၎င်းးက '' ကျွန်တော်တို့ရဲတပ်ဖွဲ့တွေက အလုပ်သမားတွေကို ဖမ်ဆီးတယ်ဆိုတာ မဟုတ်ပါဘူး။ အလုပ် ရှင်ဘက်က လာတိုင်ထားလို့ ခုလောလောဆယ်မှာ ၅ဝ၅(ခ)နဲ့ အမှုဖွင့်ပေးထားတာ နှစ်ဦးပဲရှိပါတယ်။ ကျွန်တော်တို့က ညှိနှိုင်းဖြေရှင်းဖို့ပဲ လုပ်ခဲ့တာပါ။ ဥပဒေအရပဲ လုပ်ဆောင်ခဲ့တယ်။ ရဲတပ်ဖွဲ့ဝင်တွေက ဘာအီကွေ့မန့်မှ မပါဘူး။ တစ်ခုမှအကြမ်းမဖက်ခဲ့ဘူး။ ခဲတွေ၊ တုတ်တွေနဲ့ ပေါက်တာကို ကြံ့ကြံ့ခံခဲ့တယ်။ အဆင့်ဆင့် ဖြေရှင်းတယ်။ ညှိနှိုင်းလို့ မရတော့လို့သာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာပါ''ဟု ဆိုသည်။
Monday, February 23, 2015
လုပ်ခတိုးပေးရန် တောင်းဆိုသည့် ရွှေပြည်သာ အလုပ်သမား နှစ်ဦး နိုင်ငံတော် အကြည်အညိုပျက်စေမှုဖြင့် အမှုဖွင့်ခံရ
၎င်းးက '' ကျွန်တော်တို့ရဲတပ်ဖွဲ့တွေက အလုပ်သမားတွေကို ဖမ်ဆီးတယ်ဆိုတာ မဟုတ်ပါဘူး။ အလုပ် ရှင်ဘက်က လာတိုင်ထားလို့ ခုလောလောဆယ်မှာ ၅ဝ၅(ခ)နဲ့ အမှုဖွင့်ပေးထားတာ နှစ်ဦးပဲရှိပါတယ်။ ကျွန်တော်တို့က ညှိနှိုင်းဖြေရှင်းဖို့ပဲ လုပ်ခဲ့တာပါ။ ဥပဒေအရပဲ လုပ်ဆောင်ခဲ့တယ်။ ရဲတပ်ဖွဲ့ဝင်တွေက ဘာအီကွေ့မန့်မှ မပါဘူး။ တစ်ခုမှအကြမ်းမဖက်ခဲ့ဘူး။ ခဲတွေ၊ တုတ်တွေနဲ့ ပေါက်တာကို ကြံ့ကြံ့ခံခဲ့တယ်။ အဆင့်ဆင့် ဖြေရှင်းတယ်။ ညှိနှိုင်းလို့ မရတော့လို့သာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာပါ''ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ်တွင် ကူးတို့ရေယာဉ် နစ်မြုပ်ပြီး လူ(၆၅)ဦးထက်မနည်း သေဆုံး
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ပိုင်းတွင် ကူးတို့ရေယာဉ်တစ်စီး တိမ်းမှောက်နစ်မြုပ်မှု ဖြစ်ပွားရာ အနည်းဆုံး လူ(၆၅)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
လူပေါင်း (၁၀၀)ကျော်ကို တင်ဆောင်လာသည့် ရေယာဉ်သည် ပတ်ဒ်မား မြစ်ထဲတွင် ပိုက်ချ ငါးဖမ်းသင်္ဘော တစ်စီးကို ဝင်တိုက်ပြီး နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ ဒါကာမြို့တော်မှ အနောက်မြောက်ဘက် ကီလိုမီတာ (၄၀)ခန့် အကွာတွင် ဖြစ်ပွားသော အဆိုပါ မတော်တဆမှုအတွင်း သေဆုံးသူများအနက် ငယ်ရွယ်သည့် ကလေးငယ် တစ်ဦးလည်း ပါဝင်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
တပ်မတော်သားများကို ဦးပိုင်တွင် အစုရှယ်ယာထည့်ဝင်ရန် ညွှန်ကြား
မြန်မာ့တပ်မတော်၏ ပြီးခဲ့သည့် လေးလပတ်အစည်းအဝေးတွင် တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သို့ တပ်မတော်သားများကို ဧပြီလနောက်ဆုံးထား၍ အစုရှယ်ယာ များ ထည့်ဝင်ရန် သတ်မှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တွင် အစုရှယ်ယာထည့်သွင်းရန်သတ်မှတ်ထားသော နှုန်းထားမှာ ဒုတိယ ဗိုလ်မှူးကြီးနှင့်အထက် ကျပ် ၁၀ သိန်း၊ ဗိုလ်မှူးအဆင့် ကျပ် ငါးသိန်း၊ ဒုဗိုလ် မှ ဗိုလ်ကြီးအဆင့် ကျပ် သုံးသိန်း၊ အခြားအဆင့်စစ်သည် (လူပျို) ကျပ်နှစ်သိန်းနှင့် အခြားအဆင့်စစ်သည်(အိမ်ထောင်သည်) ကျပ်တစ်သိန်းတို့ဖြစ်သည်။
