိုလွန်းသည့် ဆယ်ငါးရက်သမီးလေးကို အိပ်မရဖြစ်ရသည်ဟုဆိုကာ ဖခင်ဖြစ်သူက တိုက်ပြတင်းပေါက်ကနေ လွှင့်ပစ်၍ သေဆုံး

ဆားဘီးယားနိုင်ငံတွင် ဆယ်ငါးရက် သမီးလေးတစ်ဦးကို ငိုယိုလွန်းသည်ဟုဆိုကာ ဖခင်ရင်းဖြစ်သူက တိုက်ပြတင်းပေါက်က လွှင့်ပစ်ခံရ၍ သေဆုံးခဲ့ကြောင်း မိုင်ရာသတင်းတွင် ဇန်န၀ါရီ ၁၃ ရက်ကဖော်ပြသည်။ဘယ်လ်ဂရိတ်မြို့ တော်တွင် အသက် ၃၅နှစ်ရွယ် နီမန်ဂျာပီထရိုဗစ်ဆိုသူက ကလေးငယ် ငိုယိုလွန်းသဖြင့် အိပ်မရဖြစ်သည်ဟု ဆိုကာ နံနက် ၅နာရီခွဲခန့် က တိုက်ပြတင်းပေါက်မှ လွှင့်ပစ်လိုက်ခြင်းဖြစ်သည်။

MPT က ၂၀၁၅ နှစ်လယ်ပိုင်းတွင် 3G ကွန်ရက်ကို တစ်နိုင်ငံလုံးအနှံ့ ဖြန့်ကျက်သွားမည်ဟုဆို


ဂျပန် ဆက်သွယ်ရေးကုမ္ပဏီများဖြစ်သည့် KDDI , Sumitomo တို့နှင့် ပူးပေါင်းထားသည့် MPT အနေဖြင့် ၂၀၁၅ နှစ်လယ်ပိုင်းတွင် 3G ကွန်ရက်ကို တစ်နိုင်ငံ လုံးအနှံ့ ဖြန့်ကျက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ လိုအပ်နေသေးသည့်

အစိုးရက အပစ်ရပ်လက်မှတ်ထိုးရန် မိမိတို့အဖွဲ့ကို အသိအမှတ်မပြုခြင်းမှာ လက်နက်ကိုင်တိုက်ပွဲဝင်ခြင်း အကြောင်းရင်းတစ်ခုဟု ကိုးကန့်လက်နက်ကိုင် အဖွဲ့ပြော


ကိုးကန့်လက်နက်ကိုင် အဖွဲ့ မြန်မာအမျိုးသားဒီမိုကရေ စီမဟာမိတ်တပ်မတော် (MND-AA) အနေဖြင့် အစိုးရတပ်မတော် နှင့် ပြန်လည်ရင်ဆိုင်တိုက်ခိုက် တော့ မည်ဟု သတင်းထွက်ပေါ် လာရခြင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရာတွင် ပါဝင်လက်မှတ်ထိုးရန် ၎င်းတို့ ဘက်က အဆင်သင့်ရှိသော်လည်း အစိုးရဘက်က အသိအမှတ် မပြုခြင်းမှာ အချက်တစ်ချက် အဖြစ်ပါဝင်ကြောင်းMNDAA က ပြောကြားလိုက်သည်။

မန္တလေးတွင် တရားမ၀င် ဆေးခန်းဖွင့်သည့် တရုတ်နိုင်ငံသားများအား အမှုစစ်နိုင်ရန် လိုအပ်လျှင် နိုင်ငံတကာ မှုခင်းရဲတပ်ဖွဲ့ အကူအညီရယူမည်


မန္တလေးမြို့ တော်ဝင် နှင်းဆီပုဂ္ဂလိကဆေးရုံတွင် တရားမ၀င်ဆေးခန်းဖွင့်လှစ် သဖြင့် အမှုဖွင့်ခံထားရကာ တိမ်းရှောင် နေသည့် တရုတ်နိုင်ငံသားများ အား အမှုစစ်ဆေးနိုင်ရန် လိုအပ် လျှင် နိုင်ငံတကာရဲတပ်ဖွဲ့ (Inter-pol) ၏ အကူအညီ ရယူသွားမည် ဖြစ်ကြောင်း မန္တလေးခရိုင် ရဲ တပ်ဖွဲ့မှ သတင်းရရှိသည်။