အထက်ပါနှုန်းထားထည့်ဝင်ကြရန် နေပြည်တော်တိုင်းစစ်ဌာနချုပ် တွင် ပြုလုပ်သော ၂၀၁၄ (တတိယ)လေးလပတ်အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး တစ်ဦးချင်းအစုရှယ်ယာထည့်ဝင်နှုန်းကို လာမည့် ဧပြီ ၃၀ရက်၌ အပြီးထည့်ဝင်ရမည်ဟု ညွှန်ကြားထားကြောင်း သတင်း ရရှိသည်။
‘‘တစ်နှစ်ကို ၃၀ ရာခိုင်နှုန်း ရတယ်။ တစ်ရာထည့်ထားရင် ၃၀ ရတယ်။ အဆင်ပြေတယ်’’ ဟု မြန်မာ့ တပ်မတော်မှ ဗိုလ်မှူး ကြီးတစ်ဦးကပြောသည်။
ပြည်မြို့တွင် သောင်းကျန်းနေသည်ဆိုသော လူမည်းကြီးမှာ ကောလာဟလသာဖြစ်

ပြည်မြို့တွင်အမျိုးသမီးများကို လိုက်လံခြောက်လှန့်နေသော ထူးဆန်းသည့်လူမည်းကြီးတစ်ဦး ပေါ်ထွက်နေသည်ဟူသောသတင်းမှာ ကောလာဟလသာဖြစ်ကြောင်းပြည်မြို့နယ်ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ရှင်းလင်းခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြည်မြို့အနီးတစ်ဝိုက်တွင် အသားမည်းမည်း၊ ကိုယ်လုံးတီးနှင့် အလွန်လျင်မြန်သည့် အမျိုးသားတစ်ဦးပေါ်ထွက်လာကြောင်း၊ ၎င်းအမျိုးသားမှာ ကျေးရွာအချို့တွင် အမျိုးသမီးများ၏အိပ်ခန်းအတွင်းသို့ဝင်၍နှောင့်ယှက်ကြောင်း၊ ဖမ်းဆီးရန်ခက်ခဲပြီး ခုန်ပျံကျော်လွှား တတ်ကြောင်း ပါးစပ်သတင်းများမှတစ်ဆင့် ပျံ့နှံ့ခဲ့သည်။
ကိုးကန့်ဒေသတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွား

လောက်ကိုင်နှင့် ချင်း ရွှေဟော်မြို့ကြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ် ပွားနေပြီး ကွမ်းလုံ နှင့် သိန်းနီမြို့ကြား ရွာတစ်ရွာ တွင်လည်း အစိုးရ တပ်မတော်နှင့် လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့တို့ ဖေဖော်ဝါရီ ၂၂ ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
အစိုးရတပ်မတော်နှင့် ဖုန် ကြားရှင်တို့အဖွဲ့ စတင်တိုက်ခိုက် စဉ်က ကုန်းကြမ်းနှင့် လောက်ကိုင် မြို့အနီးတွင်သာ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သော် လည်း ယခုအခါလောက်ကိုင်နှင့် ချင်းရွှေဟော်ကြားတွင် တိုက်ပွဲ များ ပိုမိုဖြစ်ပွားလာကြောင်း ချင်း ရွှေဟော်မြို့ကို လုံခြုံရေးတာဝန် ယူထားသည့် တပ်မ (၁၁)မှ တပ်မတော်အရာရှိ တစ်ဦးက ပြော သည်။ လောက်ကိုင်မြို့ပေါ်ရှိ ဒစကဌာနချုပ်ကို ကိုးကန့်အဖွဲ့က ညစဉ် လာရောက် တိုက်ခိုက်နေပြီး ဖေဖော်ဝါရီ ၂၁ ရက်ကလည်း အရပ်သားနှင့် သတင်း ထောက် များ လိုက်ပါလာသည့် ကြက်ခြေ နီအလံ လွှင့်ထားသည့်ကားကို နာရီဝက်ကြာအောင် ပစ်ခတ်ခဲ့သည်။
၂၀၀၇ မှ ၂၀၁၄ အတွင်း အိမ်ခြံမြေအရောင်းအ၀ယ် အခွန်မဆောင်သူများ နှစ်လအတွင်း မပေးဆောင်လျှင် ကာလတန်ဖိုးနှင့် ပြောင်းလဲပေးဆောင် ရမည်ဟုဆို
လွန်ခဲ့သော ခုနစ်နှစ် အတွင်းက အိမ်ခြံမြေတန်ဖိုးသတ် မှတ်ချက်များအား နှစ်လအတွင်း အခွန် မပေးဆောင် ပါက ပယ်ဖျက်ပြီး ကာလတန်ဖိုးနှင့် ပြောင်းလဲ ပေးဆောင်ရမည်ဟု သတင်းရရှိ သည်။
၂၀၀၇ မှ ၂၀၁၄ အတွင်း အခွန်မဆောင်သော အိမ်ခြံမြေ အရောင်းအ၀ယ်များသည် မတ်လ၃၁ ရက်နောက်ဆုံးထားအခွန် မ ပေးဆောင်ပါက ၎င်းတို့မူလက ၀ယ်ယူထားသည့် သတ်မှတ်တန် ဖိုးများကို ပယ်ဖျက်ပြီး လက်ရှိ ကာလတန်ဖိုးနှင့် နှုန်းထားအ တိုင်း တန်ဖိုး ပြန်သတ်မှတ်မည်ဟု ပြည်တွင်း အခွန်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြောကြားသည်။
‘‘အားလုံးကို နှစ်လအချိန် ပေးထားပါတယ်။ မဆောင်ဘူးဆို ရင် ပယ်ဖျက်လိုက်တော့တယ်။ ပယ်ပြီးတော့ ကျွန်မကတော့ ၂၀၁၂ က ၀ယ်တော့ တန်ဖိုး လည်း သတ်မှတ်ပြီးသား။ ကျော်သွားပြီး အခုပြန်ဆောင်ချင်ပါတယ်ဆိုလို့ မရတော့ဘူး။ လက်ရှိကာလ ပေါက်ဈေးရဲ့ တန်ဖိုးကို ပြန်သတ် မှတ်ပေးမယ်။ အဲဒီတုန်းက အခွန် နှုန်းထားတွေ လက်မခံတော့ဘူး။ အခုနှုန်းထားနဲ့ အခွန်ဆောင်ရမယ်။ အဲဒီတုန်းက နှုန်းထားနဲ့ တန်ဖိုးအတိုင်း လိုချင်တယ်ဆိုရင် နှစ်လအတွင်းမှာ လာဆောင်ကြပါ’’ ဟု ဦးမျိုးမင်းဇော်က ဆိုသည်။
အာဆင်နယ် ဖလားစိန်ခေါ်နိုင်သူ ဖြစ်မလာခြင်းကို နားမလည်နိုင်ဟု မော်ရင်ဟိုပြောကြား

လန်ဒန်- အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး ၎င်းတို့၏အသင်းကို စိန်ခေါ်နေသင့်ကြောင်း ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပြီး အာစင်ဝင်းဂါး၏ မှတ်တမ်းကိုလည်း ခနဲ့လိုက်သည်။
ပွဲပေါင်း ၁၂ ပွဲသာ ကျန်ရှိတော့သည့်အချိန်တွင် အာဆင်နယ်မှာ ချယ်လ်ဆီး၏နောက် ၁၂ မှတ် ပြတ်ကျန်နေသည်။ မော်ရင်ဟိုက အာဆင်နယ်အသင်းကို ချီးကျူးပြီး ကစားပုံကိုလည်း ချီးကျူးခဲ့သည်။ ၀င်းဂါးမှာ အတိတ် မှတ်တမ်းကောင်းများကြောင့် ချန်ပီယံ ဖြစ်ရေး ထပ်မံစောင့်ဆိုင်းနိုင်ပြီး အိပ်မက်အလုပ်တစ်ခု ရထားသည်ဟု မှတ်ချက်ပြုသည်။
စက်ရုံဝင်ပေါက်ပိတ်ဆို့ဆန္ဒပြခဲ့ခြင်းအပေါ် သက်ဆိုင်ရာသံရုံးများက အစိုးရကို ဖိအားပေးကန့်ကွက်

သပိတ်မှောက်လုပ် သားများက စက်ရုံဝင်ပေါက်ပိတ် ဆို့ဆန္ဒပြခဲ့ခြင်းအတွက် အလုပ်ရှင်များ၏ သက်ဆိုင်ရာ သံရုံးများ က မြန်မာအစိုးရအား ကန့်ကွက်ဖိအားပေးမှုများ ပြုလုပ်ထား ကြောင်း သတင်း ရရှိသည်။
ရွှေပြည်သာစက်မှုဇုန်ရှိ အ ထည်ချုပ်စက်ရုံသုံးရုံတွင် လုပ်ခ လစာတိုးမြှင့်ပေးရေးအတွက် လုပ်သားများက စက်ရုံများရှေ့၌ ပိတ်ဆို့သပိတ်မှောက်မှုများ ရက်ရှည်ပြုလုပ်နေခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေသော အလုပ်ရှင်များနစ်နာမှုများရှိနေသည့်အပေါ် ဖြေရှင်းဆောင်ရွက်ပေးရန် သံရုံးများက အကြောင်း ကြားလာ ခဲ့ခြင်းဖြစ်သည်ဟု အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးထင်အောင်က ပြောသည်။
မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် ဆေးဝါးများမှာ တရုတ်၊ ထိုင်းနှင့် အိန္ဒိယမှ တင်သွင်းနေပြီး ၎င်းတို့အနက် ၄၅ ရာခိုင်နှုန်းမှာ အိန္ဒိယမှ တင်သွင်းခြင်းဖြစ်ဟု ဆို
မြန်မာနိုင်ငံ၌ ဆေးဝါးတင်သွင်းမှုနှင့် ပတ်သက်ပြီး၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် ရှိခဲ့ရာမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂၄၄ သန်း ရှိခဲ့သည့်အတွက် သိသိသာသာ တိုးတက်များပြားခဲ့ကြောင်း၊ ပြည်ပနိုင်ငံများမှ ဆေးဝါးများ တင်သွင်းရာတွင် တရားဝင် တင်သွင်းလာသည့် ဆေးဝါးများ ရှိသလို တစ်ဖက်တွင်လည်း မမှန်မကန် တင်သွင်းလာသည့် ဆေးဝါးများမြောက်များစွာ တွေ့နေရကြောင်းနှင့် နယ်စပ်များမှ မမှန်မကန် တင်သွင်းလာသည့် အဆင့်မမီသည့် ဆေးဝါးများ ၀င်ရောက်လာသည်ကိုလည်း တွေ့နေရကြောင်းလည်း သိရသည်။