မန္တလေးမြို့ ဘူတာကြီးအနီး ရှိ တော်ဝင်နှင်းဆီဆေးရုံသုံးလွှာ တွင် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အ တွင်းက တရုတ်နိုင်ငံသား ခြောက် ဦးသည် တရားမ၀င်ဆေးဝါး ကုသမှုများပြုလုပ်ခဲ့သည်။

MPT ၀န်ဆောင်ခလျှော့ချမှုတွင် ၇၃၊၄၉ ဖုန်းများ မပါဝင်သဖြင့် အသုံးပြုသူများ ဝေဖန်

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) ၎င်း တို့၏ ဝန်ဆောင်ခကို လျှော့ချရန် ဆွေသဟာအစီအစဉ်ကို ဇန်န၀ါရီ လ ၉ ရက်က စတင်မိတ်ဆက်ခဲ့ပြီးနောက် ယင်းအစီအစဉ်ကို အသုံးပြုနိုင်မည့် ဖုန်းများတွင် CDMA 800 MHz  နှင့် 450 MHz ဖုန်းများ မပါဝင်သဖြင့် အဆိုပါ ဖုန်းအသုံးပြုသူများက ဝေဖန်ကြသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ၀န်ဆောင်ခလျှော့ချမည့် အစီအစဉ်တွင်  CDMA 800 MHz  နှင့် 450 MHz  ဖုန်းများမပါဝင်ဟု MPT-KDDI-Sumitomo ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစု၏ အမှုဆောင် အရာရှိချုပ် Mr. Nagashima က ဇန်န၀ါရီလ ၉ ရက်က ပြုလုပ်ခဲ့သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

MPT ၏ ၁,၀၀၀ ကျပ်တန်နှင့် ၃,၀၀၀ ကျပ်တန် ငွေဖြည့်ကတ်များ စတင်ရောင်းချ


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တန်ဖိုးနည်း ငွေဖြည့်ကတ်များ စတင်ရောင်းချလိုက်ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၂ ရက်မှစတင်ကာ ဈေးကွက်အတွင်းသို့ ရောင်းချခြင်းဖြစ်သည်ဟု အရောင်းဆိုင်များမှ မေးမြန်းသိရှိရသည်။ ၁,၀၀၀ ကျပ်တန် ငွေဖြည့်ကတ်များနှင့် ၃,၀၀၀ ကျပ်တန် ငွေဖြည့်ကတ်များကို ပုံမှန်အရောင်းဆိုင်များနှင့် e top up အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ကြေညာသည်။

‘မုသာဝါဒဖြင့် အုပ်ချုပ်နေသည့် တိုင်းပြည်’ ဟု ပြက်လုံးထုတ်ခံရ


ရန်ကုန် (မဇ္ဈိမ) ။ ။ Sky Net ရုပ်သံလိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်ပေးနေသည့် အစီအစဉ် တစ်ခုတွင် ဟာသလူရွှင်တော် ပွမ်ပွမ်နှင့် ချစ်ချော တို့၏ ပြက်လုံးများသည် ထုတ်လွှင့်မှု ဖြတ်တောက်ခံလိုက်ရပြီး ‘မုသာဝါဒဖြင့် အုပ်ချုပ်နေသည့် တိုင်းပြည်’ ဟု ပြက်လုံးထုတ်လိုက်ခြင်း ဖြစ် သည်။

ဇန်နဝါရီ ၁၁ရက်ညက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးကွန်ယက် (၄)နှစ်ပြည့် ရံပုံငွေဂီတဖျော်ဖြေပွဲတွင် 'မုသာဝါဒနဲ့ အုပ်ချုပ်တဲ့ တိုင်းပြည်' ဟု ဟာသလူရွှင်တော်နှစ်ဦးက ပျက်လုံးထုတ်သွားခဲ့ခြင်းဖြစ်သည်။

ပေါက်ခေါင်းမြို့နယ်တွင် ထွန်တုံးတိုက် တောင်သူနှစ်ဦးကို ထောင်ဒဏ်အမိန့်ချ


pp
ပြည် (မဇ္ဈိမ)။ ။ ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် တရားရုံးက ထွန်တုံးတိုက် တောင်သူ နှစ်ဦးကို ပိုင်နက်ကျူးလွန် မှုဖြင့် ထောင်ဒဏ် နှစ်လစီ ဇန်န၀ါရီ၁၂ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း တောင်သူနှစ်ဦးဘက်က လိုက်ပါကူညီပေးသူ ကိုဝင်းလှိုင်က မဇ္ဈိမကို ပြောသည်။“နှစ်ယောက်စလုံးကို ထောင်နှစ်လစီ ချလိုက်တယ်ခင်ဗျ” ဟု ဟု အမိန့်ချစဉ် တရားရုံးတွင် ရှိနေသည့် ကိုဝင်းလှိုင်က ပြောသည်။

MECTEL ဆင်းမ်ကတ် အသုံးပြုသူများ အတွက် SMS တစ်စောင်လျှင် ၂၅ ကျပ်မှ ၁၅ ကျပ်သို့ လျှော့ချ


MECTEL ဆင်းမ်ကတ် အသုံးပြုသူများ အတွက် SMS တစ်စောင်လျှင် ၂၅ ကျပ်မှ ယခု ၁၅ ကျပ်သို့ လျှော့ချလိုက်ကြောင်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ တာဝန် ရှိသူက ပြောကြားလိုက်သည်။

ဇန်နဝါရီလ ၁၅ ရက်မှစတင်ကာ ထိုသို့လျှော့ချလိုက်ခြင်းဖြစ်ပြီး ယင်းအပြင် ယခင် ကတ်ပျက်၊ ကတ်ပျောက် အတွက် ၂၀,၀၀၀ ကျပ် ပေးသွင်းရရာမှ ယခု ၁,၅၀၀ ကျပ် သာ ပေးသွင်းရန် လည်း လျှော့ချသတ်မှတ်လိုက်ကြောင်း သိရသည်။

သမ္မတ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲ နေပြည်တော်၌ပြုလုပ်

သမ္မတ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော်နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊နိုင်ငံရေးပါတီကိုယ်စားပြုခေါင်းဆောင်များ ပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို ဇန်န၀ါရီ ၁၂ ရက်က နေပြည်တော်ရှိ သမ္မတ အိမ်တော်ငုရွှေဝါခန်းမ၌ပြုလုပ်ခဲ့သည်။


အဆိုပါတွေ့ဆုံပွဲကို နံနက် ၉ နာရီခွဲတွင်စတင်ခဲ့ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်း လဲမှုများဆက်လက်ဖြစ်ထွန်းရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုအခြေခံသည့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး၊ သက်ဆိုင်ရာနိုင်ငံရေးဆွေးနွေးပွဲများစတင်ကျင်းပနိုင်ရေး၊ လွတ်လပ်၍တရား မျှတသော ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ပြီး ညင်သာစွာ အသွင်ကူးပြောင်းသောနိုင်ငံရေး ဖြစ်စဉ်များပေါ်ပေါက်ရေးတို့အတွက် ညနေ ၄ နာရီခန့်အထိ ဆွေးနွေးမှု များပြုလုပ်ခဲ့ကြသည်။

အကြမ်းဖက် ဆက်နွှယ်မှု စွဲချက်ဖြင့် အစ္စလမ် ဘာသာဝင် ၂၀ ဦးကိုထောင်ဒဏ်နှစ်ရှည် ချမှတ်