လောက်ကိုင်-ချင်းရွှေဟော်ကြား ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ကွမ်းလုံ-သိန္နီ-ကွတ်ခိုင်မြို့များ အနီး၌ပါ တိုက်ပွဲများ ဖြစ်လာ

လောက်ကိုင်-ချင်းရွှေဟော်ကြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ကွမ်းလုံ-သိန္နီ-ကွတ်ခိုင်မြို့ အနီးတစ်ဝိုက် ဒေသများတွင်ပါ တိုက်ပွဲများ ဖြစ် လာကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၂ ရက်က လောက်ကိုင်-ချင်းရွှေဟော်ကြားတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ကွမ်းလုံ-သိန္နီ-ကွတ်ခိုင်မြို့ အနီးတွင်ပါ တိုက်ပွဲဖြစ်ပွား လာနေသည်ဟု သိရသည်။ ၂၁ ရက်မှ စတင်ကာ တိုက်ပွဲများ ပြန်လည်ဖြစ် ပွားနေခြင်းဖြစ်ပြီး လောက်ကိုင်-ချင်းရွှေဟော်ကြားရှိ လုံထန်ကျေးရွာ အနီးတစ်ဝိုက် ပိုမိုဖြစ်ပွားလျက်ရှိကာ တပ်မ ၁၁ နှင့် စကခ ၁၆ တို့မှ ပူပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တပ်မ ၁၁ မှ ဗိုလ်မှူးချုပ်လှမြင့်စိုးက “၂၁ ရက်က သတင်းထောက်တွေ၊ ကြက်ခြေနီတွေ သေနတ် ဒဏ်ရာ ရတဲ့ လောက်ကိုင်-ချင်းရွှေဟော်ကြားတွေနဲ့ ပစ်ကွင်းတွေကို စစ်ကြောင်းတွေနဲ့ ၀င်ရှင်းတယ်။ ပစ်ခတ်မှုတွေ တော့ မိနစ် အနည်းငယ် ဖြစ်ပွားခဲ့တယ်” ဟု ပြောကြားသည်။
Friday, February 20, 2015
ဝှိုက်ကတ် သို့မဟုတ် နာတာရှည် ပြဿနာ
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်ထုတ် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာမှာ လဝက ဝန်ကြီးဦးခင်ရီ၊ ဦးစစ်အေး၊ ဦးလှမောင်၊ ဦးဇော်အေးမောင် တို့ကိုမေးမြန်းပြီး White Card တွေ ထုတ်ပေးထားတဲ့ ကိစ္စ၊ သမ္မတက အမိန့်ကြော်ငြာစာထုတ်ပြီး သက်တမ်းကုန်ဆုံးမယ့်ရက် ကြေညာလိုက်တဲ့ကိစ္စ စတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖော်ပြတာ လုပ်ခဲ့ပါတယ်။ သိပ်မကြာသေးခင် ရက်ပိုင်းကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးဟာ လာမယ့် ၂ဝ၁၅ ခု၊ မေလလောက်မှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ ' ဖွဲ့စည်းပုံ အခြေခံဥပဒေ၂ဝဝ၈ ကို ပြင်ဆင်တဲ့ ဥပဒေ' အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ ယာယီသက်သေခံ လက် မှတ်လို့ ခေါ်တဲ့ White Card ကိုင်ထားသူတွေကို မဲပေးခွင့် ပြုလိုက်တာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး အဆုံးအဖြတ်ပေးတာ ရှိခဲ့ပါတယ်။ ခုံရုံး ဆုံးဖြတ်ချက် ဘာဖော်ပြထားသလဲ၊ သမ္မတရဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန်မှုအပေါ် ဝန်ကြီးနဲ့ လူပုဂ္ဂိုလ်တချို့ ဘယ်လိုသုံးသပ်ထားသလဲ White Card ကိစ္စ ဘာဆက်ဖြစ်လာနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
၂၀၁၅ စိန်ခေါ်မှုများနဲ့ သမ္မတကြီး ဘယ်လောက်သဘောထားကြီးနိုင်မလဲ
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အပြောင်းအလဲ လျင်လျင်မြန်မြန် ပြောင်းလဲနိုင်ရန် အခြေအနေများ စွာတို့က တွန်းအားပေးနေသော် လည်း နိုင်ငံတော်အုပ်ချုပ်မှုအာ ဏာသည် တပ်မတော်မှ လေ့ကျင့်သင်ကြားပေးထားသောသူများ၏ လက်ထဲတွင် သာရှိသင့်သည်ဟူသည့် နှစ်ပေါင်း ၅၀ ကျော် ဆုပ်ကိုင်လာသည့်အယူအဆကို လွယ်ကူပျော့ပျောင်းစွဲ မစွန့်လွှတ်နိုင်သည့်အတွက် မြန်မာနိုင်ငံ၏ အပြောင်းအလဲ သည် တစ်ခါတစ်ရံရပ်တန့်၍ အချို့အခြေအနေများတွင် နောက်ဆုတ်၍နေ သည်ကို တွေ့ရပါ၏။
ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင် ဒေသတွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ၌ ကချင်လွတ်လပ်ရေး တပ်မတော် (KIA ) အနေဖြင့် လုံးဝ ပါဝင်ပတ်သက်မှု မရှိကြောင်း KIA ၏ တာဝန်ရှိသူများက ပြောဆိုသည်။
“ကိုးကန့်တွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ကျနော်တို့ KIA အနေနဲ့ လုံးဝ ပါဝင်ပတ်သက်မှု မရှိပါဘူး၊ လောက်ကိုင်ဒေသနဲ့ ကျနော်တို့က အဝေးကြီးပါ” ဟု KIA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်က ဧရာဝတီကို ပြောသည်။
တိုက်ပွဲများ ဖြစ်ပွားနေသည့် လောက်ကိုင်ဒေသတွင် အစိုးရ တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် ကိုးကန့် (MNDAA) တပ်ဖွဲ့ အပြင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ SSA (၀မ်ဟိုင်း) တပ်တို့က ခြုံခိုနှောင့်ယှက် တိုက်ခိုက်ကြသည်ဟု ဖေဖော်ဝါရီ ၁၈ ရက်ထုတ် အစိုးရ သတင်းစာများ၌ ရေးသားခဲ့သည့်အပေါ် ၎င်းက ပြောဆိုခြင်း ဖြစ်သည်။
မိမိနယ်မြေ မဟုတ်သည့် ဒေသများ၌ KIA အနေဖြင့် စစ်ဆင်ရေး လုပ်ဆောင် မှုမျိုး မရှိကြောင်း၊ နောင်လည်း လုပ်ဆောင်မည် မဟုတ်ကြောင်းနှင့် မိမိ နယ်မြေ မဟုတ်သည့် ဒေသများ၌ တိုက်ပွဲများ ဖြစ်ပွားပါက KIA က ပါဝင် တိုက်ခိုက်မည် မဟုတ်ကြောင်း ဦးလာနန်က ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် နိုင်ငံရေး အရ သော် လည်းကောင်း၊ စစ်ရေးအရ သော်လည်းကောင်း၊ တနည်း မဟုတ် တနည်း နည်းဖြင့် မဟာမိတ်အဖြစ် ပူးပေါင်းထားကြသော်လည်း၊ မိမိနယ်မြေ မဟုတ်သည့် ဒေသများ၌ စစ်ဆင်ရေး သွားရောက် လုပ်ဆောင်မှု မရှိကြောင်း၊ မိမိနယ်မြေ၌သာ ခုခံစစ် အနေဖြင့် လုပ်ဆောင်ကြောင်း ဦးလာန န် က ပြောသည်။
Thursday, February 19, 2015
ဖုန်ကြားရှင်၏ အိတ်ဖွင့်ပေးစာအပေါ် နိုင်ငံတော်သမ္မတက လုံးဝအယုံအကြည်မရှိဟု သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ကိုးကန့်ခေါင်းဆောင်ဖုန်ကြားရှင်က နိုင်ငံတော်သမ္မတထံ အိတ် ဖွင့်ပေးစာ ပေးခဲ့မှုအပေါ်တွင် နိုင်ငံတော်သမ္မတအနေဖြင့် အယုံအကြည် မရှိကြောင်း သမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားလိုက်သည်။
ယင်းအိတ်ဖွင့်ပေးစာတွင် ဖုန်ကြားရှင်က ကိုးကန့်တိုင်းရင်းသားကို ဦးဆောင်၍ ဒေသတွင်းနှစ်ရာချီရှိသော ဘိန်းစိုက်ပျိုးမှုများကို ရပ်တန့် စေခဲ့ပြီး ကိုးကန့် အထူးဒေသ(၁)ကို ဘိန်းပပျောက်နယ်မြေဟု နိုင်ငံတကာ
ကိုးကန့်ဒေသတွင် ပြစ်မှုကျူးလွန်သူများကို စစ်ခုံရုံးဖြင့်ပါ စစ်ဆေးဆုံးဖြတ်မည်
စစ်အုပ်ချုပ်ရေး ကြေညာထားသော်လည်း တရားဥပဒေစိုးမိုးရေးကိစ္စ ဖယ်မထားရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
“ဘယ်လို အုပ်ချုပ်ရေးကိုသုံးသုံး တရားဥပဒေစိုးမိုးရေးကို ဖယ်ရှားလို့ ဘယ်ရမလဲ” ဟု ၎င်းကဆိုသည်။