ပြည်ပအကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်စပ်မှု ရှိသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးစစ်ဆေး ခံနေရသော အစ္စလမ် ဘာသာဝင် ၂၀ ဦးကို တောင်ကြီး ခရိုင်တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၇ နှစ်မှ ထောင်ဒဏ် ၁၉ နှစ် အထိ အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

“အမှုတွဲ စစ်ဆေး ပေါ်ပေါက်ချက်အရ တရားခံတွေ ပြစ်မှု ကျူးလွန်တယ်ဆိုတာ တရားလိုဘက်က ထိထိမိမိ ခိုင်ခိုင်မာမာ မဖော်ထုတ်နိုင်ပါဘူး။ ဒီလို ပြစ်ဒဏ်ချလိုက်တဲ့ အပေါ်မှာ ကျနော်တို့လည်း တော်တော်လေး အံ့အားသင့်တာပေါ့။ ပြစ်ဒဏ်တွေက ပြင်းထန်လွန်းတယ်။ ဖြောင့်ချက်ပေးတဲ့ ပုဂ္ဂိုလ် ၃ ယောက်က လွဲရင် ကျန်တဲ့သူတွေက ညိစွန်းမှု မရှိဘူး” ဟု အဆိုပါ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေဦးသိန်းရွှေက ပြောသည်။

နေပြည်တော် အရာရှိဝန်ထမ်းအိမ်ရာအချို့ ဖောက်ထွင်းခံနေရ

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အစိုးရအရာရှိ များနေထိုင်သည့် ဝန်ထမ်း အိမ်ရာ များတွင် နေ့လယ်ဘက်တွင် ဖောက်ထွင်းမှုများ ဖြစ်ပေါ်နေ ကြောင်း သတင်းရရှိသည်။

‘‘ဝန်ထမ်းတွေမရှိတဲ့ နေ့ လယ်ခင်းမှာ ဝင်ခိုးတာ။ ယူတာ တောင် တခြားပစ္စည်း တွေမယူ ဘူး။ ရွှေနဲ့ငွေကိုပဲ အဓိကခိုးယူကြတယ်’’ဟု ငွေကျပ်၁၅ သိန်း ဖောက်ထွင်းခံရသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။
အစိုးရဝန်ထမ်းအိမ်ရာများ ရှိ တံခါးပတ္တာများမှာ ခိုင်ခံ့မှု မရှိခြင်း၊ နေ့ခင်းဘက်လူပြတ် ခြင်း၊ လုံခြုံရေးမရှိခြင်း စသည့် အားနည်းမှုများရှိနေကြောင်း နေပြည်တော်ဝန်ထမ်းအိမ်ရာတွင် ခြောက်နှစ်ကြာနေထိုင်သူတစ်ဦး ကပြောသည်။

မက်ဆီ နျူအာတို့ကို မဲအပြတ်အသတ် အသာယူပြီး ကမ္ဘာ့အကောင်းဆုံးဆု ရော်နယ်ဒို ဆွတ်ခူး


Photo: မက်ဆီ နျူအာတို့ကို မဲအပြတ်အသတ် အသာယူပြီး ကမ္ဘာ့အကောင်းဆုံးဆု ရော်နယ်ဒို ဆွတ်ခူး

ဇန်န၀ါရီလ ၁၃ ရက်၊ ၂၀၁၅

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မက်ဆီ နျူအာတို့ကို ကျော်ဖြတ်ပြီး ၂၀၁၄ ခုနှစ်အတွက် ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆု ဆွတ်ခူးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ၆၁ ဂိုး သွင်းနိုင်ခဲ့ပြီး ရီးရဲလ်နဲ့အတူ ဖလားသုံးလုံး ရခဲ့တဲ့ ရော်နယ်ဒိုဟာ မဲ ၃၇.၆၆ ရာခိုင်နှုန်းနဲ့ မက်ဆီ နျူအာတို့ကို အပြတ်အသာ ရခဲ့တာဖြစ်ပါတယ်။ မက်ဆီက ၁၅ . ၇၆ ရာခိုင်နှုန်းပဲ မဲရခဲ့သလို နျူအာကလည်း ၁၅ . ၇၂ ရာခိုင်နှုန်းပဲ မဲရခဲ့ပါတယ်။