စစ်အုပ်ချုပ်ရေး ပထမနေ့တွင် တိုက်ပွဲများ ထပ်မံဖြစ်ပွား၊ ဗိုလ်ကြီးတစ်ဦး ကျဆုံး

တိုက်ပွဲကာလအတွင်း တပ်မတော်သား ၅၀ ဦး ကျဆုံး၊ ၁၀၀ ဦး ဒဏ်ရာရရှိကာ အရပ်သားများလည်း သေဆုံးဒဏ်ရာရမှုရှိ
ကိုးကန့်ဒေသတွင် စစ်အုပ်ချုပ်ရေး ကြေညာပြီး နောက်တစ်နေ့၌ ချင်းရွှေဟော် မြို့အနီးတွင် စစ်ယာဉ်တန်းတိုက်ခိုက်ခံရကာ တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးကျဆုံးပြီး အခြားအဆင့်သုံးဦး ဒဏ်ရာရရှိခဲ့သည်။
ကိုးကန့်တိုက်ပွဲ ပါဝင်ပတ်သက်သည့် လက်နက်ကိုင်အဖွဲ့များကို အစိုးရ ထုတ်ပြန်
တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ပါးရိုက်လို့ အလုပ်ပြုတ်တဲ့ ဥပဒေမရှိဘူးပြောပြီး ကျောင်းသူကို အတန်းပိုင်ဆရာမ ပါးရိုက်
ပါးရိုက်ခံရသည် ကျောင်းသူ က ပါးမရိုက်ပါနှင့် တခြားနည်းဖြင့် ဆုံးမပါ ဟု ပြောကြားခဲ့သည်ဟု သိရသည်။ အခြား ဆရာမများ ရောက် လာကာ ကျောင်းသူအား ဖြောင်းဖြ့ပီး ဆရာမကို ခံပြောမိသည့် အတွက် တောင်းပန်ရန် တိုက်တွန်းသဖြင့် ကျောင်းသူ ကလေးမှ ထိုင်ကန်တော့ရာ အဆိုပါ အတိုင်းပိုင်ဆရာမက နင် ကန်တော့လဲ ငါမကျေနပ်ဘူး။ ပါးရိုက် လို့အလုပ်ပြုတ်တဲ့ဥပဒေမရှိဘူးဟုပြောပြီး ထပ်မံပါးရိုက်ခဲ့ဟု သိရသည်။
မြန်မာယူ-၂၂ နှင့်ဖီဂျီယူ-၂ဝ အသင်းတို့ ခြေစမ်းမည်
ကိုးကန့်တိမ်းရှောင်အဖွဲ့ဘက်မှ ကူညီတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း SSPP/SSA ငြင်းဆို
ဖုန်ကြားရှင်ဦးဆောင် သော ကိုးကန့်တိမ်းရှောင်အဖွဲ့နှင့် အစိုးရတပ်မတော်တို့ကြား ဖြစ် ပွားခဲ့သည့် တိုက်ပွဲများတွင်ရှမ်း ပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော်မှ (SSPP/SSA) ကိုးကန့် တိမ်းရှောင် အဖွဲ့ဘက်မှ ကူညီတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း တာဝန်ရှိသူကပြောသည်။
‘‘ကျွန်တော်တို့အားလုံးအံ့ သြနေကြပါတယ်။ တစ်ယောက် မှမပါ ပါဘူး။ ပြောတဲ့လူတွေက မဟုတ်မတရားစွပ်စွဲနေကြတာ ဖြစ်တယ်။ အဝေးကြီးပါ။ သံလွင် မြစ်ကြီးခြားနေပါတယ်။ မပါဘဲ ပါတယ်လို့ပြောနေတဲ့လူတွေတာ ၀န်ယူရမယ်’’ ဟု SSPP/SSAမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်ဆိုင်းကပြောသည်။
ကိုးကန့်အဖွဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံး
တပ်မတော်သားများ နှင့် အရပ်သားများ စီးလာသည့် ကားကို ကိုးကန့်အဖွဲ့က ပစ်ခတ် သောကြောင့် အရပ်သားတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရပြီး တပ်မတော်သား လေးဦးဒဏ်ရာ ရရှိခဲ့သည်။
ဖေဖော်ဝါရီ ၁၇ ရက်က လောက်ကိုင်မှ ချင်းရွှေဟော်သို့ ထွက်ပြေးလာသည့် အရပ်သား ငါးဦးနှင့် လုံခြုံရေးလိုက်ပါလာသည့် တပ်မတော်သား လေးဦး ပါလာသည့် ကားကို ဖုန်ကြားရှင် အ ဖွဲ့က တိုက်ခိုက်ခြင်း ဖြစ်သည်။ လောက်ကိုင်မြို့အထွက် ပါစင် ကျော်ရွာတွင် တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး အမျိုးသားတစ်ဦး ဆီးခုံကို သေနတ်ကျည်ထိမှန်ကာ သေဆုံး ခဲ့ပြီး ၎င်း၏ ဇာတိကို မသိရကြောင်း ကယ်ဆယ်ရေး အဖွဲ့မှ မချစ်မီးက ပြောသည်။
ပြင်ဆင်ချက်ပေါင်းများစွာပါဝင်သော ပညာရေးဥပဒေကြမ်း ပြည်သူများလေ့လာနိုင်ရန် ဖော်ပြ
အမျိုးသားပညာရေး ကော်မရှင်နှင့် အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့ ကို ပယ်ဖျက်ထားသော အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ ဖေဖော်ဝါရီ ၁၇ ရက်တွင် တင်သွင်းခဲ့ပြီးနောက် တစ်နေ့တွင်ပြည်သူများလေ့လာနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြထားသည်။
အစိုးရ၊ လွှတ်တော်၊ ကျောင်းသားသပိတ်ခေါင်းဆောင်များနှင့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲ ရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) တို့ လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေး၍ သဘောတူညီရေးဆွဲ ခဲ့သော အမျိုးသားပညာရေးဥပ ဒေ ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြင်ဆင်ချက် ၇၃ ချက်ထည့်သွင်းထားသည်။
‘‘နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားတဲ့အတိုင်း လွှတ်တော်ကို တင်သွင်းလိုက်တာပါ။ သပိတ်စစ် ကြောင်းတွေ ရပ်တန့်လိုက်တဲ့အ တွက်လည်း ၀မ်းသာပါတယ်’’ဟု ပညာရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
ဘလုတ်ညွန့်ရပ်ကွက်မှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပစ္စည်းများ အကူအညီလိုအပ်နေ

ကြည့်မြင်တိုင်တစ်ဖက် ကမ်း ဘလုတ်ညွန့်ရပ်ကွက်မှ မီး ဘေးသင့်ဒုက္ခသည် ကျောင်းနေ ကလေး တစ်ရာကျော်အတွက် စာမေးပွဲအမီ ကျောင်းတက်နိုင် ရန်နှင့် ပညာရေးအတွက် ကျောင်းသုံးပစ္စည်းများ အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။
မီးလောင်ကျွမ်းမှုကြောင့် ဘလုတ်ညွန့်ရပ်ကွက်တွင် အိမ်ခြေနှစ်ရာခန့်၌ မီးဘေးဒုက္ခသည် ပေါင်း ကိုးရာကျော်ရှိနေပြီး ၎င်းတို့အနက် ကျောင်းသူ၊ ကျောင်းသားပေါင်း တစ်ရာခန့်ရှိကာ တက္ကသိုလ်ဝင်တန်း ကျောင်းသူ၊ ကျောင်းသားခြောက်ဦးရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်ကပြောသည်။
Wednesday, February 18, 2015
ကြက်ခြေနီများကို ပစ်မှတ်အဖြစ် တိုက်ခိုင်းခြင်းမပြုရန် မေတ္တာရပ်ခံ
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ စေတနာလုပ်အားရှင် ၂ ဦးသည် ဖေဖော်ဝါရီလ ၁၇ ရက်အင်္ဂါနေ့တွင် လောက်ကိုင်ဒေသမှ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်သူများကို မော်တော်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးစဉ် ပစ်ခတ်တိုက်ခိုက်ခံရ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကြက်ခြေနီများကို ပစ်မှတ်အဖြစ် တိုက်ခိုက်ခြင်းမပြုရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းက မေတ္တာရပ်ခံလိုက်ကြောင်း သိရှိရသည်။
ထိုမတော်တဆမှုသည် ကွမ်လုံမြို့နယ်နှင့် ချင်းရွှေဟော်မြို့နယ်တို့အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စေတနာလုပ်အားရှင် နှစ်ဦးတွင် တစ်ဦးမှာ ဦးခေါင်းပိုင်းတွင်လည်းကောင်း၊ တစ်ဦးမှာ ဝမ်းဗိုက်ပိုင်း တွင် လည်းကောင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ ယခုအခါတွင် စေတနာလုပ်အားရှင် နှစ်ဦးလုံးသည် ကွမ်းလုံမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူ နေလျက်ရှိပြီး ၄င်းတို့အနက် ဦးခေါင်းဒဏ်ရာ ရရှိသူ တစ်ဦးမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်းနှင့် ၄င်းတို့၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်စရာ မရှိကြောင်းသိရှိရသည်။