၂၀၁၄ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရခဲ့တဲ့အတွက် ရော်နယ်ဒိုဟာ ဒီဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်သူ ဖြစ်လာခဲ့ပြီး သူ့အတွက် ကစားသမားဘဝမှာ ၃ ကြိမ်မြောက် ဆုရခဲ့ခြင်း ဖြစ်လာပါတယ်။ ရော်နယ်ဒိုကို အာဆင်နယ် တိုက်စစ်မှူးဟောင်း အွန်နရီက ဆုချီးမြင့်ခဲ့ပြီး ရော်နယ်ဒိုက စိတ်ခံစားမှုကို သိမ်းမထားတတ်တဲ့ သူ့အကျင့်အတိုင်း စင်ပေါ်မှာ အော်ဟစ်ပြီး အောင်ပွဲခံခဲ့ပါတယ်။

တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကိုတော့ ဝုဖ်ဘတ် ကွင်းလယ်လူ ကက်စလာက ဆွတ်ခူးသွားပါတယ်။ ဂျာမနီအတွက် ကမ္ဘာ့ဖလား ရယူပေးနိုင်ခဲ့တဲ့ နည်းပြ ဂျိုအာချင်လိုက အကောင်းဆုံး အမျိုးသားနည်းပြဆု ရခဲ့ပြီး အသင်းအတွက် ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်ဆက် ရယူပေးနိုင်ခဲ့တဲ့ ဝုဖ်ဘတ်နည်းပြ ကယ်လာမန်ကတော့ အကောင်းဆုံး အမျိုးသမီးနည်းပြဆု ရခဲ့ပါတယ်။ ဥရုဂွေးဘက်ကို မြေမကျကန်သွင်းခဲ့တဲ့ ကိုလံဘီယာ တောင်ပံကစားသမား ဂျိမ်းရိုဒရီဂွက်ဇ်ရဲ့ဂိုးက တစ်နှစ်တာ အကောင်းဆုံး သွင်းဂိုးဆုရခဲ့ပါတယ်။

Nz ရိုးရာလေး
ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မက်ဆီ နျူအာတို့ကို ကျော်ဖြတ်ပြီး ၂၀၁၄ ခုနှစ်အတွက် ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆု ဆွတ်ခူးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ၆၁ ဂိုး သွင်းနိုင်ခဲ့ပြီး ရီးရဲလ်နဲ့အတူ ဖလားသုံးလုံး ရခဲ့တဲ့ ရော်နယ်ဒိုဟာ မဲ ၃၇.၆၆ ရာခိုင်နှုန်းနဲ့ မက်ဆီ နျူအာ  တို့ကို အပြတ်အသာ ရခဲ့တာဖြစ်ပါတယ်။ မက်ဆီက ၁၅ . ၇၆ ရာခိုင်နှုန်းပဲ မဲရခဲ့သလို နျူအာ ကလည်း ၁၅ . ၇၂ ရာခိုင်နှုန်းပဲ မဲရခဲ့ပါတယ်။

သေနတ်ပစ်ဖောက်မှုဖြင့် တရားစွဲခံရသူအမှု တရားလိုမအား၍ ရက်ချိန်းထပ်ယူ



ဂျီအီးတပ်၏အတွင်း သေနတ်ပစ်ဖောက်မှုဖြင့် တရားစွဲဆိုခံထားရသော ဒုဗိုလ်ချုပ်ကြီးဟောင်း ကျော်ဘ၏သားအမှု ဒုတိ ယမြောက်ရုံးချိန်းတွင် တရားလို ရဲအရာရှိက အလုပ်မအားသဖြင့် ဇန်န၀ါရီ ၂၈ ရက်သို့ ထပ်မံ ရက် ချိန်းယူခဲ့ကြောင်း ဒဂုံမြို့နယ် တရားရုံးမှသတင်းရရှိသည်။