ရေနံချောင်း မြို့မဈေးကြီး မီးလောင်မှု ဆိုင်ခန်းပေါင်း သုံးရာကျော် ဆုံးရှုံး
“တစ်ဈေးလုံးနီးပါး မီးလောင်တာ။ နံနက်လေးနာရီ ထိုးခါနီးမှ မီးငြှိမ်းနိုင်ခဲ့တယ်။ မီးလောင်မှုရဲ့ အကြောင်းအရင်းကို ခုထိ ဘာမှ မသိရသေးတာကြောင့် မီးသတ်နဲ့ ရဲပူးပေါင်းပြီး စုံစမ်းစစ်ဆေးနေတယ်” ဟု ရေနံချောင်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ရေပုတ်သင် စားသုံးမှုနှင့် ပတ်သက်၍ တရုတ်တွင် ရဲချုပ်တစ်ဦးကို အလုပ်ဖြုတ်

တရုတ်နိုင်ငံတောင်ပိုင်းရှိ ရှန် ကျန်းမြို့တွင် မျိုးသုဉ်းပျောက်ကွယ် တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေ ရသည့် ကြီးမားသော ရေပုတ်သင် တစ်ကောင်ကို စားသုံးနေသော အရာရှိအဖွဲ့ကို ဓာတ်ပုံရိုက်ယူရန် ကြိုးပမ်းခဲ့သော သတင်းထောက် များကို ဝိုင်းရိုက်နှက်မှုနှင့် ပတ်သက် ၍ ရဲချုပ်တစ်ဦးကို အလုပ်ဖြုတ်လိုက် ကြောင်း The Straits Times သတင်း အရ သိရသည်။
အရာရှိအဖွဲ့သည် ပင်လယ်စာ စားသောက်ဆိုင်တစ်ဆိုင်တွင် ကမ္ဘာ့ အကြီးမားဆုံး ကုန်းနေရေနေ သတ္တဝါ ဖြစ်သော ရေပုတ်သင်ကို စားသုံး ကြောင်း စွပ်စွဲခံခဲ့ရသည်ဟု ပြီးခဲ့ သောလက ပြည်တွင်းမီဒီယာများ တွင် ဖော်ပြခဲ့သည်။
အီရတ်တွင် လူ ၄၅ ဦးအား အိုင်အက်စ်တို့က အရှင်လတ်လတ်မီးရှို့ သတ်
အထည်ချုပ်လုပ်သား၂၀၀ဝခန့်၏ အလုပ်သမားသပိတ်စစ်ကြောင်း ညှိနှိုင်းခြင်း

ပြေလည်မှုမရ၊ ဆက်လက်ဖြေရှင်းပေးမည့်အခြေအနေကို စောင့်ဆိုင်း မည်ဟုဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇-အထည် ချုပ်လုပ်သား ၂၀၀ဝခန့် ပါဝင်သည့် အလုပ်သမား သပိတ်စစ်ကြောင်း သည် သုံးပွင့်ဆိုင်ညှိနှိုင်းခြင်း ပြေ လည်မှုမရသော်လည်း စစ်ကြောင်း ပိတ်သိမ်းပြီး မူလ ဆန္ဒပြတောင်းဆို နေသည့် စက်ရုံများရှေ့တွင် ပြန်လည်တောင်းဆိုကာ ညှိနှိုင်းဖြေရှင်း ပေးမည့် အခြေအနေကို ဆက်လက် စောင့်ဆိုင်းသွား မည်ဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားများမှ သိရသည်။
အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်း ရက်ပိုင်းအတွင်း လွှတ်တော်တင်ဖွယ်ရှိ
နိုင်ငံတော်သမ္မတက အတည်ပြု ပြဋ္ဌာန်းထားသည့် အမျိုးသား ပညာရေးဥပဒေကို ကျောင်းသားများ တောင်းဆိုထားသည့် အတိုင်း ပြန်လည် ပြင်ဆင် ရေးဆွဲထားသော ပြင်ဆင်ရေး ဥပဒေကြမ်းကို ယခုရက်ပိုင်းအတွင်း ပြည်သူ့လွှတ်တော်သို့ တင်သွင်း ဆွေးနွေးနိုင်ဖွယ် ရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က The Voice သို့ပြောကြားသည်။
အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းအတွက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ရှိ ဇမ္ဗူသီရိ အစည်းအဝေးခန်းမ၌ တံခါးပိတ် အစည်းအဝေးတစ်ခု ကျင်းပခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။
Subscribe to:
Posts (Atom)