‘‘တရားလိုအမှုစစ်က အလုပ်မအားလို့ ခွင့်ထပ်ယူထား တယ်။ ၂၈ ရက်ပြန်ချိန်းလိုက် တယ်’’ဟု ဒဂုံမြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

တရားစွဲခံရသော ဘားဆိုင်မန်နေဂျာ၏ အတူနေချစ်သူက အမှုကိုအေးအေးချမ်းချမ်း ပြီးစေလိုကြောင်းလျှောက်လဲ


ပုဒ်မသုံးခုဖြင့်တရားစွဲခံ ထားရသည့် VGastro Bar ဆိုင်မှ အထွေထွေမန်နေဂျာ ဖီးလစ်၏ အတူနေစေ့စပ်ထားသူက ၎င်းတို့ မိသားစုအတွက် မြန်မာနိုင်ငံ သည် အထူးနေရာတစ်ခုဖြစ်သော ကြောင့် ရင်ဆိုင်နေရသောအမှု ကို အေးအေးချမ်းချမ်းပြီးစေလို ကြောင်း ဗဟန်းမြို့နယ်တရားသူ ကြီးထံ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ် တပ်ထားသည့်ပုံဖြင့် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်တင်၍ ကြော်ငြာ ခြင်းကြောင့် ပုဒ်မသုံးခုဖြင့် တရား စွဲဆိုခံထားရသည့် VGastro Bar ဆိုင်မှ အထွေထွေမန်နေဂျာနယူး ဇီလန်နိုင်ငံသားဖီးလစ်၊ ဆိုင်ပိုင် ရှင်ထွန်းသူရိန်နှင့် မန်နေဂျာ ထွဋ် ကိုကိုလွင်တို့ကို ဇန်နဝါရီ ၁၂ ရက်က ငါးကြိမ်မြောက်ရုံးထုတ် စစ်ဆေးခဲ့သည်။

တရုတ်သံရုံးအနီး လက်ပံတောင်းအရေးဆန္ဒပြခေါင်းဆောင်လေးဦးကို ယနေ့ရုံးထုတ်မည်


တရုတ်သံရုံးအနီး လက် ပံတောင်းတောင်ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုတွင် ဦးဆောင် သူ လေးဦးကို ရန်ကုန်အနောက် ပိုင်းခရိုင် ဒဂုံမြို့နယ်တရားရုံး၌ ဇန်နဝါရီ ၁၃ ရက်တွင် ရုံးထုတ် မည်ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်ညနေက တရုတ်သံရုံးအနီးတွင်လက်ပံတောင်းတောင် စီမံကိန်း ကန့်ကွက်သူများနှင့် လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားခဲ့သည်။

ဦးဆောင်သူများဖြစ်သည့် ဗိုလ်ကြီးဟောင်းဦးနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ဒေါ်စိန်ထွေးနှင့် ကိုတင်ထွဋ်ပိုင်တို့ လေးဦးကို နံနက် ၉ နာရီခွဲခန့်တွင် ဒဂုံမြို့နယ် တရားရုံး၌ ရုံးချိန်းဆင့်ခေါ်ထား ကြောင်း တရားစွဲခံရသူများ ဘက် မှ ရှေ့နေလိုက်ပေးမည့် ဦးရော ဘတ်စန်းအောင်က ပြောသည်။

သမ္မတအိမ်တော် တွေ့ဆုံပွဲတွင် ဒေါ်စုနှင့်တိုင်းရင်းသားများ ထိပ်တိုက်တိုး ဟု ဆို


ဇန်နဝါရီလ ၁၂ ရက်နေ့ သမ္မတအိမ်တော် ဆွေးနွေးပွဲတွင် NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ထိပ်တိုက်တိုး ခဲ့ကြောင်း သတင်းရရှိသည်။ တိုင်းရင်းသား ကိုယ်စားလှယ် များက တည်ငြိမ် အေးချမ်းရေးနှင့် ပြည်သူများ လူမှုစီးပွား တိုးတက်ရေးက အရေးကြီးကြောင်း ပြောကြားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်နှင့် အချေအတင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။